အင်္ဂလန်တွင် အမျိုးသားတစ်ဦးက ဘတ်စ်ကားပေါ်၌ စပါးအုံးမြွေကြီးကို mask အဖြစ် အသုံးပြု

အင်္ဂလန်တွင် အမျိုးသားတစ်ဦးက ဘတ်စ်ကားပေါ်၌ စပါးအုံးမြွေကြီးကို mask အဖြစ် အသုံးပြု - Property News in Myanmar from iMyanmarHouse.com
16 Sep 2020 12:58 pm တွင် တင်ခဲ့သည်
1879 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့၊ ဆဲလ်ဖို့ဒ် မြို့နယ်တွင် ဘတ်စ်ကားပေါ်၌ စီးနင်းလိုက်ပါလာသော အမျိုးသားတစ်ဦးသည် စပါးအုံးမြွေကြီးတစ်ကောင်ကို လည်ပင်း၌ ပတ်ကာမျက်နှာတွင်လည်း mask အဖြစ်မြွေနှင့် ဖုံးကာထားသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်ခဲ့သည်။

အဆိုပါအမျိုးသားသည် ဆဲလ်ဖို့ဒ်မြို့နယ်၊ ဆွင်တန်အရပ်မှ မန်ချက်စတာမြို့လယ်သို့ စီးနင်းလိုက်ပါစဉ် မြွေကြီးကို ခန္ဓာကိုယ်တွင် ရစ်ခွေကာ လိုက်ပါလာသောကြောင့် ခရီးသည်များ ကြောက်ရွံ့တုန်လှုပ်ခဲ့ကြရသည်။

ဘတ်စ်ကားပေါ်တွင် လိုက်ပါလာသော အသက် ၄၆ နှစ်အရွယ်ရှိ ခရီးသည်တစ်ဦးက မန်ချက်စတာ ညနေခင်းသတင်း (Manchester Evening News) သို့ “သူက မြွေကြီးကို mask လိုမျိုး သူ့မျက်နှာမှာ ပတ်ထားပြီး ဘတ်စ်ကားပေါ်တက်လာခဲ့တာပါ” ဟု ပြောကြားသည်။

“ပထမဆုံး ကျွန်တော်တွေးမိတာက ဒီလူ့ mask က တကယ်ကို ကြောက်စရာပါလားလို့ တွေးမိတယ်။

နောက်ပိုင်းကျတော့ သူက မြွေကို လက်ရန်းလက်ကိုင်တန်းပတ် ပတ်ထားတာ တွေ့ပါတယ်။

သူ့နောက်က လူတစ်ယောက်ကတော့ ဗွီဒီယိုရိုက်ယူနေတာ တွေ့ပါတယ်။ ဆေးပညာရှင်တွေကတော့ မြွေကို mask အနေနဲ့သုံးတာ အားပေးကြမှာ မဟုတ်ပါဘူး” ဟု အဆိုပါ ခရီးသည်က ဆက်လက်ပြောကြားသည်။

ဂလော့စ်တာရှိုင်းယားတက္ကသိုလ်မှ သိပ္ပံဆက်သွယ်ရေးပါမောက္ခ အဒမ်ဟာ့ထ်က “မြွေတွေကို mask အဖြစ် အသုံးပြုခြင်းရဲ့ ထိရောက်မှုကို လေ့လာထားတာတွေ မရှိသေးပါဘူး။

ဒါပေမယ့် ကျွန်တော်ထင်ပါတယ်..ဒါဟာ ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှု လျှော့ချရေးအတွက် ထိရောက်တဲ့နည်းလမ်းမဟုတ်ဘူးလို့ အခိုင်အမာပြောနိုင်ပါတယ်။

မြွေရဲ့ အရစ်ခွေတွေကြား လစ်လပ်နေတဲ့ နေရာတွေကနေ အသက်ရှူတဲ့အချိန်မှာ ဗိုင်းရပ်စ်အမှုန်တွေ ဝင်သွားနိုင်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဟာသမြောက်တဲ့ မျက်နှာဖုံးကာတစ်ခုပါပဲ” ဟု ပြောကြားသည်။

မြွေကို mask အဖြစ် အသုံးပြုခြင်း၏ အခြားသော အန္တရာယ်များကို မေးမြန်းရာတွင် ပါမောက္ခ ဟာ့ထ်က “ဓာတ်ပုံမှ မြင်ရတာကတော့ မြွေက စပါးအုံးမြွေပါ။ ဒါကြောင့် သူကအဆိပ်မရှိပါဘူး။

ဒါပေမယ့် သားကောင်ကို ညှစ်သတ်လေ့ရှိပါတယ်။ ကြီးမားတဲ့မြွေကြီး တစ်ကောင်ကို လည်ပင်းမှာ ပတ်ထားတဲ့ အနေအထားမျိုးက အန္တရာယ်များပါတယ်” ဟု ဖြေကြားသည်။

