ဗဟိုဘဏ်က နှစ်ရက်အတွင်း ဒေါ်လာ ၁၁ သန်းခွဲဝယ်ယူသော်လည်း ဒေါ်လာဈေးဆက်လက်ကျဆင်း

ဗဟိုဘဏ်က နှစ်ရက်အတွင်း ဒေါ်လာ ၁၁ သန်းခွဲဝယ်ယူသော်လည်း ဒေါ်လာဈေးဆက်လက်ကျဆင်း - Property News in Myanmar from iMyanmarHouse.com
3 Jul 2020 11:56 am တွင် တင်ခဲ့သည်
1309 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဒေါ်လာဈေးကျဆင်းလာခြင်းကြောင့် ဗဟိုဘဏ်က ပြည်ပဈေးကွက်ဒေါ်လာ ၁၁ သန်းခွဲကို နှစ်ရက်အတွင်း ဝယ်ယူခဲ့သည်။

ပြည်ပပေါက်ဈေးတွင် ဒေါ်လာဈေးသည် ၁၃၆၀ ဝန်းကျင်ကို ကျဆင်းနေပြီး ဗဟိုဘဏ်က ဇူလိုင် ၁ ရက်တွင် ၃ ဒသမ ၈ သန်းနှင့် ဇူလိုင် ၂ ရက်တွင် ၇ ဒသမ ၇ သန်းကို ဝယ်ယူခဲ့သည်။

ဇူလိုင် ၂ ရက်တွင် ဗဟိုဘဏ်ဝယ်ယူခဲ့သည့် ဒေါ်လာ ၇ ဒသမ ၇ သန်းသည် ဈေးကွက်အတွင်း ဝယ်ယူခဲ့သည့်အများဆုံး ပမာဏဖြစ်သည်။

ဇွန်လအတွင်း ဗဟိုဘဏ်ကလည်း ပြည်တွင်းငွေကြေးဈေးကွက်မှ တစ်ရက်လျှင် ဒေါ်လာ ၃ ဒသမ ၈ သန်း ဝယ်ယူခဲ့သည်။ စုစုပေါင်း ဒေါ်လာ ၃၁ သန်းရှိသည်။

ဇွန်လအတွင်း တစ်ဒေါ်လာ ကျပ် ၁,၄၁၀ အထိ ဈေးမြင့်တက် ပြီးနောက် ဇွန်လလယ်ကစ၍ ဒေါ်လာတန်ဖိုး တဖြည်းဖြည်း ပြန်လည် ကျဆင်းလာခြင်းဖြစ် သည်။

ပြည်ပမှတင်သွင်းရသော လူသုံးကုန်ပစ္စည်းများကို နိုင်ငံသားများ၏ ဝယ်လိုအားများစွာကျဆင်းမှုက ဒေါ်လာတန်ဖိုးကျဆင်းစေသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။

ပြည်ပသွင်းကုန်အတွက် ဒေါ်လာသုံးစွဲမှု လျော့နည်းချိန်တွင် ပို့ကုန်ကဏ္ဍမှ နိုင်ငံခြားငွေ အဝင်များခြင်းကလည်း ဒေါ်လာတန်ဖိုးကို အားပျော့စေသည်ဟု လုပ်ငန်းရှင်များက ဆိုသည်။

လက်ရှိ ပြည်တွင်းငွေကြေး ဈေးကွက်တွင် ဒေါ်လာတန်ဖိုးက အကျဘက်တွင်ရှိနေသော်လည်း လာမည့်လများတွင် မိုးများပြီး ပြည်ပပို့ကုန်တင်ပို့မှု လျော့နည်းလျှင် ဒေါ်လာတန်ဖိုး ပြန်လည် မြင့်တက်နိုင်သည်ဟု စီးပွားရေး လုပ်ငန်း ရှင်အချို့က ပြောသည်။

ပြည်တွင်း ဈေးကွက်တွင် ဒေါ်လာတန်ဖိုး ကျဆင်းနေခြင်း ကြောင့် ဝယ်ယူလိုသူနည်းနေပြီး အရောင်းအဝယ်အေးနေသည်ဟု ပြင်ပငွေလဲလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။ ဒေါ်လာတန်ဖိုးကျဆင်းမှုက ပို့ကုန်လုပ်ငန်းများအတွက် လုပ်ကိုင်ရခက်သည့်အခြေအနေဖြစ်နေကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦး ကပြောသည်။

ဒေါ်လာတန်ဖိုးကျဆင်းမှု ကြောင့် ဆန်၊ ပဲမျိုးစုံ အပါအဝင် ပြည်ပပို့ကုန် လုပ်ငန်းရှင်များ အကျိုးအမြတ် ထိခိုက်ဆုံးရှုံးမှု များရှိနေသကဲ့သို့ ပြည်တွင်းဝယ် အားကျနေသဖြင့် သွင်းကုန်လုပ်ငန်းရှင်များတွင်လည်း အကျိုးအမြတ်နည်းကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့ကပြောသည်။

‌ပြီးခဲ့သည့် မတ်လတွင်လည်း အမေရိကန်ဒေါ်လာတန်ဖိုးက တစ်ဒေါ်လာလျှင် ကျပ် ၁,၃၃၀ ဝန်းကျင်အထိ ဈေးကျ ဆင်းမှုကြုံခဲ့ရသည်။ ရက်ပိုင်းအတွင်း ကျဆင်းပြီးနောက် ကျပ် ၁,၄၂၀ ဝန်းကျင်သို့ ပြန်လည်မြင့်တက်ခဲ့သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ဗဟိုဘဏ္က ႏွစ္ရက္အတြင္း ေဒၚလာ ၁၁ သန္းခြဲဝယ္ယူေသာ္လည္း ေဒၚလာေဈးဆက္လက္က်ဆင္း

