COVID-19 အလွန်တွင် ကဏ္ဍ (၃) ခုတွင် ရင်းနှီးမြှုပ်နှံမှု အဓိကထားဆွဲဆောင်သွားမည်ဟုဆို

COVID-19 အလွန်တွင် ကဏ္ဍ (၃) ခုတွင် ရင်းနှီးမြှုပ်နှံမှု အဓိကထားဆွဲဆောင်သွားမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
26 Jun 2020 11:26 am တွင် တင်ခဲ့သည်
707 ကြိမ် ကြည့်ရှု့ပြီး

[Unicode] COVID-19 အလွန်တွင် ကျန်းမာရေးအပါအဝင်ကဏ္ဍ ၃ ခုတွင် ရင်းနှီးမြှုပ်နှံမှုများ အဓိကထားဆွဲဆောင်သွားမည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။

နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင် အစိုးရလေးနှစ်တာကာလ ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက် ၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကဖြေကြားခြင်း ဖြစ်သည်။

၎င်းတို့မှာ ကျန်းမာရေး၊ လယ်ယာ၊ သားငါးကဏ္ဍ နှင့် စက်မှုဇုန်စသည့် ကဏ္ဍသုံးခုတို့ဖြစ်သည် ဟု ၎င်းကဆိုသည်။

''COVID-19 ဖြစ်သွားပြီးနောက် ကြုံတွေ့ရတဲ့အနေအထားအပေါ်မူတည်ပြီး နံပတ် ၁ ကတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး ဆွဲဆောင်ဖို့ စီစဉ်ထားပါတယ်။ ဒါနဲ့ပတ်သက်တဲ့အများ လူသိများတဲ့ Mask ၊ PPE ၊ Handgel တို့ဖြစ်ပါတယ်။ ဒုတိယလုပ်မှာကတော့ လယ်ယာ၊သား၊ငါး ကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက် ဆွဲဆောင်သွားဖို့ ဖြစ်ပါတယ်''ဟု ၎င်းက ပြောသည်။

ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ရာတွင် လယ်ယာကဏ္ဍနှင့် သား၊ငါးကဏ္ဍအတွက် လည်ပတ်မှုတစ်ခုလုံးကို ဆောင်ရွက်ရန်အတွက် မျှော်မှန်းထားပြီး တတိယအနေဖြင့် စက်မှုဇုန်များ ဖော်ဆောင်ရေးဖြစ်သည်။

စက်မှုဇုန်များဖော်ဆောင်ခြင်းအားဖြင့် အလုပ်အကိုင်ရရှိမည်ဖြစ်ပြီး ပြည်တွင်း၌ ကြုံတွေ့နေရသော အလုပ်သမားရှားပါးမှု၊အလုပ်အကိုင်ရရှိမှုအခက်အခဲကို ဖြေရှင်းပေးနိုင်မည့် အခြေအနေ ဖြစ်သည်။

' ဒါကတော့ အခုနောက်ဆုံးဖြစ်ပေါ်လာတဲ့ ကိုဗစ် -၁၉ အခြေအနေတွေအရ ဆောင်ရွက်ထားတာ ဖြစ်တယ်။လယ်ယာ၊ သား၊ ငါးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စက်မှုဇုန်ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့လာရောက် အဆိုပြုလာတာရှိပါတယ်''ဟု ၎င်းက ဆိုသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ယခုဘဏ္ဍာနှစ် မေလအထိ ဒေါ်လာ ၄ ဒသမ ၃၉ ဘီလီယံဖိုး ဝင်ရောက်ထားပြီး ထိုပမာဏသည် ယခင်ဘဏ္ဍာနှစ်တစ်ခုလုံးထက် များသည်ဟု ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်းကဆိုသည်။ယခင်ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄ ဒသမ ၁၅ ဘီလီယံဝင်ရောက်ထားသည်ဟုဆိုသည်။

အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် လုပ်သားအများဆုံးအလုပ်ရနိုင်မည့် စက်မှုဇုန်စီမံကိန်းများကို ထိုင်းနှင့် ကိုရီးယားနိုင်ငံများကို ခွင့်ပြုပေးဖြစ်သည်ဟု ဦးသောင်းထွန်းကပြောကြားထားသည်။ ထို့အပြင် စင်ကာပူနိုင်ငံကိုလည်း ခွင့်ပြုပေးရန်ရှိသည်ဟု ဆိုထားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် COVID-19 အလွန်တွင်ပင် အလားအလာကောင်းများ ရှိနေသည်ဟု ဦးသောင်းထွန်းက ဆိုထားသည်။

ယခုဘဏ္ဍာနှစ်တွင် မျှော်မှန်းထားသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၅ ဒသမ ၈ ဘီလီယံပြည့်မှီမည်ဟု ဝန်ကြီးကဆိုသည်။

