ကိုဗစ်ကာလစီးပွားရေးအကျပ်အတည်းများကို ဖြေရှင်းရန် ဂျပန်က မြန်မာကို ဒေါ်လာသန်း ၄၁၀ ပေး

ကိုဗစ်ကာလစီးပွားရေးအကျပ်အတည်းများကို ဖြေရှင်းရန် ဂျပန်က မြန်မာကို ဒေါ်လာသန်း ၄၁၀ ပေး - Property News in Myanmar from iMyanmarHouse.com
25 Aug 2020 11:31 am တွင် တင်ခဲ့သည်
796 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုဗစ်-၁၉ ကပ်ဘေးကာလ စီးပွားရေးအကျပ်အတည်းများကို ဖြေရှင်းရန် ဂျပန်နိုင်ငံက မြန်မာကို အမေရိကန်ဒေါ်လာသန်း ၄၁၀ တန်ဖိုးရှိသည့် အထောက်အပံ့များကို ပေးအပ်သွားမည်ဟု ဂျပန်နိုင်ငံခြားဝန်ကြီး မစ္စတာတဲဂိတိုရှိမိဆုကပြောသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးသည် မဲခေါင်ဒေသတွင်း ၃ နိုင်ငံကို ခရီးလှည့်လည်နေပြီး မြန်မာနိုင်ငံကို ဩဂုတ် ၂၄ ရက်တွင် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ထို့သို့ရောက်ရှိပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ခေါင်းဆောင်းများ တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာ-ဂျပန်နှစ်နိုင်ငံအချက် ခုနှစ်ချက်ကို ဆွေးနွေးခဲ့သည်ဟု အတိုင်ပင်ခံရုံးကသတင်းထုတ်ပြန်သည်။

၎င်းတို့မှာ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ တားဆီးရေးနှင့် ကုသရေးလုပ်ငန်းများအတွက် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဆက်လက်ကူညီ ပံ့ပိုးသွားရေး၊ ကိုဗစ်-၁၉ ကာလအတွင်း နှစ်နိုင်ငံနိုင်ငံသားများအတွက် ကယ်ဆယ်ရေး လေယာဉ်များ ဆက်လက်ပျံသန်းပြေးဆွဲပေးရေးနှင့် အပြန်အလှန် သွားလာမှုများ တစ်ဆင့်ချင်း ပြန်လည် ဖွင့်လှစ်သွားရေး၊ မြန်မာနိုင်ငံ၌ နိုဝင်ဘာလအတွင်း ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲအတွက် ဂျပန်နိုင်ငံမှ အကူအညီပေးအပ်ရေးနှင့် လေ့လာသူအဖွဲ့ စေလွှတ်သွားရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ ဂျပန်အစိုးရမှ ကူညီပံ့ပိုးမှုများ ဆက်လက် ပေးအပ်သွားမည့်ကိစ္စ၊ ကိုဗစ်-၁၉ အလွန်ကာလ မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည်ဦးမော့ လာစေရန် နှစ်ဖက် ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု ဆက်လက်တိုးချဲ့သွားရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ သည်ဟု ဖြစ်သည်။

ထိုနောက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးကြရာတွင် ဂျပန်နိုင်ငံအနေဖြင့် သိမ်မွေ့နက်နဲသည့် အခြေအနေကို နားလည်ကြောင်းနှင့် ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်းများအကြား သဟဇာတဖြစ်ရေးနှင့် တည်ငြိမ်ရေးအပါအဝင် မြန်မာအစိုးရ ကိုယ်တိုင် စီမံဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ဆက်လက်ထောက်ခံအားပေးသွားမည်ဟုဆိုသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့၏ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် မြန်မာအစိုးရ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးရန် ကူညီပံ့ပိုးပေးခြင်းသည် တန်ဖိုးအရှိဆုံး ဖြစ်သည်ဟုဆိုသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်၌ လုံခြုံရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် စွမ်းဆောင်ရည် မြှင့်တင်ရန် ဂျပန်နိုင်ငံ၏ ကူညီပံ့ပိုးမှုများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စရပ်များအပေါ် နှစ်ဖက်ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြသည်။

ဆက်လက်၍ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်နိုင်မည့် အခြေအနေအပေါ် မူတည်၍ နှစ်နိုင်ငံအကြား ကာလရှည် နေထိုင်ခွင့်ရရှိထားသူများအား အပြန်အလှန် ဝင်ရောက်နိုင်ရေးနှင့် ပတ်သက်၍ တစ်ဆင့်ချင်း ဖြေလျှော့သွားရေး ကိစ္စရပ်များကို စက်တင်ဘာလလယ်တွင် ဆက်လက်ဆွေးနွေးရန် နှစ်ဖက်သဘောတူခဲ့ကြသည်။

