အမေရိကန်က Covid-19 ကုသရာတွင်အရေးပါသည့် remdesivir ဆေးကို အားလုံးမှာယူထားရာ လာမည့် ၃ လအတွက် အခြားနိုင်ငံများ ဆေးဝယ်မရနိုင်တော့

အမေရိကန်က Covid-19 ကုသရာတွင်အရေးပါသည့် remdesivir ဆေးကို အားလုံးမှာယူထားရာ လာမည့် ၃ လအတွက် အခြားနိုင်ငံများ ဆေးဝယ်မရနိုင်တော့ - Property News in Myanmar from iMyanmarHouse.com
3 Jul 2020 12:42 pm တွင် တင်ခဲ့သည်
806 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အနည်းဆုံး လာမည့် ၃ လတာအတွက် ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံကမျှ covid-19 ကုသရာတွင် အရေးပါသည့်ဆေးဖြစ်သော remdesivir ကို ဝယ်ယူရရှိနိုင်တော့မည် မဟုတ်ချေ။

အမေရိကန်ပြည်ထောင်စုသည် covid-19 ကုသရာတွင် အလုပ်ဖြစ်ကြောင်းတွေ့ရသည့် ဆေးဝါး ၂ မျိုးအနက်မှ တစ်ခုဖြစ်သော ဆေးအားလုံးကို လာမည့် ၃ လတာအတွက် ဝယ်ယူထားခဲ့ပြီးဖြစ်ရာ ဗြိတိန်၊ ဥရောပနှင့် ကျန်သော ကမ္ဘာ့နိုင်ငံများအတွက် အဆိုပါ ဆေးဝါးကို ဝယ်ယူရရှိနိုင်တော့မည် မဟုတ်ချေ။

ကျွမ်းကျင်ပညာရှင်တို့အကြား အမေရိကန်က remdesivir နှင့် ပတ်သက်ပြီး တစ်ဖက်သတ်လုပ်ဆောင်နေမှုကို အခြေပြုကာ ပိုမိုကျယ်ပြန့်လာမည့်အရေးကို သတိပေးခြင်းခံလိုက်ရသကဲ့သို့ရှိသည်။ အထူးသဖြင့် ကာကွယ်ဆေးတစ်မျိုးမျိုး ထုတ်လုပ်နိုင်ပြီ ဆိုပါက ယခုကဲ့သို့ လက်ဝါးကြီးအုပ်သွားမည့်အရေးမျိုး ဖြစ်သည်။

အမေရိကန်အတွက် လိုအပ်သည့် ဆေးဝါးထောက်ပံ့မှုများကို ရရှိစေရန် အခြားနိုင်ငံများကို ပညာပြကာ အမိအရ ဝယ်ယူသွားမည်ကို ထရမ့်အစိုးရက ပြသလိုက်ခြင်း ဖြစ်သည်။

….သူတို့ဟာ ဆေး (remdesivir) အများစုကို ဝယ်ယူခွင့်ရသွားခဲ့ပါပြီ။ ဒါကြောင့် ဥရောပအတွက် မရှိတော့ပါဘူး။…..ဟု လီဗာပူတက္ကသိုလ်မှ အကြီးတန်းဧည့်သုတေသန အဖွဲ့ဝင် ဒေါက်တာ အင်ဒရူးဟေးလ်က ပြောကြားသည်။

Remdesivir သည် အမေရိကန်တွင် Covid-19 ကုသရေးအတွက် အသုံးပြုရန် ပထမဆုံး လိုင်စင်ရရှိခဲ့သည့် ဆေးဝါးဖြစ်ပြီး Gilead ကုမ္ပဏီမှ ထုတ်လုပ်သည်။

Remdesivir သည် ကိုရိုနာဗိုင်းရပ်စ်လူနာများကို ပိုမိုလျင်မြန်စွာ သက်သာပျောက်ကင်းအောင် ကူညီပေးနိုင်ကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

ဆေးကုသမှု ပထမအသုတ် ဆေးဝါး ၁၄၀၀၀၀ ကို ကမ္ဘာတစ်ဝန်းတွင် ဖြန့်ဖြူးအသုံးပြုခဲ့ပြီး ဖြစ်သည်။

ထရမ့်အစိုးရသည် Remdesivir ဆေးဝါး ၅၀၀၀၀၀ ကျော် ဝယ်ယူထားခဲ့ရာ အဆိုပါပမာဏမှာ Gilead ကုမ္ပဏီ၏ ဇူလိုင်လထုတ်ကုန်အားလုံးနှင့် သြဂုတ်၊ စက်တင်ဘာလ ထုတ်ကုန် ၉၀ ရာခိုင်နှုန်းပင် ဖြစ်သည်။

