ဗြိတိန်တွင် ကိုယ်ပိုင်လုပ်ငန်းပါဝင်သည့် နေအိမ်များ အရောင်းဈေးကွက်ဝင်လာရာ တစ်ပတ်လျှင် ပေါင် ၁၂၀၀ (မြန်မာငွေ သိန်း ၂၀ ) ဝင်ငွေရှိသည့် နေအိမ်လည်း ပါဝင်

ဗြိတိန်တွင် ကိုယ်ပိုင်လုပ်ငန်းပါဝင်သည့် နေအိမ်များ အရောင်းဈေးကွက်ဝင်လာရာ တစ်ပတ်လျှင် ပေါင် ၁၂၀၀ (မြန်မာငွေ သိန်း ၂၀ ) ဝင်ငွေရှိသည့် နေအိမ်လည်း ပါဝင် - Property News in Myanmar from iMyanmarHouse.com
2 Jul 2020 12:16 pm တွင် တင်ခဲ့သည်
760 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ်ကာလ lockdown ချမှတ်မှုများကြောင့် မြို့ပြကို ကျောခိုင်းကာ ကျေးလက်တွင် နေအိမ်တစ်လုံး ပိုင်ဆိုင်ရေးသည် အချို့သူများအတွက် ကြီးမားသော ဦးစားပေးအကြောင်းရပ် ဖြစ်လာနေသည်။

စိမ်းလန်းသော နေရာများသို့ မသွားရဘဲ အိမ်တွင်းတွင်သာ ရက်သတ္တပေါင်းများစွာ ကုန်ဆုံးနေရသူများအတွက် ၎င်းတို့၏ ဘဝနေထိုင်မှုကို အပြောင်းအလဲများ ပြုလုပ်လာဖွယ်ရာရှိသည်။

စိမ်းလန်းသော မြင်ကွင်းများကို တွေ့မြင်လိုသည့်အပြင် အလုပ်ရှိရာသို့ ဝေးကွာစွာမသွားလာလိုပါက လုပ်ငန်းတစ်ခု ပါဝင်ပြီးဖြစ်သော ကျေးလက်နေအိမ်များကို ဝယ်ယူနိုင်ပါသည်။

နေအိမ်ခြံဝန်းအတွင်း စီးပွားရေးလုပ်ငန်းတစ်ခု ပါဝင်ပြီးသား နေအိမ်တစ်လုံးကို ဝယ်ယူလိုက်ခြင်းမှာ ဘဝလမ်းကြောင်းသစ်တစ်ခု ဖြစ်လာနိုင်ပြီး ကွဲပြားသော ဝင်ငွေလမ်းကြောင်းတစ်ခု ရှိလာမည် ဖြစ်သည်။

သို့သော် မိမိအတွက် မှန်ကန်သည့်အရာတစ်ခုကို ရှာဖွေရသည်မှာ မလွယ်ကူချေ။

သင့်အနေဖြင့် အဘက်ဘက်မှ ဆင်ခြင်သုံးသပ်မှုများ ပြုလုပ်ပြီး ဝင်ငွေကောင်းစွာရမည့်အရာမျိုးကို ရွေးချယ်နိုင်ရန် လိုအပ်သည်။

သင့်အနေဖြင့် ခေါ်ဈေး၏ ပမာဏမည်မျှက လုပ်ငန်းအတွက် ဖြစ်သည်၊ လုပ်ငန်း၏အလားအလာ မည်သို့ရှိသည်ဟူခြင်းနှင့် နေအိမ်အတွက် ကျသင့်မည့်ဈေးတို့ကို တွက်ချက်ရန်လည်း လိုအပ်သည်။

အချို့နေအိမ်များမှာမူ ဝယ်လက်အများစုအတွက် များစွာဈေးကြီးနေမည်ဖြစ်သည်။

သာဓကအားဖြင့် ဆပ်ဆက်စ်ပြည်နယ်ရှိ စပျစ်ခင်းနှင့်အိပ်ခန်း ၅ ခန်းပါနေအိမ်ကို ပေါင် ၆ ဒသမ ၇၅ သန်း ဈေးခေါ်ထားသော အိမ်မျိုး ဖြစ်သည်။

ဈေးကွက်ဝင်လာသည့် နေအိမ်များမှ စီးပွားရေးလုပ်ငန်းအားလုံးသည် အိမ်ခြံမြေဈေးကွက်တင်ရာတွင် ၎င်းတို့၏ ဘဏ္ဍာရေးလည်ပတ်မှု အခြေအနေများကို ချပြမည်မဟုတ်သော်လည်း အချို့သောလုပ်ငန်းများကမူ ၎င်းတို့၏ အောင်မြင်မှုများကို ထုတ်ဖော်ရန် ဆန္ဒရှိကြသည်။