ေဒၚလာေဈးက်ဆင္းလာျခင္းေၾကာင့္ ဗဟိုဘဏ္က ျပည္ပေဈးကြက္ေဒၚလာ ၁၁ သန္းခြဲကို ႏွစ္ရက္အတြင္း ဝယ္ယူခဲ့သည္။

ျပည္ပေပါက္ေဈးတြင္ ေဒၚလာေဈးသည္ ၁၃၆၀ ဝန္းက်င္ကို က်ဆင္းေနၿပီး ဗဟိုဘဏ္က ဇူလိုင္ ၁ ရက္တြင္ ၃ ဒသမ ၈ သန္းႏွင့္ ဇူလိုင္ ၂ ရက္တြင္ ၇ ဒသမ ၇ သန္းကို ဝယ္ယူခဲ့သည္။

ဇူလိုင္ ၂ ရက္တြင္ ဗဟိုဘဏ္ဝယ္ယူခဲ့သည့္ ေဒၚလာ ၇ ဒသမ ၇ သန္းသည္ ေဈးကြက္အတြင္း ဝယ္ယူခဲ့သည့္အမ်ားဆုံး ပမာဏျဖစ္သည္။

ဇြန္လအတြင္း ဗဟိုဘဏ္ကလည္း ျပည္တြင္းေငြေၾကးေဈးကြက္မွ တစ္ရက္လွ်င္ ေဒၚလာ ၃ ဒသမ ၈ သန္း ဝယ္ယူခဲ့သည္။ စုစုေပါင္း ေဒၚလာ ၃၁ သန္းရွိသည္။

ဇြန္လအတြင္း တစ္ေဒၚလာ က်ပ္ ၁,၄၁၀ အထိ ေဈးျမင့္တက္ ၿပီးေနာက္ ဇြန္လလယ္ကစ၍ ေဒၚလာတန္ဖိုး တျဖည္းျဖည္း ျပန္လည္ က်ဆင္းလာျခင္းျဖစ္ သည္။

ျပည္ပမွတင္သြင္းရေသာ လူသုံးကုန္ပစၥည္းမ်ားကို ႏိုင္ငံသားမ်ား၏ ဝယ္လိုအားမ်ားစြာက်ဆင္းမႈက ေဒၚလာတန္ဖိုးက်ဆင္းေစသည့္ အေၾကာင္းရင္းတစ္ခုျဖစ္သည္။

ျပည္ပသြင္းကုန္အတြက္ ေဒၚလာသုံးစြဲမႈ ေလ်ာ့နည္းခ်ိန္တြင္ ပို႔ကုန္က႑မွ ႏိုင္ငံျခားေငြ အဝင္မ်ားျခင္းကလည္း ေဒၚလာတန္ဖိုးကို အားေပ်ာ့ေစသည္ဟု လုပ္ငန္းရွင္မ်ားက ဆိုသည္။

လက္ရွိ ျပည္တြင္းေငြေၾကး ေဈးကြက္တြင္ ေဒၚလာတန္ဖိုးက အက်ဘက္တြင္ရွိေနေသာ္လည္း လာမည့္လမ်ားတြင္ မိုးမ်ားၿပီး ျပည္ပပို႔ကုန္တင္ပို႔မႈ ေလ်ာ့နည္းလွ်င္ ေဒၚလာတန္ဖိုး ျပန္လည္ ျမင့္တက္ႏိုင္သည္ဟု စီးပြားေရး လုပ္ငန္း ရွင္အခ်ိဳ႕က ေျပာသည္။

ျပည္တြင္း ေဈးကြက္တြင္ ေဒၚလာတန္ဖိုး က်ဆင္းေနျခင္း ေၾကာင့္ ဝယ္ယူလိုသူနည္းေနၿပီး အေရာင္းအဝယ္ေအးေနသည္ဟု ျပင္ပေငြလဲလုပ္ငန္း လုပ္ကိုင္သူတစ္ဦးက ေျပာသည္။ ေဒၚလာတန္ဖိုးက်ဆင္းမႈက ပို႔ကုန္လုပ္ငန္းမ်ားအတြက္ လုပ္ကိုင္ရခက္သည့္အေျခအေနျဖစ္ေနေၾကာင္း ဘုရင့္ေနာင္ဆန္ကုန္စည္ဒိုင္ အတြင္းေရးမႉး ဦးသန္းဦး ကေျပာသည္။

ေဒၚလာတန္ဖိုးက်ဆင္းမႈ ေၾကာင့္ ဆန္၊ ပဲမ်ိဳးစုံ အပါအဝင္ ျပည္ပပို႔ကုန္ လုပ္ငန္းရွင္မ်ား အက်ိဳးအျမတ္ ထိခိုက္ဆုံးရႈံးမႈ မ်ားရွိေနသကဲ့သို႔ ျပည္တြင္းဝယ္ အားက်ေနသျဖင့္ သြင္းကုန္လုပ္ငန္းရွင္မ်ားတြင္လည္း အက်ိဳးအျမတ္နည္းေၾကာင္း စီးပြားေရး လုပ္ငန္းရွင္အခ်ိဳ႕ကေျပာသည္။

‌ၿပီးခဲ့သည့္ မတ္လတြင္လည္း အေမရိကန္ေဒၚလာတန္ဖိုးက တစ္ေဒၚလာလွ်င္ က်ပ္ ၁,၃၃၀ ဝန္းက်င္အထိ ေဈးက်ဆင္းမႈႀကဳံခဲ့ရသည္။ ရက္ပိုင္းအတြင္း က်ဆင္းၿပီးေနာက္ က်ပ္ ၁,၄၂၀ ဝန္းက်င္သို႔ ျပန္လည္ျမင့္တက္ခဲ့သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service