ထရမ့်၏ အသက်အရွယ်နှင့် ကိုယ်အလေးချိန်ကြောင့် Covid-19 မှာ အန္တရာယ်များကြောင်း ပညာရှင်များပြော

ထရမ့်၏ အသက်အရွယ်နှင့် ကိုယ်အလေးချိန်ကြောင့် Covid-19 မှာ အန္တရာယ်များကြောင်း ပညာရှင်များပြော - Property News in Myanmar from iMyanmarHouse.com
3 Oct 2020 11:56 am တွင် တင်ခဲ့သည်
2826 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလိုက်ရသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အသက်အရွယ်နှင့် ကိုယ်အလေးချိန်အရ အန္တရာယ်များသည့် အခြေအနေရှိနေသည်။

Covid-19 ရောဂါသည် အသက် ၇၀ နှင့်အထက် သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများနှင့် လေ့ကျင့်ခန်းလုပ်လေ့မရှိသူများအတွက် အန္တရာယ်များကြောင်း ကျွမ်းကျင်ပညာရှင်တို့ သတိပေးခဲ့သည်မှာ ကြာမြင့်ခဲ့ပြီလည်း ဖြစ်သည်။

ထရမ့်၏ ဆရာဝန်များက ပြောကြားရာတွင် သမ္မတသည် အိမ်ဖြူတော်တွင် နေထိုင်ကာ ကွာရန်တင်းဝင်မည်ဖြစ်ကြောင်း ပြောကြားထားသည်။

“အိမ်ဖြူတော် ဆေးအဖွဲ့နဲ့ ကျွန်တော်ဟာ သတိဝီရိယနဲ့ စောင့်ကြည့်သွားမှာပါ။ ကျွန်တော်တို့တိုင်းပြည်က အကြီးမြတ်ဆုံး ဆေးပညာရှင်တွေနဲ့ အဖွဲ့အစည်းတွေရဲ့ ပံ့ပိုးကူညီကြမှုကို အသိအမှတ်ပြုပါတယ်။” ဟု အိမ်ဖြူတော် ဆရာဝန် ရှောင်ကွန်လေက ပြောကြားသည်။

သို့သော် ထရမ့်သည် အသက် ၇၄ နှစ်ရှိပြီး အဝလွန်သူတစ်ဦးအဖြစ် သတ်မှတ်ထားသည့်အထဲတွင် ပါဝင်သူဖြစ်ခြင်းကြောင့် ရောဂါကြောင့် အန္တရာယ်များနိုင်သည့် စာရင်းထဲတွင် ပါဝင်နေကြောင်း ကျွမ်းကျင်ပညာရှင်များက သတိပေးသည်။

ထရမ့်သည် ဒုတိယသမ္မတဟောင်း ဂျိုးဘီဒင်နှင့် စကားရည်လုပွဲတွင် ဘီဒင်က mask တပ်ဆင်လာမှုအတွက်ပင် လှောင်ပြောင်မှုများ ပြုလုပ်ခဲ့သေးသည်။

မိမိအနေဖြင့် ဘီဒင်ကဲ့သို့ mask များ မတပ်ကြောင်း၊ ဘီဒင်ကို ကြည့်လိုက်တိုင်း mask တပ်ထားသည်ကို မြင်ရမည်ဖြစ်ကြောင်း၊ မိမိတွေ့ဖူးသမျှတွင် ဘီဒင်၏ mask သည်အကြီးမားဆုံးဖြစ်ကြောင်း ထရမ့်ကပြောဆို လှောင်ပြောင်ခဲ့သည်။

ထရမ့်၏ ထိပ်တန်းအကြံပေးပုဂ္ဂိုလ် ဟုပ်ဟစ်စ်ခ်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ကြာသပတေးနေ့က စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ထရမ့်နှင့် ဇနီးဖြစ်သူ မီလာနီယာတို့လည်း ကူးစက်ခံထားရကြောင်း တွေ့ရှိလာခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Trump considered high risk for coronavirus because of age and weight say experts (Indepedent)

[Zawgyi]

ထရမ့္၏ အသက္အရြယ္ႏွင့္ ကိုယ္အေလးခ်ိန္ေၾကာင့္ Covid-19 မွာ အႏၱရာယ္မ်ားေၾကာင္း ပညာရွင္မ်ားေျပာ

