အခါလည်ကလေးငယ်၏လက်ကိုရေနွေးအိုးထဲထိုးထည့်သည့် မြန်မာအိမ်ဖော်မိန်းကလေးစင်္ကာပူတွင် ထောင်ဒဏ်ချမှတ်ခံရ

အခါလည်ကလေးငယ်၏လက်ကိုရေနွေးအိုးထဲထိုးထည့်သည့် မြန်မာအိမ်ဖော်မိန်းကလေးစင်္ကာပူတွင် ထောင်ဒဏ်ချမှတ်ခံရ - Property News in Myanmar from iMyanmarHouse.com
29 Oct 2020 11:34 am တွင် တင်ခဲ့သည်
18381 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စင်္ကာပူရောက် မြန်မာအိမ်ဖော်မိန်းကလေးမလင်းလင်းထွေးသည် ၁၆ လသမီးအရွယ် ကလေးငယ်တစ်ဦးကိုမည်သို့ပြုစုစောင့်ရှောက်ရမည်ကိုမသိသောကြောင့် အလုပ်ဝင်ပြီး ၂ ပတ်အကြာတွင် အလုပ်ပြောင်းလိုစိတ်များပေါ်လာသော်လည်းအလုပ်အပြောင်းအရွှေ့ လုပ်ခြင်းမှာငွေများစွာကုန်ကျသည်ကိုသိရပြီးနောက် အဆိုပါအလုပ်ရှင်ထံတွင်သာဆက်လက်လုပ်ကိုင်နေခဲ့ ရသည်။

သို့နှင့် တစ်ခုသောမွန်းလွဲချိန်တွင် ချက်ပြုတ်နေစဉ် လင်းလင်းထွေးကကလေးငယ်၏လက်ကိုရေနွေးအိုးထဲသို့ ထိုးနှစ်ခဲ့ပြီးနောက် မတော်တဆဖြစ်သွားခြင်းဖြစ်ကြောင်းအလုပ်ရှင်များကိုပြောခဲ့၏။

ထိုသို့ ကျူးလွန်ခဲ့သော ပြစ်မှုအတွက် အသက် ၃၀ အရွယ် မြန်မာနိုင်ငံသားအမျိုးသမီးကိုအောက်တိုဘာလ ၂၈ ရက်တွင် ထောင်ဒဏ် ၁ နှစ်နှင့် ၂ လ ချမှတ်ခဲ့သည်။

ပူလောင်သည့်အရာဖြင့် ကလေးငယ်ကိုနာကျင်အောင်လုပ်ဆောင်ခဲ့သည့်အတွက် အပြစ်ရှိကြောင်းလင်းလင်းထွေးကထွက်ဆိုခဲ့သည်။

ယခုနှစ် ဇန်နဝါရီလ ၁၄ ရက်တွင် လင်းလင်းထွေးသည် ကြက်သားဟင်းချက်နေစဉ် ကလေးငယ်မှာငိုကြွေးနေခဲ့သည်။ ထို့ကြောင့် ကလေးငယ်ကငိုမီးဖိုဆောင်သို့ခေါ်လာပြီးချီထားရင်းဟင်းချက်နေခဲ့သည်။

အဆိုပါ လူနေခန်းတွင် ကလေးငယ်အပြင် ကလေးငယ်၏ အမဖြစ်သော ၈ နှစ်အရွယ် မိန်းကလေးတစ်ဦးရှိနေသည်။

ထို့နောက်တွင် လင်းလင်းထွေးသည် စိတ်ရှုပ်လာပြီးကလေးငယ်၏ လက်ကိုမီးဖိုပေါ်ရှိရေနွေးများထည့်ထားသောအိုးတစ်လုံးထဲသို့ ၂ ကြိမ် ၃ ကြိမ်ခန့် ထိုးနှစ်ခဲ့ကြောင်းလက်ထောက်အစိုးရရှေ့နေ Jane Lim က တရားရုံးတွင် ပြောကြားသည်။

