မြေ ဧက ၃၇၀ ကျော်ရှိသည့် ပခုက္ကူ အထည်ချုပ်စက်ရုံကို ပုဂ္ဂလိနှင့်အကျိူးတူ ပူးပေါင်းဆောင်ရန် ဖိတ်ခေါ်မည်

မြေ ဧက ၃၇၀ ကျော်ရှိသည့် ပခုက္ကူ အထည်ချုပ်စက်ရုံကို ပုဂ္ဂလိနှင့်အကျိူးတူ ပူးပေါင်းဆောင်ရန် ဖိတ်ခေါ်မည် - Property News in Myanmar from iMyanmarHouse.com
7 Aug 2020 11:16 am တွင် တင်ခဲ့သည်
944 ကြိမ် ကြည့်ရှု့ပြီး

မြေဧက ၃၇၀ ကျယ်ဝန်းသည့် မကွေးတိုင်း ပခုက္ကူမြို့ရှိအမှတ်(၅)အထည်ချုပ်စက်ရုံကို ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းရန် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ခေါ်ယူမည်ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဟန်က ပြောသည်။

ထိုစီမံကိန်းကို EOI ခေါ်ယူရာတွင် ဝန်ကြီးဌာနက ဦးဆောင်၍ ခေါ်ယူမည်ဖြစ်သည်ဟု ဝန်ကြီးဌာနကဆိုသည်။ ယခင်စစ်အစိုးရလက်ထက်တွင် အမှတ် (၅) ချည်မျှင်နှင့် အထည်စက်ရုံတည်ဆောက်ရန်အတွက် ဒေသခံများ၏မြေဧက ၅၀၀ ကျော်ကို သိမ်းယူခဲ့သည်။ထိုနောက် ဒေသခံများက နစ်နာချက်များ တင်ပြတိုင်ကြားရာ ၂၀၁၄ ခုနှစ် တွင် မြေဧက ၂၀၀ ကျော်အား ပြန်လည်စွန့်လွှတ်ခဲ့သည်။

လက်ရှိ အမှတ်(၅)ချည်မျှင်နှင့် အထည်စက်ရုံတွင် မြေဧက ၃၇၀ ရှိပြီး မြေလွတ်မြေပို (ယခင်ဝါစိုက်မြေ) ၁၄၂ ဧက နှင့် ဝန်ထမ်းအိမ်ရာတိုးချဲ့ရန် လျာထားမြေ ၂၇ ဒသမ ၈၀ ဧက ရှိသည်။ Public Private Partnership (PPP)စနစ်ဖြင့်ဆောင်ရွက်မည့် အမှတ်(၅)အထည်ချုပ်စက်ရုံသည် ၂၀၁၇ ကတည်းက ရပ်ဆိုင်းထားရသည့် နိုင်ငံပိုင်စက်ရုံ ၃၃ ခုအနက်တစ်ခုဖြစ်ပြီး စီးပွား ဖြစ်ပြန်လည်ထုတ်လုပ်နိုင်ရေးအတွက် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

‘‘EOI ခေါ်ယူဖို့လုပ်ငန်းစဉ်ကို ဝန်ကြီးဌာနကစီစဉ်နေတယ်။ ပြီးတော့ ကျန်ရှိတဲ့စက်ရုံတွေကိုလည်း တစ်ရုံချင်းစီ EOI ခေါ်ယူဖို့ ဆောင်ရွက်နေပါတယ်’’ဟု ဦးသိန်းဟန်က ပြောသည်။

အမှတ်(၅)အထည်ချုပ်စက်ရုံသို့ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဦးစိုးဝင်းက သြဂုတ် ၁ ရက် တွင် သွားရောက်ခဲ့ပြီး ပုဂ္ဂလိက နှင့်ပူးပေါင်းဆောင်ရွက်ရေး ကြို တင်ပြင်ဆင်ထားရန်၊ ဈေးကွက် သုတေသနလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုစရိတ် လျှော့ချနိုင်ရေး အတွက် စနစ်တကျ ကြပ်မတ်ရေး အပါအဝင် စက်အားလုံးပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။

