မင်းတုန်းမင်းလက်ထက် အင်္ဂလန်ဝန်ကြီးချုပ်မွေးဖွားခဲ့ရာ စံအိမ်ကြီး ပေါင် ၁၅ သန်းနီးပါးဖြင့် ရောင်းချမည်

မင်းတုန်းမင်းလက်ထက် အင်္ဂလန်ဝန်ကြီးချုပ်မွေးဖွားခဲ့ရာ စံအိမ်ကြီး ပေါင် ၁၅ သန်းနီးပါးဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
14 Jul 2020 12:39 pm တွင် တင်ခဲ့သည်
1183 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်ဝန်ကြီးချုပ် လော့ဒ် ပါလ်မာစတန် ( ဖွား- ၁၇၈၄ အောက်တိုဘာ ၂၀၊ သေဆုံး- ၁၈၆၅ အောက်တိုဘာ ၁၈) သည် ဗြိတိသျှ နယ်ချဲ့အင်ပါယာကြီး အထွတ်အထိပ်သို့ ရောက်ရှိနေစဉ် ၁၈၃၀ မှ ၁၈၆၅ ခုနှစ်များအကြား နိုင်ငံခြားရေးဝန်ကြီးဖြစ် ဗြိတိသျှ နိုင်ငံခြားရေးမူဝါဒကို သြဇာလွှမ်းမိုးထားခဲ့သူ ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၁၈၃၀ မှ ၁၈၃၄ ၊ ၁၈၃၅ မှ ၁၈၄၁ ၊ ၁၈၄၆ မှ ၁၈၅၁ ခုနှစ်များတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဝန်ကြီးချုပ်အဖြစ် သက်တမ်း ၂ ကြိမ် တာဝန်ထမ်းဆောင်ခဲ့ရာ ၁၈၅၅ မှ ၁၈၅၈ ခုနှစ်၊ ၁၈၅၉ မှ ၁၈၆၅ ခုနှစ်များတွင် ဖြစ်ပြီး ၁၈၆၅ ခုနှစ်တွင် ကွယ်လွန်ခဲ့ရာ အင်္ဂလန်သမိုင်းတွင် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်နေရင်း နောက်ဆုံးကွယ်လွန်ခဲ့ဖူးသူ ဖြစ်သည်။

ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ၁၈၅၅ မှ ၁၈၆၅ ကာလများသည် မြန်မာနိုင်ငံတွင် မင်းတုန်းမင်းကြီးအုပ်ချုပ်မင်းလုပ်နေစဉ် ကာလများဖြစ်သည်။

ယခုအခါ ဝန်ကြီးချုပ်ဟောင်း လော့ဒ် ပါလ်မာစတန်၏ ဖွားမြင်ခဲ့ရာ နေအိမ် အရောင်းဈေးကွက်ဝင်လာသည်။ နေအိမ်အမိုးပေါ်မှတဆင့် လန်ဒန်မြို့ကြီး၏ ရှုခင်းများကို ကြည့်ရှုနိုင်ပြီး စိန့်ဂျိမ်းစ်ပါ့ခ် ပန်းခြံသို့ တိုက်ရိုက်ရောက်ရှိနိုင်သည့် အဆိုပါနေအိမ်ကို ပေါင် ၁၅ သန်း ဈေးခေါ်ထားသည်။

လန်ဒန်မြို့၊ ဝက်စ်မင်စ်တာခရိုင်၊ Queen Anne's Gate လမ်းတွင် တည်ရှိသော အိပ်ခန်း ၆ ခန်းပါ နေအိမ်ဖြစ်ပြီး လန်ဒန်တွင် ၁၈ ရာစု ပြည်တွင်းဗိသုကာလက်ရာကို အကောင်းဆုံးထိန်းသိမ်းထားနိုင်သည့် အဆောက်အအုံတစ်ခုအဖြစ် သတ်မှတ်ခြင်းခံထားရသည်။

