ဂျပန်က စီးပွားရေးကိစ္စလာရောက်သူများကို ကွာရန်တင်းဝင်ရန်မလိုဘဲ ဝင်ရောက်ခွင့်ပြုမည်

ဂျပန်က စီးပွားရေးကိစ္စလာရောက်သူများကို ကွာရန်တင်းဝင်ရန်မလိုဘဲ ဝင်ရောက်ခွင့်ပြုမည် - Property News in Myanmar from iMyanmarHouse.com
23 Oct 2020 12:55 pm တွင် တင်ခဲ့သည်
776 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Covid-19 ကြောင့် ဂျပန်သို့ ပြည်ပမှ အလည်အပတ်ဝင်ရောက်မှုများ ရပ်ဆိုင်းသွားခဲ့ခြင်းကြောင့် ဂျပန်တွင် စီးပွားရေး လှုပ်ရှားမှုများ ပြန်လည်ရှင်သန်လာစေရန် ရည်ရွယ်ကာ စီးပွားရေးကိစ္စလာရောက်မည့်သူများကို ဝင်ခွင့်ဖြေလျှော့ပေးကာ ၃ ရက်နှင့်အထက် နေထိုင်ခွင့်ပြုရန် စီစဉ်နေကြောင်း ယော်မီးယုရိ သတင်းစာ (Yomiuri Newspaper) က ဖော်ပြသည်။

ဂျပန်အစိုးရသည် ဂျပန်နှင့် စီးပွားရေးဆက်နွှယ်မှုအားကောင်းသည့် နိုင်ငံများဖြစ်သော တရုတ်၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်တို့ အပါအဝင် ကမ္ဘာ့နိုင်ငံနှင့် ဒေသပေါင်း ၃၀ ကျော်မှ လာရောက်မည့်သူများကို တင်းကျပ်မှုများ ဖြေလျော့ပေးမည်ဖြစ်ကြောင်း အမည်မဖော်ပြသည့် အစိုးရသတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး ယော်မီးယုရိသတင်းစာတွင် ဖော်ပြသည်။

အဆိုပါ အစီအစဉ်သည့် လာမည့် နိုဝင်ဘာလတွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်းလည်း သတင်းစာတွင် ဖော်ပြသည်။

ဂျပန်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုကို ထိန်းချုပ်ရန်အတွက် ကမ္ဘာပေါ်တွင် အတင်းကျပ်ဆုံး ပြည်ဝင်ခွင့် ကန့်သန့်မှုများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်း ယခုအခါ ပြည်ပမှ လာရောက်သူများအတွက် ပြည်ဝင်ခွင့်ကို ဖြေးဖြေးချင်း ဖြည်လျှော့ပေးရန် စီစဉ်နေရာ စီးပွားရေးကိစ္စ ခရီးသွားလာမှုမှ စတင်ကာ ဖြေလျှော့ပေးလာခြင်း ဖြစ်သည်။

ဂျပန်သည် ကာလရှည်ဗီဇာကိုင်ထားသူများကို ပြန်လည်ဝင်ရောက်ခွင့်ပြုရန် ကမ္ဘာ့နိုင်ငံ၊ ဒေသ ၁၀ ခုနှင့် သဘောတူညီထားပြီး အခြား နိုင်ငံ ၃ ခုနှင့်မူ တစ်လဝန်းကျင် ကာလတို ဝင်ခွင့်ပြုရန် သဘောတူညီမှုရှိထားသည်။

အဆိုပါသဘောတူညီချက်သည် အပြန်အလှန် သဘောတူညီချက်ဖြစ်သော်လည်း ယခုနောက်ဆုံးအစီအစဉ်အရသာ ဂျပန်သို့ ဝင်ခွင့်ပြုလာခြင်း ဖြစ်သည်။

ယခုအစီအစဉ်ဖြင့် စီးပွားရေးကိစ္စအတွက် ဂျပန်သို့ လာရောက်မည့်သူများသည် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခံရမည်ဖြစ်ပြီး အများပြည်သူ သုံး သယ်ယူပို့ဆောင်ရေးစနစ်များကို ရှောင်ကြဉ်ရမည်ဖြစ်ကာ ဂျပန်တွင် နေထိုင်စဉ်ကာလအတွင်း သွားလာလုပ်ဆောင် သည့် ခရီးစဉ် အသေးစိတ်ကို တင်ပြရမည်ဖြစ်ကြောင်းလည်း ယော်မီးယုရိ သတင်းစာတွင် ဖော်ပြသည်။

စီးပွားရေးကိစ္စ လာရောက်မည့်သူများသည် ဟိုတယ်တွင် ကွာရန်တင်းဝင်ရန် မလိုအပ်ကြောင်းလည်း သတင်းစာတွင် ဆက်လက်ဖော်ပြထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Japan to ease entry rules for business trips of up to 3 days: (Reuters)

 

[Zawgyi]