ဗြိတိန်အွန်လိုင်းဆေးဝါးကုမ္ပဏီ Chemist Click မှ ဆေးဝါးပညာရှင် အဘက်စ် ကာနာနီက “ဒီနည်းလမ်းနဲ့ ရောဂါကူးစက်မှုကို လျှော့ချပေးနိုင်တယ်ဆိုတဲ့ သိပ္ပံအထောက်အထားမရှိပါဘူး” ဟု ပြောကြားသည်။

FirstVet မှ တိရ စ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာ ဂျက်ဆီကမေက “mask တွေ တပ်ဆင်တဲ့ ရည်ရွယ်ချက်က ဝတ်ဆင်သူတွေနဲ့ ပတ်ဝန်းကျင်ကလူတွေကို ပါးစပ်နဲ့ နှာခေါင်းတွေကတဆင့် ရောဂါပိုးမွှားပါတဲ့အမှုန်တွေမဝင်အောင် ကာကွယ်ဖို့ပါ။ မြွေတစ်ကောင်ဟာ ဒီလိုကာကွယ်မှုမျိုး ထိထိရောက်ရောက်ပေးလိမ့်မယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ မျက်နှာနဲ့ နှာခေါင်းမှာ မြွေကို ပတ်ထားတာက ဘေးကင်းမယ်ဆိုတဲ့ အထောက်အထားလည်း မရှိပါဘူး။ အများပြည်သူသုံး သယ်ယူပို့ဆောင်မှုစနစ်ကို အသုံးပြုမယ်ဆိုရင် mask ကို အသုံးပြုတာ အကောင်းဆုံးပါ။ ဒီလိုအကာအကွယ် ပစ္စည်းတွေနေရာမှာ တိရ စ္ဆာန်တွေကို အစားထိုး အသုံးပြုလို့ မသင့်လျော်ပါဘူး” ဟု ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Man uses snake as a face mask on bus through Manchester (Metro

 

[Zawgyi]

အဂၤလန္တြင္ အမ်ဳိးသားတစ္ဦးက ဘတ္စ္ကားေပၚ၌ စပါးအံုးေျမြၾကီးကို mask အျဖစ္ အသံုးျပဳ

အဂၤလန္ႏိုင္ငံ၊ မန္ခ်က္စတာျမိဳ႕၊ ဆဲလ္ဖို႔ဒ္ ျမိဳ႕နယ္တြင္ ဘတ္စ္ကားေပၚ၌ စီးနင္းလိုက္ပါလာေသာ အမ်ဳိးသားတစ္ဦးသည္ စပါးအံုးေျမြၾကီးတစ္ေကာင္ကို လည္ပင္း၌ ပတ္ကာမ်က္ႏွာတြင္လည္း mask အျဖစ္ေျမြႏွင့္ ဖံုးကာထားသည့္ ျဖစ္ရပ္တစ္ခု ျဖစ္ေပၚခဲ့သည္။

အဆိုပါအမ်ဳိးသားသည္ ဆဲလ္ဖို႔ဒ္ျမိဳ႕နယ္၊ ဆြင္တန္အရပ္မွ မန္ခ်က္စတာျမိဳ႕လယ္သို႔ စီးနင္းလိုက္ပါစဥ္ ေျမြၾကီးကို ခႏၶာကိုယ္တြင္ ရစ္ေခြကာ လိုက္ပါလာေသာေၾကာင့္ ခရီးသည္မ်ား ေၾကာက္ရြံ႕တုန္လႈပ္ခဲ့ၾကရသည္။

ဘတ္စ္ကားေပၚတြင္ လိုက္ပါလာေသာ အသက္ ၄၆ ႏွစ္အရြယ္ရွိ ခရီးသည္တစ္ဦးက မန္ခ်က္စတာ ညေနခင္းသတင္း (Manchester Evening News) သို႔ “သူက ေျမြၾကီးကို mask လိုမ်ဳိး သူ႔မ်က္ႏွာမွာ ပတ္ထားျပီး ဘတ္စ္ကားေပၚတက္လာခဲ့တာပါ” ဟု ေျပာၾကားသည္။

“ပထမဆံုး ကၽြန္ေတာ္ေတြးမိတာက ဒီလူ႔ mask က တကယ္ကို ေၾကာက္စရာပါလားလို႔ ေတြးမိတယ္။

ေနာက္ပိုင္းက်ေတာ့ သူက ေျမြကို လက္ရန္းလက္ကိုင္တန္းပတ္ ပတ္ထားတာ ေတြ႔ပါတယ္။

သူ႔ေနာက္က လူတစ္ေယာက္ကေတာ့ ဗြီဒီယိုရိုက္ယူေနတာ ေတြ႔ပါတယ္။ ေဆးပညာရွင္ေတြကေတာ့ ေျမြကို mask အေနနဲ႔သံုးတာ အားေပးၾကမွာ မဟုတ္ပါဘူး” ဟု အဆိုပါ ခရီးသည္က ဆက္လက္ေျပာၾကားသည္။

