ဝါလ်ပေပါများ၏သဘာဝနှင့်အလှဆင်ခြင်းအနုပညာ
ဝါလ်ပေပါများ၏သဘာဝနှင့်အလှဆင်ခြင်းအနုပညာ - Property Knowledge in Myanmar from iMyanmarHouse.com
30 Jun 2020 3:07 pm တွင် တင်ခဲ့သည်
1124 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
ဥရောပနိုင်ငံများ၌အိမ်အလှဆင်ရာနေရာတွင် ပထမဆုံးတီထွင်အသုံးပြုခဲ့သော ဝေါလ်ပေပါခေါ် နံရံ ကပ်စက္ကူအမျိုးအစားသည် အိမ်အလှဆင်ပစ္စည်းတစ်ခုအဖြစ်ဈေးကွက်၌ပေါ်ပေါက်ခဲ့သည်မှာ နှစ်အတော်ကြာ ပြီ ဖြစ်သည်။ ထိုစဉ်ကအိမ်အလှဆင်ရာတွင် အိမ်အတွင်းပိုင်း၌ အဖြစ်များသော ပြဿနာများမှကင်းဝေးစေရန်၊ ထို့ပြင်ဈေးနှုန်းသက်သာစွာအသုံးပြုအလှဆင်နိုင်ရန် ရည်ရွယ်စီစဉ်လာရာမှ နောက်ပိုင်းစက္ကူလိပ်များဖြင့် ပန်း ပြောက်၊ ပန်းပွင့်၊ အစင်း၊ အကွက်၊ ပြောင်၊ ကြောင်ခြစ်၊ အကြား၊ အရောင်အနုအရင့်စသဖြင် ဈေးကွက်ဝင် တွင် ကျယ်လာကြောင်း မှတ်သားရဖူးသည်။
ပထမဆုံးပေါ်ပေါက်ခဲ့သော ဝေါ်လ်ပေပါများသည် သဘာဝရူခင်းပုံများ၊ ကတ္တီပါသားကဲ့သို့ ညိုသော မောင်းသောအရောင်များ ဖြြစ်ကပြီး ကိုလိုနီခေတ်ကာလများအတွင်း အမေရိကန် လူချမ်းသာများ အိမ်တွင် တွေ့ရတတ်သည်။ နောက်မကြာသေးမီနှစ်များအတွင်းရောက်မှသာ အဆင်စုံ၊ အရောင်စုံဒီဇိုင်းများဖြင့် နေရာတော်တော်များများတွင် ပုံသဏ္ဍာန်ဘက်တွင် သာမက၊ အသုံးပြုမှုအပိုင်းတွင် ရောတွင်တွင်ကျယ်ကျယ် သုံးစွဲလာကြသည်။ ထူးထူးဆန်းဆန်း အသုံးပြုချင်သော အိမ်ရှင်များအနေဖြင့် နေရာစုံစုံတွင် အမြင်ကောင်းရန် ဟိတ်ဟန်ထုတ် သုံးစွဲလာကြသည်။
ဝေါလ်ပေပါကို သူ့နေရာနှင့်သူ စနစ်တကျ နေရာမှန်ဒီဇိုင်းမှန် အသုံးပြုခြင်းဖြင့် လတ်ဆတ်သော မြင်ကွင်းကို ရရှိစေ၏။ ညစ်ထေးသောနံရံကို တောက်ပစေ၏။ ထို့ပြင် ငေးမောမှင်သက်မှုကို ဖြစ်စေပြီး စိတ်ဘဝင်ကိုကြည်နူး ချမ်းမြေ့စေသည်။
ယခုအခါဝေါလ် ပေပါဒီဇိုင်းများသည်လည်း အဆင်စုံ၊ အရောင်စုံမရေတွက်နိုင်အောင်ပင် များပြားစွာ ပေါ်ပေါက်လာနေပြီ ဖြစ်သည်။ ဈေးနှုန်းအားဖြင့်လည်း ဝယ်ယူလိုသည့် အတိုင်းအတာပမာဏနှင့် အသုံးပြုကုန်ကြမ်းပစ္စ္စည်းမူတည်၍ အစားစားရှိ၏၊