“သမ္မတ ထရမ့်ဟာ covid-19 အတွက် ပထမဆုံးခွင့်ပြုချက်ပေးခဲ့တဲ့ဆေးဝါးကို အမေရိကန်ပြည်သူတွေ ရရှိစေနိုင်ဖို့ အံ့အားသင့်ဖွယ် ဝယ်ယူမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်” ဟု အမေရိကန် ကျန်းမာရေးနှင့် လူသားရေးရာ ဝန်ဆောင်မှုဝန်ကြီး အဲလက်စ် အေဇာက ပြောကြားသည်။

“ဖြစ်နိုင်သမျှ အတိုင်းအတာအထိ remdesivir ဆေးဝါးလိုအပ်တဲ့ အမေရိကန်လူနာတွေ ဆေးရနိုင်စေဖို့ ကျွန်တော်တို့ သေချာအောင် လုပ်ချင်ပါတယ်။ ထရမ့်အစိုးရအနေနဲ့ covid-19 ကုသနည်းတွေနဲ့ ပတ်သက်ပြီး ပိုမိုလေ့လာဖို့၊ ဒီလိုကုသမှုတွေကို အမေရိကန်ပြည်သူတွေ ရရှိစေဖို့ အစွမ်းရှိသမျှ အားလုံးလုပ်ဆောင်နေပါတယ်” ဟု အဲလက်စ် အေဇာက ဆက်လက်ပြောကြားသည်။

အဆိုပါ ဆေးဝါးသည် Gilead ၏ မူပိုင်ခွင့်အောက်တွင်ရှိရာ ချမ်းသာကြွယ်ဝသော နိုင်ငံများရှိ အခြားမည်သည့်ဆေးဝါးကုမ္ပဏီကမျှ ထုတ်လုပ်ခွင့်မရှိချေ။

အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်အရ အဆိုပါဆေး ၆ ကြိမ်ကုသမှုအတွက် ကုန်ကျစရိတ်မှာ ကန်ဒေါ်လာ ၃၂၀၀ ခန့် ကျသင့်သည်ဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စုတွင် covid-19 အတည်ပြုလူနာ ၂ ဒသမ ၅ သန်းကျော် ရှိနေပြီ ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: US secures world stock of key Covid-19 drug remdesivir (the Guardian)

[Zawgyi]

အေမရိကန္က Covid-19 ကုသရာတြင္အေရးပါသည့္ remdesivir ေဆးကို အားလံုးမွာယူထားရာ လာမည့္ ၃ လအတြက္ အျခားႏိုင္ငံမ်ား ေဆးဝယ္မရႏိုင္ေတာ့

အနည္းဆံုး လာမည့္ ၃ လတာအတြက္ ကမၻာေပၚရွိ မည္သည့္ႏိုင္ငံကမွ် covid-19 ကုသရာတြင္ အေရးပါသည့္ေဆးျဖစ္ေသာ remdesivir ကို ဝယ္ယူရရွိႏိုင္ေတာ့မည္ မဟုတ္ေခ်။

အေမရိကန္ျပည္ေထာင္စုသည္ covid-19 ကုသရာတြင္ အလုပ္ျဖစ္ေၾကာင္းေတြ႔ရသည့္ ေဆးဝါး ၂ မ်ဳိးအနက္မွ တစ္ခုျဖစ္ေသာ ေဆးအားလံုးကို လာမည့္ ၃ လတာအတြက္ ဝယ္ယူထားခဲ့ျပီးျဖစ္ရာ ျဗိတိန္၊ ဥေရာပႏွင့္ က်န္ေသာ ကမၻာ့ႏိုင္ငံမ်ားအတြက္ အဆိုပါ ေဆးဝါးကို ဝယ္ယူရရွိႏိုင္ေတာ့မည္ မဟုတ္ေခ်။

ကၽြမ္းက်င္ပညာရွင္တို႔အၾကား အေမရိကန္က remdesivir ႏွင့္ ပတ္သက္ျပီး တစ္ဖက္သတ္လုပ္ေဆာင္ေနမႈကို အေျချပဳကာ ပိုမိုက်ယ္ျပန္႔လာမည့္အေရးကို သတိေပးျခင္းခံလိုက္ရသကဲ့သို႔ရွိသည္။ အထူးသျဖင့္ ကာကြယ္ေဆးတစ္မ်ဳိးမ်ဳိး ထုတ္လုပ္ႏိုင္ျပီ ဆိုပါက ယခုကဲ့သို႔ လက္ဝါးၾကီးအုပ္သြားမည့္အေရးမ်ဳိး ျဖစ္သည္။

အေမရိကန္အတြက္ လိုအပ္သည့္ ေဆးဝါးေထာက္ပံ့မႈမ်ားကို ရရွိေစရန္ အျခားႏိုင္ငံမ်ားကို ပညာျပကာ အမိအရ ဝယ္ယူသြားမည္ကို ထရမ့္အစိုးရက ျပသလိုက္ျခင္း ျဖစ္သည္။

