Samanea Yangon Market ရှိဆိုင်ခန်းများ ယခုနှစ်နိုဝင်ဘာလအတွင်း ဖွင့်လှစ်မည်

Samanea Yangon Market ရှိဆိုင်ခန်းများ ယခုနှစ်နိုဝင်ဘာလအတွင်း ဖွင့်လှစ်မည် - Property News in Myanmar from iMyanmarHouse.com
14 Aug 2020 11:35 am တွင် တင်ခဲ့သည်
3220 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တည်ဆောက်မှုရာခိုင်နှုန်းပြည့် ပြီးစီးနေပြီဖြစ်သည့် နိုင်ငံတကာအဆင့်မီလက်ကားဈေး Samanea Yangon Market ရှိ လေအေးပေးစက်ပါ ဆိုင်ခန်းများကိုလာမည့် နိုဝင်ဘာတွင်စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း Samanea Yangon ထံမှသိရသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးအကြီးမားဆုံးဖြစ်လာမည့် ကုန်သွယ်ရေးစင်တာ စီမံကိန်းအပိုင်း ၁ တွင် ပါဝင်မည့် အဆိုပါ လက်ကားဈေးကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ပဲခူးမြစ်လမ်းနှင့်ရတနာလမ်းထောင့်၌ အကောင်အထည်ဖော်သွားမည်ဖြစ်သည်။

အဆိုပါ Samanea ရန်ကုန်အဆင့်မြင့်လက်ကားဈေးသစ်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) နှင့်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့၏ ခွင့်ပြုချက်ဖြင့် မြေဧကစုစုပေါင်း ၁၆၇ ဧကပေါ်တွင် စင်ကာပူနိုင်ငံအခြေစိုက်ကုမ္ပဏီ Samanea Group မှ အမေရိကန်ဒေါ်လာသန်း ၈၀ ကျော်ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။

ယင်းဈေးသစ်အတွင်း အဝတ်အထည်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဒစ်ဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် အီလက်ထရောနစ်ပစ္စည်းစသည့် လက်ကားရောင်းချနိုင်မည့်ဆိုင်ခန်း မျက်နှာစာ ၂၅ပေ နှင့်ဆိုင်ခန်းအရှည်၁၅ ပေဝန်းကျင်ရှိ ဆိုင်ခန်းပေါင်း ၇၃၀ ကိုထည့်သွင်းဆောက်လုပ်ထားကြောင်း Samanea Group ထံမှသိရသည်။

ကုန်သွယ်ရေးစင်တာအတွင်းရှိ စီမံကိန်းအပိုင်း ၁ တွင် ယခုတည်ဆောက်ပြီးစီးသော လက်ကားဈေးသစ် အပါအဝင်ကုန်လှောင်ရုံများ၊ လူနေအဆောက်အဦးများနှင့် Logistics လုပ်ငန်းများ ပါဝင်ပြီး မြေဧရိယာစတုရန်းမီတာ ၃ သိန်းအကျယ်အဝန်းပေါ်တွင် စီမံကိန်းအပိုင်း ၂ ကိုဆောင်ရွက်မည်ဖြစ်သည်။

တည်ဆောက်ပြီးစီးသည့် လက်ကားဈေးသစ်ကြီးရှိ ဆိုင်ခန်းများအား SME လုပ်ငန်းရှင်များရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်ရန် ဆိုင်ခန်းများမရောင်းချဘဲ အငှါးစနစ်ဖြင့်သာငှါးရမ်းသွားမည်ဖြစ်ပြီး လက်ရှိဆိုင်ခန်းပေါင်း ၆၅၀ (၉၀ရာခိုင်နှုန်း)ကိုငှါးရမ်းပြီးဖြစ်ကြောင်း ယင်းလုပ်ငန်းထံမှသိရသည်။

" အဓိကတော့ မြန်မာပြည်တွင်းမှာရှိတဲ့လုပ်ငန်းရှင်တွေအနေနဲ့ ရန်ကုန်မြို့ကိုလာပြီး Supplier ရှာကြတယ်၊ ပစ္စည်းလာသွင်းတဲ့အခါကျတော့ တနေရာထဲမှာမပြီးဘူးဖြစ်နေတယ်၊ သံဈေး၊ သိမ်ကြီးဈေးအစသဖြင့် နေရာမျိုးစုံကိုသွားကြရတာပေါ့နော်၊ ခုလို ကုန်ပစ္စည်းအစုံအလင်ကို နေရာတနေရာတည်းမှာ ဝယ်ယူလို့ရတဲ့