ကလေးငယ်မှာစူးစူးရွားရွားအော်ကာငိုကြွေးခဲ့၏။ လင်းလင်းထွေးကကလေးငယ်၏ အစ်မကိုပြောရာတွင် ကလေးကိုမီးဖိုသို့ ချီလာချိန်တွင် သူ၏လက်ကိုရေနွေးအိုးထဲထိုးလိုက်ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်ဟုဆိုသည်။

ကလေးငယ်၏ အစ်မကဖခင်အားဖုန်းဆက်အကြောင်းကြားရာဖခင်ကဒဏ်ရာပေါ်တွင် ရှားစောင်းလက်ပတ်နှင့် သွားတိုက်ဆေးလိမ်းပေးရန် ပြောခဲ့သည်။

ဖခင်ဖြစ်သူသည် မကြာမီတွင် အိမ်သို့ပြန်လာရာသမီးငယ်၏ ဒဏ်ရာရရှိမှုအတိုင်းအတာကို မြင်လိုက်ရချိန်၌ တုန်လှုပ်သွားခဲ့သည်။

သို့နှင့် ဖခင်ကကလေးငယ်ကိုဆေးခန်းသို့ ခေါ်သွားပြီးပြသရာ KK အမျိုးသမီးနှင့် ကလေးဆေးရုံမှ မတော်တဆမှုနှင့် အရေးပေါ်ဌာနသို့ လွှဲပြောင်းပေးခြင်းခံရသည်။

ကလေးငယ်၏ လက်တွင် လောင်ကျွမ်းမှုမှာ ပြင်းထန်သည့်အဆင့် ခံစားခဲ့ရသည်။ဆရာဝန်တစ်ဦးကပြောကြားရာတွင် ကလေးငယ်သည် နှစ်နှစ်ကြာသည့်အထိအရေပြားလောင်သည့် ဒဏ်ရာများပေါ်နေမည်ဖြစ်ကြောင်း၊ လက်ချောင်းများနှင့် လက်ဝါးပြင်တို့မှာမူထိခိုက်ဖွယ်ရာမရှိကြောင်းပြောကြားသည်။

ကလေးငယ်၏ မိဘများကလင်းလင်းထွေးကိုမေးမြန်းရာတွင် ပထမ၌ မတော်တဆဖြစ်ခဲ့ခြင်းဖြစ်ကြောင်းသာပြောကြားခဲ့သည်။

နောက်နေ့တွင် လင်းလင်းထွေးကအိမ်ပြန်လိုကြောင်း (သို့မဟုတ်) အလုပ်ပြောင်းလိုကြောင်းပြောကြားခဲ့သည်ဟုဆိုသည်။ ထို့နောက်တွင် အိမ်ရှင် ဇနီးမောင်နှံကစီစီတီဗွီမှတ်တမ်းအား ပြန်လည်ကြည့်ရှုရာအိမ်ဖော်မိန်းကလေးသည် ကလေးငယ်၏ လက်ကိုရေနွေးအိုးထဲသို့ ထိုးနှစ်နေသည်ကိုတွေ့ခဲ့ရပြီးရဲတပ်ဖွဲ့ကိုအကြောင်းကြားခဲ့သည်။

ကလေးငယ်၏ မိခင်သည် ၄၆ စက္ကန့်ကြာသောစီစီတီဗွီမှတ်တမ်းဗွီဒီယိုဖိုင်ကိုဖေ့စ်ဘုတ်တွင် တင်ခဲ့၏။အိမ်ဖော်မိန်းကလေး၏ ရှေ့နေမစ္စ လိုလီတာအင်ဒရူးက ပြစ်ဒဏ်လျှော့ပေါ့ပေးပါရန် တရားရုံးတွင် လျှောက်လှဲတင်ပြခဲ့သည်။

