ကမ္ဘာတစ်ဝန်း လူသန်းဝက်နီးပါး၏ လူသတ်တရားခံ COVID-19

ကမ္ဘာတစ်ဝန်း လူသန်းဝက်နီးပါး၏ လူသတ်တရားခံ COVID-19 - Property News in Myanmar from iMyanmarHouse.com
29 Jun 2020 10:32 am တွင် တင်ခဲ့သည်
662 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာကြီးသည် အကြီးအကျယ်ဖျက်ဆီးသော သမိုင်းမှတ်တိုင်တစ်ခုကို ရောက်ရှိခါနီးပြီဖြစ်သည်။ ကမ္ဘာဂြိုဟ်တစ်ခုလုံးကို မွှေပစ်လိုက်သည့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် သေဆုံးသူဦးရေသည် သန်းဝက် ပြည့်တော့မည်ဖြစ်သည်။

ဇွန် ၂၇ နေ့လည်အထိ ထိုကမ္ဘာ့သေဆုံးသူဦးရေသည် ၄၉၆,၀၇၅ ရှိပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းသေဆုံးသူဦးရေတွင် ၁၂၅,၀၀၀ ကျော်မှာ အမေရိကန်မှ ဖြစ်ပြီး အမေရိကန်သည် သေဆုံးသူဦးရေအများဆုံးနိုင်ငံဖြစ်သည်။ သေဆုံးသူဒုတိယအများဆုံးနိုင်ငံမှာ အမေရိကန်၏ ထက်ဝက်နီးပါးဖြစ်သော အရေအတွက် ၅၆,၀၀၀ ဖြင့် ဘရာဇီးဖြစ်သည်။

ကမ္ဘာဂြိုဟ်ကြီးသည် နောက်ထပ်သိသာထင်ရှားသော မှတ်တိုင်တစ်ခုကိုလည်း တွေ့ကြုံရဦးမည်ဖြစ်သည်။ ၎င်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ ၁၀ သန်းပြည့်ခါနီးလာခြင်းဖြစ်သည်။

ဇွန် ၂၇ ည‌နေအထိ ထိုဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေသည် ကမ္ဘာတစ်ဝန်း ၉ ဒသမ ၈၉ သန်းကျော်ပြီဖြစ်သည်။

အတည်မပြုရသေးသော်လည်း ကူးစက်ခံရသူများ နောက်ထပ်ပေါ်ထွက်လာနိုင်ခြေရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားထားကြသည်။

ကူးစက်မှုတစ်ခုတွေ့ရှိတိုင်း အခြားကူးစက်မှု ၁၀ ခုရှိလာခဲ့သည်ဟု ပြီးခဲ့သည့်သီတင်းပတ်တွင် အမေရိကန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက ခန့်မှန်းခဲ့သည်။ ယင်းမှာ အမေရိကန်တစ်နိုင်ငံတည်း၌ပင် ကူးစက်ခံရသူပေါင်း သန်း ၂၀ ကျော်မည့် အဓိပ္ပါယ်ဖြစ်သည်။

အမေရိကန်တွင် stay-at-home ညွှန်ကြားချက်များ ချမှတ်ပြီး စီးပွားရေးများ ပိတ်ပစ်ခဲ့စဉ် ဧပြီနှောင်းပိုင်းအထိ ကူးစက်သူဦးရေ ၃၆,၀၀၀ ကျော်မှ တင်းကျပ်မှုများ စတင်ဖြေလျှော့ခဲ့သည့် ပြီးခဲ့သည့်လတွင် တစ်ရက်လျှင် ကူးစက်သူဦးရေ ၂၀,၀၀၀ နီးပါးသို့ တစ်ဟုန်ထိုးမြင့်တက်သွားခဲ့သည်။ ယခုသီတင်းပတ်တွင် အများဆုံးဖြစ်ကာ ဇွန် ၂၆ တစ်ရက်တည်းတွင် ကူးစက်သူဦးရေ ၄၅,၀၀၀ ကျော်ခဲ့သည်။

အမေရိကန်တွင် ကူးစက်မှုသစ်များဖြစ်ပွားနေသည့် ပြည်နယ်အများအပြား၌ စီးပွားရေးပြန်လည်ဖွင့်လှစ်မှုများကို ရပ်ထားလိုက်ပြီဖြစ်သည်။ တက္ကဆက်နှင့် ဖလော်ရီဒါပြည်နယ်နှစ်ခုစလုံးတွင် ဘားများကို ပြန်ပိတ်လိုက်ကြပြီဖြစ်သည်။

ထိုကပ်ရောဂါနှင့်ပတ်သက်၍ အမေရိကန်ဓာတ်မတည့်မှုနှင့်ကူးစက်ရောဂါများဆိုင်ရာဌာန၏ ညွှန်ကြားရေးမှူး ဒေါက်တာ အန်သိုနီဖာအူချီက “လူတွေ ကိုယ့်ကိုယ်ကိုယ်ကာကွယ်စောင့်ရှောက်ဖို့ တာဝန်မယူကြသရွေ့ ကူးစက်မှုတွေ ဆက်ဖြစ်နေဦးမှာပါ။” ဟု သတိပေးပြောကြားခဲ့ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Global Coronavirus Death Toll Nears 500,000 (npr)

[Zawgyi]

