ကိုယ်ပိုင်တိမ်တိုက်တစ်ခု အမြဲရှိနေတဲ့ မြောက်အတ္တလန္တိတ်သမုဒ္ဒရာထဲက ဆန်းကြယ်ကျွန်း

ကိုယ်ပိုင်တိမ်တိုက်တစ်ခု အမြဲရှိနေတဲ့ မြောက်အတ္တလန္တိတ်သမုဒ္ဒရာထဲက ဆန်းကြယ်ကျွန်း - Property News in Myanmar from iMyanmarHouse.com
29 Jun 2020 1:02 pm တွင် တင်ခဲ့သည်
1639 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ကိုယ်ပိုင်တိမ်တိုက်တစ်ခု အမြဲတည်ရှိနေသော လစ်တလာဒီမွန်အမည်ရှိ ဆန်းကြယ်သည့် ကျွန်းကလေးတစ်ခု တည်ရှိနေသည်။

တည်နေရာမှာ မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း အိုက်စလန်နှင့် နော်ဝေနိုင်ငံများအကြား ကမ်းလွန်သမုဒ္ဒရာအတွင်းရှိ ဖာရိုးကျွန်းစု များတွင် တည်ရှိသည်။

ဖာရိုးကျွန်းစုများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိထားပြီး ဒိန်းမတ်နိုင်ငံ၏ ပိုင်ဆိုင်မှုအောက်တွင် တည်ရှိသည်။

ကျောက်တောင်များ၊ မီးတောင်ကျွန်းများ ၁၈ ခုဖြင့် ဖွဲ့စည်းထားကာ ကျွန်းအချင်းချင်း ဥမင်လမ်းများ၊ ဖယ်ရီများ၊ မြေသားလမ်းများ၊ တံတားများဖြင့် ချိတ်ဆက်ထားသည်။

ကျွန်းအကျယ်အဝန်းမှာ ၁ စတုရန်းကီလိုမီတာ ( ၂၄၇ ဧက) ပင် မရှိချေ။ လစ်တလာဒီမွန်ကျွန်းကို Hvalba နှင့် Sandvík ကျေးရွာများမှ တဆင့် တွေ့မြင်နေရသည်။

တောင်တက်သမားများ၊ ငှက်ကြည့်သမားများမှာ အဆိုပါကျွန်းများပေါ်ရှိ တောင်တန်းများ၊ တောင်ကြားများနှင့် စိမ်းလန်းသော မြက်ခင်းများကို ကြည့်ရှုရန် လာရောက်လည်ပတ်လေ့ရှိကြသည်။

ဖာရိုးကျွန်းစုများမှ လစ်တလာ ဒီမွန် (Litla Dimun) အမည်ရှိ ကျွန်းကား ဖြူလွလွတိမ်အုပ်တစ်ခု အမြဲအုပ်မိုးတည်ရှိနေသော သီးခြား ကျွန်းတစ်ကျွန်း ဖြစ်၏။

ဖာရိုးကျွန်းစုများ၏ ပင်မ ကျွန်းစု ၁၈ ခုတွင် လစ်တလာ ဒီမွန်သည် အသေးငယ်ဆုံးကျွန်း ဖြစ်သည်။

ကျွန်းမှာ သေးပင်သေးငယ်သော်လည်း ကမ္ဘာ့လေထုအလွှာကို လွှမ်းမိုးနိုင်သည့် အစွမ်းရှိဟန်ရသည်။

တိမ်ခုံးတစ်ခုမှာ ကျွန်းကို ခြုံထည်ကမ္ဗလာတစ်ခုအသွင် အမြဲရစ်ပတ်လွှမ်းခြုံ ထားလေ့ရှိသည်။

ယခုကဲ့သို့ ပုံသေရှိနေတတ်သော တိမ်တိုက်များမှာ ရေခဲတောင်များ၏ထိပ်ဖျားတွင်သာ တွေ့ရတတ်သည်။

လစ်တလာဒီမွန်၏ တောင်ထိပ်ရှိ ရစ်ဆိုင်းဖုံးအုပ်နေသော တိမ်ထုသည် တခါတရံတွင် စိမ်းလန်းသော ကျွန်းမြေပြန့်ဆီအထိ ဖြန့်ကျက် ထားတတ်ကာ အေးစက်သော ပင်လယ်ရေစပ်အထိ ရောက်ရှိတတ်သည်။