မလင်းလင်းထွေးသည် စင်္ကာပူသို့ ငွေကြေးအကျပ်အတည်းများစွာဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း၊ ရက်သတ္တပတ်လျှင် ၇ ရက် အလုပ်လုပ်ကိုင်ရကြောင်း၊ ဖုန်းကိုင်ရန်လည်းခွင့်မပြုသောကြောင့် သူမ၏ စိတ်ညစ်စရာများကိုဖြေဖျောက်ရန် ထွက်ပေါက်မရှိခဲ့ ကြောင်း၊ သူမ၏ ပွဲစားကလည်းအခြားအလုပ်ရှင်ထံပြောင်းပေးရန် ငြင်းဆိုခဲ့ကြောင်းမစ္စ လိုလီတာကလျှောက်လှဲတင်ပြခဲ့သည်။

ကလေးငယ် ထိခိုက်နာကျင်သွားပြီးနောက် လင်းလင်းထွေးသည် နောင်တရသွားခဲ့ပြီးစီစီတီဗွီမှတ်တမ်းတွင် တွေ့ရသည့်အတိုင်းကလေးငယ်၏ လက်ကိုရေပိုက်ဖြင့် ရေလောင်းပေးခဲ့သည်ကိုတွေ့ရမည်ဖြစ်ကြောင်းလည်းမစ္စ လိုလီတာ၏ လျှောက်လှဲချက်တွင် ပါဝင်သည်။

လင်းလင်းထွေးရေးသားထားသည့် စာတစ်စောင်ကိုလည်းရှေ့နေမစ္စ လိုလီတာကဖတ်ကြားပြခဲ့ရာ “ဒီဖြစ်ရပ်အတွက် ကျွန်မအရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ တစ်လကျော် ကျွန်မစောင့်ရှောက်ပေးခဲ့တဲ့ ကလေးငယ်ကိုထိခိုက်နာကျင်စေဖို့ မရည်ရွယ်ခဲ့ပါဘူး။ ဒါပေမယ့် စိတ်ဖိအားတွေများပြီးဒီအမှားကို ကျူးလွန်ခဲ့မိပါတယ်။ အခုအခါမှာ ကျွန်မတချိန်လုံးခြောက်ခြားတုန်လှုပ်နေမိပါတယ်။ ကလေးရဲ့ မိဘတွေကိုလည်း ကျွန်မတောင်းပန်လိုပါတယ်။ ကျွန်မအရမ်းဝမ်းနည်းမိပါတယ်။ တစ်နေ့မှာသူတို့ ကျွန်မကိုခွင့်လွှတ်မယ်လို့ မျှော်လင့်မိပါတယ်” ဟုရေးသားထားသည်။

ပူလောင်သည့်အရာဖြင့် ထိခိုက်ဒဏ်ရာရစေသည့် ပြစ်မှုမှာစင်စစ်အားဖြင့် ထောင်ဒဏ် ၇ နှစ်အထက် (သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံးကျခံစေနိုင်သည့် ပြစ်မှုဖြစ်သည်။ ထို့အပြင် ကြိမ်ဒဏ်လည်းကျခံရနိုင်သည့်ပြစ်မှုဖြစ်သော်လည်းစင်္ကာပူဥပဒေတွင် အမျိုးသမီးများကို ကြိမ်ဒဏ်ချမှတ်ခွင့် မရှိချေ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 14 months’ jail for maid who wanted new employer, dipped baby girl’s hand into hot pot (Todayonline)

[Zawgyi]

အခါလည္ကေလးငယ္၏လက္ကိုေရေႏြးအိုးထဲထိုးထည့္သည့္ ျမန္မာအိမ္ေဖာ္မိန္းကေလးစကၤာပူတြင္ ေထာင္ဒဏ္ခ်မွတ္ခံရ

