သစ်တောများကို မထိန်းသိမ်းပါက COVID-19 ထက် ကြောက်မက်ဖွယ်ကောင်းသည့် ရောဂါဘေးကြီးများနှင့် ရင်ဆိုင်ရတော့မည်ဟု သိပ္ပံပညာရှင်များသတိပေး

သစ်တောများကို မထိန်းသိမ်းပါက COVID-19 ထက် ကြောက်မက်ဖွယ်ကောင်းသည့် ရောဂါဘေးကြီးများနှင့် ရင်ဆိုင်ရတော့မည်ဟု သိပ္ပံပညာရှင်များသတိပေး - Property News in Myanmar from iMyanmarHouse.com
31 Oct 2020 12:28 pm တွင် တင်ခဲ့သည်
1519 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တောရိုင်းတိရ စ္ဆာန်တို့ ကျက်စားသည့်နေရာများကို ဖျက်ဆီးခြင်းများကြောင့် တောကြီးမျက်မည်းအတွင်းမှ ဗိုင်းရပ်စ်များ လူသားတို့ နေထိုင်ရာနေရာများသို့ ပျံ့ထွက်လာစေခြင်းအပေါ် တားဆီးရန် ထိရောက်သည့်ဆောင်ရွက်မှုများ မပြုလုပ်ပါက COVID-19 ထက် ကူးစက်မှု ပိုမိုလျင်မြန်ပြီး အသေအပျောက်ပိုမိုများပြားမည့် ရောဂန္တရကပ်ဘေးကြီးများ မကြာခဏ ပေါ်ပေါက်လာလိမ့်မည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၉ ရက်က ထုတ်ပြန်ခဲ့သည့် သိပ္ပံလေ့လာချက်တစ်ရပ်တွင် ဖော်ပြသည်။

အဆိုပါလေ့လာတွေ့ရှိချက်များက အကြံပြုထားသည်မှာ ရာသီဥတုပြောင်းလဲမှု နှေးကွေးစေရန်၊ တိရ စ္ဆာန်- ကျေးငှက်နှင့် အပင်မျိုးစိတ် တို့ကို ကာကွယ်ရန်အတွက် မိုးသစ်တောများနှင့် အခြားသော ဂေဟစနစ်များကို ထိန်းသိမ်းကာကွယ်ရန် လုပ်ဆောင်ခြင်းသည် ကမ္ဘာ့ရောဂါကပ်ဘေးကြီးများကိုလည်း ကာကွယ်ပေးနိုင်ကြောင်း ဖော်ပြသည်။

“ရောဂါကပ်ဘေးကြီးနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်ဆောင်တာဟာ ရာသီဥတုပြောင်းလဲမှုနဲ့ ဇီဝမျိုးကွဲတွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်ပေးတာလည်း ဖြစ်ပါတယ်။ ဒါက ကောင်းမွန်တဲ့အရာပါပဲ” ဟု နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင် ၂၂ ဦးနှင့်အတူ ပြုလုပ်ခဲ့သည့် လေ့လာချက်ကို ဦးဆောင်ခဲ့သော သတ္တဗေဒပညာရှင် ဒေါက်တာ Peter Daszak က ပြောကြားသည်။

အဆိုပါအုပ်စု၏ တွေ့ရှိချက်အရ တောရိုင်းများအတွင်း လူတို့ ရှာဖွေမတွေ့ရှိသေးသည့် ဗိုင်းရပ်စ်အမျိုးအစားပေါင်း ၁ ဒသမ ၇ သန်းခန့် ရှိကြောင်း ခန့်မှန်းထားပြီး ယင်းအနက်မှ ထက်ဝက်ခန့်သည် လူသားတို့ကို ကူးစက်နိုင်သည့် ဗိုင်းရပ်စ်များဖြစ်ကြောင်း ခန့်မှန်းထားသည်။

