ဒီ (၆) မျိုးသာရှိရင် သင်လည်း ဘီလ်ဂိတ် ဖြစ်နိုင်တယ်

ဒီ (၆) မျိုးသာရှိရင် သင်လည်း ဘီလ်ဂိတ် ဖြစ်နိုင်တယ် - Property Knowledge in Myanmar from iMyanmarHouse.com
23 Jul 2020 2:28 pm တွင် တင်ခဲ့သည်
1637 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

အောင်မြင်မှုနဲ့ ကျရှုံးခြင်းဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ကြပါတယ်။ ကျရှုံးမှုကြီးကြီးမားမားမရှိခဲ့ဘူး ဆိုရင် စစ်မှန်တဲ့ အောင်မြင်မှုဆိုတာလည်း ဖြစ်လာဖို့ခက်ခဲပါတယ်။ ဘီလ်ဂိတ်မှာလည်း အဲဒီလိုပါပဲ၊ ကျဆုံးမှု ပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရဖူးပါတယ်။

Bill Gates (ဘီလ်ဂိတ်) ဆိုတာနဲ့ အားလုံးလည်း ကြားဖူးနေပြီးသားဖြစ်မှာပါ။ သူဟာ အတော်လေးကို နည်းပညာလောကမှာ အံ့သြလောက်စရာကောင်းတဲ့ ပိုင်အိုနီးယားတစ် ယောက်ပဲလေ။ ပြီးတော့ ကမ္ဘာမှာ အချမ်းသာဆုံးလို့ အခုထိ အသတ်မှတ် ခံထားရသူဖြစ်နေတော့ သူ့အကြောင်းကို အထူးမိတ်ဆက်ပေးဖို့တောင် လိုမယ်မထင်ပါဘူး။

အမြင်သာဆုံးပြောရမယ်ဆိုရင် သူ့လိုအောင်မြင်တဲ့ ဘဝတစ်ခုနဲ့ ရပ်တည်ချင်တဲ့ လူငယ်တွေအတွက်တော့ ရှေ့ပြေး တစ်ယောက်ပဲ။ ဒါပေမဲ့ သူ့ကိုကြည့်နေရုံ၊ သိနေရုံလောက်နဲ့တော့ သူ့ရဲ့ အောင်မြင်မှု စံသတ်မှတ်ချက် တွေကို မှန်မှန် ကန်ကန် နာလည်လာမှာမဟုတ်ပါဘူး။ ဒုတိယဘီလ်ဂိတ်ဖြစ်လာဖို့ဆိုရင် ဒီထက် နက်နက်ရှိုင်း ရှိုင်း လိုက်ပြီး သူ့ရဲ့ တိကျတဲ့လက္ခဏာရပ်တွေကို သောက်စို့ယူတတ်ဖို့လိုပါတယ်။ ဘယ်လိုအရာတွေမှာ လိုအပ်သလဲဆိုတာ အောက်မှာ လေ့လာကြည့်ပါ။

(၁) အိုင်ဒီယာ

ဘီလ်ဂိတ် အသက်မွေးဝမ်းကျောင်းစခဲ့စဉ်က ကမ္ဘာကြီးရဲ့ ပြောင်းလဲနိုင်မှုနှုန်းထားတွေက အရမ်းကို နှေးကွေး လွန်းတယ်။ နည်းပညာနဲ့ပတ်သက်ပြီး တိုးချဲ့ဖို့ဆိုတာကလည်း နေ့စဉ်အခြေခံတစ်ခုလို ဖြစ်မလာသေးဘူး။ ဒါ့ကြောင့် သူစတင်ခဲ့စဉ်က ဆို အံ့မခန်းတဲ့အောင်မြင်မှုဆိုတာ မြင်ယောင်ကြည့်လို့တောင် မရနိုင်ခဲ့ပါဘူး။ နောက်ဆုံးတော့ သူဟာ အလုပ်လုပ်ပြီး လူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမယ်ဆိုတဲ့ အိုင်ဒီယာ တစ်ခု ရလာခဲ့ တယ်။ ဆိုချင်တာက သင်နဲ့ အနီးစပ်ဆုံး ပတ်ဝန်းကျင်ကို အမြဲမပြတ်လေ့လာနေရမယ်။ သူတို့ရဲ့ အမှန်တကယ် လိုအပ် ချက်တွေကို သိမြင်နိုင်ရမယ်။ ပြီးရင် ဘာကူညီနိုင်မလဲဆိုတာ တွေ့အောင်ရှာရမယ်။

(၂) အလုပ်လုပ်လိုစိတ် ပြင်းပြမှု

အိုင်ဒီယာတစ်ခုလောက် ရှိထားရုံနဲ့ မလုံလောက်သေးပါဘူး။ ကိုယ်ရပ်တည်ချင်တဲ့အနေအထားနဲ့ ကိုက်ညီမှုရှိ တဲ့ အရင်းအမြစ်နည်းနည်းလောက်နဲ့ အဲဒီအိုင်ဒီယာတွေကို အလုပ်လုပ်အောင်လည်း တိုက်တွန်းပေးဖို့လည်း လိုပါတယ်။ ရုံးကြီးတွေ၊ စက်ပစ္စည်းအကောင်းစားကြီးတွေ ရှိလာသည်အထိ စောင့်မနေပါနဲ့။ ကိုယ့်ရှိတာနဲ့ အရင်စပါ။ ကိုယ့်ကို အကူအညီဖြစ်စေမယ့်လူတွေနဲ့ စတင်လျှောက်လှမ်းပါ။ သူတို့က သင့်ရည်မှန်းချက်တွေကို အောင်မြင်အောင် ကူညီလုပ်ဆောင်ပေးကြပါလိမ့်မယ်။

