COVID-19 ကာကွယ်ဆေးမရမီ သေဆုံးသူ ၂ သန်းခန့်ရှိနိုင်ဟု WHO ပြောကြား

COVID-19 ကာကွယ်ဆေးမရမီ သေဆုံးသူ ၂ သန်းခန့်ရှိနိုင်ဟု WHO ပြောကြား - Property News in Myanmar from iMyanmarHouse.com
28 Sep 2020 11:57 am တွင် တင်ခဲ့သည်
777 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာတစ်ဝန်းတွင် Covid-19 ကာကွယ်ဆေးတစ်ခုခု အလုံးအရင်း အသုံးမပြုနိုင်မီကာလအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဦးရေမှာ ၂ သန်းခန့်အထိ ရှိနိုင်ကြောင်း၊ အကယ်၍ ကပ်ရောဂါဘေး ထိန်းချုပ်နိုင်ရန် ညီညွှတ်သည့် စုပေါင်းအားထုတ်မှုမျိုး မရှိပါက သေဆုံးမှုမှာ ထို့ထက်ပင် များပြားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) မှ အရာရှိတစ်ဦးက ပြောကြားလိုက်သည်။

“ကျွန်တော်တို့ ဘာမှမလုပ်နိုင်ဘူးဆိုရင် သေဆုံးမယ့်သူ ၂ သန်းလောက်ရှိမယ်ဆိုတာ စိတ်ကူးခန့်မှန်းမှုမျှသာ မဟုတ်ပါဘူး။ စိတ်မကောင်းစရာပြောရမယ်ဆိုရင် သိပ်ကိုဖြစ်လာနိုင်နေပါတယ်။” ဟု WHO ၏ အရေးပေါ်စီမံကိန်းဆိုင်ရာ အကြီးအကဲ မိုက်ခ် ရိုင်ယန်က ပြောကြားလိုက်ခြင်း ဖြစ်သည်။

တရုတ်ပြည်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပထမဆုံး စတင်တွေ့ရှိခဲ့ပြီးချိန်မှစပြီး ၉ လအကြာတွင် သေဆုံးနှုန်းမှာ ၁ သန်းနီးပါး ဖြစ်သည်။

“ဘယ်နေရာပဲကြည့်ကြည့် ဒီကပ်ဘေးကြီးကနေ မလွတ်ပါဘူး။ အာဖရိကမှာတောင် ဒီကပ်ဘေးက မလွတ်ပါဘူး” ဟု ရိုင်ယန်က ပြောကြားသည်။

မကြာသေးမီကာလအတွင်း ရောဂါကူးစက်မှုများ မြင့်တက်လာခြင်းနှင့် စပ်လျဉ်းပြီး လူငယ်တို့အပေါ် အပြစ်မဖို့သင့်ကြောင်း ၎င်းက ပြောကြားသည်။

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းတင်းကြပ်မှုများ၊ lockdown ရုပ်သိမ်းမှုများ ပြုလုပ်ပေးပြီးနောက် ကူးစက်မှုများ ပြန်လည် မြင့်တက်လာခြင်းမှာ လူငယ်တို့ကြောင့် ဖြစ်သည်ဟူသော ရတက်မအေးဖြစ်လာမှုများ ရှိနေသည်။

“ဒီလိုတွေဖြစ်ရတာ လူငယ်တွေကြောင့်ဆိုပြီး လက်ညှိုးထိုး အပြစ်ဖို့မနေကြဖို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု ရိုင်ယန်က ဆိုသည်။

စစ်စစ်ကား အဆောက်အအုံများအတွင်း အသက်ရွယ်စုံ လူများစုရုံးကြခြင်းကြောင့် ကပ်ဘေးပိုမိုဆိုးရွားလာရခြင်းဖြစ်ကြောင်း ရိုင်ယန်က ပြောကြားသည်။

လက်ရှိတွင် WHO သည် COVAX အမည်ရှိ ဘဏ္ဍာရေးအစီအစဉ်တွင် တရုတ်နိုင်ငံပါဝင်လာရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်နေသည်။

Covid-19 ကာကွယ်ဆေးကို ကမ္ဘာ့နိုင်ငံများ မျှတစွာရရှိကြရေးအတွက် ရည်ရွယ်သည့် အစီအစဉ်ဖြစ်ပြီး အမေရိကန်နှင့် တရုတ်တို့က ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိချေ။

