ပါမောက္ခ ဆရာမ အွန်လိုင်းမှ စာသင်နေစဉ် တပည့်များရှေ့ Covid 19 ဖြင့် လဲကျသေဆုံး

ပါမောက္ခ ဆရာမ အွန်လိုင်းမှ စာသင်နေစဉ် တပည့်များရှေ့ Covid 19 ဖြင့် လဲကျသေဆုံး - Property News in Myanmar from iMyanmarHouse.com
7 Sep 2020 11:58 am တွင် တင်ခဲ့သည်
39054 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အာဂျင်တီးနားနိုင်ငံ၊ ဗြူနိုအေးရီးစ်မြို့ရှိ Universidad Argentina de la Empresa (UADE) တက္ကသိုလ်မှ ပါမောက္ခတစ်ဦးသည် အွန်လိုင်းမှတဆင့် စာသင်နေစဉ် Covid-19 ဖြင့် လဲကျသေဆုံးမှု ဖြစ်ပေါ်ခဲ့သည်။

ပါအိုလာ ဒီ ဆီမွန်နီဟု အမည်ရှိသော ပါမောက္ခသည် အသက် ၄၆ နှစ်သာရှိသေးပြီး Zoom ကို အသုံးပြုကာ အွန်လိုင်းမှတဆင့် သင်ကြားပို့ချနေစဉ် တပည့်များရှေ့တွင် အသက်ရှူကျပ်ကာ လဲကျသေဆုံးသွားခြင်း ဖြစ်သည်။

ထိုနေ့က ဆီမွန်နီ၏ သင်ကြားပို့ချမှုကို တက်ရောက်ခဲ့သည့် အွန်လိုင်းအတန်းသား ၄၀ ဦးရှိခဲ့သည်။

ဆီမွန်နီသည် UADE တွင် ၁၅ ခန့် တာဝန်ထမ်းဆောင်နေခဲ့သူ ဖြစ်သည်။

ပါမောက္ခ ဆရာမက သင်ကြားပို့ချနေစဉ်အတွင်း ၎င်းသည် ကောင်းစွာနေမကောင်းကြောင်း၊ အသက်ရှူရအလွန်ခက်ခဲနေကြောင်း ပြောခဲ့သေးသည်ဟု catalan ဘာသာစကားသုံး Diari Mes ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

ထိုသို့ဖြင့် သင်ကြားနေရင်းပင် အခြေအနေမှာ ပိုမိုဆိုးရွားလာရာ တပည့်များက ဆရာမ၏ နေအိမ်လိပ်စာပေးပါရန်နှင့် လူနာတင်ကား စေလွှတ်ပေးခွင့်ပြုရန် တောင်းဆိုခဲ့ကြသည်။

သို့သော် ပါမောက္ခ ဆရာမက အသက်ကိုခက်ခဲစွာရှူရင်း ထိုသို့မလုပ်နိုင်ကြောင်း I can’t ဟုပြောကာ လဲကျသွားခြင်း ဖြစ်သည်။

ထိုသို့မဖြစ်မီရက်များက ပါမောက္ခ ဆီမွန်နီသည် သူ၏ ကျန်းမာရေးကို ရတက်မအေးဖြစ်မိကြောင်း ပြောကြားခဲ့ဖူးသည်။

ဆရာမသည် ချောင်းဆိုးခြင်း အပါအဝင် ကိုရိုနာဗိုင်းရပ်စ်၏ ရောဂါလက္ခဏာများကို တစ်လကျော် ခံစားနေခဲ့ရသူ ဖြစ်သည်။

ဆရာမ၏ခင်ပွန်း ဆရာဝန်သည် နေအိမ်သို့ရောက်ချိန်တွင် သူမ သေဆုံးနေသည်ကို တွေ့ခဲ့ရသည်ဟု အာဂျင်တီးနား ပြည်တွင်း သတင်းမီဒီယာတို့တွင် ဖော်ပြသည်။

