“ပိုင်မုန့်” ချပ်နှင့်တူသော “ပိုင်အိမ်”

“ပိုင်မုန့်” ချပ်နှင့်တူသော “ပိုင်အိမ်” - Property News in Myanmar from iMyanmarHouse.com
12 Aug 2020 11:53 am တွင် တင်ခဲ့သည်
1053 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ချီကာဂိုမြို့မြောက်ဘက်ကမ်း ဆင်ခြေဖုံးအရပ်မှာရှိတဲ့ နေအိမ်တစ်လုံးဟာ ပိုင်မုန့်ချပ်နဲ့တူလို့ “ပိုင်အိမ်” လို့ ဒေသခံတွေအကြား လူသိများလာပါတယ်။

အမေရိကနိုင်ငံ အိလီနွိုက်စ်ပြည်နယ် ချီကာဂိုမြို့ ဒီးယားဖီးကျေးရွာရှိ ထောင့်မှန်စတုဂံပုံ ရှည်လျားတဲ့မြေကွက်ပေါ်မှာ ၂၀၀၃ ခုနှစ်က တည်ဆောက်ခဲ့တဲ့ “ပိုင်အိမ်” ဟာ ဒေသတွင်းခရီးသွားတွေအကြား ပုံမှန်မဟုတ်တဲ့ ကျဉ်းကျဉ်းမြောင်းမြောင်းအိမ်တစ်အိမ်အဖြစ်နဲ့ စိတ်ဝင်စားခံလာရ၊ ဖြတ်သွားဖြတ်လာတွေရဲ့ ဓာတ်ပုံရိုက်ခံလာရပါတယ်။

ဒီထူးခြားတဲ့ပုံသဏ္ဍာန်ရှိတဲ့နေအိမ်ဖြစ်ပေါ်လာရတဲ့အကြောင်းအရင်းကတော့ လူစိတ်ဝင်စားခံရဖို့မဟုတ်ဘဲ လိုအပ်ချက်အရ ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။

၎င်းနေအိမ်ကို တည်ဆောက်သူက ထို ၀ ဒသမ ၀၉ ဧကသာ ရှိတဲ့ မြေအကျယ်အဝန်းအတွင်း အကောင်းဆုံးသောအရာကို တည်ဆောက်ဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နံရံတစ်ချပ်နဲ့ တစ်ချပ်အကြား အကျဉ်းဆုံးအကျယ်အဝန်းမှာ ၃ ပေသာ ဖြစ်ပေမဲ့လည်း စုစုပေါင်း ၁၁၂၂ စတုရန်းပေ အကျယ်အဝန်းရှိတာမို့ “ပိုင်အိမ်” ဟာ ကျဉ်းမြောင်းပေမဲ့ နေရတာ သက်သောင့်သက်သာနဲ့ ဇိမ်ရှိတယ်လို့ ဆိုရမှာပါ။

ဒါပေမဲ့ ၂၀၀၇ ခုနှစ်မှာတော့ ဒေါ်လာ ၂၈၄,၀၀၀ ကျော်နဲ့ ရောင်းချဖို့ ဖြစ်လာခဲ့ပါတယ်။ အရောင်းအတွက် အမေရိကန်အိမ်ခြံမြေရောင်းဝယ်ငှားဝက်ဘ်ဆိုက် Zillow မှာ အိမ်ပုံတွေ တင်ပြီးနောက် မကြာမီမှာပဲ “ပိုင်အိမ်”ဓာတ်ပုံတွေ ပျံ့နှံ့သွားခဲ့ပါတော့တယ်။

ပိုင်ရှင်တွေဟာ “ပိုင်အိမ်” ကနေ ပြောင်းဖို့ ဆုံးဖြတ်ခဲ့ကြပြီး ရောင်းဈေးကိုလည်း ဒေါ်လာ ၃၃၉,၀၀၀ အဖြစ် ပြောင်းလဲခဲ့ကြပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ ဒေါ်လာ ၃၂၅,၀၀၀ သို့ လျှော့ချခဲ့ကာ ဝယ်သူမရှိလို့ ဈေးကွက်ပေါ်ကနေ မဖြုတ်ချခင်လေးအထိ ဒေါ်လာ ၃၀၉,၀၀၀ နဲ့ ခေတ္တအဆုံးသတ်ခဲ့ပါတယ်။

ယခုနှစ် ဇန်နဝါရီမှာ ဒေါ်လာ ၂၉၉,၉၀၀ နဲ့ အရောင်းဈေးကွက်ပေါ် ပြန်လည်ရောက်ရှိလာခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်ကပဲ ဒေါ်လာ ၂၆၀,၀၀၀ နဲ့ ရောင်းထွက်သွားခဲ့ပြီလို့ Zillow ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The Famously Narrow ‘Pie House’ of Deerfield (OC)

[Zawgyi]

“ပိုင္မုန္႔” ခ်ပ္ႏွင့္တူေသာ “ပိုင္အိမ္”

