တိုင်းဒေသကြီး၊ပြည်နယ် ၅ ခုက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၃ ခုခွင့်ပြု

တိုင်းဒေသကြီး၊ပြည်နယ် ၅ ခုက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၃ ခုခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
29 Jun 2020 10:44 am တွင် တင်ခဲ့သည်
592 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တိုင်းဒေသကြီးနှင့်ပြည်နယ် ၅ ခုတွင် ကျပ် ၁၅ ဘီလီယံနှင့် ဒေါ်လာ သန်း ၃၀ ဖိုးကျော်တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၃ ခုကို ခွင့်ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန့်ကြားမူဦးစီးဌာနက ထုတ်ပြန်သည်။

ထိုရင်းနှီးမြှုပ်နှံမှုများကို ကချင်၊ကယား၊ ပဲခူး၊တနင်္သာရီနှင့်ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီများက ဇွန် ၂၄နှင့်၂၅တွင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီက စိုက်ပျိုးရေးကဏ္ဍတွင် ကျပ် သန်း ၉၆၀ကျော်တန် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုကိုဇွန်၂၅ ရက် ခွင့်ပြုပေးခဲ့သည်။ အလုပ်အကိုင် ၁၁၀ကျော်ဖန်တီးပေးမည်ဟု ကချင်ပြည်နယ် အစိုးရက ထုတ်ပြန်သည်။

ထိုပြင်တနင်္သာရီတိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီကလည်း လျှပ်စစ်လုပ်ငန်းကဏ္ဍမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၂)ခုကို ဇွန် ၂၅ ရက်တွင် အတည်ပြုပေးခဲ့သည်ဟုဆိုသည်။ထိုလုပ်ငန်းနှစ်ခုသည် ဒေါ်လာ ၇သန်းခွဲနှင့် ကျပ်ငွေ ၁၂ ဘီလီယံဖိုးရှိသည်ဟုဆိုသည်။ အလုပ်အကိုင်ပေါင်း ၇၃၀ ဖန့်တီးပေးမည်ဟုဆိုသည်။

ကယားပြည်နယ်အစိုးရအဖွဲ့ကလည်း ပျိုးပင်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်း ၂ ခုကို ဇွန် ၂၅ ရက်တွင် အတည်ပြုပေးခဲ့သည်ဟု ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီက ထုတ်ပြန်သည်။

ပဲခူးတိုင်းတွင်လည်း ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃ ခုကို အတည်ပြုမိန့်ထုတ်ပေးခဲ့သည်ဟုဆိုသည်။ ထိုလုပ်ငန်းများကြောင့် ဒေါ်လာ ၁၃ သန်းကျော် ဝင်ရောက်မည်ဖြစ်ပြီး အလုပ်အကိုင် ၁၂၀၀ကျော်ဖန်တီးပေးမည်ဟု ပဲခူးတိုင်းအစိုးရအဖွဲ့က ထုတ်ပြန်သည်။

ရန်ကုန်တိုင်းအစိုးရကလည်း တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၃ခုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁ ခုကို ဇွန် ၂၄ ရက်တွင် အတည်ပြုပေးခဲ့သည်ဟုဆိုသည်။ ထိုလုပ်ငန်းများသည် လက်ခစားစနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ထုတ်လုပ် ခြင်းလုပ်ငန်း၊ ဟင်းခတ် အမွှေးအကြိုင်များ သန့်စင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ ခါးပတ်နှင့် အိတ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း နှင့် Manufacturing of Bra Cup Underwear Mold for Local CMP Enterprise တို့ ပါဝင်သည်။

ရန်ကုန်တိုင်းမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် ဒေါ်လာ ၉ သန်းကျော်နှင့် ကျပ် ၂ဒသမ ၂ ဘီလီယံကျော်ဖိုးဖြစ်ပြီး အလုပ်အကိုင် ၃၀၀၀ကျော်ရရှိမည်ဟုဆိုသည်။

ထိုပြင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကလည်း ဇွန် ၁၈ ရက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၄ ခုကို ခွင့်ပြုပေးခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၇၃သန်းကျော်ဖိုးရှိသည်ဟုဆိုသည်။ ထိုလုပ်ငန်းများကို ကော်မရှင်က တိုက်ရိုက်ခွင့်ပြုခြင်းနှင့် အတည်ပြုပေးခြင်းက လုပ်ငန်း ၆ ခုနှင့် ရန်ကုန်တိုင်းက ၄ ခု၊ စစ်ကိုင်းတိုင်းက ၁ ခု၊ ဧရာဝတီတိုင်းက ၁ ခု၊ ကချင်ပြည်နယ်က ၁ ခု၊ မွန်ပြည်နယ်က ၁ ခုတို့ပါဝင်သည်။

ထိုနေ့တွင်လည်း ကျပ် ၇၁ ဘီလီယံတန် နိုင်ငံသားရင်းနှီးမြှပ်နှံမှုလုပ်ငန်း ၉ ခုကိုလည်း ကော်မရှင်က ခွင့်ပြုပေးခဲ့သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]














နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service