ဖာရိုးကျွန်းစုများ၏ အဓိကကျွန်းများအနက် လစ်တလာဒီမွန် ကျွန်းကလေးတစ်ခုတည်းသာ လူသူနေထိုင်မှုမရှိသော ကျွန်းဖြစ်သည်။

သို့သော် ကျွန်းပေါ်သို့ လာရောက် လည်ပတ်မှုများ ရှိသည်။

လစ်တလာဒီမွန်ကို BirdLife International အဖွဲ့က အရေးကြီးသည့် ငှက်များရှိရာနေရာအဖြစ် သတ်မှတ်ထားသည်။ အဘယ်ကြောင့် ဆိုလျှင် လစ်တလာဒီမွန်သည် ပင်လယ်ငှက်များ အထူးသဖြင့် European storm petrels ငှက်မျိုး (ဖိုမ အစုံ ၅၀၀၀ ) နှင့် Atlantic puffins (ဖိုမအတွဲ ၁၀၀၀၀) တို့၏ သားပေါက်ရာနေရာဖြစ်နေခြင်းကြောင့် ဖြစ်သည်။ လစ်တလာဒီမွန်တွင် သိုးအပြင် အခြား ကုန်းနေတိရ စ္ဆာန် မရှိချေ။

ရာစုနှစ်ပေါင်းများစွာကာလအတွင်း ဖာရိုးကျွန်းမှ လယ်သမားတို့သည် လစ်တလာဒီမွန် ကျွန်းပေါ်ရှိ သိုးများကို ထိန်းကျောင်း၊ စောင့်ရှောက်ရန် လာရောက်လေ့ရှိကြသည်။

၁၉ ရာစုအလယ်ပိုင်းအထိ လစ်တလာဒီမွန်၏ စိမ်းလန်းသောမြက်ခင်းတို့တွင် သိုးများ မင်းမူခဲ့ကြသည်။

အဆိုပါ အမြီးတို သိုးမည်းတို့သည် အဆိုပါဒေသသို့ ကျောက်ခေတ်ကတည်းက ရောက်ရှိလာခဲ့ကြသည်ဟု ယုံကြည်ရသည်။

သို့သော် အဆိုပါရှားပါးသိုးမျိုးများ၏ နောက်ဆုံးမျိုးဆက်တို့ကို ၁၈၀၀ ပြည့်လွန်ကာလများအတွင်း သတ်ဖြတ်ခြင်းခံရပြီးနောက် လစ်တလာဒီမွန်သည် ပြည်တွင်း ဖာရိုးသိုးတို့ ကျက်စားရာ ဖြစ်လာသည်။

ဆောင်းတွင်းကာလရောက်တိုင်း လယ်သမားတို့သည် လစ်တလာဒီမွန်သို့ သွားရောက်ကြ၏။

ယင်းနောက် ကျွန်း၏ ချောက်ကမ်းပါး နံရံများကို တွယ်တက်ကာ သိုးများကို စုရုံးခေါ်ဆောင်ပြီး ကျွန်းမကြီးရှိရာသို့ ပြန်လည်ခေါ်ဆောင် လေ့ရှိကြသည်။

လစ်တလာဒီမွန်သို့ သွားရောက်လည်ပတ်နိုင်မည့် ရာသီဥတုအခြေအနေမျိုး ကြုံကြိုက်နိုင်ရန် ခက်ခဲသော်လည်း သွားရောက်လည်ပတ် နိုင်ရန် ဖြစ်နိုင်ချေရှိပါသည်။

ချောက်ကမ်းပါးများကို တွယ်တက်ရန်အတွက်မူ လယ်သမားများ ထားရစ်ခဲ့သည့် ကြိုးများမှတဆင့် တွယ်တက်နိုင်မည် ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: LÍTLA DÍMUN (wikipedia, atlasobscura)

 

[Zawgyi]

ကိုယ္ပိုင္တိမ္တိုက္တစ္ခု အၿမဲရွိေနတဲ့ ေျမာက္အတၱလႏၲိတ္သမုဒၵရာထဲက ဆန္းၾကယ္ကြၽန္း

ေျမာက္အတၱလႏၲိတ္သမုဒၵရာအတြင္း ကိုယ္ပိုင္တိမ္တိုက္တစ္ခု အၿမဲတည္ရွိေနေသာ လစ္တလာဒီမြန္အမည္ရွိ ဆန္းၾကယ္သည့္ ကြၽန္းကေလးတစ္ခု တည္ရွိေနသည္။