ထို့ပြင် ဂျပန်နိုင်ငံသို့ ကာလတို လာရောက်လိုသည့် အတတ်ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် ဂျပန်နိုင်ငံသို့ ဝင်ရောက်ခွင့်ကို ဖြေလျှော့ပေးမည့် business track အစီအစဉ်နှင့် ဂျပန်အစိုးရမှပေးအပ်သည့် ပညာသင်ဆုရရှိထားသည့် မြန်မာပညာတော်သင်များကို ဂျပန်နိုင်ငံသို့ မကြာမီဝင်ရောက်ခွင့်ပြုရေးကိစ္စတို့ကိုလည်း ဆက်လက်ညှိနှိုင်းသွားရန်လည်း ဆွေးနွေးခဲ့ကြသည်ဟု အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ကိုဗစ္ကာလစီးပြားေရးအက်ပ္အတည္းမ်ားကို ေျဖ႐ွင္းရန္ ဂ်ပန္က ျမန္မာကို ေဒၚလာသန္း ၄၁၀ ေပး

ကိုဗစ္-၁၉ ကပ္ေဘးကာလ စီးပြားေရးအက်ပ္အတည္းမ်ားကို ေျဖ႐ွင္းရန္ ဂ်ပန္ႏိုင္ငံက ျမန္မာကို အေမရိကန္ေဒၚလာသန္း ၄၁၀ တန္ဖိုး႐ွိသည့္ အေထာက္အပံ့မ်ားကို ေပးအပ္သြားမည္ဟု ဂ်ပန္ႏိုင္ငံျခားဝန္ႀကီး မစၥတာတဲဂိတို႐ွိမိဆုကေျပာသည္။

ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးသည္ မဲေခါင္ေဒသတြင္း ၃ ႏိုင္ငံကို ခရီးလွည့္လည္ေနၿပီး ျမန္မာႏိုင္ငံကို ဩဂုတ္ ၂၄ ရက္တြင္ ေရာက္႐ွိခဲ့ျခင္းျဖစ္သည္။

ထို႔သို႔ေရာက္႐ွိၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ေတြ႕ဆုံခဲ့ၿပီး ႏွစ္ႏိုင္ငံ ေခါင္းေဆာင္းမ်ား ေတြ႕ဆုံေဆြးေႏြးခဲ့သည္။

အဆိုပါေဆြးေႏြးပြဲတြင္ ျမန္မာ-ဂ်ပန္ႏွစ္ႏိုင္ငံအခ်က္ ခုႏွစ္ခ်က္ကို ေဆြးေႏြးခဲ့သည္ဟု အတိုင္ပင္ခံ႐ုံးကသတင္းထုတ္ျပန္သည္။

၎တို႔မွာ ျမန္မာႏိုင္ငံႏွင့္ ဂ်ပန္ႏိုင္ငံတို႔အၾကား ႏွစ္ႏိုင္ငံဆက္ဆံေရးႏွင့္ ပူးေပါင္း ေဆာင္႐ြက္မႈတိုးျမႇင့္ေရး၊ ကိုဗစ္-၁၉ ကပ္ေရာဂါ ကာကြယ္၊ တားဆီးေရးႏွင့္ ကုသေရးလုပ္ငန္းမ်ားအတြက္ ဂ်ပန္ႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ ဆက္လက္ကူညီ ပံ့ပိုးသြားေရး၊ ကိုဗစ္-၁၉ ကာလအတြင္း ႏွစ္ႏိုင္ငံႏိုင္ငံသားမ်ားအတြက္ ကယ္ဆယ္ေရး ေလယာဥ္မ်ား ဆက္လက္ပ်ံသန္းေျပးဆြဲေပးေရးႏွင့္ အျပန္အလွန္ သြားလာမႈမ်ား တစ္ဆင့္ခ်င္း ျပန္လည္ ဖြင့္လွစ္သြားေရး၊ ျမန္မာႏိုင္ငံ၌ ႏိုဝင္ဘာလအတြင္း က်င္းပမည့္ အေထြေထြေ႐ြး ေကာက္ပြဲအတြက္ ဂ်ပန္ႏိုင္ငံမွ အကူအညီေပးအပ္ေရးႏွင့္ ေလ့လာသူအဖြဲ႕ ေစလႊတ္သြားေရး၊ ျမန္မာႏိုင္ငံ၏ ဒီမိုကေရစီအသြင္ကူးေျပာင္းေရး၊ အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား၌ ဂ်ပန္အစိုးရမွ ကူညီပံ့ပိုးမႈမ်ား ဆက္လက္ ေပးအပ္သြားမည့္ကိစၥ၊ ကိုဗစ္-၁၉ အလြန္ကာလ ျမန္မာႏိုင္ငံ၏ စီးပြားေရးျပန္လည္ဦးေမာ့ လာေစရန္ ႏွစ္ဖက္ ပူးေပါင္းေဆာင္႐ြက္သြားေရးကိစၥမ်ားႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ပူးေပါင္း ေဆာင္႐ြက္မႈ ဆက္လက္တိုးခ်ဲ႕သြားေရးဆိုင္ရာ ကိစၥရပ္မ်ားႏွင့္ စပ္လ်ဥ္း၍ ေဆြးေႏြးခဲ့ၾက သည္ဟု ျဖစ္သည္။