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံလိုက္ရေသာ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္၏ အသက္အရြယ္ႏွင့္ ကိုယ္အေလးခ်ိန္အရ အႏၱရာယ္မ်ားသည့္ အေျခအေနရွိေနသည္။

Covid-19 ေရာဂါသည္ အသက္ ၇၀ ႏွင့္အထက္ သက္ၾကီးရြယ္အိုမ်ား၊ ေရာဂါအခံရွိသူမ်ားႏွင့္ ေလ့က်င့္ခန္းလုပ္ေလ့မရွိသူမ်ားအတြက္ အႏၱရာယ္မ်ားေၾကာင္း ကၽြမ္းက်င္ပညာရွင္တို႔ သတိေပးခဲ့သည္မွာ ၾကာျမင့္ခဲ့ျပီလည္း ျဖစ္သည္။

ထရမ့္၏ ဆရာဝန္မ်ားက ေျပာၾကားရာတြင္ သမၼတသည္ အိမ္ျဖဴေတာ္တြင္ ေနထိုင္ကာ ကြာရန္တင္းဝင္မည္ျဖစ္ေၾကာင္း ေျပာၾကားထားသည္။

“အိမ္ျဖဴေတာ္ ေဆးအဖြဲ႔နဲ႔ ကၽြန္ေတာ္ဟာ သတိဝီရိယနဲ႔ ေစာင့္ၾကည့္သြားမွာပါ။ ကၽြန္ေတာ္တို႔တိုင္းျပည္က အၾကီးျမတ္ဆံုး ေဆးပညာရွင္ေတြနဲ႔ အဖြဲ႔အစည္းေတြရဲ ႔ ပံ့ပိုးကူညီၾကမႈကို အသိအမွတ္ျပဳပါတယ္။” ဟု အိမ္ျဖဴေတာ္ ဆရာဝန္ ေရွာင္ကြန္ေလက ေျပာၾကားသည္။

သို႔ေသာ္ ထရမ့္သည္ အသက္ ၇၄ ႏွစ္ရွိျပီး အဝလြန္သူတစ္ဦးအျဖစ္ သတ္မွတ္ထားသည့္အထဲတြင္ ပါဝင္သူျဖစ္ျခင္းေၾကာင့္ ေရာဂါေၾကာင့္ အႏၱရာယ္မ်ားႏိုင္သည့္ စာရင္းထဲတြင္ ပါဝင္ေနေၾကာင္း ကၽြမ္းက်င္ပညာရွင္မ်ားက သတိေပးသည္။

ထရမ့္သည္ ဒုတိယသမၼတေဟာင္း ဂ်ဳိးဘီဒင္ႏွင့္ စကားရည္လုပြဲတြင္ ဘီဒင္က mask တပ္ဆင္လာမႈအတြက္ပင္ ေလွာင္ေျပာင္မႈမ်ား ျပဳလုပ္ခဲ့ေသးသည္။

မိမိအေနျဖင့္ ဘီဒင္ကဲ့သို႔ mask မ်ား မတပ္ေၾကာင္း၊ ဘီဒင္ကို ၾကည့္လိုက္တိုင္း mask တပ္ထားသည္ကို ျမင္ရမည္ျဖစ္ေၾကာင္း၊ မိမိေတြ႔ဖူးသမွ်တြင္ ဘီဒင္၏ mask သည္အၾကီးမားဆံုးျဖစ္ေၾကာင္း ထရမ့္ကေျပာဆို ေလွာင္ေျပာင္ခဲ့သည္။

ထရမ့္၏ ထိပ္တန္းအၾကံေပးပုဂၢိဳလ္ ဟုပ္ဟစ္စ္ခ္သည္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံထားရေၾကာင္း ၾကာသပေတးေန႔က စစ္ေဆးေတြ႔ရွိခဲ့ျပီးေနာက္ ထရမ့္ႏွင့္ ဇနီးျဖစ္သူ မီလာနီယာတို႔လည္း ကူးစက္ခံထားရေၾကာင္း ေတြ႔ရွိလာခဲ့ျခင္း ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Trump considered high risk for coronavirus because of age and weight say experts (Indepedent)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service