နယူးယောက်က အဆုံးမဲ့လှေကား
နယူးယောက်က အဆုံးမဲ့လှေကား - Property News in Myanmar from iMyanmarHouse.com
14 Sep 2020 12:23 pm တွင် တင်ခဲ့သည်
1001 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
နယူးယောက်မြို့တွင် မီးရထားလမ်းကို ကောင်းကင်ပန်းခြံလျှောက်လမ်းမကြီးအဖြစ် ပြောင်းလဲထားသည့် High Line အဆုံးသတ်ရာနှင့် မန်ဟက်တန်မှ Midtown အရပ်စတင်ရာနေရာတွင် လူနေအိမ်ရာစီမံကိန်းတစ်ခု တည်ရှိပြီး အမေရိကန်သမိုင်းတွင် အကြီးမားဆုံး အိမ်ရာ စီမံကိန်းကြီးလည်း ဖြစ်သည်။
(High Line ကောင်းကင်ပန်းခြံသည် ရထားလမ်းကို အသွင်ပြောင်းထားခြင်းဖြစ်ပြီး အလျား ၁ ဒသမ ၄၅ မိုင် (၂ ဒသမ ၃၃ ကီလိုမီတာ) ရှည်လျားသည်။ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာတွင် အသွင်ပြောင်းမှုစတင်ပြုလုပ်ခဲ့ပြီး နှစ်စဉ်လာရောက်လည်ပတ်သူ ၈ သန်းခန့် ရှိသည်)
အဆိုပါ အိမ်ရာစီမံကိန်းကြီးကို Hudson Yards ဟု အမည်ပေးထားပြီး အကျယ်အဝန်းအားဖြင့် ၂၈ ဧကခန့်အထိ ကျယ်ဝန်းသည့် လူနေအိမ်ရာကြီးဖြစ်သည်။
Hudson Yards လူနေအိမ်ရာ၏ ဗဟိုတွင် တမူထူးခြားဆန်းပြားလှသည့် အဆုံးမဲ့လှေကား (Endless Staircase ) တည်ရှိနေခြင်း ဖြစ်သည်။
Hudson Yards အိမ်ရာသည် အကျယ်အဝန်း ၁၁ ဟက်တာရှိပြီး ကူးသန်းရောင်းဝယ်ရေးနှင့် လူနေ နေရာအတွက် စတုရန်းပေ ၁၇ သန်းရှိကာ ဆိုင်ခန်းပေါင်း ၁၀၀ ကျော်နှင့် စားသောက်ဆိုင် အများအပြား ပါဝင်သည်။
နေထိုင်သူပေါင်း ၅၀၀၀ နီးပါးရှိပြီး အများပြည်သူဆိုင်ရာနေရာ ၁၄ ဧက၊ ထိုင်ခုံ ၇၅၀ ဆန့် စာသင်ကျောင်းတစ်ကျောင်း၊ အခန်းပေါင်း ၂၀၀ ပါ Equinox ဇိမ်ခံဟိုတယ်တစ်လုံးတို့လည်း ပါဝင်သည်။
အချိုးအကွေ့၊ အချိတ်အဆက်များစွာဖြင့် ဆောက်လုပ်ထားသည့် အဆုံးမဲ့လှေကားကို Thomas Heatherwick and Heatherwick Studio က ဒီဇိုင်းရေးဆွဲပေးထားခြင်းဖြစ်ပြီး နယူးယောက်၏ မြင်ကွင်းများကို ခံစားနိုင်မည့်နေရာ၊ ကွဲပြားသော အမြင့်နေရာများ-ရှုထောင့်များနှင့် အပေါ်စီးနေရာ အမျိုးမျိုးတို့မှ ရှုမြင်နိုင်မည့် ဆုံချက်နေရာတစ်ခုအဖြစ် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ရှုပ်ထွေးစွာ ဆက်နွှယ်ထားသော လှေကားအပိုင်းနေရာပေါင်း ၁၅၄ ခု၊ လှေကားထစ်ပေါင်း ၂၅၀၀ ခန့်၊ လှေကားကွေ့ချိုးနေရာ (landings) ၈၀ ပါဝင်ဖွဲ့စည်းထားသည်။
လှေကားအတက်ခရီး တစ်မိုင်နီးပါးရှိပြီး ပြည်သူ့ရင်ပြင်နှင့် ဥယျာဉ်များ (Public Square and Gardens) အပေါ် စီးမိုးတွေ့မြင်နိုင်သည့် မြင်ကွင်းကောင်းများရှိသည်။
အမြင့်အားဖြင့် ၄၆ မီတာရှိပြီး အိန္ဒိယမှ ရှေးဟောင်း ရေတွင်းများအတွင်း ဆင်းသည့်လှေကားထစ်များကို နမူနာယူကာ ပြုလုပ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။
အစိတ်အပိုင်းပေါင်း ၇၅ ခုကို အီတလီနိုင်ငံ၊ Monfalcone တွင် Cimolai S.P.A က ထုတ်လုပ်ပေးခဲ့ပြီး အတ္တလန္တိတ်သမုဒ္ဒရာကို သင်္ဘောဖြင့် တင်ဆောင်ဖြတ်ကျော်ကာ နယူးယောက်မြို့တွင် တပ်ဆင်ခဲ့ခြင်း ဖြစ်သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: New York’s Touristy New Public Space Is A Giant Endless Staircase twistedsifter
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
Mingalar Market
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service