‘‘စက်ရုံက အစိုးရအချင်းချင်းအမှာစာရှိမှ လည်ပတ်နေတဲ့ ပုံစံပဲရှိတယ်။ ဥပမာအခုကျောင်းတက်ရာသီမှာ ကျောင်းစိမ်းတွေ ကို ချုပ်ပေးတာတော့ရှိတယ်’’ဟု အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ပြောသည်။

အရှုံးပေါ်နေသည့် နိုင်ငံပိုင် စက်ရုံ ၄၄ ရုံအနက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန (ယခင်စက်မှုဝန်ကြီးဌာန) လက်အောက်ရှိစက်ရုံခုနှစ်ရုံနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အောက်ရှိ စက်ရုံလေးရုံတို့မှအပ ကျန်အားလုံးကို ရပ်ဆိုင်းထားရန် ပြည်ထောင်စု လွှတ်တော်က ၂၀၁၇ နှစ်လယ်ပိုင်းတွင် ဆုံးဖြတ်ခဲ့သည်။

ရပ်နားထားသည့် စက်ရုံ ၃၃ ခုအနက်မှ အမှတ်(၁)သံမဏိ စက်ရုံ(မြင်းခြံ)ကို ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ၂၀၂၀ ဇန်နဝါရီက စိတ်ဝင်စားမှု အဆိုပြုလွှာ EOI ခေါ်ယူခဲ့ပြီး ထို လုပ်ငန်းစဉ်နှင့် ဆက်စပ်သော နောက်ဆက်တွဲသတင်းများကို မထုတ်ပြန်သေးပေ။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ေျမ ဧက ၃၇၀ ေက်ာ္႐ွိသည့္ ပခုကၠဴ အထည္ခ်ဳပ္စက္႐ုံကို ပုဂၢလိႏွင့္အက်ိဴးတူ ပူးေပါင္းေဆာင္ရန္ ဖိတ္ေခၚမည္

ေျမဧက ၃၇၀ က်ယ္ဝန္းသည့္ မေကြးတိုင္း ပခုကၠဴၿမိဳ႕႐ွိအမွတ္(၅)အထည္ခ်ဳပ္စက္႐ုံကို ပုဂၢလိကႏွင့္ အက်ိဳးတူပူးေပါင္းရန္ စိတ္ဝင္စားမႈအဆိုျပဳလႊာ (EOI) ေခၚယူမည္ဟု စီမံကိန္း၊ ဘ႑ာေရးႏွင့္စက္မႈဝန္ႀကီးဌာန ဦးေဆာင္ၫႊန္ၾကားေရးမႉး ဦးသိန္းဟန္က ေျပာသည္။

ထိုစီမံကိန္းကို EOI ေခၚယူရာတြင္ ဝန္ႀကီးဌာနက ဦးေဆာင္၍ ေခၚယူမည္ျဖစ္သည္ဟု ဝန္ႀကီးဌာနကဆိုသည္။ ယခင္စစ္အစိုးရလက္ထက္တြင္ အမွတ္ (၅) ခ်ည္မွ်င္ႏွင့္ အထည္စက္႐ုံတည္ေဆာက္ရန္အတြက္ ေဒသခံမ်ား၏ေျမဧက ၅၀၀ ေက်ာ္ကို သိမ္းယူခဲ့သည္။ထိုေနာက္ ေဒသခံမ်ားက နစ္နာခ်က္မ်ား တင္ျပတိုင္ၾကားရာ ၂၀၁၄ ခုႏွစ္ တြင္ ေျမဧက ၂၀၀ ေက်ာ္အား ျပန္လည္စြန္႔လႊတ္ခဲ့သည္။