ဗီနိုင်း
အသားကောင်းကောင်း ဗီနိုင်းဝေါလ်ပေပါ အမျိုးအစားများသည်ရေလုံပြီး၊ အစိုခံအကြမ်းခံသည်။ ဝေါလ်ပေပါအမျိုးအစားများအနက် စိုထိုင်းဆခံနိုင်ရည်ရှိမှုနှင့် အထိအခိုက်ခံနိုင်ရည်ရှိသဖြင့် ခန်းမကျယ်များ၊ ရေချိုးခန်း၊ မီးဖိုဆောင်၊ ကစားခန်းငယ်များအတွက် အသင့်တော်ဆုံးဟုဆိုသည်။
ဗီနိုင်းအလွှာပါရှိသောဝေါလ်ပေပါ
လူကြိုက်များသောဝေါလ်ပေပါဖြစ်သည်။ စက္ကူသားပေါ်တွင် ပေါင်းစပ်ပါဝင် သော ဗီနိုင်းအလွှာကြောင့် သန့်ရှင်းရလွယ်ကူပြီးတာရှည်ခံသည်။ ဗီနိုင်းဝေါလ်ပေပါနှင့် မတူညီ သောအချက်က အလွယ်တကူပြန်လည်ခွာယူနိုင်ခြင်းပင်ဖြစ်သည်။
စက္ကူသားဝေါလ်ပေပါ
အပေါ်ယံတွင် မည်သည့်အလွှာမှတစ်ထပ်ပါဝင်ခြင်းမရှိသည့်အတွက် နောက်ပိုင်း အသုံးပြုမတွင်ကျယ်တော့ပါ။ သူ၏အားသာချက်မှာ ရိုးရိုးကော်အမျိုးအစားနှင့် ကပ်လို့ရခြင်းဖြစ်သည်။ သို့သော် အပေါ်ယံတင်းခံပေးနိုင်မည့်အလွှာတစ်ထပ်မျိုးမပါဝင်တာကြောင့် စိုထိုင်းဆကိုလက်မခံခြင်း၊ အလွယ်တကူစုတ် ပြဲနိုင်ခြင်း၊ ပြန်လည်ခွာယူရခက်ခြင်းတို့ကြောင့် လူကြိုက်နည်းပါး၏။
ပင်ထောင်အဆင်ဝေါလ်ပေပါများ
အများအားဖြင့် ဗီနိုင်းနှင့်စက္ကူသားများအပေါ်တွင် အဆင်ဒီဇိုင်းများကို ရိုက်နှိပ်အသုံးပြုလေ့ရှိကြသည်။ စိတ်ဝင်စားဖွယ်ကောင်းသည်က တော်ရုံတန်ရုံထိခိုက်ပွန်းပဲ့မှုများနှင့် မတော်တ ဆစွန်းထင်းမှုများရှိလျှင်ပင် အဆင်၏အရောင်လိုင်းကွက်များကြောင့် လုံးဝမသိသာလှပါ။ ယင်းဝေါလ်ပေပါများ ပေါ်တွင် မည်သည့်ဒီဇိုင်းမျှမပါဝင်ဘဲ အဲဒီပေါ်မှာတင်ဆေးထပ်သုတ်ခြင်းမျိုးလည်းရှိ၏။
ပင်ထောင်ဒီဇိုင်း ဝေါလ်ပေပါများသည် ပျက်စီးနေသောမျက်နှာကျက်များတွင်အသုံးပြုခြင်းဖြင့် အခင်းကြွေပြားများပေါ်ရောင်ပြန်ဟပ်စေနိုင်သဖြင့် ဒီဇိုင်းနာများကြိုက်နှစ်သက်ကြလေသည်။
ခပ်သေးသေးပွင့်ရိုက်ဆင်
ကတ္တီသဖွယ် အရိပ်ထနေသော အလားတူဒီဇိုင်းများတွင် အဆုပ်အဆုပ်နှင့်ခပ်သေးသေးပွင့်ရိုက်ဆင်များကိုအသုံးများကြသည်။ ထိုကဲ့သို့ ဒီဇိုင်းများမှာ အတော်ခေတ်နောက်ကျနေပြီဟု ဆိုနိုင်ပါသည်။