ထိုသို့သော လုပ်ငန်းမျိုးအနက် အနောက်ယော့ခ်ရှိုင်းယားပြည်နယ်တွင် ခြံအကျယ်အဝန်း ၃ ဒသမ ၆၅ ဧကရှိပြီး အိပ်ခန်း ၂ ခန်းပါနေအိမ်ပါကာ ပန်းဥယျာဉ်နှင့် ပျိုးခြံလုပ်ငန်းလည်း ပါဝင်သည်။

အဆိုပါ ပျိုးခြံပါ နေအိမ်သည် ဈေးနှုန်း ပေါင် ၄၀၀၀၀၀ ဈေးခေါ်ထားပြီး တန်ဖိုးအားဖြင့် ပေါင် ၃၅၀၀၀ တန်ဖိုးရှိ ပန်းပင်များလည်း ပါဝင်သည်။

ဈေးကွက်တင်ပေးသည့် အကျိုးဆောင် အားနက်စ် ဝီလ်ဆင်ကမူ ပျိုးခြံလုပ်ငန်း၏ အမြတ်အစွန်းကို ထုတ်ဖော်ပြောကြားခြင်း မရှိချေ။

“အပတ်စဉ် ဝင်ငွေ ပေါင် ၁၂၀၀ လောက်ရှိပါတယ်။ ၁၀၀ ရာခိုင်နှုန်း လက်လီလုပ်ငန်းဖြစ်ပြီး အမြတ်အစွန်းများပြားတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ”

စစ်တမ်းများက ညွှန်ပြနေသည်မှာ ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းနှင့် lockdown ချမှတ်မှုများကြောင့် နေအိမ်ဝယ်လက်တို့၏ အကြိုက်မှာ ပြောင်းလဲသွားပြီး မြို့ပြင်နေရာများကို ပိုမိုနှစ်သက်လာကြကြောင်း တွေ့ရသည်။

ထိုသို့ ရွေးချယ်ရာတွင် နေအိမ်နှင့်အတူ အခြားမက်မောဖွယ်တစ်ခု ပါဝင်မည်ဆိုပါက အတိုင်းထက်အလွန်ဖြစ်မည်ဖြစ်ရာ သာဓကအားဖြင့် ဆပ်ဖော့ခ်ခရိုင်၊ Sicklesmere ရှိ မြင်းမွေးမြူရေးပါဝင်သော ပေါင် ၁ ဒသမ ၃၅ သန်းတန် နေအိမ်မျိုး ဖြစ်သည်။

အိမ်ခြံမြေဝက်ဘ်ဆိုက် Zoopla မှ တွမ် ပါကားက ပြောကြားရာတွင် “အိမ်ရှင်တွေနဲ့ အိမ်ငှားတွေဟာ သူတို့ရဲ့ အလုပ်-ဘဝ မျှချေကို ပြန်လည်တွက်ဆလာကြနေပြီဆိုတာ သံသယဖြစ်ဖွယ် မရှိပါဘူး။ ရက်သတ္တ ၁၀ ပတ်လောက် lockdown ချထားပြီး အလုပ်ကို နေအိမ်က လုပ်ကိုင်ရတာတွေကြောင့် အများစုဟာ သူတို့နေထိုင်နေတဲ့ နေအိမ်တွေ သင့်လျော်မှု ရှိ၊ မရှိ စဉ်းစားလာကြပြီး အိမ်ပြောင်းရွှေ့ဖို့ လုပ်လာတာ များပြားလာပါတယ်။ စီးပွားရေး အခင်းအကျင်းတွေ ပြောင်းလဲလာတာကြောင့် လူတွေဟာ အသက်မွေး ဝမ်းကြောင်း အပြောင်းအလဲလုပ်ဖို့လည်း စဉ်းစားလာကြတယ်။ ဒါကြောင့် ဘဝအပြောင်းအလဲ ရှာဖွေနေသူတွေအတွက် စီးပွားရေးလုပ်ငန်းပါဝင်ပြီးသား နေအိမ်တွေဟာ ပထမဦးစားပေးရွေးချယ်ရမယ့်စာရင်းမှာ ပါဝင်လာပါတယ်” ဟု ပြောကြားသည်။

