ဖိလစ်ပိုင်တွင် ရဲတပ်ဖွဲ့ဝင်များက covid 19 လူနာ တစ်အိမ်တက်ဆင်းလိုက်ရှာမည်

ဖိလစ်ပိုင်တွင် ရဲတပ်ဖွဲ့ဝင်များက covid 19 လူနာ တစ်အိမ်တက်ဆင်းလိုက်ရှာမည် - Property News in Myanmar from iMyanmarHouse.com
20 Jul 2020 11:03 am တွင် တင်ခဲ့သည်
664 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဖိလစ်ပိုင်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကျယ်ပြန့်စွာကူးစက်ပျံ့နှံ့ခြင်းမှ ကာကွယ်ရန်အတွက် အာဏာပိုင်များနှင့် ရဲတပ်ဖွဲ့ဝင်တို့က covid-19 လူနာများ တစ်အိမ်တက်ဆင်းလိုက်လံရှာဖွေရန် စီစဉ်လျက်ရှိကြောင်း ဝန်ကြီးတစ်ဦးက ပြောကြားသည်။ ဖိလစ်ပိုင်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှင့် သေဆုံးမှု အလွန်များပြားနေပြီး အချို့ဒေသများတွင် တင်းကျပ်သည့် lockdown ချမှုများ ပြန်လည် ပြုလုပ်လာနေရသည်။

ပြည်ထဲရေးဝန်ကြီး Eduardo Ano က ပြည်သူများကို မိမိတို့ဒေသတွင် ရောဂါဖြစ်ပွားနေသူရှိက သတင်းပို့ရန် တိုက်တွန်းထားပြီး ရောဂါကူးစက်ခံထားရကာ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုမရှိသူတို့ကို ထောင်ဒဏ်ချမှတ်မည်ဟု သတိပေးထားသည်။

အရှေ့တောင်အာရှ နိုင်ငံများအနက် ဖိလစ်ပိုင်သည် နေ့စဉ် ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ အကြီးမားဆုံးမြင့်တက်လာပြီး ယခုကဲ့သို့ တင်းကြပ်သည့် ကိုင်တွယ်မှုများ ပြုလုပ်လာရခြင်းလည်း ဖြစ်သည်။

ပြည်သူတို့၏ သွားလာမှုနှင့် ကုန်သွယ်မှုများအတွက် ဇွန်လ ၁ ရက်မှ စတင်ပြီး တင်းကျပ်သည့် lockdown ချမှတ်မှုများကို ဖြေလျှော့ပေးပြီး ကူးစက်မှုများ ၃ ဆခန့် မြင့်တက်လာခဲ့ကာ ဆေးရုံတက်ကုသမှုခံယူရသူပမာဏလည်း ကြီးမားစွာမြင့်တက်လာခဲ့သည်။

“နေအိမ်တွေဟာ လုံလောက်တဲ့အကျယ်အဝန်းမရှိဘူးဆိုရင် positive လူနာတွေအနေနဲ့ နေအိမ်မှာ ကိုယ့်ဟာကိုယ် quarantine မလုပ်စေချင်ပါဘူး” ဟု ပြည်ထဲရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ “ဒါကြောင့် ကျွန်တော်တို့အခုလုပ်မှာက တစ်အိမ်ချင်းသွားပြီး positive လူနာတွေကို covid 19 သီးခြားထားရှိမယ့်စခန်းတွေကို ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်” ယခုခြေလှမ်းမှာ ယခင်က လမ်းညွှန်ခဲ့သည်နှင့် ခြားနားနေပြီး ယခင်ကမူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး အပျော့စားလက္ခဏာများသာ ရှိသူများအနေဖြင့် နေအိမ်တွင်သာ သီးခြားနေထိုင်ကြရန် လမ်းညွှန်ခဲ့သည်။ ယခုကဲ့သို့ စစ်ဆေးရှာဖွေမည့်ခြေလှမ်းမှာ ဥပဒေနှင့်အညီဖြစ်ကြောင်း ဝန်ကြီးကပြောကြားပြီး ၂၀၁၉ ခုနှစ် ရောဂါဘယသတင်းပို့ရေးနှင့် စောင့်ကြည့်ရေးဥပဒေကို ထောက်ပြသည်။

ပြည်ထဲရေး လက်ထောက်ဝန်ကြီး ဂျိုနသန် မာလာယာက ပြောကြားရာတွင် ကိုရိုနာဗိုင်းရပ်စ် positive လူနာများ ရှာဖွေရေးမှာ လိုအပ်ကြောင်း၊ အဘယ်ကြောင့်ဆိုလျှင် အချို့မှာ တိမ်းရှောင်ထွက်ပြေးနေကြကြောင်း ပြောကြားသည်။ လူ့အခွင့်အရေးအုပ်စုတို့က ပြောကြားရာတွင်မူ ယခုစီမံချက်သည် သွေးချောင်းစီးခဲ့သည့် မူးယစ်ဆေးအပေါ်ဆင်နွှဲခဲ့သောစစ်ပွဲတွင် ဆင်းရဲသည့်အသိုက်အဝန်းတို့ကို ရိုင်းစိုင်းသော ရဲတပ်ဖွဲ့ဝင်များက စနစ်တကျ ပစ်မှတ်ထားကိုင်တွယ်ခဲ့မှုများအတွက် အပြစ်လွတ်အောင် … ရဲတပ်ဖွဲ့ဝင်တို့သည် ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း အင်အားအလွန်အကျွံသုံးစွဲ ကိုင်တွယ်မှုများရှိခဲ့ကြောင်း၊ သေးငယ်သော စည်းမျဉ်းချိုးဖောက်မှုများကို ဖမ်းဆီးခြင်းနှင့် အပြင်မထွက်မရအမိန့်ချိုးဖောက်သည့် ကလေးငယ်တက်ကြွလှုပ်ရှားသူတို့ကို ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်များရှိသည်။

“ဒီချဉ်းကပ်မှုအသစ်က ဖိလစ်ပိုင်နိုင်ငံသားတွေရဲ့ အခွင့်အရေးကို လေးစားဖို့ ၊ အကာအကွယ်ပေးဖို့ သေချာအောင် အစိုးရက ဘယ်လိုလုပ်နိုင်မလဲ” ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့မှ အာရှဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး ဖီးလ် ရောဘတ်ဆန်က ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖောျပွသညျ။)

Credit: iMyanmarHouse.com

Ref: Philippines to use police in house-to-house searches for COVID-19 cases (Reuters)

[Zawgyi]









မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။



(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Philippines to use police in house-to-house searches for COVID-19 cases (Reuters)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service