စိုက်ပျိုးရေးအတွက် သစ်တောများကို ရှင်းလင်းဖျက်ဆီးခြင်းသည် ရောဂါပိုးများကို လူသားများနှင့် ပိုမိုနီးကပ်လာစေသည့် လုပ်ဆောင်မှု ဖြစ်သည်။

COVID-19 သည် လင်းနို့များတွင် စတင်ဇာစ်မြစ်ခံခဲ့ပြီး တရုတ်ပြည်တွင် ဈေးတစ်ခုမှတဆင့် လူသားများသို့ ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်ဟု သိပ္ပံပညာရှင်တို့က ပြောကြားကြသည်။

ကြိုတင်ကာကွယ်ခြင်းသည် ရောဂါကပ်ဘေးကြီးများကို ပေါ်ပေါက်လာမှ တုံ့ပြန်ခြင်းအောက် အဆ ၁၀၀ ခန့် ပိုမို ထိခိုက်မှု သက်သာစေမည်ဖြစ်သော်လည်း အစိုးရအဖွဲ့အစည်းများကမူ ကာကွယ်ဆေးကဲ့သို့ တုံ့ပြန်ရေးအစီအစဉ်များအပေါ်တွင်သာ အဓိက အားကိုးနေကြကြောင်း ယခုလေ့လာချက်တွင် ဖော်ပြသည်။

ထို့ကြောင့် သဘာဝဝန်းကျင်ဖျက်ဆီးမှု အန္တရာယ်တားဆီးရေးအတွက် ပိုမိုကျယ်ပြန့်သည့် နိုင်ငံတကာပူးပေါင်းမှုများ လုပ်ဆောင်ရန် တောင်းဆိုထားသည်။

ဇူလိုင်လအထိ အချက်အလက်များအရ တစ်ကမ္ဘာလုံးတွင် COVID-19 ကြောင့် ကုန်ကျခဲ့မှုမှာ ကန်ဒေါ်လာ ၈ ထရီလီယံမှ ၁၆ ထရီလီယံကြားရှိသည်ဟု ခန့်မှန်းထားသည်။

လာမည့်နှစ် နှစ်ကုန်ပိုင်းသို့ရောက်လျှင် အမေရိကန်ပြည်ထောင်စုတစ်ခုတည်းတွင် ကုန်ကျရမှုမှာ ကန်ဒေါ်လာ ၁၆ ထရီလီယံကျော် ရှိဖွယ်ရှိကြောင်း ယခုလေ့လာချက်တွင် ဖော်ပြသည်။

ယခုလေ့လာချက်ကို အစိုးရ ကျောထောက်နောက်ခံပြု အုပ်စုတစ်ခုဖြစ်သော Intergovernmental Science-Policy Platform on Biodiversity and Ecosystem Services က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံ ၁၃၀ ကျော်ရှိသည့် အဖွဲ့ဖြစ်သည်။

ဗြိတိန်ရှိ ပလိုင်းမောက်တက္ကသိုလ်မှ အဏ္ဏဝါဗေဒပညာရှင် ဒေါက်တာ John Spicer က ကမ္ဘာ့ရောဂါကပ်၊ ဇီဝမျိုးကွဲနှင့် ရာသီဥတု ပြောင်းလဲမှုတို့အား ဗဟိုပြုလေ့လာခြင်းကို ကြိုဆိုခဲ့သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Protect nature or face deadlier pandemics than Covid-19, scientists warn (REUTERS)

[Zawgyi]

သစ္ေတာမ်ားကို မထိန္းသိမ္းပါက COVID-19 ထက္ ေၾကာက္မက္ဖြယ္ေကာင္းသည့္ ေရာဂါေဘးၾကီးမ်ားႏွင့္ ရင္ဆိုင္ရေတာ့မည္ဟု သိပၸံပညာရွင္မ်ားသတိေပး