တည္ေနရာမွာ ေျမာက္အတၱလႏၲိတ္သမုဒၵရာအတြင္း အိုက္စလန္ႏွင့္ ေနာ္ေဝႏိုင္ငံမ်ားအၾကား ကမ္းလြန္သမုဒၵရာအတြင္းရွိ ဖာ႐ိုးကြၽန္းစု မ်ားတြင္ တည္ရွိသည္။

ဖာ႐ိုးကြၽန္းစုမ်ားသည္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရရွိထားၿပီး ဒိန္းမတ္ႏိုင္ငံ၏ ပိုင္ဆိုင္မႈေအာက္တြင္ တည္ရွိသည္။

ေက်ာက္ေတာင္မ်ား၊ မီးေတာင္ကြၽန္းမ်ား ၁၈ ခုျဖင့္ ဖြဲ႕စည္းထားကာ ကြၽန္းအခ်င္းခ်င္း ဥမင္လမ္းမ်ား၊ ဖယ္ရီမ်ား၊ ေျမသားလမ္းမ်ား၊ တံတားမ်ားျဖင့္ ခ်ိတ္ဆက္ထားသည္။

ကြၽန္းအက်ယ္အဝန္းမွာ ၁ စတုရန္းကီလိုမီတာ ( ၂၄၇ ဧက) ပင္ မရွိေခ်။ လစ္တလာဒီမြန္ကြၽန္းကို Hvalba ႏွင့္ Sandvík ေက်း႐ြာမ်ားမွ တဆင့္ ေတြ႕ျမင္ေနရသည္။

ေတာင္တက္သမားမ်ား၊ ငွက္ၾကည့္သမားမ်ားမွာ အဆိုပါကြၽန္းမ်ားေပၚရွိ ေတာင္တန္းမ်ား၊ ေတာင္ၾကားမ်ားႏွင့္ စိမ္းလန္းေသာ ျမက္ခင္းမ်ားကို ၾကည့္ရႈရန္ လာေရာက္လည္ပတ္ေလ့ရွိၾကသည္။

ဖာ႐ိုးကြၽန္းစုမ်ားမွ လစ္တလာ ဒီမြန္ (Litla Dimun) အမည္ရွိ ကြၽန္းကား ျဖဴလြလြတိမ္အုပ္တစ္ခု အၿမဲအုပ္မိုးတည္ရွိေနေသာ သီးျခား ကြၽန္းတစ္ကြၽန္း ျဖစ္၏။

ဖာ႐ိုးကြၽန္းစုမ်ား၏ ပင္မ ကြၽန္းစု ၁၈ ခုတြင္ လစ္တလာ ဒီမြန္သည္ အေသးငယ္ဆုံးကြၽန္း ျဖစ္သည္။

ကြၽန္းမွာ ေသးပင္ေသးငယ္ေသာ္လည္း ကမာၻ႔ေလထုအလႊာကို လႊမ္းမိုးႏိုင္သည့္ အစြမ္းရွိဟန္ရသည္။

တိမ္ခုံးတစ္ခုမွာ ကြၽန္းကို ၿခဳံထည္ကမၺလာတစ္ခုအသြင္ အၿမဲရစ္ပတ္လႊမ္းၿခဳံ ထားေလ့ရွိသည္။

ယခုကဲ့သို႔ ပုံေသရွိေနတတ္ေသာ တိမ္တိုက္မ်ားမွာ ေရခဲေတာင္မ်ား၏ထိပ္ဖ်ားတြင္သာ ေတြ႕ရတတ္သည္။

လစ္တလာဒီမြန္၏ ေတာင္ထိပ္ရွိ ရစ္ဆိုင္းဖုံးအုပ္ေနေသာ တိမ္ထုသည္ တခါတရံတြင္ စိမ္းလန္းေသာ ကြၽန္းေျမျပန႔္ဆီအထိ ျဖန႔္က်က္ ထားတတ္ကာ ေအးစက္ေသာ ပင္လယ္ေရစပ္အထိ ေရာက္ရွိတတ္သည္။