ဈေးကွက်တင်ပေးသည်မှာ Savills အိမ်ခြံမြေကုမ္ပဏီမှုဖြစ်ပြီး ပေါင် ၁၄ ဒသမ ၈၅ သန်းဖြင့် ဈေးကွက်တင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစံအိမ်ကို ၁၇၇၅ ခုနှစ်မှ ၁၇၇၈ ခုနှစ်အကြား ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ဝန်ကြီးချုပ် လော့ဒ် ပါလ်မာစတန် ဖွားမြင်ခဲ့ရာနေရာအဖြစ် အပြာရောင်ကမ္ဗည်းပြားဖြင့် ဂုဏ်ပြုထားသည်။

လန်ဒန်မြို့၏ အချက်အခြာကျသောနေရာတွင် တည်ရှိပြီး Birdcage Walk လမ်း၊ စိန့်ဂျိမ်းစ်ပါ့ခ် ပန်းခြံကြီးတို့နှင့် နီးကပ်စွာတည်ရှိသည်။

အခြား ကမ္ဘာကျော်အထင်ကရ အဆောက်အအုံကြီးများဖြစ်သော ပါလီမန်အဆောက်အအုံ၊ ဝက်စ်မင်စတာ ဘုရားကျောင်း၊ ဘက်ကင်ဟမ်နန်းတော်တို့နှင့်လည်း နီးကပ်သည်။

Big Ben ဟုခေါ်သော ဝက်စ်မင်စတာနန်းတော်မြောက်ဘက်စွန်းရှိ ခေါင်းလောင်းစင်ကြီး၊ စိန့်ဂျိမ်းစ်နန်းတော်၊ သိမ်းမြစ်တို့နှင့် ခြေလျင်ခရီးဖြင့် ရောက်ရှိနိုင်သည်။

၂၀၀၀ ပြည့်နှစ်မှ ၂၀၀၃ ခုနှစ်အတွင်း ပြန်လည်မွမ်းမံမှုများပြုလုပ်ခဲ့သော အဆိုပါနေအိမ်ကြီးအတွင်း အရေးပါသော သမိုင်းဝင် ဗိသုကာလက်ရာများ များစွာရှိသည်။

ဧည့်ခန်းနှင့် စာကြည့်တိုက်များအတွင်း မျက်နှာကြက်များတွင် နာမည်ကျော် ဆွစ်ဇာလန်ပန်းချီဆရာမ အင်ဂျလီကာ ကာ့ဖ်မန်းက ရေးဆွဲပေးခဲ့သော ပန်းချီများလည်း ပါဝင်သည်။

ကာ့ဖ်မန်းသည် လန်ဒန်မြို့တွင် ၁၇၆၈ ခုနှစ်၌ တော်ဝင်အနုပညာအကယ်ဒမီ (Royal Academy of Arts) ကို စတင်တည်ထောင်ခဲ့သည့် အမျိုးသမီး ၂ ဦးတွင် တစ်ဦးအပါအဝင်အဖြစ်လည်း နာမည်ကျော်သည်။

နေအိမ်အတွင်း အခြားထင်ရှားသည့်အရာများမှာ စကျင်ကျောက်၊ စစ္စလီကျွန်းထွက် နဂါးသွဲ့တို့ဖြင့် ပြုလုပ်ထားသော မီးလင်းဖိုများ၊ သံမဏီ လက်ရန်းပွတ်လုံးများ၊ နူးညံ့သော မဟော်ဂနီသား လက်ရန်းဘောင်တို့ တပ်ဆင်ထားသော သဲကျောက်ဖြင့် ပြုလုပ်ထားသည့် ပင်မလှေကားတို့ ပါဝင်သည်။

ဝိုင်သိုလှောင်ခန်း ၁ ခုနှင့် အခြားသိုလှောင်ခန်းတစ်ခုလည်း နေအိမ်အတွင်း ပါဝင်သေးသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Birthplace of former PM Lord Palmerston with rooftop views of the capital and direct access to St James's Park is for sale at £15m (Daily Mail)

[Zawgyi]

မင္းတုန္းမင္းလက္ထက္ အဂၤလန္ဝန္ၾကီးခ်ဳပ္ေမြးဖြားခဲ့ရာ စံအိမ္ၾကီး ေပါင္ ၁၅ သန္းနီးပါးျဖင့္ ေရာင္းခ်မည္