ေတာရိုင္းတိရ စၦာန္တို႔ က်က္စားသည့္ေနရာမ်ားကို ဖ်က္ဆီးျခင္းမ်ားေၾကာင့္ ေတာၾကီးမ်က္မည္းအတြင္းမွ ဗိုင္းရပ္စ္မ်ား လူသားတို႔ ေနထိုင္ရာေနရာမ်ားသို႔ ပ်ံ႕ထြက္လာေစျခင္းအေပၚ တားဆီးရန္ ထိေရာက္သည့္ေဆာင္ရြက္မႈမ်ား မျပဳလုပ္ပါက COVID-19 ထက္ ကူးစက္မႈ ပိုမိုလ်င္ျမန္ျပီး အေသအေပ်ာက္ပိုမိုမ်ားျပားမည့္ ေရာဂႏၱရကပ္ေဘးၾကီးမ်ား မၾကာခဏ ေပၚေပါက္လာလိမ့္မည္ျဖစ္ေၾကာင္း ေအာက္တိုဘာလ ၂၉ ရက္က ထုတ္ျပန္ခဲ့သည့္ သိပၸံေလ့လာခ်က္တစ္ရပ္တြင္ ေဖာ္ျပသည္။

အဆိုပါေလ့လာေတြ႔ရွိခ်က္မ်ားက အၾကံျပဳထားသည္မွာ ရာသီဥတုေျပာင္းလဲမႈ ေႏွးေကြးေစရန္၊ တိရ စၦာန္- ေက်းငွက္ႏွင့္ အပင္မ်ဳိးစိတ္ တို႔ကို ကာကြယ္ရန္အတြက္ မိုးသစ္ေတာမ်ားႏွင့္ အျခားေသာ ေဂဟစနစ္မ်ားကို ထိန္းသိမ္းကာကြယ္ရန္ လုပ္ေဆာင္ျခင္းသည္ ကမၻာ့ေရာဂါကပ္ေဘးၾကီးမ်ားကိုလည္း ကာကြယ္ေပးႏိုင္ေၾကာင္း ေဖာ္ျပသည္။

“ေရာဂါကပ္ေဘးၾကီးနဲ႔ပတ္သက္ျပီး တစ္ခုခုလုပ္ေဆာင္တာဟာ ရာသီဥတုေျပာင္းလဲမႈနဲ႔ ဇီဝမ်ဳိးကြဲေတြနဲ႔ ပတ္သက္ျပီး လုပ္ေဆာင္ေပးတာလည္း ျဖစ္ပါတယ္။ ဒါက ေကာင္းမြန္တဲ့အရာပါပဲ” ဟု ႏိုင္ငံတကာမွ ကၽြမ္းက်င္ပညာရွင္ ၂၂ ဦးႏွင့္အတူ ျပဳလုပ္ခဲ့သည့္ ေလ့လာခ်က္ကို ဦးေဆာင္ခဲ့ေသာ သတၱေဗဒပညာရွင္ ေဒါက္တာ Peter Daszak က ေျပာၾကားသည္။

အဆိုပါအုပ္စု၏ ေတြ႔ရွိခ်က္အရ ေတာရိုင္းမ်ားအတြင္း လူတို႔ ရွာေဖြမေတြ႔ရွိေသးသည့္ ဗိုင္းရပ္စ္အမ်ဳိးအစားေပါင္း ၁ ဒသမ ၇ သန္းခန္႔ ရွိေၾကာင္း ခန္႔မွန္းထားျပီး ယင္းအနက္မွ ထက္ဝက္ခန္႔သည္ လူသားတို႔ကို ကူးစက္ႏိုင္သည့္ ဗိုင္းရပ္စ္မ်ားျဖစ္ေၾကာင္း ခန္႔မွန္းထားသည္။

