စိုက်ပျိုးမြေများအတွင်းရှိ ပလပ်မြေများ(လှပ်မြေ)အကြောင်းသိကောင်းစရာများ

စိုက်ပျိုးမြေများအတွင်းရှိ ပလပ်မြေများ(လှပ်မြေ)အကြောင်းသိကောင်းစရာများ - Property Knowledge in Myanmar from iMyanmarHouse.com
9 Jul 2020 12:07 pm တွင် တင်ခဲ့သည်
1430 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ပလပ်မြေဆိုသည်မှာ လွန်ခဲ့သည့်နှစ်က စိုက်ပျိုးခဲ့၍ ယခုနှစ်တွင် စိုက်ပျိုးခြင်းမပြုဘဲထားရှိသည့်မြေကိုသာခေါ်ဆိုခြင်းမဟုတ်ဘဲ၊ ယခင်နှစ်များကတည်ကကြာရှည်စွာ စိုက်ပျိုးလုပ်ကိုင်ခဲ့ပြီး၊ တည်ဆဲနှစ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် စိုက်ပျိုးခြင်း၊ ရာသီတစ်ခုတွင်မျှ လုပ်ကိုင်ခြင်းမပြုသောမြေကို အများက ပလပ်မြေဟု မြေယာစီမံခန့်ခွဲမှုအခြေခံများ အခန်း ၂ တွင် အဓိပ္ပါယ်ဖွင့်ဆိုထားသည်။

ယခုအခါတွင် အများက ပလပ်မြေဟု ခေါ်ဝေါ်သုံးစွဲကြသော်လည်း မြေစာရင်းဌာနခွဲမှ စာရင်းအင်းပြုစုရာတွင်လှပ်မြေ ( Fallow Land ) ဟု ခေါ်ဝေါ်သုံးစွဲပြုစုပါသည်။

(က) လယ်ယာကဏ္ဍစီမံကိန်း၊ စီမံချက်များအတွက် အသုံးချနိုင်သည့် မြေအကျယ်အဝန်းနှင့် တစ်ဆက်တစ်တည်း တည်ရှိသည့်မြေရာသီဥတု၊ မြေအနေအထား၊ မြေအမျိုးအစား၊ ရေနက်ကွင်း၊ ရေမရရှိသောမြေ စသည့် အကြောင်းများကြောင့် လှပ်မြေဖြစ်တတ်ကြပါသည်။ သီးစားခံယူသူမရှိသည့်မြေ ဖြစ်လေ့ရှိတတ်ပါသည်။ ဦးစီးဌာန၊ ကော်ပိုရေးရှင်း စသည့် အစိုးရအဖွဲ့အစည်းများက လယ်ယာကဏ္ဍစီမံကိန်း၊ စီမံချက်များ ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်နိုင်မည့် အကျယ်အဝန်းရှိသည့်မြေကိုဆို လိုပါသည်။

(ခ) သီးစားခံယူသူမရှိသည့် ကွက်ကြားအနည်းကျဉ်းရှိသည့်မြေ လုပ်ကိုင်မည့်သူမရှိ သို့မဟုတ် သီးစားခံယူသူမရှိဘဲ နှစ်ကြာရှည်စွာ လှပ်မြေဖြစ်နေသော်လည်း အကျယ်အဝန်းဧရိယာအရ စီမံကိန်း၊ စီမံချက်များနှင့်အညီ လုပ်ကိုင်ရန်လည်း များများစားစား တစုတစပ်တည်းလည်းမရှိဘဲ ကွက်ကြားမျှ ပြန့်ကျဲစွာရှိနေသော လှပ်မြေကို ဆိုလိုပါသည်။

( ဂ ) တောင်သူသို့မဟုတ် လုပ်ကိုင်သူတို့ ပြန်လည်စိုက်ပျိုးကြမည့် ခေတ္တလှပ်မြေတောင်သူ သို့မဟုတ် လုပ်ကိုင်သည့်အဖွဲ့အစည်းများက တစ်နှစ်၊ နှစ်နှစ်ခန့် စီးပွားရေး၊ လူမှုရေး၊ ရာသီဥတု၊ ရေမိုးအခြေအနေ၊ မြေယာဥပဒေ စည်းကမ်းများကြောင့် မလုပ်ကိုင်ဘဲ လှပ်ထားကြပြီး တစ်နှစ်၊ နှစ်နှစ်ခန့်အတွင်း ပြန်လည်စိုက်ပျိုးမည့် မြေကိုဆိုလိုပါသည်။ တောင်သူလယ်သမား သို့မဟုတ် လုပ်ကိုင်သူများကလုပ်ကိုင်ရန် လုံးဝ စွန့်လွှတ်မြေ မပါဝင်စေရပါ။