ဖာ႐ိုးကြၽန္းစုမ်ား၏ အဓိကကြၽန္းမ်ားအနက္ လစ္တလာဒီမြန္ ကြၽန္းကေလးတစ္ခုတည္းသာ လူသူေနထိုင္မႈမရွိေသာ ကြၽန္းျဖစ္သည္။

သို႔ေသာ္ ကြၽန္းေပၚသို႔ လာေရာက္ လည္ပတ္မႈမ်ား ရွိသည္။

လစ္တလာဒီမြန္ကို BirdLife International အဖြဲ႕က အေရးႀကီးသည့္ ငွက္မ်ားရွိရာေနရာအျဖစ္ သတ္မွတ္ထားသည္။ အဘယ္ေၾကာင့္ ဆိုလွ်င္ လစ္တလာဒီမြန္သည္ ပင္လယ္ငွက္မ်ား အထူးသျဖင့္ European storm petrels ငွက္မ်ိဳး (ဖိုမ အစုံ ၅၀၀၀ ) ႏွင့္ Atlantic puffins (ဖိုမအတြဲ ၁၀၀၀၀) တို႔၏ သားေပါက္ရာေနရာျဖစ္ေနျခင္းေၾကာင့္ ျဖစ္သည္။ လစ္တလာဒီမြန္တြင္ သိုးအျပင္ အျခား ကုန္းေနတိရ စာၦန္ မရွိေခ်။

ရာစုႏွစ္ေပါင္းမ်ားစြာကာလအတြင္း ဖာ႐ိုးကြၽန္းမွ လယ္သမားတို႔သည္ လစ္တလာဒီမြန္ ကြၽန္းေပၚရွိ သိုးမ်ားကို ထိန္းေက်ာင္း၊ ေစာင့္ေရွာက္ရန္ လာေရာက္ေလ့ရွိၾကသည္။

၁၉ ရာစုအလယ္ပိုင္းအထိ လစ္တလာဒီမြန္၏ စိမ္းလန္းေသာျမက္ခင္းတို႔တြင္ သိုးမ်ား မင္းမူခဲ့ၾကသည္။

အဆိုပါ အၿမီးတို သိုးမည္းတို႔သည္ အဆိုပါေဒသသို႔ ေက်ာက္ေခတ္ကတည္းက ေရာက္ရွိလာခဲ့ၾကသည္ဟု ယုံၾကည္ရသည္။

သို႔ေသာ္ အဆိုပါရွားပါးသိုးမ်ိဳးမ်ား၏ ေနာက္ဆုံးမ်ိဳးဆက္တို႔ကို ၁၈၀၀ ျပည့္လြန္ကာလမ်ားအတြင္း သတ္ျဖတ္ျခင္းခံရၿပီးေနာက္ လစ္တလာဒီမြန္သည္ ျပည္တြင္း ဖာ႐ိုးသိုးတို႔ က်က္စားရာ ျဖစ္လာသည္။

ေဆာင္းတြင္းကာလေရာက္တိုင္း လယ္သမားတို႔သည္ လစ္တလာဒီမြန္သို႔ သြားေရာက္ၾက၏။

ယင္းေနာက္ ကြၽန္း၏ ေခ်ာက္ကမ္းပါး နံရံမ်ားကို တြယ္တက္ကာ သိုးမ်ားကို စု႐ုံးေခၚေဆာင္ၿပီး ကြၽန္းမႀကီးရွိရာသို႔ ျပန္လည္ေခၚေဆာင္ ေလ့ရွိၾကသည္။

လစ္တလာဒီမြန္သို႔ သြားေရာက္လည္ပတ္ႏိုင္မည့္ ရာသီဥတုအေျခအေနမ်ိဳး ႀကဳံႀကိဳက္ႏိုင္ရန္ ခက္ခဲေသာ္လည္း သြားေရာက္လည္ပတ္ ႏိုင္ရန္ ျဖစ္ႏိုင္ေခ်ရွိပါသည္။

ေခ်ာက္ကမ္းပါးမ်ားကို တြယ္တက္ရန္အတြက္မူ လယ္သမားမ်ား ထားရစ္ခဲ့သည့္ ႀကိဳးမ်ားမွတဆင့္ တြယ္တက္ႏိုင္မည္ ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: LÍTLA DÍMUN (wikipedia, atlasobscura)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service