ဆာရေးခရိုင်တွင်ဆိုလျှင် အိပ်ခန်း ၄ ခန်းပါ ဘန်ဂလိုအိမ်တစ်လုံးကို ပေါင် ၉၉၅၀၀၀ ဖြင့် ဈေးခေါ်ရောင်းချထားရာ ခွေးသားဖောက် မွေးမြူရေး ဂေဟာလည်း ပါဝင်သည်။

အခြားသော အိမ်ခြံမြေများအနေဖြင့် ညအိပ်တည်းခိုခြင်းနှင့် နံနက်စာဝန်ဆောင်မှုများပေးသည့် (B&B )နေအိမ် ၂ လုံးဖြစ်ပြီး တစ်လုံးမှာ စကော့တလန်နိုင်ငံမှ Fort William အမည်ရှိ ရဲတိုက်အသွင် အဆောက်အအုံဖြစ်ပြီး ပေါင် ၄၉၅၀၀၀ ဈေးခေါ်ထားကာ အခြားတစ်ခုမှာ ဘရစ္စတိုးမြို့တွင်ဖြစ်ပြီး ပေါင် ၉၄၉၉၅၀ ဈေးခေါ်ထားသည်။

ဘရစ္စတိုးမြို့မှ B&B မှာ တစ်နှစ်လျှင် အမြတ်ငွေ ပေါင် ၄၆၀၀၀ ခန့် ရှိသည်ဟု ဆိုသည်။

ထို့အပြင် ကွန်းဝေါလ်ခရိုင်၊ Truro မြို့အနီး အားလပ်ရက် အပန်းဖြေခရီးထွက်သူများအတွက် အငှားချထားနိုင်သည့် အခန်းများ ပါဝင်သော နေအိမ်တစ်လုံးရှိပြီး ပေါင် ၁ ဒသမ ၄၅ သန်း ဈေးခေါ်ထားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Seven homes for sale with their own businesses, including one earning £1,200 a week (Daily Mail)

[Zawgyi]

ျဗိတိန္တြင္ ကိုယ္ပိုင္လုပ္ငန္းပါဝင္သည့္ ေနအိမ္မ်ား အေရာင္းေစ်းကြက္ဝင္လာရာ တစ္ပတ္လွ်င္ ေပါင္ ၁၂၀၀ (ျမန္မာေငြ သိန္း ၂၀ ) ဝင္ေငြရွိသည့္ ေနအိမ္လည္း ပါဝင္

ကိုရိုနာဗိုင္းရပ္စ္ကာလ lockdown ခ်မွတ္မႈမ်ားေၾကာင့္ ျမိဳ ႔ျပကို ေက်ာခိုင္းကာ ေက်းလက္တြင္ ေနအိမ္တစ္လံုး ပိုင္ဆိုင္ေရးသည္ အခ်ဳိ ႔သူမ်ားအတြက္ ၾကီးမားေသာ ဦးစားေပးအေၾကာင္းရပ္ ျဖစ္လာေနသည္။

စိမ္းလန္းေသာ ေနရာမ်ားသို႔ မသြားရဘဲ အိမ္တြင္းတြင္သာ ရက္သတၱေပါင္းမ်ားစြာ ကုန္ဆံုးေနရသူမ်ားအတြက္ ၎တို႔၏ ဘဝေနထုိင္မႈကို အေျပာင္းအလဲမ်ား ျပဳလုပ္လာဖြယ္ရာရွိသည္။

စိမ္းလန္းေသာ ျမင္ကြင္းမ်ားကို ေတြ႔ျမင္လိုသည့္အျပင္အလုပ္ရွိရာသို႔ ေဝးကြာစြာမသြားလာလိုပါက လုပ္ငန္းတစ္ခု ပါဝင္ျပီးျဖစ္ေသာ ေက်းလက္ေနအိမ္မ်ားကို ဝယ္ယူႏိုင္ပါသည္။

ေနအိမ္ျခံဝန္းအတြင္း စီးပြားေရးလုပ္ငန္းတစ္ခုပါဝင္ျပီးသား ေနအိမ္တစ္လံုးကို ဝယ္ယူလိုက္ျခင္းမွာ ဘဝလမ္းေၾကာင္းသစ္တစ္ခု ျဖစ္လာႏိုင္ျပီး ကြဲျပားေသာ ဝင္ေငြလမ္းေၾကာင္းတစ္ခု ရွိလာမည္ ျဖစ္သည္။