“ကျွန်တော်တို့ ရှေ့ကိုဆက်လက်လျှောက်လှမ်းနေချိန်မှာ တရုတ်နိုင်ငံက ပါဝင်မယ့် အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး သူတို့နဲ့ ဆွေးနွေးနေပါတယ်” ဟု ACT-Accelerator အစီအစဉ် အကြီးအကဲ၊ WHO ၏ အဆင့်မြင့်အကြံပေးပုဂ္ဂိုလ် ဘရုစ် အေးလ်ဝါ့ဒ်က ပြောကြားသည်။

ဘရုစ်က ပြောကြားရာတွင် ထိုင်ဝမ်သည် WHO အဖွဲ့ဝင်မဟုတ်သော်လည်း ပါဝင်လက်မှတ်ရေးထိုးထားကြောင်း၊ လက်ရှိအားဖြင့် လက်မှတ်ရေးထိုးထားသည့်နိုင်ငံပေါင်း ၁၅၉ နိုင်ငံရှိပြီး ၃၄ နိုင်ငံမှာ စဉ်းစားနေဆဲဖြစ်ကြောင်း ပြောကြားသည်။

တရုတ်နှင့် ဆွေးနွေးရာတွင် ကမ္ဘာ့ဒုတိယမြောက် စီးပွားရေး အင်အားအကြီးဆုံး တရုတ်အနေဖြင့် အဆိုပါအစီအစဉ်သို့ ကာကွယ်ဆေးများ ထောက်ပံ့ပေးနိုင်မည့် အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြောင်း ဘရုစ်က ပြောကြားသည်။ တရုတ်ကျန်းမာရေးအရာရှိတစ်ဦးက ပြောကြားခဲ့ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးသည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးမှာ စမ်းသပ်နေဆဲ အဆင့်သာရှိသေးချိန်တွင် လူများကို စမ်းသပ်ရန် ထောက်ခံမှုပေးခဲ့ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Global COVID-19 death toll could hit 2 million before vaccine in wide use: WHO (Japan Today)

[Zawgyi]

COVID-19 ကာကြယ္ေဆးမရမီ ေသဆံုးသူ ၂ သန္းခန္႔ရွိႏိုင္ဟု WHO ေျပာၾကား

ကမၻာတစ္ဝန္းတြင္ Covid-19 ကာကြယ္ေဆးတစ္ခုခု အလံုးအရင္း အသံုးမျပဳႏိုင္မီကာလအတြင္း ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ ေသဆံုးသူ ဦးေရမွာ ၂ သန္းခန္႔အထိ ရွိႏိုင္ေၾကာင္း၊ အကယ္၍ ကပ္ေရာဂါေဘး ထိန္းခ်ဳပ္ႏိုင္ရန္ ညီညႊတ္သည့္ စုေပါင္းအားထုတ္မႈမ်ဳိး မရွိပါက ေသဆံုးမႈမွာ ထို႔ထက္ပင္ မ်ားျပားႏိုင္ေၾကာင္း ကမၻာ့က်န္းမာေရးအဖြဲ႔ၾကီး (WHO) မွ အရာရွိတစ္ဦးက ေျပာၾကားလိုက္သည္။

“ကၽြန္ေတာ္တို႔ ဘာမွမလုပ္ႏိုင္ဘူးဆိုရင္ ေသဆံုးမယ့္သူ ၂ သန္းေလာက္ရွိမယ္ဆိုတာ စိတ္ကူးခန္႔မွန္းမႈမွ်သာ မဟုတ္ပါဘူး။ စိတ္မေကာင္းစရာေျပာရမယ္ဆိုရင္ သိပ္ကိုျဖစ္လာႏိုင္ေနပါတယ္။” ဟု WHO ၏ အေရးေပၚစီမံကိန္းဆိုင္ရာ အၾကီးအကဲ မိုက္ခ္ ရိုင္ယန္က ေျပာၾကားလိုက္ျခင္း ျဖစ္သည္။

တရုတ္ျပည္တြင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ ပထမဆံုး စတင္ေတြ႔ရွိခဲ့ျပီးခ်ိန္မွစျပီး ၉ လအၾကာတြင္ ေသဆံုးႏႈန္းမွာ ၁ သန္းနီးပါး ျဖစ္သည္။

“ဘယ္ေနရာပဲၾကည့္ၾကည့္ ဒီကပ္ေဘးၾကီးကေန မလြတ္ပါဘူး။ အာဖရိကမွာေတာင္ ဒီကပ္ေဘးက မလြတ္ပါဘူး” ဟု ရိုင္ယန္က ေျပာၾကားသည္။

မၾကာေသးမီကာလအတြင္း ေရာဂါကူးစက္မႈမ်ား ျမင့္တက္လာျခင္းႏွင့္ စပ္လ်ဥ္းျပီး လူငယ္တို႔အေပၚ အျပစ္မဖို႔သင့္ေၾကာင္း ၎က ေျပာၾကားသည္။