အဂၤလန္ဝန္ၾကီးခ်ဳပ္ ေလာ့ဒ္ ပါလ္မာစတန္ ( ဖြား- ၁၇၈၄ ေအာက္တိုဘာ ၂၀၊ ေသဆံုး- ၁၈၆၅ ေအာက္တိုဘာ ၁၈) သည္ ျဗိတိသွ် နယ္ခ်ဲ႕အင္ပါယာၾကီး အထြတ္အထိပ္သုိ႔ ေရာက္ရွိေနစဥ္ ၁၈၃၀ မွ ၁၈၆၅ ခုႏွစ္မ်ားအၾကား ႏိုင္ငံျခားေရးဝန္ၾကီးျဖစ္ ျဗိတိသွ် ႏိုင္ငံျခားေရးမူဝါဒကို ၾသဇာလႊမ္းမိုးထားခဲ့သူ ျဖစ္သည္။

ႏိုင္ငံျခားေရးဝန္ၾကီးအျဖစ္ ၁၈၃၀ မွ ၁၈၃၄ ၊ ၁၈၃၅ မွ ၁၈၄၁ ၊ ၁၈၄၆ မွ ၁၈၅၁ ခုႏွစ္မ်ားတြင္ တာဝန္ထမ္းေဆာင္ခဲ့သည္။

ဝန္ၾကီးခ်ဳပ္အျဖစ္ သက္တမ္း ၂ ၾကိမ္ တာဝန္ထမ္းေဆာင္ခဲ့ရာ ၁၈၅၅ မွ ၁၈၅၈ ခုႏွစ္၊ ၁၈၅၉ မွ ၁၈၆၅ ခုႏွစ္မ်ားတြင္ ျဖစ္ျပီး ၁၈၆၅ ခုႏွစ္တြင္ ကြယ္လြန္ခဲ့ရာ အဂၤလန္သမိုင္းတြင္ ဝန္ၾကီးခ်ဳပ္ တာဝန္ထမ္းေဆာင္ေနရင္း ေနာက္ဆံုးကြယ္လြန္ခဲ့ဖူးသူ ျဖစ္သည္။

ဝန္ၾကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ေသာ ၁၈၅၅ မွ ၁၈၆၅ ကာလမ်ားသည္ ျမန္မာႏိုင္ငံတြင္ မင္းတုန္းမင္းၾကီးအုပ္ခ်ဳပ္မင္းလုပ္ေနစဥ္ ကာလမ်ားျဖစ္သည္။

ယခုအခါ ဝန္ၾကီးခ်ဳပ္ေဟာင္း ေလာ့ဒ္ ပါလ္မာစတန္၏ ဖြားျမင္ခဲ့ရာ ေနအိမ္ အေရာင္းေစ်းကြက္ဝင္လာသည္။ ေနအိမ္အမိုးေပၚမွတဆင့္ လန္ဒန္ျမိဳ႕ၾကီး၏ ရႈခင္းမ်ားကို ၾကည့္ရႈႏိုင္ျပီး စိန္႔ဂ်ိမ္းစ္ပါ့ခ္ ပန္းျခံသို႔ တိုက္ရိုက္ေရာက္ရွိႏိုင္သည့္ အဆိုပါေနအိမ္ကို ေပါင္ ၁၅ သန္း ေစ်းေခၚထားသည္။

လန္ဒန္ျမိဳ႕၊ ဝက္စ္မင္စ္တာခရိုင္၊ Queen Anne's Gate လမ္းတြင္ တည္ရွိေသာ အိပ္ခန္း ၆ ခန္းပါ ေနအိမ္ျဖစ္ျပီး လန္ဒန္တြင္ ၁၈ ရာစု ျပည္တြင္းဗိသုကာလက္ရာကို အေကာင္းဆံုးထိန္းသိမ္းထားႏိုင္သည့္ အေဆာက္အအံုတစ္ခုအျဖစ္ သတ္မွတ္ျခင္းခံထားရသည္။

ေစ်းကြက္တင္ေပးသည္မွာ Savills အိမ္ျခံေျမကုမၸဏီမွုျဖစ္ျပီး ေပါင္ ၁၄ ဒသမ ၈၅ သန္းျဖင့္ ေစ်းကြက္တင္ခဲ့ျခင္းျဖစ္သည္။