နဂိုထက်စာလျှင် နောက်ထပ်ထွက်လာသော ဒီဇိုင်းများမှာတော့ တစ်စထက်တစ်စခေတ်စားလာပါသည်။ အကောင်းဆုံးအသုံးပြုနိုင်သောနေရာများမှာ ထမင်းစားခန်းနှင့် အိပ်ခန်းကဲ့သို့သော အသွားအလာကျဲသောနေရာများတွင် အသုံးပြုလေ့ရှိကြပါသည်။
ချည်ထည်ဝေါလ်ပေပါ
ချည်ထည်အစားထဲတွင် အမျိုးအစားနှစ်မျိုးရှိပါသည်။ ပထမတစ်မျိုးမှာ ဗီနိုင်းလွှာပါဝင်သောအမျိုးအစားဖြစ်ပြီး လုပ်ငန်းဌာနများတွင် အများဆုံးတွေ့ရသည်။ နောက်ဒုတိယတစ်မျိုးမှာတော့ စက္ကူသားဖြစ်သဖြင့် လူနေအဆောက်အဦးများအတွင်းသုံးရပါသည်။ စက္ကူသားဝေါလ်ပေပါများကတော့ ကြည့် ကောင်းပင်ကောင်းသော်ငြားလည်း ကပ်ရခက်ခဲခြင်း၊ အကောင်းစားကော်မှ အဆင်ပြေနိုင်ခြင်းအပြင် သန့်ရှင်းရေးဆောင်ရွက်ရာတွင်လည်း အခက်အခဲများရှိနိုင်လေသည်။
မြက်ခင်းတုဝေါလ်ပေပါနှင့်ရွက်ဖျင်
သဘာဝဆန်ဆန်အလှကို ဖြစ်စေသောနာမည်ကြီးဝေါလ်ပေပါတစ်မျိုး ဖြစ်ပါသည်။ ထိုဝေါလ်ပေပါကိုတကယ့်မြက်ခင်းသဖွယ်ဖန်တီးရက်လုပ်ထားပါသည်။ အောက်ခံကို စက္ကူ။ ဖျင်သားများဖြင့်ရက်လုပ်ထားတတ်ပြီး လူသွား လူလာနည်းသောနေရာများတွင် အသုံးပြုအလှဆင်ကြပါသည်။
သတ္တုဆန်ဆန်သတ္တုရောင်ဝေါလ်ပေပါ
ပိုလီအက်စတာချည်၊ ခပ်ပါးပါးစက္ကူနှင့် သတ္တုမျှင်များကို စနစ်တကျ ပေါင်းစပ် ပြုလုပ်ထားခြင်းဖြစ်သည်။ ယင်းဝေါလ်ပေပ်သည် အခန်းငယ်လေးကိုပင် တောက်ပလင်းလက်စေနိုင်ပြီး နံရံများတွင်အသုံးပြုက ပွန်းပဲ့ဒဏ်ရာချို့ယွင်းချက်များကိုပင် ဖုံးနိုင်စွမ်းရှိပါသည်။
ဝေါလ်ပေပါများသည်နံရံကိုဆေးသုတ်ရသည်ထက်စာလျှင် အသုံးပြုရလွယ်ကူသောပစ္စည်းများဖြစ်ကြ သောကြောင့် တပ်ဆင်ပြီးနောက်ပိုင်းသန့်ရှင်းမှုပြုလုပ်ရာတွင်လည်း အင်မတန်မှအဆင်ပြေလှသည်။ ဦးစွာ ပထမ ဝေါလ်ပေပါကပ်မည့်နံရံရှိ သံပွင့်၊ သံခေါင်းများ၊ နံရံအက်ကြောင်းများကိုဖျောက်၍ ချောမွေ့သော မျက်နှာ ပြင်တစ်ခုဖြစ်အောင်ပြုလုပ်ရမည်။ ထို့နောက် မိမိကပ်မည့် ဝေါလ်ပေပါရှိ အပွင့်၊ အခက်၊ အဆင်များ၊ အကြောများကို သူ့နေရာနှင့်သူစီစဉ်စပ်ဟပ်နေရာချရပါသည်။ မိမိနေရာချပြီးသောဝေါလ်ပေပါများကို ကပ်လို သည့်နေရာများ (ဥပမာ-ပြတင်းပေါက်၊ တံခါးပေါင်၊ မျက်နှာကျက်စသည်)နှင့် ကိုက်ညီစေရန် တစ်ခါ ညှိယူပြီးကပ်ရပါမည်။ ဝေါလ်ပေပါကပ်ရာတွင်အသုံးပြုသော ကော်အမျိုးအစားမှာ ပုံးနှင့်လာလေ့ရှိပါသည်။ ဒါမှ မဟုတ် မိမိဘာသာဂျုံကိုရေနှင့်ကော်ရအောင်စပ်သုံးလျှင် လည်းဖြစ်နိုင်ပါသည်။ ကော်ကိုဝေါလ်ပေပါ၏ ကျော ဘက်တွင်သာမက နံရံတွင်ပါ သုတ်လိမ်း စွဲကပ်ရသဖြင့် တစ်ခါတည်းကပ်မိဖို့တော့လိုပါမည်။ နောက် ထပ်နောက်ထပ်ကပ်ခြင်း၊ ခွာယူခြင်း၊ နေရာပြန်တည့်ခြင်းမျိုးမဖြစ်စေရန် အထူးဂရုစိုက်ရပါသည်။ အဲဒီနောက်မှ ဝေါလ်ပေပါမှာ ရှိနေသည့် အရေးအကြောင်းများ၊ လေခိုမှုများကို သပ်ထုတ်ဖယ်ရှား၍ ကပ်ရပါသည်။
ဝေါလ်ပေပါ၏အားသာချက်မှာ ကိုယ်မကြိုက်မလို့ ငြီးငွေ့လာလျှင်လည်း အသစ်အသစ်သော ဝေါလ် ပေပါများနှင့် စိတ်ကြိုက်ပြောင်းလဲအသုံးပြုနိုင်ခြင်း၊ နံရံကို အကာအကွယ်ပေးနိုင်ခြင်းဖြစ်ပါသည်။ အကောင်း ဆုံးအချက်မှာ ဝေါလ်ပေပါများသည် ထိန်းရသိမ်းရလွယ်ကူရုံသာမက တစ်ခါကပ်ပြီးနောက်ပိုင်း အနည်းဆုံး ဆယ်နှစ်မှဆယ့်ငါးနှစ်ထိ အရည်အသွေးကျမသွားခြင်းဖြစ်သည်။ ဝေါလ်ပေပါများသည် စိတ်ကျေနပ်မှုကို အပြည့်အဝပေးစွမ်းနိုင်သောခေတ်မှီအလှဆင်ပစ္စည်းများပင်ဖြစ်ပါသည်။
Credit: mm-homedecor
[Zawgyi]
ဗီနိုင်း
စက္ကူသားဝေါလ်ပေပါ
ချည်ထည်ဝေါလ်ပေပါ
Credit: mm-homedecor
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ကမ္ဘာ့အန္တရာယ်အရှိဆုံးနေရာအဖြစ်သတ်မှတ်ခံထားရတဲ့ Namibia နိုင်ငံက ဝေလငါးသင်္ချိုင်း
ကမ္ဘာ့အန္တရာယ်အရှိဆုံးနေရာအဖြစ်သတ်မှတ်ခံထားရတဲ့ Namibia နိုင်ငံက ဝေလငါးသင်္ချိုင်း
နေပြည်တော် အိမ်ခြံမြေဈေးကွက် အရောင်း၊အဝယ်၊အငှါး မြင့်တက်နေဆဲ
နေပြည်တော် အိမ်ခြံမြေဈေးကွက် အရောင်း၊အဝယ်၊အငှါး မြင့်တက်နေဆဲ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
taunggyi-garden-city
kalaw-garden-valley
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service