သို႔ေသာ္ မိမိအတြက္ မွန္ကန္သည့္အရာတစ္ခုကို ရွာေဖြရသည္မွာ မလြယ္ကူေခ်။

သင့္အေနျဖင့္ အဘက္ဘက္မွ ဆင္ျခင္သံုးသပ္မႈမ်ား ျပဳလုပ္ျပီး ဝင္ေငြေကာင္းစြာရမည့္အရာမ်ဳိးကို ေရြးခ်ယ္ႏိုင္ရန္ လိုအပ္သည္။

သင့္အေနျဖင့္ ေခၚေစ်း၏ ပမာဏမည္မွ်က လုပ္ငန္းအတြက္ ျဖစ္သည္၊ လုပ္ငန္း၏အလားအလာ မည္သို႔ရွိသည္ဟူျခင္းႏွင့္ ေနအိမ္အတြက္က်သင့္မည့္ေစ်းတို႔ကို တြက္ခ်က္ရန္လည္း လိုအပ္သည္။

အခ်ဳိ ႔ေနအိမ္မ်ားမွာမူ ဝယ္လက္အမ်ားစုအတြက္မ်ားစြာေစ်းၾကီးေနမည္ျဖစ္သည္။

သာဓကအားျဖင့္ ဆပ္ဆက္စ္ျပည္နယ္ရွိ စပ်စ္ခင္းႏွင့္အိပ္ခန္း ၅ ခန္းပါေနအိမ္ကို ေပါင္ ၆ ဒသမ ၇၅ သန္း ေစ်းေခၚထားေသာ အိမ္မ်ဳိး ျဖစ္သည္။

ေစ်းကြက္ဝင္လာသည့္ ေနအိမ္မ်ားမွ စီးပြားေရးလုပ္ငန္းအားလံုးသည္ အိမ္ျခံေျမေစ်းကြက္တင္ရာတြင္ ၎တို႔၏ ဘ႑ာေရးလည္ပတ္မႈ အေျခအေနမ်ားကိုခ်ျပမည္မဟုတ္ေသာ္လည္း အခ်ဳိ႕ေသာလုပ္ငန္းမ်ားကမူ ၎တို႔၏ ေအာင္ျမင္မႈမ်ားကိုထုတ္ေဖာ္ရန္ ဆႏၵရွိၾကသည္။

ထိုသို႔ေသာ လုပ္ငန္းမ်ဳိးအနက္ အေနာက္ေယာ့ခ္ရႈိင္းယားျပည္နယ္တြင္ ျခံအက်ယ္အဝန္း ၃ ဒသမ ၆၅ ဧကရွိျပီး အိပ္ခန္း ၂ ခန္းပါေနအိမ္ပါကာ ပန္းဥယ်ာဥ္ႏွင့္ ပ်ဳိးျခံလုပ္ငန္းလည္း ပါဝင္သည္။

အဆိုပါ ပ်ဳိးျခံပါ ေနအိမ္သည္ ေစ်းႏႈန္း ေပါင္ ၄၀၀၀၀၀ ေစ်းေခၚထားျပီး တန္ဖုိးအားျဖင့္ ေပါင္ ၃၅၀၀၀ တန္ဖိုးရွိ ပန္းပင္မ်ားလည္း ပါဝင္သည္။

ေစ်းကြက္တင္ေပးသည့္ အက်ဳိးေဆာင္ အားနက္စ္ ဝီလ္ဆင္ကမူ ပ်ဳိးျခံလုပ္ငန္း၏ အျမတ္အစြန္းကို ထုတ္ေဖာ္ေျပာၾကားျခင္း မရွိေခ်။

“အပတ္စဥ္ ဝင္ေငြ ေပါင္ ၁၂၀၀ ေလာက္ရွိပါတယ္။ ၁၀၀ ရာခိုင္ႏႈန္း လက္လီလုပ္ငန္းျဖစ္ျပီး အျမတ္အစြန္းမ်ားျပားတဲ့ လုပ္ငန္းျဖစ္ပါတယ္။ ”

စစ္တမ္းမ်ားက ညႊန္ျပေနသည္မွာ ကိုရိုနာဗိုင္းရပ္စ္အက်ပ္အတည္းႏွင့္ lockdown ခ်မွတ္မႈမ်ားေၾကာင့္ ေနအိမ္ဝယ္လက္တို႔၏ အၾကိဳက္မွာ ေျပာင္းလဲသြားျပီး ျမိဳ ႔ျပင္ေနရာမ်ားကို ပိုမိုႏွစ္သက္လာၾကေၾကာင္း ေတြ႔ရသည္။