သူ၏ တပည့်များ၊ မိတ်ဆွေသူငယ်ချင်းများနှင့် လုပ်ဖော်ကိုင်ဖက်များက ဆရာမသည် မမေ့နိုင်ဖွယ်ဆရာတစ်ဦးဖြစ်ကြောင်း ဂုဏ်ပြု ပြောကြားကြသည်။

အာဂျင်တီးနားတွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှု မြင့်တက်နေပြီး လူပေါင်း ၄၇၈၇၉၂ ဦး ကူးစက်ခံထားရပြီဖြစ်ကာ ၉၈၅၉ ဦး သေဆုံးခဲ့ပြီ ဖြစ်သည်။

ပါမောက္ခ ဆီမွန်နီတွင် သမီးတစ်ဦးကျန်ရစ်ခဲ့သည်။ ဆီမွန်နီက ခင်ပွန်းဖြစ်သူမှာ ကိုရိုနာဗိုင်းရပ်စ်ကို ရင်ဆိုင်သည့် ရှေ့တန်းတိုက်ပွဲတွင် များစွာအလုပ်များနေကြောင်း ပြောကြားခဲ့ဖူးသည်။

“အခြေအနေက သိပ်ခက်ခဲတယ်။ ကျွန်မ ဗိုင်းရပ်စ်ကူးစက်ခံနေရတာ ၄ ပတ်ကျော်ရှိပါပြီ။ ရောဂါလက္ခဏာတွေလည်း ခုထိ ပျောက်မသွားသေးဘူး” ဟု ဆရာမက သြဂုတ်လကုန်ပိုင်းတွင် သူ၏ တွစ်တာအကောင့်၌ ရေးသားခဲ့ဖူးသည်။

Zoom မှတဆင့် စာသင်ကြားနေရင်း လဲကျသွားပုံ ဗွီဒီယိုဖိုင်မှာ လူမှုကွန်ရက်တွင် များစွာပျံ့နှံ့ခဲ့သည်။

ကျောင်းသူတစ်ဦးဖြစ်သူ အင်နာ ဘရက်စီယာက “ကျွန်မနဲ့ အတန်းဖော်တွေဟာ သူနောက်ဆုံး စကားပြောသွားသူတွေပါပဲ။ သူ့မှာ အဆုပ်ရောင်ရောဂါဖြစ်နေတယ်လို့ စပြီးပြောပါတယ်။ ကျွန်မတို့ မြင်ရတာတော့ အရင်တစ်ခါ စာသင်ချိန်ကထက် သူ့အခြေအနေပိုဆိုး လာတာ တွေ့ရပါတယ်။ စာသင်ရင်းခဏကြာတော့ သူ slide တွေ မရွှေ့နိုင်တော့သလို စကားလည်း မပြောနိုင်တော့ဘူး” ဟု ဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို ပြောပြသည်။ တက္ကသိုလ်ကလည်း ပါမောက္ခ ဆီမွန်နီ သေဆုံးမှုကို အတည်ပြုခဲ့ပြီး မိမိတို့အနေဖြင့် နက်ရှိုင်းစွာ နာကျင်ခံစားရကြောင်း ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Teacher collapses and dies ‘of coronavirus’ in front of shocked students while teaching lesson on Zoom (The Sun, frasercoastchronicle)

[Zawgyi]

ပါေမာကၡ ဆရာမ အြန္လိုင္းမွ စာသင္ေနစဥ္ တပည့္မ်ားေရွ႕ Covid 19 ျဖင့္ လဲက်ေသဆံုး

အာဂ်င္တီးနားႏိုင္ငံ၊ ျဗဴႏိုေအးရီးစ္ျမိဳ ႔ရွိ Universidad Argentina de la Empresa (UADE) တကၠသုိလ္မွ ပါေမာကၡတစ္ဦးသည္ အြန္လိုင္းမွတဆင့္ စာသင္ေနစဥ္ Covid-19 ျဖင့္ လဲက်ေသဆံုးမႈ ျဖစ္ေပၚခဲ့သည္။