စိုက္ပ်ဳိးေရးအတြက္ သစ္ေတာမ်ားကို ရွင္းလင္းဖ်က္ဆီးျခင္းသည္ ေရာဂါပိုးမ်ားကို လူသားမ်ားႏွင့္ ပိုမိုနီးကပ္လာေစသည့္ လုပ္ေဆာင္မႈ ျဖစ္သည္။

COVID-19 သည္ လင္းႏို႔မ်ားတြင္ စတင္ဇာစ္ျမစ္ခံခဲ့ျပီး တရုတ္ျပည္တြင္ ေစ်းတစ္ခုမွတဆင့္ လူသားမ်ားသို႔ ပ်ံ႕ႏွံ႔ခဲ့ျခင္းျဖစ္သည္ဟု သိပၸံပညာရွင္တို႔က ေျပာၾကားၾကသည္။

ၾကိဳတင္ကာကြယ္ျခင္းသည္ ေရာဂါကပ္ေဘးၾကီးမ်ားကို ေပၚေပါက္လာမွ တံု႔ျပန္ျခင္းေအာက္ အဆ ၁၀၀ ခန္႔ ပိုမို ထိခိုက္မႈ သက္သာေစမည္ျဖစ္ေသာ္လည္း အစိုးရအဖြဲ႔အစည္းမ်ားကမူ ကာကြယ္ေဆးကဲ့သို႔ တံု႔ျပန္ေရးအစီအစဥ္မ်ားအေပၚတြင္သာ အဓိက အားကိုးေနၾကေၾကာင္း ယခုေလ့လာခ်က္တြင္ ေဖာ္ျပသည္။

ထို႔ေၾကာင့္ သဘာဝဝန္းက်င္ဖ်က္ဆီးမႈ အႏၱရာယ္တားဆီးေရးအတြက္ ပိုမိုက်ယ္ျပန္႔သည့္ ႏိုင္ငံတကာပူးေပါင္းမႈမ်ား လုပ္ေဆာင္ရန္ ေတာင္းဆုိထားသည္။

ဇူလိုင္လအထိ အခ်က္အလက္မ်ားအရ တစ္ကမၻာလံုးတြင္ COVID-19 ေၾကာင့္ ကုန္က်ခဲ့မႈမွာ ကန္ေဒၚလာ ၈ ထရီလီယံမွ ၁၆ ထရီလီယံၾကားရွိသည္ဟု ခန္႔မွန္းထားသည္။

လာမည့္ႏွစ္ ႏွစ္ကုန္ပိုင္းသို႔ေရာက္လွ်င္ အေမရိကန္ျပည္ေထာင္စုတစ္ခုတည္းတြင္ ကုန္က်ရမႈမွာ ကန္ေဒၚလာ ၁၆ ထရီလီယံေက်ာ္ ရွိဖြယ္ရွိေၾကာင္း ယခုေလ့လာခ်က္တြင္ ေဖာ္ျပသည္။

ယခုေလ့လာခ်က္ကို အစိုးရ ေက်ာေထာက္ေနာက္ခံျပဳ အုပ္စုတစ္ခုျဖစ္ေသာ Intergovernmental Science-Policy Platform on Biodiversity and Ecosystem Services က ျပဳလုပ္ခဲ့ျခင္းျဖစ္ျပီး အဖြဲ႔ဝင္ႏိုင္ငံ ၁၃၀ ေက်ာ္ရွိသည့္ အဖြဲ႔ျဖစ္သည္။

ျဗိတိန္ရွိ ပလိုင္းေမာက္တကၠသိုလ္မွ အဏၰဝါေဗဒပညာရွင္ ေဒါက္တာ John Spicer က ကမၻာ့ေရာဂါကပ္၊ ဇီဝမ်ဳိးကြဲႏွင့္ ရာသီဥတု ေျပာင္းလဲမႈတို႔အား ဗဟိုျပဳေလ့လာျခင္းကို ၾကိဳဆိုခဲ့သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Protect nature or face deadlier pandemics than Covid-19, scientists warn (REUTERS)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service