ဂေလာ့စ္တာရႈိင္းယားတကၠသိုလ္မွ သိပၸံဆက္သြယ္ေရးပါေမာကၡ အဒမ္ဟာ့ထ္က “ေျမြေတြကို mask အျဖစ္ အသံုးျပဳျခင္းရဲ႕ ထိေရာက္မႈကို ေလ့လာထားတာေတြ မရွိေသးပါဘူး။

ဒါေပမယ့္ ကၽြန္ေတာ္ထင္ပါတယ္..ဒါဟာ ကိုရိုနာဗိုင္းရပ္စ္ပ်ံ ႔ပြားမႈ ေလွ်ာ့ခ်ေရးအတြက္ ထိေရာက္တဲ့နည္းလမ္းမဟုတ္ဘူးလို႔ အခိုင္အမာေျပာႏိုင္ပါတယ္။

ေျမြရဲ႕ အရစ္ေခြေတြၾကား လစ္လပ္ေနတဲ့ ေနရာေတြကေန အသက္ရွဴတဲ့အခ်ိန္မွာ ဗိုင္းရပ္စ္အမႈန္ေတြ ဝင္သြားႏိုင္ပါတယ္။ ပြင့္ပြင့္လင္းလင္းေျပာရရင္ ဟာသေျမာက္တဲ့ မ်က္ႏွာဖံုးကာတစ္ခုပါပဲ” ဟု ေျပာၾကားသည္။

ေျမြကို mask အျဖစ္ အသံုးျပဳျခင္း၏ အျခားေသာ အႏၱရာယ္မ်ားကို ေမးျမန္းရာတြင္ ပါေမာကၡ ဟာ့ထ္က “ဓာတ္ပံုမွ ျမင္ရတာကေတာ့ ေျမြက စပါးအံုးေျမြပါ။ ဒါေၾကာင့္ သူကအဆိပ္မရွိပါဘူး။

ဒါေပမယ့္ သားေကာင္ကို ညွစ္သတ္ေလ့ရွိပါတယ္။ ၾကီးမားတဲ့ေျမြၾကီး တစ္ေကာင္ကို လည္ပင္းမွာ ပတ္ထားတဲ့ အေနအထားမ်ဳိးက အႏၱရာယ္မ်ားပါတယ္” ဟု ေျဖၾကားသည္။

ျဗိတိန္အြန္လုိင္းေဆးဝါးကုမၸဏီ Chemist Click မွ ေဆးဝါးပညာရွင္ အဘက္စ္ ကာနာနီက “ဒီနည္းလမ္းနဲ႔ ေရာဂါကူးစက္မႈကို ေလွ်ာ့ခ်ေပးႏိုင္တယ္ဆိုတဲ့ သိပၸံအေထာက္အထားမရွိပါဘူး” ဟု ေျပာၾကားသည္။

FirstVet မွ တိရ စၦာန္ေဆးကုဆရာဝန္ ေဒါက္တာ ဂ်က္ဆီကေမက “mask ေတြ တပ္ဆင္တဲ့ ရည္ရြယ္ခ်က္က ဝတ္ဆင္သူေတြနဲ႔ ပတ္ဝန္းက်င္ကလူေတြကို ပါးစပ္နဲ႔ ႏွာေခါင္းေတြကတဆင့္ ေရာဂါပိုးမႊားပါတဲ့အမႈန္ေတြမဝင္ေအာင္ ကာကြယ္ဖုိ႔ပါ။ ေျမြတစ္ေကာင္ဟာ ဒီလိုကာကြယ္မႈမ်ဳိး ထိထိေရာက္ေရာက္ေပးလိမ့္မယ္ဆိုတဲ့ အေထာက္အထားမရွိပါဘူး။ မ်က္ႏွာနဲ႔ ႏွာေခါင္းမွာ ေျမြကို ပတ္ထားတာက ေဘးကင္းမယ္ဆိုတဲ့ အေထာက္အထားလည္း မရွိပါဘူး။ အမ်ားျပည္သူသံုး သယ္ယူပို႔ေဆာင္မႈစနစ္ကို အသံုးျပဳမယ္ဆိုရင္ mask ကို အသံုးျပဳတာ အေကာင္းဆံုးပါ။ ဒီလိုအကာအကြယ္ ပစၥည္းေတြေနရာမွာ တိရ စၦာန္ေတြကို အစားထိုး အသံုးျပဳလို႔ မသင့္ေလ်ာ္ပါဘူး” ဟု ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Man uses snake as a face mask on bus through Manchester (Metro)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service