ထိုသို႔ ေရြးခ်ယ္ရာတြင္ ေနအိမ္ႏွင့္အတူ အျခားမက္ေမာဖြယ္တစ္ခု ပါဝင္မည္ဆိုပါက အတိုင္းထက္အလြန္ျဖစ္မည္ျဖစ္ရာ သာဓကအားျဖင့္ ဆပ္ေဖာ့ခ္ခရိုင္၊ Sicklesmere ရွိ ျမင္းေမြးျမဴေရးပါဝင္ေသာ ေပါင္ ၁ ဒသမ ၃၅ သန္းတန္ ေနအိမ္မ်ဳိး ျဖစ္သည္။

အိမ္ျခံေျမဝက္ဘ္ဆိုက္ Zoopla မွ တြမ္ ပါကားက ေျပာၾကားရာတြင္ “အိမ္ရွင္ေတြနဲ႔ အိမ္ငွားေတြဟာ သူတို႔ရဲ ႔ အလုပ္-ဘဝ မွ်ေခ်ကို ျပန္လည္တြက္ဆလာၾကေနျပီဆိုတာ သံသယျဖစ္ဖြယ္ မရွိပါဘူး။ ရက္သတၱ ၁၀ ပတ္ေလာက္ lockdown ခ်ထားျပီး အလုပ္ကို ေနအိမ္က လုပ္ကိုင္ရတာေတြေၾကာင့္ အမ်ားစုဟာ သူတို႔ေနထိုင္ေနတဲ့ ေနအိမ္ေတြ သင့္ေလ်ာ္မႈ ရွိ၊ မရွိ စဥ္းစားလာၾကျပီး အိမ္ေျပာင္းေရႊ ႔ဖို႔ လုပ္လာတာ မ်ားျပားလာပါတယ္။ စီးပြားေရး အခင္းအက်င္းေတြ ေျပာင္းလဲလာတာေၾကာင့္ လူေတြဟာ အသက္ေမြး ဝမ္းေၾကာင္း အေျပာင္းအလဲလုပ္ဖို႔လည္း စဥ္းစားလာၾကတယ္။ ဒါေၾကာင့္ ဘဝအေျပာင္းအလဲ ရွာေဖြေနသူေတြအတြက္ စီးပြားေရးလုပ္ငန္းပါဝင္ျပီးသား ေနအိမ္ေတြဟာ ပထမဦးစားေပးေရြးခ်ယ္ရမယ့္စာရင္းမွာ ပါဝင္လာပါတယ္” ဟု ေျပာၾကားသည္။

ဆာေရးခရိုင္တြင္ဆိုလွ်င္ အိပ္ခန္း ၄ ခန္းပါ ဘန္ဂလိုအိမ္တစ္လံုးကို ေပါင္ ၉၉၅၀၀၀ ျဖင့္ ေစ်းေခၚေရာင္းခ်ထားရာ ေခြးသားေဖာက္ ေမြးျမဴေရး ေဂဟာလည္း ပါဝင္သည္။

အျခားေသာ အိမ္ျခံေျမမ်ားအေနျဖင့္ ညအိပ္တည္းခိုျခင္းႏွင့္ နံနက္စာဝန္ေဆာင္မႈမ်ားေပးသည့္ (B&B )ေနအိမ္ ၂ လံုးျဖစ္ျပီး တစ္လံုးမွာ စေကာ့တလန္ႏိုင္ငံမွ Fort William အမည္ရွိ ရဲတိုက္အသြင္ အေဆာက္အအံုျဖစ္ျပီး ေပါင္ ၄၉၅၀၀၀ ေစ်းေခၚထားကာ အျခားတစ္ခုမွာ ဘရစၥတိုးျမိဳ ႔တြင္ျဖစ္ျပီး ေပါင္ ၉၄၉၉၅၀ ေစ်းေခၚထားသည္။

ဘရစၥတိုးျမိဳ ႔မွ B&B မွာ တစ္ႏွစ္လွ်င္ အျမတ္ေငြ ေပါင္ ၄၆၀၀၀ ခန္႔ ရွိသည္ဟု ဆိုသည္။

ထို႔အျပင္ ကြန္းေဝါလ္ခရိုင္၊ Truro ျမိဳ ႔အနီး အားလပ္ရက္ အပန္းေျဖခရီးထြက္သူမ်ားအတြက္ အငွားခ်ထားႏိုင္သည့္ အခန္းမ်ား ပါဝင္ေသာ ေနအိမ္တစ္လံုးရွိျပီး ေပါင္ ၁ ဒသမ ၄၅ သန္း ေစ်းေခၚထားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Seven homes for sale with their own businesses, including one earning £1,200 a week (Daily Mail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service