မြေဧက ၁၅၀၀ တွင်ဆောက်ရွက်မည့် စင်ကာပူစက်မှုဇုန်နှင့် ဂျပန် Aeon ၏ ဈေးဝယ်စင်တာဖွင့်လှစ်မည့်လုပ်ငန်းများကို MIC ခွင့်ပြု

မြေဧက ၁၅၀၀ တွင်ဆောက်ရွက်မည့် စင်ကာပူစက်မှုဇုန်နှင့် ဂျပန် Aeon ၏ ဈေးဝယ်စင်တာဖွင့်လှစ်မည့်လုပ်ငန်းများကို MIC ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
4 Aug 2020 10:36 am တွင် တင်ခဲ့သည်
8238 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

မြေဧက ၁၅၀၀ တွင် ရင်းနှီးမြှုပ်နှံမည့် စင်ကာပူနိုင်ငံ Sembcorp ၏ စက်မူဥယျာဉ်စီမံကိန်းနှင့် ဂျပန် AEON ကုမ္ပဏီ၏ အကြီးစားဈေးဝယ်စင်တာ လုပ်ငန်းတိုကို ခွင့်ပြုပေးလိုက်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) က ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်သည်။

ထိုလုပ်ငန်းများတွင်စင်ကာပူနိုင်ငံ Sembcorp CSSD Myanmar ၏ လှည်းကူးစက်မှု ဥယျဉ်မြို့တော်စီမံကိန်းသည် ဒေါ်လာသန်း ၂၃၀ တန်ကြေးရှိပြီး ဂျပန် AEON ကုမ္ပဏီ၏ အကြီးစား ဈေးဝယ်စင်တာများက ဒေါ်လာသန်း ၁၈၀ တန်ဖိုးတို့ကို ရင်းနှီးမြှုပ်နှံမည်ဟုဆိုသည်။

လှည်းကူးစက်မှုဇုန်ဥယျာဉ် စီမံကိန်းကို မြေဧက ၁,၅၀၀ ခန့် တွင် အကောင်အထည်ဖော်ရန် စီစဉ်ထားပြီး ယခုနှစ်မတ်လတွင် ကနဦး စီမံကိန်းစတင်ရန် ခန့်မှန်းထားသည်။ကိုဗစ်ကြောင့်တည်ဆောက်ရေးလုပ်ငန်းများ နှောင့်နှေးမှုကြောင့် ယခုနှစ်ကုန်ပိုင်းမှသာ စီမံကိန်းစတင်နိုင်မည်ဖြစ်သည်။

ထိုစီမံကိန်းသည် ရန်ကုန်တိုင်းအစိုးရပိုင် မြေနေရာတွင် အကောင်အထည်ဖော်မည် ဖြစ်သည်။ ထိုစီမံကိန်းကို ရန်ကုန်တိုင်းလွှတ်တော်ကလည်း အတည်ပြုပြီးဖြစ်သည်။

ထိုစီမံကိန်းတွင် အစားအသောက်နှင့်ပတ်သတ်သည့်စက်ရုံများအပြင် သယ်ယူထောက်ပံ့ရေးလုပ်ငန်းများ ပါဝင်မည်ဖြစ်သည်။

ထိုစီမံကိန်းကို စင်ကာပူနိုင်ငံ Sembcorp CSSD Myanmar က ရှယ်ယာ ၆၇ ရာခိုင်နှုန်း၊ MAPCO ကုမ္ပဏီကရှယ်ယာ ၁၅ ရာခိုင်နှုန်းနှင့် PATAMA Group ကုမ္ပဏီကရှယ်ယာ ၁၈ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။ ထိုစီမံကိန်းအတွက် ထိုကုမ္ပဏီသုံးခုက ၂၀၁၉ ဇူလိုင်တွင် အကျိုးတူဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံ၏ အကြီးစား လက်လီရောင်းချသည့် AEON ကုမ္ပဏီက ပြည်တွင်းရွှေတောင် ကုမ္ပဏီနှင့်အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်သည်။ ဂျပန်ကုမ္ပဏီ AEON က ၂၀၂၃ အစောပိုင်းတွင် မြန်မာနိုင်ငံ၌ ဈေးဝယ်စင်တာများဖွင့်လှစ်မည်ဖြစ်ပြီး လူလတ်တန်းလွှာကိုဦးတည် ရောင်းချမည်ဟုဆိုထားသည်။

AEON သည် နိုင်ငံခြား လက်လီရောင်းချသည့် လုပ်ငန်းများကို ၂၀၁၆ တွင် စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ဈေးဆိုင်ခွဲ ၁၀ ခုကျော် ဖွင့်လှစ်ထားသည်။ AEON Orange ကို ဂျပန်နိုင်ငံ AEON ကုမ္ပဏီနှင့် ပြည်တွင်းမှ Creation Myanmar ကုမ္ပဏီအုပ်စုတို့ အကျိုးတူပူးပေါင်း၍ ဆောင်ရွက်ထားသည်။

ထိုလုပ်ငန်းနှစ်ခုကို စက်မှုကဏ္ဍ၊ အိမ်ရာအဆောက်အအုံ ကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွား ကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ ဒေါ်လာသန်း ၄၆၀ တန်ဖိုးရှိ လုပ်ငန်းအသစ် ခုနစ်ခုနှင့်အတူ ခွင့်ပြုပေးခြင်းဖြစ်သည်။ COVID-19 ကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုများ ရှိသော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်ဝင်ရောက်လျက်ရှိသည်ဟု ကော်မရှင်က ဆိုထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 













 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service