လက္႐ွိ အမွတ္(၅)ခ်ည္မွ်င္ႏွင့္ အထည္စက္႐ုံတြင္ ေျမဧက ၃၇၀ ႐ွိၿပီး ေျမလြတ္ေျမပို (ယခင္ဝါစိုက္ေျမ) ၁၄၂ ဧက ႏွင့္ ဝန္ထမ္းအိမ္ရာတိုးခ်ဲ႕ရန္ လ်ာထားေျမ ၂၇ ဒသမ ၈၀ ဧက ႐ွိသည္။ Public Private Partnership (PPP)စနစ္ျဖင့္ေဆာင္႐ြက္မည့္ အမွတ္(၅)အထည္ခ်ဳပ္စက္႐ုံသည္ ၂၀၁၇ ကတည္းက ရပ္ဆိုင္းထားရသည့္ ႏိုင္ငံပိုင္စက္႐ုံ ၃၃ ခုအနက္တစ္ခုျဖစ္ၿပီး စီးပြား ျဖစ္ျပန္လည္ထုတ္လုပ္ႏိုင္ေရးအတြက္ ျပင္ဆင္ေနျခင္းျဖစ္သည္ဟု ၎ကဆိုသည္။

‘‘EOI ေခၚယူဖို႔လုပ္ငန္းစဥ္ကို ဝန္ႀကီးဌာနကစီစဥ္ေနတယ္။ ၿပီးေတာ့ က်န္႐ွိတဲ့စက္႐ုံေတြကိုလည္း တစ္႐ုံခ်င္းစီ EOI ေခၚယူဖို႔ ေဆာင္႐ြက္ေနပါတယ္’’ဟု ဦးသိန္းဟန္က ေျပာသည္။

အမွတ္(၅)အထည္ခ်ဳပ္စက္႐ုံသို႔ စီမံကိန္း၊ဘ႑ာေရးႏွင့္စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ ႀကီးဦးစိုးဝင္းက ၾသဂုတ္ ၁ ရက္ တြင္ သြားေရာက္ခဲ့ၿပီး ပုဂၢလိက ႏွင့္ပူးေပါင္းေဆာင္႐ြက္ေရး ႀကိဳ တင္ျပင္ဆင္ထားရန္၊ ေစ်းကြက္ သုေတသနလုပ္ငန္းမ်ားႏွင့္ ကုန္ထုတ္လုပ္မႈစရိတ္ ေလွ်ာ့ခ်ႏိုင္ေရး အတြက္ စနစ္တက် ၾကပ္မတ္ေရး အပါအဝင္ စက္အားလုံးျပဳျပင္ထိန္းသိမ္းေရး လုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ ၫႊန္ၾကားခဲ့သည္။

‘‘စက္႐ုံက အစိုးရအခ်င္းခ်င္းအမွာစာ႐ွိမွ လည္ပတ္ေနတဲ့ ပုံစံပဲ႐ွိတယ္။ ဥပမာအခုေက်ာင္းတက္ရာသီမွာ ေက်ာင္းစိမ္းေတြ ကို ခ်ဳပ္ေပးတာေတာ့႐ွိတယ္’’ဟု အမွတ္(၃)အႀကီးစားစက္မႈလုပ္ငန္း ဦးေဆာင္ၫႊန္ၾကားေရးမႉးက ေျပာသည္။

အ႐ႈံးေပၚေနသည့္ ႏိုင္ငံပိုင္ စက္႐ုံ ၄၄ ႐ုံအနက္ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန (ယခင္စက္မႈဝန္ႀကီးဌာန) လက္ေအာက္႐ွိစက္႐ုံခုႏွစ္႐ုံႏွင့္ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန ေအာက္႐ွိ စက္႐ုံေလး႐ုံတို႔မွအပ က်န္အားလုံးကို ရပ္ဆိုင္းထားရန္ ျပည္ေထာင္စု လႊတ္ေတာ္က ၂၀၁၇ ႏွစ္လယ္ပိုင္းတြင္ ဆုံးျဖတ္ခဲ့သည္။