စကၤာပူေရာက္ ျမန္မာအိမ္ေဖာ္မိန္းကေလးမလင္းလင္းေထြးသည္ ၁၆ လသမီးအရြယ္ ကေလးငယ္တစ္ဦးကိုမည္သို႔ျပဳစုေစာင့္ေရွာက္ရမည္ကိုမသိေသာေၾကာင့္ အလုပ္ဝင္ျပီး ၂ ပတ္အၾကာတြင္ အလုပ္ေျပာင္းလိုစိတ္မ်ားေပၚလာေသာ္လည္းအလုပ္အေျပာင္းအေရႊ႕ လုပ္ျခင္းမွာေငြမ်ားစြာကုန္က်သည္ကိုသိရျပီးေနာက္ အဆိုပါအလုပ္ရွင္ထံတြင္သာဆက္လက္လုပ္္ကိုင္ေနခဲ့ ရသည္။

သို႔ႏွင့္ တစ္ခုေသာမြန္းလြဲခ်ိန္တြင္ ခ်က္ျပဳတ္ေနစဥ္ လင္းလင္းေထြးကကေလးငယ္၏လက္ကိုေရေႏြးအိုးထဲသို႔ ထိုးႏွစ္ခဲ့ျပီးေနာက္ မေတာ္တဆျဖစ္သြားျခင္းျဖစ္ေၾကာင္းအလုပ္ရွင္မ်ားကိုေျပာခဲ့၏။

ထိုသို႔ က်ဴးလြန္ခဲ့ေသာ ျပစ္မႈအတြက္ အသက္ ၃၀ အရြယ္ ျမန္မာႏိုင္ငံသားအမ်ဳိးသမီးကိုေအာက္တိုဘာလ ၂၈ ရက္တြင္ ေထာင္ဒဏ္ ၁ ႏွစ္ႏွင့္ ၂ လ ခ်မွတ္ခဲ့သည္။

ပူေလာင္သည့္အရာျဖင့္ ကေလးငယ္ကိုနာက်င္ေအာင္လုပ္ေဆာင္ခဲ့သည့္အတြက္ အျပစ္ရွိေၾကာင္းလင္းလင္းေထြးကထြက္ဆိုခဲ့သည္။

ယခုႏွစ္ ဇန္နဝါရီလ ၁၄ ရက္တြင္ လင္းလင္းေထြးသည္ ၾကက္သားဟင္းခ်က္ေနစဥ္ ကေလးငယ္မွာငိုေၾကြးေနခဲ့သည္။ ထို႔ေၾကာင့္ ကေလးငယ္ကငိုမီးဖိုေဆာင္သို႔ေခၚလာျပီးခ်ီထားရင္းဟင္းခ်က္ေနခဲ့သည္။

အဆိုပါ လူေနခန္းတြင္ ကေလးငယ္အျပင္ ကေလးငယ္၏ အမျဖစ္ေသာ ၈ ႏွစ္အရြယ္ မိန္းကေလးတစ္ဦးရွိေနသည္။

ထို႔ေနာက္တြင္ လင္းလင္းေထြးသည္ စိတ္ရႈပ္လာျပီးကေလးငယ္၏ လက္ကိုမီးဖိုေပၚရွိေရေႏြးမ်ားထည့္ထားေသာအိုးတစ္လံုးထဲသို႔ ၂ ၾကိမ္ ၃ ၾကိမ္ခန္႔ ထိုးႏွစ္ခဲ့ေၾကာင္းလက္ေထာက္အစိုးရေရွ႕ေန Jane Lim က တရားရံုးတြင္ ေျပာၾကားသည္။

ကေလးငယ္မွာစူးစူးရြားရြားေအာ္ကာငိုေၾကြးခဲ့၏။ လင္းလင္းေထြးကကေလးငယ္၏ အစ္မကိုေျပာရာတြင္ ကေလးကိုမီးဖိုသို႔ ခ်ီလာခ်ိန္တြင္ သူ၏လက္ကိုေရေႏြးအိုးထဲထိုးလိုက္ျခင္းျဖစ္ေၾကာင္းေျပာၾကားခဲ့သည္ဟုဆိုသည္။