ခ်ီကာဂိုၿမိဳ႕ေျမာက္ဘက္ကမ္း ဆင္ေျခဖုံးအရပ္မွာ႐ွိတဲ့ ေနအိမ္တစ္လုံးဟာ ပိုင္မုန္႔ခ်ပ္နဲ႔တူလို႔ “ပိုင္အိမ္” လို႔ ေဒသခံေတြအၾကား လူသိမ်ားလာပါတယ္။

အေမရိကႏိုင္ငံ အိလီႏြိဳက္စ္ျပည္နယ္ ခ်ီကာဂိုၿမိဳ႕ ဒီးယားဖီးေက်း႐ြာ႐ွိ ေထာင့္မွန္စတုဂံပုံ ႐ွည္လ်ားတဲ့ေျမကြက္ေပၚမွာ ၂၀၀၃ ခုႏွစ္က တည္ေဆာက္ခဲ့တဲ့ “ပိုင္အိမ္” ဟာ ေဒသတြင္းခရီးသြားေတြအၾကား ပုံမွန္မဟုတ္တဲ့ က်ဥ္းက်ဥ္းေျမာင္းေျမာင္းအိမ္တစ္အိမ္အျဖစ္နဲ႔ စိတ္ဝင္စားခံလာရ၊ ျဖတ္သြားျဖတ္လာေတြရဲ႕ ဓာတ္ပုံ႐ိုက္ခံလာရပါတယ္။

ဒီထူးျခားတဲ့ပုံသ႑ာန္႐ွိတဲ့ေနအိမ္ျဖစ္ေပၚလာရတဲ့အေၾကာင္းအရင္းကေတာ့ လူစိတ္ဝင္စားခံရဖို႔မဟုတ္ဘဲ လိုအပ္ခ်က္အရ ျဖစ္ေပၚလာတာပဲ ျဖစ္ပါတယ္။

၎ေနအိမ္ကို တည္ေဆာက္သူက ထို ၀ ဒသမ ၀၉ ဧကသာ ႐ွိတဲ့ ေျမအက်ယ္အဝန္းအတြင္း အေကာင္းဆုံးေသာအရာကို တည္ေဆာက္ဖို႔ ႀကိဳးစားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

နံရံတစ္ခ်ပ္နဲ႔ တစ္ခ်ပ္အၾကား အက်ဥ္းဆုံးအက်ယ္အဝန္းမွာ ၃ ေပသာ ျဖစ္ေပမဲ့လည္း စုစုေပါင္း ၁၁၂၂ စတုရန္းေပ အက်ယ္အဝန္း႐ွိတာမို႔ “ပိုင္အိမ္” ဟာ က်ဥ္းေျမာင္းေပမဲ့ ေနရတာ သက္ေသာင့္သက္သာနဲ႔ ဇိမ္႐ွိတယ္လို႔ ဆိုရမွာပါ။

ဒါေပမဲ့ ၂၀၀၇ ခုႏွစ္မွာေတာ့ ေဒၚလာ ၂၈၄,၀၀၀ ေက်ာ္နဲ႔ ေရာင္းခ်ဖို႔ ျဖစ္လာခဲ့ပါတယ္။ အေရာင္းအတြက္ အေမရိကန္အိမ္ျခံေျမေရာင္းဝယ္ငွားဝက္ဘ္ဆိုက္ Zillow မွာ အိမ္ပုံေတြ တင္ၿပီးေနာက္ မၾကာမီမွာပဲ “ပိုင္အိမ္”ဓာတ္ပုံေတြ ပ်ံ႕ႏွံ႔သြားခဲ့ပါေတာ့တယ္။

ပိုင္႐ွင္ေတြဟာ “ပိုင္အိမ္” ကေန ေျပာင္းဖို႔ ဆုံးျဖတ္ခဲ့ၾကၿပီး ေရာင္းေဈးကိုလည္း ေဒၚလာ ၃၃၉,၀၀၀ အျဖစ္ ေျပာင္းလဲခဲ့ၾကပါတယ္။

ဒါေပမဲ့ ေနာက္ပိုင္းမွာ ေဒၚလာ ၃၂၅,၀၀၀ သို႔ ေလွ်ာ့ခ်ခဲ့ကာ ဝယ္သူမ႐ွိလို႔ ေဈးကြက္ေပၚကေန မျဖဳတ္ခ်ခင္ေလးအထိ ေဒၚလာ ၃၀၉,၀၀၀ နဲ႔ ေခတၱအဆုံးသတ္ခဲ့ပါတယ္။

ယခုႏွစ္ ဇန္နဝါရီမွာ ေဒၚလာ ၂၉၉,၉၀၀ နဲ႔ အေရာင္းေဈးကြက္ေပၚ ျပန္လည္ေရာက္႐ွိလာခဲ့ၿပီး ၿပီးခဲ့တဲ့သီတင္းပတ္ကပဲ ေဒၚလာ ၂၆၀,၀၀၀ နဲ႔ ေရာင္းထြက္သြားခဲ့ၿပီလို႔ Zillow ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The Famously Narrow ‘Pie House’ of Deerfield (OC)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service