ပါအိုလာ ဒီ ဆီမြန္နီဟု အမည္ရွိေသာ ပါေမာကၡသည္ အသက္ ၄၆ ႏွစ္သာရွိေသးျပီး Zoom ကို အသံုးျပဳကာ အြန္လိုင္းမွတဆင့္ သင္ၾကားပို႔ခ်ေနစဥ္ တပည့္မ်ားေရွ ႔တြင္ အသက္ရွဴက်ပ္ကာ လဲက်ေသဆံုးသြားျခင္း ျဖစ္သည္။

ထိုေန႔က ဆီမြန္နီ၏ သင္ၾကားပို႔ခ်မႈကို တက္ေရာက္ခဲ့သည့္ အြန္လိုင္းအတန္းသား ၄၀ ဦးရွိခဲ့သည္။

ဆီမြန္နီသည္ UADE တြင္ ၁၅ ခန္႔ တာဝန္ထမ္းေဆာင္ေနခဲ့သူ ျဖစ္သည္။

ပါေမာကၡ ဆရာမက သင္ၾကားပို႔ခ်ေနစဥ္အတြင္း ၎သည္ ေကာင္းစြာေနမေကာင္းေၾကာင္း၊ အသက္ရွဴရအလြန္ခက္ခဲေနေၾကာင္း ေျပာခဲ့ေသးသည္ဟု catalan ဘာသာစကားသံုး Diari Mes ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပသည္။

ထိုသို႔ျဖင့္ သင္ၾကားေနရင္းပင္ အေျခအေနမွာ ပိုမိုဆိုးရြားလာရာ တပည့္မ်ားက ဆရာမ၏ ေနအိမ္လိပ္စာေပးပါရန္ႏွင့္ လူနာတင္ကား ေစလႊတ္ေပးခြင့္ျပဳရန္ ေတာင္းဆိုခဲ့ၾကသည္။

သို႔ေသာ္ ပါေမာကၡ ဆရာမက အသက္ကိုခက္ခဲစြာရွဴရင္း ထိုသို႔မလုပ္ႏိုင္ေၾကာင္း I can’t ဟုေျပာကာ လဲက်သြားျခင္း ျဖစ္သည္။

ထိုသုိ႔မျဖစ္မီရက္မ်ားက ပါေမာကၡ ဆီမြန္နီသည္ သူ၏ က်န္းမာေရးကို ရတက္မေအးျဖစ္မိေၾကာင္း ေျပာၾကားခဲ့ဖူးသည္။

ဆရာမသည္ ေခ်ာင္းဆိုးျခင္း အပါအဝင္ ကိုရိုနာဗိုင္းရပ္စ္၏ ေရာဂါလကၡဏာမ်ားကို တစ္လေက်ာ္ ခံစားေနခဲ့ရသူ ျဖစ္သည္။

ဆရာမ၏ခင္ပြန္း ဆရာဝန္သည္ ေနအိမ္သို႔ေရာက္ခ်ိန္တြင္ သူမ ေသဆံုးေနသည္ကို ေတြ႔ခဲ့ရသည္ဟု အာဂ်င္တီးနား ျပည္တြင္း သတင္းမီဒီယာတို႔တြင္ ေဖာ္ျပသည္။

သူ၏ တပည့္မ်ား၊ မိတ္ေဆြသူငယ္ခ်င္းမ်ားႏွင့္ လုပ္ေဖာ္ကိုင္ဖက္မ်ားက ဆရာမသည္ မေမ့ႏိုင္ဖြယ္ဆရာတစ္ဦးျဖစ္ေၾကာင္း ဂုဏ္ျပဳ ေျပာၾကားၾကသည္။