(ဃ) လယ်ယာစိုက်ပျိုးမှုမှအပ အခြားနည်းအသုံးပြုထား၍ စိုက်ပျိုးမှုတွင် လုံးဝမသုံးနိုင်သည့်မြေစာရင်းအရ လှပ်မြေမှန်ပါသော်လည်း မြေပေါ်တွင် အဆောက်အဦ မြေ၊ ရွာမြေ၊ မြို့မြေ၊ စက်ရုံမြေ၊ လမ်းမြေ၊ ချောင်းမြေ စသည်ဖြင့် စိုက်ပျိုးမှုမှအပ အခြားနည်း အသုံးပြုထားသဖြင့် လုံးဝစိုက်ပျိုးခြင်း မပြုနိုင်သည့်မြေကို ဆိုလိုပါသည်။

( င ) အခြား(လှပ်မြေ) - အထက်ပါခေါင်းစဉ်များတွင် အကျုံးမဝင်ဘဲ ကျန်ရှိသည့်မြေ တို့ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

[Zawgyi]













 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အလက်စကားဒေသရှိ မြစ်များ၊ ချောင်းများ လိမ္မော်ရောင်သို့အရောင်ပြောင်းလဲသွား
အလက်စကားဒေသရှိ မြစ်များ၊ ချောင်းများ လိမ္မော်ရောင်သို့အရောင်ပြောင်းလဲသွား
အပတ်စဉ်အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ.......
အပတ်စဉ်အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ.......
နေအိမ်၊ရုံးခန်းအတွင်း စီးပွားလာဘ်လာဘတိုးပွားစေမယ့် စိုက်ပျိုးသင့်သော ရှင်သီဝလိဂမုန်း
နေအိမ်၊ရုံးခန်းအတွင်း စီးပွားလာဘ်လာဘတိုးပွားစေမယ့် စိုက်ပျိုးသင့်သော ရှင်သီဝလိဂမုန်း
မြေကွက်အား ရောင်းချခြင်း၊လွှဲပြောင်းခြင်း၊ပေါင်နှံခြင်းများမပြုစေရန် ပိုင်ဆိုင်အကျိုးခံစားခွင့်ရှိသူတစ်ဦးတစ်ဦးမှ ကန့်ကွက်စာတင်ပြချင်ရင် ဘယ်လိုဆောင်ရွက်ရပါမလဲဆရာ။...
မြေကွက်အား ရောင်းချခြင်း၊လွှဲပြောင်းခြင်း၊ပေါင်နှံခြင်းများမပြုစေရန် ပိုင်ဆိုင်အကျိုးခံစားခွင့်ရှိသူတစ်ဦးတစ်ဦးမှ ကန့်ကွက်စာတင်ပြချင်ရင် ဘယ်လိုဆောင်ရွက်ရပါမလဲဆရာ။...
တရားမမှုစတင် တရားစွဲဆိုသည့်အခါ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရားမမှုစတင် တရားစွဲဆိုသည့်အခါ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တစ်နှစ်ရဲ့ နှစ်ဝက်စာအချိန်တွေမှာ ရေအတိဖုံးလွှမ်းလျက် တွေ့မြင်ရတဲ့ ဩစတေးယျနိုင်ငံမှ ထူးဆန်းရေအိုင်ငယ်...
တစ်နှစ်ရဲ့ နှစ်ဝက်စာအချိန်တွေမှာ ရေအတိဖုံးလွှမ်းလျက် တွေ့မြင်ရတဲ့ ဩစတေးယျနိုင်ငံမှ ထူးဆန်းရေအိုင်ငယ်...
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
(၃)ထပ်နှင့်အောက် အဆောက်အအုံများဆောက်လုပ်ခွင့်ပါမစ်တင်ပါက သိရှိလိုက်နာရမည့် အချက်များ
(၃)ထပ်နှင့်အောက် အဆောက်အအုံများဆောက်လုပ်ခွင့်ပါမစ်တင်ပါက သိရှိလိုက်နာရမည့် အချက်များ
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ...
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

myat-ingyin
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service