ဒီလို One Stop Wholesale Market ဆိုတာကလည်းမြန်မာပြည်မှာမရှိသေးဘူးဆိုတော့ ဈေးသစ်ဖွင့်လှစ်ပြီဆိုရင် ဈေးဝယ်သူကုန်သည်ပြည်သူများအနေနဲ့ ဈေးတစ်ဈေးတည်းနေရာတနေရာတည်းမှာ ကုန်ပစ္စည်းအမျိုးမျိုးကို လက်ကား ဝယ်ယူနိုင်မှာဖြစ်တယ်” Samanea Group ဒုတိယအထွေထွေမန်နေဂျာ ဦးအောင်မျိုးဦးက ပြောသည်။

ဈေးဝယ်သူများအဆင်ပြေစေရန်အတွက် ယာဉ်အစီးရေ ၁၀၀၀ ကျော်ထားရှိနိုင်မည့် ကားပါကင်ပါဝင်မည်ဖြစ်ပြီး YBS ယာဉ်လိုင်းများ ချိတ်ဆက်ပြေးဆွဲနိုင်ရေး အတွက် YRTA နှင့်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း Samanea Group ထံမှသိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]













နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK အဖွဲ့မှ လီဆာက လော့စ်အိန်ဂျလိမြို့ ကမ္ဘာကျော်များ အခြေချရာ Beverly Hills တွင် ကန်ဒေါ်လာ ၄ သန်းတန် စံအိမ်တစ်လုံး ဝ...

ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတစ်လုံး ဆောက်လုပ်ရန်အတွက် သမိုင်းဝင်အိမ်တစ်လုံး ဖြိုချမှု ဝေဖန်ခံရလျက်ရှိ...

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
အောက်တိုဘာလ ၆ ရက် (သို့မဟုတ်) အီဂျစ်နိုင်ငံက မြစ်တစ်စင်းတည်းကို (၂) ကြိမ် ဖြတ်သန်းဆောက်လုပ်ထားသည့် အံ့ဖွယ်ရှည်လျားလှသော တံတား ၂၇ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့...
အောက်တိုဘာလ ၆ ရက် (သို့မဟုတ်) အီဂျစ်နိုင်ငံက မြစ်တစ်စင်းတည်းကို (၂) ကြိမ် ဖြတ်သန်းဆောက်လုပ်ထားသည့် အံ့ဖွယ်ရှည်လျားလှသော တံတား ၂၇ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့...
အရှေ့တောင်အာရှတွင် အပူလှိုင်းဖြတ်သန်းလျက်ရှိသောကြောင့် စာသင်ကျောင်းများ ပိတ်ထားရ၊ ဖိလစ်ပိုင်တွင် တစ်ပတ်လျှင် (၄) ရက်သာ ရုံးတက်ရက်အဖြစ် သတ်မှတ်လာရ...
အရှေ့တောင်အာရှတွင် အပူလှိုင်းဖြတ်သန်းလျက်ရှိသောကြောင့် စာသင်ကျောင်းများ ပိတ်ထားရ၊ ဖိလစ်ပိုင်တွင် တစ်ပတ်လျှင် (၄) ရက်သာ ရုံးတက်ရက်အဖြစ် သတ်မှတ်လာရ...
ဂျနီဖာလိုပက်ဇ်၏ ဒေါ်လာ ၂၅ သန်းတန် နယူးယောက်မြို့ Penthouse ခန်း (၇) နှစ်ကြာ ဝယ်လက်ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် ရောင်းထွက်ပြီ...
ဂျနီဖာလိုပက်ဇ်၏ ဒေါ်လာ ၂၅ သန်းတန် နယူးယောက်မြို့ Penthouse ခန်း (၇) နှစ်ကြာ ဝယ်လက်ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် ရောင်းထွက်ပြီ...
ဓာတ်လှေကားစီးခြင်းထက် လှေကားမှတက်ခြင်းက အချိန်မတန်မီ သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း အင်္ဂလန်သိပ္ပံပညာရှင်များပြော...
ဓာတ်လှေကားစီးခြင်းထက် လှေကားမှတက်ခြင်းက အချိန်မတန်မီ သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း အင်္ဂလန်သိပ္ပံပညာရှင်များပြော...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
area-one-business-complex
cherry-condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service