(၃) မတည်မြဲမှုတွေကို လက်ခံပါ

ဖြတ်စားလှပ်စား ပြိုင်ဘက်တွေပေါများနေတဲ့ ကမ္ဘာကြီးထဲမှာ ဒီနေ့အလုပ်ဖြစ်နေပေမဲ့ မနက်ဖြန်ရောက်ရင် ကျဆုံးသွားနိုင် တယ်။ ဘီလ်ဂိတ်ရဲ့ ကုမ္ပဏီဖြစ်တဲ့ Microsoft တောင်မှ အခုဆိုရင် နည်းပညာပြောင်းလဲမှုတွေ ကိုလိုက်ပြီး ဖြစ်တည်နေနိုင် ဖို့ရာအတွက် ရုန်းကန်နေရတယ်။ဒါပေမဲ့ သူတို့ဟာ ဘယ်တော့မှအရှုံးမပေးဘဲ အသစ်အသစ်သော နည်းလမ်းတွေနဲ့ ရှာကြံအားဖြည့်ပေးပြီး သူတို့ ဖောက်သည်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် လမ်းကြောင်းအသစ်တွေကို အဆင့်တိုး ဖောက်လုပ် ကြတယ်။ ဒီနည်းက သင့်ကို တိုးတက်စေနိုင်သလို တစ်နေ့တခြား မြင့်သည်ထက်လည်း ပိုမြင့်မားလာစေပါလိမ့်မယ်။

(၄) ခြေတစ်လှမ်းဦးပါ

ဘီလ်ဂိတ်ဟာ တစ်ဦးတစ်ယောက်ချင်းစီဆိုသလိုပဲ ပြိုင်ဘက်တွေထက် အမြဲတမ်းခြေတစ်လှမ်းဦးနေဖို့ သိတိ ပေးလေ့ ရှိတယ်။ သူ့နောက်လိုက်တွေကအစ အနာဂတ်ကိုမျှော်ကြည့်ဖို့ သတိပေးလေ့ရှိပြီး အနာဂတ်မျိုးဆက် တွေအတွက် လိုအပ်ချက်တွေကို ဖြည့်တင်းပေးနိုင်မယ့် ကုန်ပစ္စည်းတွေကို ဖော်ထုတ်နိုင်ခဲ့တယ်။ ပြောင်းလဲဖြစ် တည်မှုတွေကို ထိန်းထားပြီး သင်ယူပါ။ ပြီးရင် အသိပညာဗဟုသုတတွေကို သေချာလေ့လာသင်ယူပါ။

(၅) အမြင်စူးရှမှု

နေ့စဉ်စီးပွားရေးတစ်ခုကို စီမံခန့်ခွဲစဉ်မှာပဲဖြစ်ဖြစ်၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေနဲ့ လုံးပန်းနေစဉ်မှာပဲဖြစ်ဖြစ် ကိုယ် ရပ်တည်နေတဲ့နေရာ၊ ပြီးတော့ ကိုယ်သွားလိုရာနေရာတို့နဲ့ပတ်သက်ပြီးတော့ အမြင်ကျယ်ကျယ် ရှိနေဖို့ လိုပါတယ်။ လုပ်ငန်းတစ်ခုရဲ့ အရေးအကြီးဆုံးအချက်တွေ ပြောင်းလဲနေတယ်ဆိုရင်တောင်မှ သင့်အနေနဲ့ နောက်တစ်လှမ်းဆုတ်ပြီး ငှက်တွေလို ကိုယ်ဘယ်လိုသွားနေလဲ၊ ဘယ်ကိုသွားဖို့လိုလဲဆိုတာ သေချာကြည့်နိုင် ဖို့ လိုပါတယ်။

(၆) ကျရှုံးမှုကိုလည်း လက်ခံပါ

အောင်မြင်မှုနဲ့ ကျရှုံးခြင်းဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ကြပါတယ်။ ကျရှုံးမှုကြီးကြီးမားမားမရှိခဲ့ဘူး ဆိုရင် စစ်မှန်တဲ့ အောင်မြင်မှုဆိုတာလည်း ဖြစ်လာဖို့ခက်ခဲပါတယ်။ ဘီလ်ဂိတ်မှာလည်း အဲဒီလိုပါပဲ၊ ကျဆုံးမှု ပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရဖူးပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ သူဟာ စိတ်ပျက်လက်လျှော့သွားတယ်ဆိုတာ မရှိခဲ့ပါဘူး။ တစ်ခါကျရှုံး သွားတိုင်း နှစ်ဆပိုကြိုးစားပြီး ပြန်ထနိုင်အောင်ကြိုးစားတယ်။ အားလုံးလည်း အဲဒီလိုပဲ ဖြစ်သင့်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Duwun

 

[Zawgyi]





(၁) အိုင်ဒီယာ






(၄) ခြေတစ်လှမ်းဦးပါ


(၅) အမြင်စူးရှမှု







Credit: Duwun

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service