ကေလးငယ္၏ အစ္မကဖခင္အားဖုန္းဆက္အေၾကာင္းၾကားရာဖခင္ကဒဏ္ရာေပၚတြင္ ရွားေစာင္းလက္ပတ္ႏွင့္ သြားတိုက္ေဆးလိမ္းေပးရန္ ေျပာခဲ့သည္။

ဖခင္ျဖစ္သူသည္ မၾကာမီတြင္ အိမ္သို႔ျပန္လာရာသမီးငယ္၏ ဒဏ္ရာရရွိမႈအတိုင္းအတာကို ျမင္လိုက္ရခ်ိန္၌ တုန္လႈပ္သြားခဲ့သည္။

သို႔ႏွင့္ ဖခင္ကကေလးငယ္ကိုေဆးခန္းသို႔ ေခၚသြားျပီးျပသရာ KK အမ်ဳိးသမီးႏွင့္ ကေလးေဆးရံုမွ မေတာ္တဆမႈႏွင့္ အေရးေပၚဌာနသို႔ လႊဲေျပာင္းေပးျခင္းခံရသည္။

ကေလးငယ္၏ လက္တြင္ ေလာင္ကၽြမ္းမႈမွာ ျပင္းထန္သည့္အဆင့္ ခံစားခဲ့ရသည္။ဆရာဝန္တစ္ဦးကေျပာၾကားရာတြင္ ကေလးငယ္သည္ ႏွစ္ႏွစ္ၾကာသည့္အထိအေရျပားေလာင္သည့္ ဒဏ္ရာမ်ားေပၚေနမည္ျဖစ္ေၾကာင္း၊ လက္ေခ်ာင္းမ်ားႏွင့္ လက္ဝါးျပင္တို႔မွာမူထိခိုက္ဖြယ္ရာမရွိေၾကာင္းေျပာၾကားသည္။

ကေလးငယ္၏ မိဘမ်ားကလင္းလင္းေထြးကိုေမးျမန္းရာတြင္ ပထမ၌ မေတာ္တဆျဖစ္ခဲ့ျခင္းျဖစ္ေၾကာင္းသာေျပာၾကားခဲ့သည္။

ေနာက္ေန႔တြင္ လင္းလင္းေထြးကအိမ္ျပန္လိုေၾကာင္း (သို႔မဟုတ္) အလုပ္ေျပာင္းလိုေၾကာင္းေျပာၾကားခဲ့သည္ဟုဆိုသည္။ ထို႔ေနာက္တြင္ အိမ္ရွင္ ဇနီးေမာင္ႏွံကစီစီတီဗြီမွတ္တမ္းအား ျပန္လည္ၾကည့္ရႈရာအိမ္ေဖာ္မိန္းကေလးသည္ ကေလးငယ္၏ လက္ကိုေရေႏြးအိုးထဲသုိ႔ ထိုးႏွစ္ေနသည္ကိုေတြ႔ခဲ့ရျပီးရဲတပ္ဖြဲ႔ကိုအေၾကာင္းၾကားခဲ့သည္။

ကေလးငယ္၏ မိခင္သည္ ၄၆ စကၠန္႔ၾကာေသာစီစီတီဗြီမွတ္တမ္းဗြီဒီယိုဖိုင္ကိုေဖ့စ္ဘုတ္တြင္ တင္ခဲ့၏။အိမ္ေဖာ္မိန္းကေလး၏ ေရွ႕ေနမစၥ လိုလီတာအင္ဒရူးက ျပစ္ဒဏ္ေလွ်ာ့ေပါ့ေပးပါရန္ တရားရံုးတြင္ ေလွ်ာက္လွဲတင္ျပခဲ့သည္။