….သူတို႔ဟာ ေဆး (remdesivir) အမ်ားစုကို ဝယ္ယူခြင့္ရသြားခဲ့ပါျပီ။ ဒါေၾကာင့္ ဥေရာပအတြက္ မရွိေတာ့ပါဘူး။…..ဟု လီဗာပူတကၠသိုလ္မွ အၾကီးတန္းဧည့္သုေတသန အဖြဲ႔ဝင္ ေဒါက္တာ အင္ဒရူးေဟးလ္က ေျပာၾကားသည္။

Remdesivir သည္ အေမရိကန္တြင္ Covid-19 ကုသေရးအတြက္ အသံုးျပဳရန္ ပထမဆံုး လိုင္စင္ရရွိခဲ့သည့္ ေဆးဝါးျဖစ္ျပီး Gilead ကုမၸဏီမွ ထုတ္လုပ္သည္။

Remdesivir သည္ ကိုရိုနာဗိုင္းရပ္စ္လူနာမ်ားကို ပိုမိုလ်င္ျမန္စြာ သက္သာေပ်ာက္ကင္းေအာင္ ကူညီေပးႏိုင္ေၾကာင္း ေတြ႔ရွိရသည္ဟု ဆိုသည္။

ေဆးကုသမႈ ပထမအသုတ္ ေဆးဝါး ၁၄၀၀၀၀ ကို ကမၻာတစ္ဝန္းတြင္ ျဖန္႔ျဖဴးအသံုးျပဳခဲ့ျပီး ျဖစ္သည္။

ထရမ့္အစိုးရသည္ Remdesivir ေဆးဝါး ၅၀၀၀၀၀ ေက်ာ္ ဝယ္ယူထားခဲ့ရာ အဆိုပါပမာဏမွာ Gilead ကုမၸဏီ၏ ဇူလိုင္လထုတ္ကုန္အားလံုးႏွင့္ ၾသဂုတ္၊ စက္တင္ဘာလ ထုတ္ကုန္ ၉၀ ရာခိုင္ႏႈန္းပင္ ျဖစ္သည္။

“သမၼတ ထရမ့္ဟာ covid-19 အတြက္ ပထမဆံုးခြင့္ျပဳခ်က္ေပးခဲ့တဲ့ေဆးဝါးကို အေမရိကန္ျပည္သူေတြ ရရွိေစႏိုင္ဖုိ႔ အံ့အားသင့္ဖြယ္ ဝယ္ယူမႈတစ္ခု ျပဳလုပ္ခဲ့ပါတယ္” ဟု အေမရိကန္ က်န္းမာေရးႏွင့္ လူသားေရးရာ ဝန္ေဆာင္မႈဝန္ၾကီး အဲလက္စ္ ေအဇာက ေျပာၾကားသည္။

“ျဖစ္ႏိုင္သမွ် အတိုင္းအတာအထိ remdesivir ေဆးဝါးလိုအပ္တဲ့ အေမရိကန္လူနာေတြ ေဆးရႏိုင္ေစဖို႔ ကၽြန္ေတာ္တို႔ ေသခ်ာေအာင္ လုပ္ခ်င္ပါတယ္။ ထရမ့္အစိုးရအေနနဲ႔ covid-19 ကုသနည္းေတြနဲ႔ ပတ္သက္ျပီး ပိုမိုေလ့လာဖို႔၊ ဒီလိုကုသမႈေတြကို အေမရိကန္ျပည္သူေတြ ရရွိေစဖို႔ အစြမ္းရွိသမွ် အားလံုးလုပ္ေဆာင္ေနပါတယ္” ဟု အဲလက္စ္ ေအဇာက ဆက္လက္ေျပာၾကားသည္။

အဆိုပါ ေဆးဝါးသည္ Gilead ၏ မူပိုင္ခြင့္ေအာက္တြင္ရွိရာ ခ်မ္းသာၾကြယ္ဝေသာ ႏိုင္ငံမ်ားရွိ အျခားမည္သည့္ေဆးဝါးကုမၸဏီကမွ် ထုတ္လုပ္ခြင့္မရွိေခ်။

အေမရိကန္အစိုးရ၏ ထုတ္ျပန္ခ်က္အရ အဆိုပါေဆး ၆ ၾကိမ္ကုသမႈအတြက္ ကုန္က်စရိတ္မွာ ကန္ေဒၚလာ ၃၂၀၀ ခန္႔ က်သင့္သည္ဟု ဆိုသည္။

အေမရိကန္ျပည္ေထာင္စုတြင္ covid-19 အတည္ျပဳလူနာ ၂ ဒသမ ၅ သန္းေက်ာ္ ရွိေနျပီ ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: US secures world stock of key Covid-19 drug remdesivir (the Guardian)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service