အာဂ်င္တီးနားတြင္ ကိုရိုနာဗိုင္းရပ္စ္ပ်ံ ႔ပြားမႈ ျမင့္တက္ေနျပီး လူေပါင္း ၄၇၈၇၉၂ ဦး ကူးစက္ခံထားရျပီျဖစ္ကာ ၉၈၅၉ ဦး ေသဆံုးခဲ့ျပီ ျဖစ္သည္။

ပါေမာကၡ ဆီမြန္နီတြင္ သမီးတစ္ဦးက်န္ရစ္ခဲ့သည္။ ဆီမြန္နီက ခင္ပြန္းျဖစ္သူမွာ ကိုရိုနာဗိုင္းရပ္စ္ကို ရင္ဆိုင္သည့္ ေရွ ႔တန္းတိုက္ပြဲတြင္ မ်ားစြာအလုပ္မ်ားေနေၾကာင္း ေျပာၾကားခဲ့ဖူးသည္။

“အေျခအေနက သိပ္ခက္ခဲတယ္။ ကၽြန္မ ဗိုင္းရပ္စ္ကူးစက္ခံေနရတာ ၄ ပတ္ေက်ာ္ရွိပါျပီ။ ေရာဂါလကၡဏာေတြလည္း ခုထိ ေပ်ာက္မသြားေသးဘူး” ဟု ဆရာမက ၾသဂုတ္လကုန္ပိုင္းတြင္ သူ၏ တြစ္တာအေကာင့္၌ ေရးသားခဲ့ဖူးသည္။

Zoom မွတဆင့္ စာသင္ၾကားေနရင္း လဲက်သြားပံု ဗီြဒီယိုဖိုင္မွာ လူမႈကြန္ရက္တြင္ မ်ားစြာပ်ံ ႔ႏွံ႔ခဲ့သည္။

ေက်ာင္းသူတစ္ဦးျဖစ္သူ အင္နာ ဘရက္စီယာက “ကၽြန္မနဲ႔ အတန္းေဖာ္ေတြဟာ သူေနာက္ဆံုး စကားေျပာသြားသူေတြပါပဲ။ သူ႔မွာ အဆုပ္ေရာင္ေရာဂါျဖစ္ေနတယ္လို႔ စျပီးေျပာပါတယ္။ ကၽြန္မတို႔ ျမင္ရတာေတာ့ အရင္တစ္ခါ စာသင္ခ်ိန္ကထက္ သူ႔အေျခအေနပိုဆိုး လာတာ ေတြ႔ရပါတယ္။ စာသင္ရင္းခဏၾကာေတာ့ သူ slide ေတြ မေရႊ ႔ႏိုင္ေတာ့သလို စကားလည္း မေျပာႏိုင္ေတာ့ဘူး” ဟု ျဖစ္ေပၚခဲ့သည့္ အေျခအေနမ်ားကို ေျပာျပသည္။ တကၠသိုလ္ကလည္း ပါေမာကၡ ဆီမြန္နီ ေသဆံုးမႈကို အတည္ျပဳခဲ့ျပီး မိမိတို႔အေနျဖင့္ နက္ရႈိင္းစြာ နာက်င္ခံစားရေၾကာင္း ထုတ္ျပန္ခ်က္တစ္ရပ္ ထုတ္ျပန္ခဲ့သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Teacher collapses and dies ‘of coronavirus’ in front of shocked students while teaching lesson on Zoom (The Sun, frasercoastchronicle)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သန်းတန် စံအိမ်ကြီးအနီးရှိ စားသောက်ဆိုင်တစ်ခုတွင် ဇာတ်ညွှန်းရေး ဆရာမ ဒိုင်လန် မေယာနှင့် မိန်းကလေးချင်း လက်ထပ်ခဲ့...

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရှိ ရှားပါးရွှေဒင်္ဂါးပြားများ တူးဖော်တွေ့ရှိ၊ လာမည့် မေလ ၂၀...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
Aung Theikdi Villa
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service