မလင္းလင္းေထြးသည္ စကၤာပူသို႔ ေငြေၾကးအက်ပ္အတည္းမ်ားစြာျဖင့္ ေရာက္ရွိလာခဲ့ျခင္းျဖစ္ေၾကာင္း၊ ရက္သတၱပတ္လွ်င္ ၇ ရက္ အလုပ္လုပ္ကိုင္ရေၾကာင္း၊ ဖုန္းကိုင္ရန္လည္းခြင့္မျပဳေသာေၾကာင့္ သူမ၏ စိတ္ညစ္စရာမ်ားကိုေျဖေဖ်ာက္ရန္ ထြက္ေပါက္မရွိခဲ့ ေၾကာင္း၊ သူမ၏ ပြဲစားကလည္းအျခားအလုပ္ရွင္ထံေျပာင္းေပးရန္ ျငင္းဆိုခဲ့ေၾကာင္းမစၥ လိုလီတာကေလွ်ာက္လွဲတင္ျပခဲ့သည္။

ကေလးငယ္ ထိခိုက္နာက်င္သြားျပီးေနာက္ လင္းလင္းေထြးသည္ ေနာင္တရသြားခဲ့ျပီးစီစီတီဗြီမွတ္တမ္းတြင္ ေတြ႔ရသည့္အတိုင္းကေလးငယ္၏ လက္ကိုေရပိုက္ျဖင့္ ေရေလာင္းေပးခဲ့သည္ကိုေတြ႔ရမည္ျဖစ္ေၾကာင္းလည္းမစၥ လိုလီတာ၏ ေလွ်ာက္လွဲခ်က္တြင္ ပါဝင္သည္။

လင္းလင္းေထြးေရးသားထားသည့္ စာတစ္ေစာင္ကိုလည္းေရွ႕ေနမစၥ လိုလီတာကဖတ္ၾကားျပခဲ့ရာ “ဒီျဖစ္ရပ္အတြက္ ကၽြန္မအရမ္းစိတ္မေကာင္းျဖစ္မိပါတယ္။ တစ္လေက်ာ္ ကၽြန္မေစာင့္ေရွာက္ေပးခဲ့တဲ့ ကေလးငယ္ကိုထိခိုက္နာက်င္ေစဖို႔ မရည္ရြယ္ခဲ့ပါဘူး။ ဒါေပမယ့္ စိတ္ဖိအားေတြမ်ားျပီးဒီအမွားကို က်ဴးလြန္ခဲ့မိပါတယ္။ အခုအခါမွာ ကၽြန္မတခ်ိန္လံုးေျခာက္ျခားတုန္လႈပ္ေနမိပါတယ္။ ကေလးရဲ႕ မိဘေတြကိုလည္း ကၽြန္မေတာင္းပန္လိုပါတယ္။ ကၽြန္မအရမ္းဝမ္းနည္းမိပါတယ္။ တစ္ေန႔မွာသူတို႔ ကၽြန္မကိုခြင့္လႊတ္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္” ဟုေရးသားထားသည္။

ပူေလာင္သည့္အရာျဖင့္ ထိခိုက္ဒဏ္ရာရေစသည့္ ျပစ္မႈမွာစင္စစ္အားျဖင့္ ေထာင္ဒဏ္ ၇ ႏွစ္အထက္ (သို႔မဟုတ္) ေငြဒဏ္ (သို႔မဟုတ္) ဒဏ္ႏွစ္ရပ္လံုးက်ခံေစႏိုင္သည့္ ျပစ္မႈျဖစ္သည္။ ထို႔အျပင္ ၾကိမ္ဒဏ္လည္းက်ခံရႏိုင္သည့္ျပစ္မႈျဖစ္ေသာ္လည္းစကၤာပူဥပေဒတြင္ အမ်ဳိးသမီးမ်ားကို ၾကိမ္ဒဏ္ခ်မွတ္ခြင့္ မရွိေခ်။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 14 months’ jail for maid who wanted new employer, dipped baby girl’s hand into hot pot (Todayonline)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service