ဂ်ပန္က စီးပြားေရးကိစၥလာေရာက္သူမ်ားကို ကြာရန္တင္းဝင္ရန္မလိုဘဲ ဝင္ေရာက္ခြင့္ျပဳမည္

Covid-19 ေၾကာင့္ ဂ်ပန္သို႔ ျပည္ပမွ အလည္အပတ္ဝင္ေရာက္မႈမ်ား ရပ္ဆိုင္းသြားခဲ့ျခင္းေၾကာင့္ ဂ်ပန္တြင္ စီးပြားေရး လႈပ္႐ွားမႈမ်ား ျပန္လည္႐ွင္သန္လာေစရန္ ရည္႐ြယ္ကာ စီးပြားေရးကိစၥလာေရာက္မည့္သူမ်ားကို ဝင္ခြင့္ေျဖေလွ်ာ့ေပးကာ ၃ ရက္ႏွင့္အထက္ ေနထိုင္ခြင့္ျပဳရန္ စီစဥ္ေနေၾကာင္း ေယာ္မီးယုရိ သတင္းစာ (Yomiuri Newspaper) က ေဖာ္ျပသည္။

ဂ်ပန္အစိုးရသည္ ဂ်ပန္ႏွင့္ စီးပြားေရးဆက္ႏႊယ္မႈအားေကာင္းသည့္ ႏိုင္ငံမ်ားျဖစ္ေသာ တ႐ုတ္၊ ေတာင္ကိုရီးယားႏွင့္ ထိုင္ဝမ္တို႔ အပါအဝင္ ကမ႓ာ့ႏိုင္ငံႏွင့္ ေဒသေပါင္း ၃၀ ေက်ာ္မွ လာေရာက္မည့္သူမ်ားကို တင္းက်ပ္မႈမ်ား ေျဖေလ်ာ့ေပးမည္ျဖစ္ေၾကာင္း အမည္မေဖာ္ျပသည့္ အစိုးရသတင္းရင္းျမစ္တစ္ခုကို ကိုးကားၿပီး ေယာ္မီးယုရိသတင္းစာတြင္ ေဖာ္ျပသည္။

အဆိုပါ အစီအစဥ္သည့္ လာမည့္ ႏိုဝင္ဘာလတြင္ စတင္အသက္ဝင္မည္ျဖစ္ေၾကာင္းလည္း သတင္းစာတြင္ ေဖာ္ျပသည္။

ဂ်ပန္ႏိုင္ငံသည္ ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ပြားမႈကို ထိန္းခ်ဳပ္ရန္အတြက္ ကမ႓ာေပၚတြင္ အတင္းက်ပ္ဆုံး ျပည္ဝင္ခြင့္ ကန္႔သန္႔မႈမ်ား ျပဳလုပ္ခဲ့ၿပီး ေနာက္ပိုင္း ယခုအခါ ျပည္ပမွ လာေရာက္သူမ်ားအတြက္ ျပည္ဝင္ခြင့္ကို ေျဖးေျဖးခ်င္း ျဖည္ေလွ်ာ့ေပးရန္ စီစဥ္ေနရာ စီးပြားေရးကိစၥ ခရီးသြားလာမႈမွ စတင္ကာ ေျဖေလွ်ာ့ေပးလာျခင္း ျဖစ္သည္။

ဂ်ပန္သည္ ကာလ႐ွည္ဗီဇာကိုင္ထားသူမ်ားကို ျပန္လည္ဝင္ေရာက္ခြင့္ျပဳရန္ ကမ႓ာ့ႏိုင္ငံ၊ ေဒသ ၁၀ ခုႏွင့္ သေဘာတူညီထားၿပီး အျခား ႏိုင္ငံ ၃ ခုႏွင့္မူ တစ္လဝန္းက်င္ ကာလတို ဝင္ခြင့္ျပဳရန္ သေဘာတူညီမႈ႐ွိထားသည္။

အဆိုပါသေဘာတူညီခ်က္သည္ အျပန္အလွန္ သေဘာတူညီခ်က္ျဖစ္ေသာ္လည္း ယခုေနာက္ဆုံးအစီအစဥ္အရသာ ဂ်ပန္သို႔ ဝင္ခြင့္ျပဳလာျခင္း ျဖစ္သည္။

ယခုအစီအစဥ္ျဖင့္ စီးပြားေရးကိစၥအတြက္ ဂ်ပန္သို႔ လာေရာက္မည့္သူမ်ားသည္ ကို႐ိုနာဗိုင္းရပ္စ္ စစ္ေဆးခံရမည္ျဖစ္ၿပီး အမ်ားျပည္သူ သုံး သယ္ယူပို႔ေဆာင္ေရးစနစ္မ်ားကို ေ႐ွာင္ၾကဥ္ရမည္ျဖစ္ကာ ဂ်ပန္တြင္ ေနထိုင္စဥ္ကာလအတြင္း သြားလာလုပ္ေဆာင္ သည့္ ခရီးစဥ္ အေသးစိတ္ကို တင္ျပရမည္ျဖစ္ေၾကာင္းလည္း ေယာ္မီးယုရိ သတင္းစာတြင္ ေဖာ္ျပသည္။

စီးပြားေရးကိစၥ လာေရာက္မည့္သူမ်ားသည္ ဟိုတယ္တြင္ ကြာရန္တင္းဝင္ရန္ မလိုအပ္ေၾကာင္းလည္း သတင္းစာတြင္ ဆက္လက္ေဖာ္ျပထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Japan to ease entry rules for business trips of up to 3 days: (Reuters)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service