၁၇ ရာစု ပလိပ်ရောဂါကပ်ဘေးကြီးတွင် ဝိုင်ရောင်းချရန် အသုံးပြုခဲ့သော ပြတင်းပေါက်ကလေးများကို ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလကြီးတွင် ပြန်လည်အသုံးပြုမည်
၁၇ ရာစု ပလိပ်ရောဂါကပ်ဘေးကြီးတွင် ဝိုင်ရောင်းချရန် အသုံးပြုခဲ့သော ပြတင်းပေါက်ကလေးများကို ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလကြီးတွင် ပြန်လည်အသုံးပြုမည် - Property News in Myanmar from iMyanmarHouse.com
27 Aug 2020 12:53 pm တွင် တင်ခဲ့သည်
1108 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဝိုင်ပြတင်းပေါက်ကလေးများ (သို့မဟုတ်) ဘူချက်တီ ဒယ်လ်ဘီနို (buchette del vino) ဟု အီတလီတွင် လူသိများသော ပြတင်းပေါက်ကလေးများကို အီတလီ ပလိပ်ရောဂါကပ်ဘေးကြီးအတွင်း ဖလောရင့်စ်မြို့တွင် အသုံးပြုခဲ့ကြသည်။
အဆိုပါ အပေါက်ကလေးများမှတဆင့် ပိုလျှံနေသော ဝိုင်များကို အခြေခံလူတန်းစားများထံ ပြန်လည်ရောင်းချခဲ့ကြသည်။
နောင်နှစ် ရာပေါင်းများစွာကြာမြင့်ပြီးနောက် ယနေ့ကာလ Covid 19 ကပ်ဘေးကြီး ပေါ်ပေါက်လာချိန်တွင် ဖလောရင့်စ်မြို့သားများသည် ကော်ဖီမှသည် ကော့တေးအထိ အမျိုးမျိုးကို ရောင်းချရာတွင် အဆိုပါပြတင်းပေါက်ကလေးများကို ပြန်လည်အသုံးပြုလာခဲ့ကြသည်။
ဖလောရင့်စ် ဝိုင်ပြတင်းအသင်း (FWWA) ၏ ပြောကြားချက်အရ ၁၆၂၉ မှ ၁၆၃၁ ခုနှစ်အကြား အီတလီပလိပ်ရောဂါ ကပ်ဘေးကြီးတွင် ဝိုင်ထုတ်လုပ်သူတို့သည် ဖလောရင့်စ်မြို့ရှိ နန်းတော်များ၏ ပြတင်းငယ်ကလေးများမှတဆင့် ဝိုင်ရောင်းချမှုများပြုလုပ်ခဲ့ကြကြောင်းနှင့် ကူးစက်ရောဂါ၏ အန္တရာယ်ကို သိနားလည်ခဲ့ကြကြောင်း ပြောကြားသည်။
၎င်းတို့သည် ဝိုင်ပုလင်းကို အဆိုပါအပေါက်ငယ်လေးများမှတဆင့် ဝယ်သူထံ ထုတ်ပေးခြင်းဖြစ်ပြီး ကျသင့်ငွေကိုလည်း လက်ဖြင့် တိုက်ရိုက်လက်ခံယူဆောင်ခြင်း မပြုလုပ်ချေ။
သတ္တုပြားတစ်ခုကို ဝယ်သူထံ ထိုးပေးလိုက်ကာ ဝယ်သူမှ ဒင်္ဂါးပြားကို အဆိုပါသတ္တုပြားပေါ်တွင် တင်ပေးလိုက်ရခြင်း ဖြစ်သည်။
ယင်းနောက် ဝိုင်ရောင်းသူက ဒင်္ဂါးပြားကို ရှာလကာရည်ဖြင့် ပိုးသတ်ပြီးမှ သိမ်းဆည်းသည်ဟု ဆိုသည်။
အဆိုပါ ဝိုင်ပြတင်းငယ်များသည် ဖလောရင့်စ်နှင့် တပ်စ်ကန်နီ ဒေသတို့အတွက် အခြားမည်သည့်နေရာတွင်မျှ မရှိခဲ့သော တမူထူးခြားမှုတစ်ခုလည်းဖြစ်ပြီး ထိုခေတ်ထိုကာလ၏ ပုံမှန်ဘဝဖြတ်သန်းမှုတစ်ခုသဖွယ် ဖြစ်တည်ခဲ့သည်။
နန်းတော်ဟောင်းများနှင့် တော်ဝင်စံအိမ်တော်တို့နှင့်တွဲလျက်ရှိနေသော ဝိုင်ပြတင်းများကို ဖလောရင့်စ်မြို့တစ်လွှားတွင် အနှံ့အပြား တွေ့နိုင်သည်။
များစွာသော အဆောက်အအုံတို့မှာ အလယ်ခေတ်ကတည်းက ဆောက်လုပ်ခဲ့သော အဆောက်အအုံများ ဖြစ်ကြသည်။
ဖလောရင့်စ်မြို့ဟောင်း၏ နံရံများတစ်ခုတည်းတွင်ပင် ဝိုင်ပြတင်းပေါင်း ၁၅၀ ကျော် တွေ့နိုင်သည်။
ခေတ်ကာလများဖြတ်သန်းကျော်လွန်လာခဲ့ပြီးနောက်ပိုင်း ဝိုင်ပြတင်းများမှ အသုံးမဝင်တော့ရာ အသေပိတ်ထားခဲ့ကြရသည်။
အဆိုပါပြတင်းငယ်များကို ကမ္ဘာလှည့်ခရီးသည်များနှင့် အလုပ်သွားအလုပ်ပြန် ဒေသခံတို့ မကြာခဏ ကြည့်ရှုမိခဲ့ကြသည်။
ယနေ့ကာလတွင်ကား အီတလီသည် ကပ်ရောဂါဘေးသစ်ကြီးတစ်ခုနှင့် ရင်ဆိုင်လာရပြီဖြစ်ရာ ဖလောရင့်စ်မြို့မှ အချို့သော လုပ်ငန်းများသည် အသေပိတ်ထားသော ဝိုင်ပြတင်းများကို ပြန်လည်ဖွင့်လှစ်ကာ စားသောက်ဖွယ်များ ရောင်းချရာတွင် လူမှုအလှမ်းခွာရေးအတွက် ပြန်လည်အသုံးပြုလာကြသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: 17th Century Italian Wine Windows, Which Were Used During The Plague, Are Open Again Due To The Coronavirus Pandemic (designyoutrust)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
18th Property and Car Expo
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service