ထိုေနာက္ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးက ရခိုင္ျပည္နယ္အေရးကိစၥႏွင့္ပတ္သက္၍ ေဆြးေႏြးၾကရာတြင္ ဂ်ပန္ႏိုင္ငံအေနျဖင့္ သိမ္ေမြ႕နက္နဲသည့္ အေျခအေနကို နားလည္ေၾကာင္းႏွင့္ ရခိုင္ျပည္နယ္႐ွိ လူ႕အဖြဲ႕အစည္းမ်ားအၾကား သဟဇာတျဖစ္ေရးႏွင့္ တည္ၿငိမ္ေရးအပါအဝင္ ျမန္မာအစိုးရ ကိုယ္တိုင္ စီမံေဆာင္႐ြက္ေနသည့္ လုပ္ငန္းစဥ္မ်ားကို ဆက္လက္ေထာက္ခံအားေပးသြားမည္ဟုဆိုသည္။

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က မိမိတို႔၏ စိန္ေခၚမႈမ်ားကို ေျဖ႐ွင္းႏိုင္ေရးအတြက္ ျမန္မာအစိုးရ၏ စြမ္းေဆာင္ရည္ ျမႇင့္တင္ေပးရန္ ကူညီပံ့ပိုးေပးျခင္းသည္ တန္ဖိုးအ႐ွိဆုံး ျဖစ္သည္ဟုဆိုသည္။

ထို႔ေၾကာင့္ ရခိုင္ျပည္နယ္၌ လုံျခဳံေရးႏွင့္ အုပ္ခ်ဳပ္ေရးက႑မ်ားတြင္ စြမ္းေဆာင္ရည္ ျမႇင့္တင္ရန္ ဂ်ပန္ႏိုင္ငံ၏ ကူညီပံ့ပိုးမႈမ်ားအတြက္ ေက်းဇူးတင္ေၾကာင္း ေျပာၾကားခဲ့သည္။ ထို႔ျပင္ ေဒသတြင္းႏွင့္ ႏိုင္ငံတကာအေရးကိစၥရပ္မ်ားအေပၚ ႏွစ္ဖက္ရင္းႏွီး ပြင့္လင္းစြာ ေဆြးေႏြးအျမင္ခ်င္းဖလွယ္ခဲ့ၾကသည္။

ဆက္လက္၍ ကိုဗစ္-၁၉ ကပ္ေရာဂါ ထိန္းခ်ဳပ္ႏိုင္မည့္ အေျခအေနအေပၚ မူတည္၍ ႏွစ္ႏိုင္ငံအၾကား ကာလ႐ွည္ ေနထိုင္ခြင့္ရ႐ွိထားသူမ်ားအား အျပန္အလွန္ ဝင္ေရာက္ႏိုင္ေရးႏွင့္ ပတ္သက္၍ တစ္ဆင့္ခ်င္း ေျဖေလွ်ာ့သြားေရး ကိစၥရပ္မ်ားကို စက္တင္ဘာလလယ္တြင္ ဆက္လက္ေဆြးေႏြးရန္ ႏွစ္ဖက္သေဘာတူခဲ့ၾကသည္။

ထို႔ျပင္ ဂ်ပန္ႏိုင္ငံသို႔ ကာလတို လာေရာက္လိုသည့္ အတတ္ပညာ႐ွင္မ်ားႏွင့္ စီးပြားေရးလုပ္ငန္း႐ွင္မ်ားအတြက္ ဂ်ပန္ႏိုင္ငံသို႔ ဝင္ေရာက္ခြင့္ကို ေျဖေလွ်ာ့ေပးမည့္ business track အစီအစဥ္ႏွင့္ ဂ်ပန္အစိုးရမွေပးအပ္သည့္ ပညာသင္ဆုရ႐ွိထားသည့္ ျမန္မာပညာေတာ္သင္မ်ားကို ဂ်ပန္ႏိုင္ငံသို႔ မၾကာမီဝင္ေရာက္ခြင့္ျပဳေရးကိစၥတို႔ကိုလည္း ဆက္လက္ညႇိႏိႈင္းသြားရန္လည္း ေဆြးေႏြးခဲ့ၾကသည္ဟု အတိုင္ပင္ခံ႐ုံးက သတင္းထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service