ကမၻာတစ္ဝန္းတြင္ ကိုရိုနာဗိုင္းရပ္စ္စည္းမ်ဥ္းတင္းၾကပ္မႈမ်ား၊ lockdown ရုပ္သိမ္းမႈမ်ား ျပဳလုပ္ေပးျပီးေနာက္ ကူးစက္မႈမ်ား ျပန္လည္ ျမင့္တက္လာျခင္းမွာ လူငယ္တို႔ေၾကာင့္ ျဖစ္သည္ဟူေသာ ရတက္မေအးျဖစ္လာမႈမ်ား ရွိေနသည္။

“ဒီလိုေတြျဖစ္ရတာ လူငယ္ေတြေၾကာင့္ဆိုျပီး လက္ညွိဳးထိုး အျပစ္ဖို႔မေနၾကဖို႔ ကၽြန္ေတာ္ေမွ်ာ္လင့္ပါတယ္” ဟု ရိုင္ယန္က ဆိုသည္။

စစ္စစ္ကား အေဆာက္အအံုမ်ားအတြင္း အသက္ရြယ္စံု လူမ်ားစုရံုးၾကျခင္းေၾကာင့္ ကပ္ေဘးပိုမိုဆိုးရြားလာရျခင္းျဖစ္ေၾကာင္း ရိုင္ယန္က ေျပာၾကားသည္။

လက္ရွိတြင္ WHO သည္ COVAX အမည္ရွိ ဘ႑ာေရးအစီအစဥ္တြင္ တရုတ္ႏိုင္ငံပါဝင္လာေရးအတြက္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ေနသည္။

Covid-19 ကာကြယ္ေဆးကို ကမၻာ့ႏိုင္ငံမ်ား မွ်တစြာရရွိၾကေရးအတြက္ ရည္ရြယ္သည့္ အစီအစဥ္ျဖစ္ျပီး အေမရိကန္ႏွင့္ တရုတ္တို႔က ပါဝင္လက္မွတ္ေရးထိုးထားျခင္းမရွိေခ်။

“ကၽြန္ေတာ္တို႔ ေရွ ႔ကိုဆက္လက္ေလွ်ာက္လွမ္းေနခ်ိန္မွာ တရုတ္ႏိုင္ငံက ပါဝင္မယ့္ အခန္းက႑နဲ႔ ပတ္သက္ျပီး သူတို႔နဲ႔ ေဆြးေႏြးေနပါတယ္” ဟု ACT-Accelerator အစီအစဥ္ အၾကီးအကဲ၊ WHO ၏ အဆင့္ျမင့္အၾကံေပးပုဂၢိဳလ္ ဘရုစ္ ေအးလ္ဝါ့ဒ္က ေျပာၾကားသည္။

ဘရုစ္က ေျပာၾကားရာတြင္ ထိုင္ဝမ္သည္ WHO အဖြဲ႔ဝင္မဟုတ္ေသာ္လည္း ပါဝင္လက္မွတ္ေရးထိုးထားေၾကာင္း၊ လက္ရွိအားျဖင့္ လက္မွတ္ေရးထိုးထားသည့္ႏိုင္ငံေပါင္း ၁၅၉ ႏိုင္ငံရွိျပီး ၃၄ ႏိုင္ငံမွာ စဥ္းစားေနဆဲျဖစ္ေၾကာင္း ေျပာၾကားသည္။

တရုတ္ႏွင့္ ေဆြးေႏြးရာတြင္ ကမၻာ့ဒုတိယေျမာက္ စီးပြားေရး အင္အားအၾကီးဆံုး တရုတ္အေနျဖင့္ အဆိုပါအစီအစဥ္သို႔ ကာကြယ္ေဆးမ်ား ေထာက္ပ့ံေပးႏိုင္မည့္ အလားအလာမ်ားကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း ဘရုစ္က ေျပာၾကားသည္။ တရုတ္က်န္းမာေရးအရာရွိတစ္ဦးက ေျပာၾကားခဲ့ရာတြင္ ကမၻာ့က်န္းမာေရးအဖြဲ႔ၾကီးသည္ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးမွာ စမ္းသပ္ေနဆဲ အဆင့္သာရွိေသးခ်ိန္တြင္ လူမ်ားကို စမ္းသပ္ရန္ ေထာက္ခံမႈေပးခဲ့ေၾကာင္း ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Global COVID-19 death toll could hit 2 million before vaccine in wide use: WHO (Japan Today)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service