အဆိုပါစံအိမ္ကို ၁၇၇၅ ခုႏွစ္မွ ၁၇၇၈ ခုႏွစ္အၾကား ေဆာက္လုပ္ခဲ့ျခင္းျဖစ္ကာ ဝန္ၾကီးခ်ဳပ္ ေလာ့ဒ္ ပါလ္မာစတန္ ဖြားျမင္ခဲ့ရာေနရာအျဖစ္ အျပာေရာင္ကမၺည္းျပားျဖင့္ ဂုဏ္ျပဳထားသည္။

လန္ဒန္ျမိဳ႕၏ အခ်က္အျခာက်ေသာေနရာတြင္ တည္ရွိျပီး Birdcage Walk လမ္း၊ စိန္႔ဂ်ိမ္းစ္ပါ့ခ္ ပန္းျခံၾကီးတို႔ႏွင့္ နီးကပ္စြာတည္ရွိသည္။

အျခား ကမၻာေက်ာ္အထင္ကရ အေဆာက္အအံုၾကီးမ်ားျဖစ္ေသာ ပါလီမန္အေဆာက္အအံု၊ ဝက္စ္မင္စတာ ဘုရားေက်ာင္း၊ ဘက္ကင္ဟမ္နန္းေတာ္တို႔ႏွင့္လည္း နီးကပ္သည္။

Big Ben ဟုေခၚေသာ ဝက္စ္မင္စတာနန္းေတာ္ေျမာက္ဘက္စြန္းရွိ ေခါင္းေလာင္းစင္ၾကီး၊ စိန္႔ဂ်ိမ္းစ္နန္းေတာ္၊ သိမ္းျမစ္တို႔ႏွင့္ ေျခလ်င္ခရီးျဖင့္ ေရာက္ရွိႏိုင္သည္။

၂၀၀၀ ျပည့္ႏွစ္မွ ၂၀၀၃ ခုႏွစ္အတြင္း ျပန္လည္မြမ္းမံမႈမ်ားျပဳလုပ္ခဲ့ေသာ အဆိုပါေနအိမ္ၾကီးအတြင္း အေရးပါေသာ သမိုင္းဝင္ ဗိသုကာလက္ရာမ်ား မ်ားစြာရွိသည္။

ဧည့္ခန္းႏွင့္ စာၾကည့္တိုက္မ်ားအတြင္း မ်က္ႏွာၾကက္မ်ားတြင္ နာမည္ေက်ာ္ ဆြစ္ဇာလန္ပန္းခ်ီဆရာမ အင္ဂ်လီကာ ကာ့ဖ္မန္းက ေရးဆြဲေပးခဲ့ေသာ ပန္းခ်ီမ်ားလည္း ပါဝင္သည္။

ကာ့ဖ္မန္းသည္ လန္ဒန္ျမိဳ႕တြင္ ၁၇၆၈ ခုႏွစ္၌ ေတာ္ဝင္အႏုပညာအကယ္ဒမီ (Royal Academy of Arts) ကို စတင္တည္ေထာင္ခဲ့သည့္ အမ်ဳိးသမီး ၂ ဦးတြင္ တစ္ဦးအပါအဝင္အျဖစ္လည္း နာမည္ေက်ာ္သည္။

ေနအိမ္အတြင္း အျခားထင္ရွားသည့္အရာမ်ားမွာ စက်င္ေက်ာက္၊ စစၥလီကၽြန္းထြက္ နဂါးသြဲ႔တို႔ျဖင့္ ျပဳလုပ္ထားေသာ မီးလင္းဖိုမ်ား၊ သံမဏီ လက္ရန္းပြတ္လံုးမ်ား၊ ႏူးညံ့ေသာ မေဟာ္ဂနီသား လက္ရန္းေဘာင္တို႔ တပ္ဆင္ထားေသာ သဲေက်ာက္ျဖင့္ ျပဳလုပ္ထားသည့္ ပင္မေလွကားတို႔ ပါဝင္သည္။

ဝုိင္သိုေလွာင္ခန္း ၁ ခုႏွင့္ အျခားသိုေလွာင္ခန္းတစ္ခုလည္း ေနအိမ္အတြင္း ပါဝင္ေသးသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Birthplace of former PM Lord Palmerston with rooftop views of the capital and direct access to St James's Park is for sale at £15m (Daily Mail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service