ကမာၻတစ္ဝန္း လူသန္းဝက္နီးပါး၏ လူသတ္တရားခံ COVID-19

ကမာၻႀကီးသည္ အႀကီးအက်ယ္ဖ်က္ဆီးေသာ သမိုင္းမွတ္တိုင္တစ္ခုကို ေရာက္ရွိခါနီးၿပီျဖစ္သည္။ ကမာၻၿဂိဳဟ္တစ္ခုလုံးကို ေမႊပစ္လိုက္သည့္ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူဦးေရသည္ သန္းဝက္ ျပည့္ေတာ့မည္ျဖစ္သည္။

ဇြန္ ၂၇ ေန႔လည္အထိ ထိုကမာၻ႔ေသဆုံးသူဦးေရသည္ ၄၉၆,၀၇၅ ရွိၿပီျဖစ္ေၾကာင္း ဂြၽန္ေဟာ့ကင္းတကၠသိုလ္၏ ကို႐ိုနာဗိုင္းရပ္စ္ဆိုင္ရာဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ယင္းေသဆုံးသူဦးေရတြင္ ၁၂၅,၀၀၀ ေက်ာ္မွာ အေမရိကန္မွ ျဖစ္ၿပီး အေမရိကန္သည္ ေသဆုံးသူဦးေရအမ်ားဆုံးႏိုင္ငံျဖစ္သည္။ ေသဆုံးသူဒုတိယအမ်ားဆုံးႏိုင္ငံမွာ အေမရိကန္၏ ထက္ဝက္နီးပါးျဖစ္ေသာ အေရအတြက္ ၅၆,၀၀၀ ျဖင့္ ဘရာဇီးျဖစ္သည္။

ကမာၻၿဂိဳဟ္ႀကီးသည္ ေနာက္ထပ္သိသာထင္ရွားေသာ မွတ္တိုင္တစ္ခုကိုလည္း ေတြ႕ႀကဳံရဦးမည္ျဖစ္သည္။ ၎မွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူဦးေရ ၁၀ သန္းျပည့္ခါနီးလာျခင္းျဖစ္သည္။

ဇြန္ ၂၇ ည‌ေနအထိ ထိုဗိုင္းရပ္စ္ကူးစက္ခံရသူဦးေရသည္ ကမာၻတစ္ဝန္း ၉ ဒသမ ၈၉ သန္းေက်ာ္ၿပီျဖစ္သည္။

အတည္မျပဳရေသးေသာ္လည္း ကူးစက္ခံရသူမ်ား ေနာက္ထပ္ေပၚထြက္လာႏိုင္ေျခရွိေၾကာင္း ကြၽမ္းက်င္သူမ်ားက ေျပာၾကားထားၾကသည္။

ကူးစက္မႈတစ္ခုေတြ႕ရွိတိုင္း အျခားကူးစက္မႈ ၁၀ ခုရွိလာခဲ့သည္ဟု ၿပီးခဲ့သည့္သီတင္းပတ္တြင္ အေမရိကန္ကူးစက္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဌာနက ခန႔္မွန္းခဲ့သည္။ ယင္းမွာ အေမရိကန္တစ္ႏိုင္ငံတည္း၌ပင္ ကူးစက္ခံရသူေပါင္း သန္း ၂၀ ေက်ာ္မည့္ အဓိပၸါယ္ျဖစ္သည္။

အေမရိကန္တြင္ stay-at-home ၫႊန္ၾကားခ်က္မ်ား ခ်မွတ္ၿပီး စီးပြားေရးမ်ား ပိတ္ပစ္ခဲ့စဥ္ ဧၿပီေႏွာင္းပိုင္းအထိ ကူးစက္သူဦးေရ ၃၆,၀၀၀ ေက်ာ္မွ တင္းက်ပ္မႈမ်ား စတင္ေျဖေလွ်ာ့ခဲ့သည့္ ၿပီးခဲ့သည့္လတြင္ တစ္ရက္လွ်င္ ကူးစက္သူဦးေရ ၂၀,၀၀၀ နီးပါးသို႔ တစ္ဟုန္ထိုးျမင့္တက္သြားခဲ့သည္။ ယခုသီတင္းပတ္တြင္ အမ်ားဆုံးျဖစ္ကာ ဇြန္ ၂၆ တစ္ရက္တည္းတြင္ ကူးစက္သူဦးေရ ၄၅,၀၀၀ ေက်ာ္ခဲ့သည္။

အေမရိကန္တြင္ ကူးစက္မႈသစ္မ်ားျဖစ္ပြားေနသည့္ ျပည္နယ္အမ်ားအျပား၌ စီးပြားေရးျပန္လည္ဖြင့္လွစ္မႈမ်ားကို ရပ္ထားလိုက္ၿပီျဖစ္သည္။ တကၠဆက္ႏွင့္ ဖေလာ္ရီဒါျပည္နယ္ႏွစ္ခုစလုံးတြင္ ဘားမ်ားကို ျပန္ပိတ္လိုက္ၾကၿပီျဖစ္သည္။

ထိုကပ္ေရာဂါႏွင့္ပတ္သက္၍ အေမရိကန္ဓာတ္မတည့္မႈႏွင့္ကူးစက္ေရာဂါမ်ားဆိုင္ရာဌာန၏ ၫႊန္ၾကားေရးမႉး ေဒါက္တာ အန္သိုနီဖာအူခ်ီက “လူေတြ ကိုယ့္ကိုယ္ကိုယ္ကာကြယ္ေစာင့္ေရွာက္ဖို႔ တာဝန္မယူၾကသေ႐ြ႕ ကူးစက္မႈေတြ ဆက္ျဖစ္ေနဦးမွာပါ။” ဟု သတိေပးေျပာၾကားခဲ့ေၾကာင္းလည္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Global Coronavirus Death Toll Nears 500,000 (npr)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service