ရပ္နားထားသည့္ စက္႐ုံ ၃၃ ခုအနက္မွ အမွတ္(၁)သံမဏိ စက္႐ုံ(ျမင္းျခံ)ကို ပုဂၢလိကႏွင့္ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္ရန္ ၂၀၂၀ ဇန္နဝါရီက စိတ္ဝင္စားမႈ အဆိုျပဳလႊာ EOI ေခၚယူခဲ့ၿပီး ထို လုပ္ငန္းစဥ္ႏွင့္ ဆက္စပ္ေသာ ေနာက္ဆက္တြဲသတင္းမ်ားကို မထုတ္ျပန္ေသးေပ။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK အဖွဲ့မှ လီဆာက လော့စ်အိန်ဂျလိမြို့ ကမ္ဘာကျော်များ အခြေချရာ Beverly Hills တွင် ကန်ဒေါ်လာ ၄ သန်းတန် စံအိမ်တစ်လုံး ဝ...

ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတစ်လုံး ဆောက်လုပ်ရန်အတွက် သမိုင်းဝင်အိမ်တစ်လုံး ဖြိုချမှု ဝေဖန်ခံရလျက်ရှိ...

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
အောက်တိုဘာလ ၆ ရက် (သို့မဟုတ်) အီဂျစ်နိုင်ငံက မြစ်တစ်စင်းတည်းကို (၂) ကြိမ် ဖြတ်သန်းဆောက်လုပ်ထားသည့် အံ့ဖွယ်ရှည်လျားလှသော တံတား ၂၇ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့...
အောက်တိုဘာလ ၆ ရက် (သို့မဟုတ်) အီဂျစ်နိုင်ငံက မြစ်တစ်စင်းတည်းကို (၂) ကြိမ် ဖြတ်သန်းဆောက်လုပ်ထားသည့် အံ့ဖွယ်ရှည်လျားလှသော တံတား ၂၇ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့...
အရှေ့တောင်အာရှတွင် အပူလှိုင်းဖြတ်သန်းလျက်ရှိသောကြောင့် စာသင်ကျောင်းများ ပိတ်ထားရ၊ ဖိလစ်ပိုင်တွင် တစ်ပတ်လျှင် (၄) ရက်သာ ရုံးတက်ရက်အဖြစ် သတ်မှတ်လာရ...
အရှေ့တောင်အာရှတွင် အပူလှိုင်းဖြတ်သန်းလျက်ရှိသောကြောင့် စာသင်ကျောင်းများ ပိတ်ထားရ၊ ဖိလစ်ပိုင်တွင် တစ်ပတ်လျှင် (၄) ရက်သာ ရုံးတက်ရက်အဖြစ် သတ်မှတ်လာရ...
ဂျနီဖာလိုပက်ဇ်၏ ဒေါ်လာ ၂၅ သန်းတန် နယူးယောက်မြို့ Penthouse ခန်း (၇) နှစ်ကြာ ဝယ်လက်ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် ရောင်းထွက်ပြီ...
ဂျနီဖာလိုပက်ဇ်၏ ဒေါ်လာ ၂၅ သန်းတန် နယူးယောက်မြို့ Penthouse ခန်း (၇) နှစ်ကြာ ဝယ်လက်ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် ရောင်းထွက်ပြီ...
ဓာတ်လှေကားစီးခြင်းထက် လှေကားမှတက်ခြင်းက အချိန်မတန်မီ သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း အင်္ဂလန်သိပ္ပံပညာရှင်များပြော...
ဓာတ်လှေကားစီးခြင်းထက် လှေကားမှတက်ခြင်းက အချိန်မတန်မီ သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း အင်္ဂလန်သိပ္ပံပညာရှင်များပြော...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ယာယီရပ်နားထားသည့် Yangon Amata မြို့သစ်စီမံကိန်း ဖေါ်ဆောင်ရန် စီစဥ်နေ
ယာယီရပ်နားထားသည့် Yangon Amata မြို့သစ်စီမံကိန်း ဖေါ်ဆောင်ရန် စီစဥ်နေ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
bkk-projects
119-mdy

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service