COVID-19 ကြောင့် နိုင်ငံတကာတွင် အလုပ်လက်မဲ့ပြဿနာသည် အကြီးဆုံးပြဿနာဖြစ်နေပြီး မြန်မာနိုင်ငံတွင်လည်း ကျော်လွှားနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများကို စီစစ်ခွင့်ပြုပေးခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိအချိန်ထိ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အလုပ်အကိုင်အခွင့်အလန်း ၁၆၈၀၀၀ကျော်ကို ဖန်တီးပေးခဲ့သည်ဟု ဝန်ကြီးကဆိုသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

COVID-19 အလြန္တြင္ က႑ (၃) ခုတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈ အဓိကထားဆြဲေဆာင္သြားမည္ဟုဆို

COVID-19 အလြန္တြင္ က်န္းမာေရးအပါအဝင္က႑ (၃) ခုတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား အဓိကထားဆြဲေဆာင္သြားမည္ဟု ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ၫႊန္ၾကားမႈဦးစီးဌာန၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးသန႔္စင္လြင္က ေျပာသည္။

ေနျပည္ေတာ္ရွိ ျပန္ၾကားေရးဝန္ႀကီးဌာန႐ုံးတြင္ အစိုးရေလးႏွစ္တာကာလ ေဆာင္႐ြက္ခဲ့မႈမ်ားႏွင့္ပတ္သက္၍ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ၎ကေျဖၾကားျခင္း ျဖစ္သည္။

၎တို႔မွာ က်န္းမာေရး၊ လယ္ယာ၊ သားငါးက႑ ႏွင့္ စက္မႈဇုန္စသည့္ က႑သုံးခုတို႔ျဖစ္သည္ ဟု ၎ကဆိုသည္။

''COVID-19 ျဖစ္သြားၿပီးေနာက္ ႀကဳံေတြ႕ရတဲ့အေနအထားအေပၚမူတည္ၿပီး နံပတ္ ၁ ကေတာ့ က်န္းမာေရးနဲ႔ ပတ္သက္တဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ိဳး ဆြဲေဆာင္ဖို႔ စီစဥ္ထားပါတယ္။ ဒါနဲ႔ပတ္သက္တဲ့အမ်ား လူသိမ်ားတဲ့ Mask ၊ PPE ၊ Handgel တို႔ျဖစ္ပါတယ္။ ဒုတိယလုပ္မွာကေတာ့ လယ္ယာ၊သား၊ငါး က႑ကို ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ဆက္လက္ ဆြဲေဆာင္သြားဖို႔ ျဖစ္ပါတယ္''ဟု ၎က ေျပာသည္။

ရင္းႏွီးျမႇဳပ္ႏွံမႈဆြဲေဆာင္ရာတြင္ လယ္ယာက႑ႏွင့္ သား၊ငါးက႑အတြက္ လည္ပတ္မႈတစ္ခုလုံးကို ေဆာင္႐ြက္ရန္အတြက္ ေမွ်ာ္မွန္းထားၿပီး တတိယအေနျဖင့္ စက္မႈဇုန္မ်ား ေဖာ္ေဆာင္ေရးျဖစ္သည္။

စက္မႈဇုန္မ်ားေဖာ္ေဆာင္ျခင္းအားျဖင့္ အလုပ္အကိုင္ရရွိမည္ျဖစ္ၿပီး ျပည္တြင္း၌ ႀကဳံေတြ႕ေနရေသာ အလုပ္သမားရွားပါးမႈ၊အလုပ္အကိုင္ရရွိမႈအခက္အခဲကို ေျဖရွင္းေပးႏိုင္မည့္ အေျခအေန ျဖစ္သည္။

' ဒါကေတာ့ အခုေနာက္ဆုံးျဖစ္ေပၚလာတဲ့ ကိုဗစ္ -၁၉ အေျခအေနေတြအရ ေဆာင္႐ြက္ထားတာ ျဖစ္တယ္။လယ္ယာ၊ သား၊ ငါးက႑၊ က်န္းမာေရးက႑၊ စက္မႈဇုန္က႑ေတြမွာ ရင္းႏွီးျမႇဳပ္ႏွံဖို႔လာေရာက္ အဆိုျပဳလာတာရွိပါတယ္''ဟု ၎က ဆိုသည္။

ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈသည္ ယခုဘ႑ာႏွစ္ ေမလအထိ ေဒၚလာ ၄ ဒသမ ၃၉ ဘီလီယံဖိုး ဝင္ေရာက္ထားၿပီး ထိုပမာဏသည္ ယခင္ဘ႑ာႏွစ္တစ္ခုလုံးထက္ မ်ားသည္ဟု ရင္းႏွီးျမႇပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီး ဦးေသာင္းထြန္းကဆိုသည္။ယခင္ဘ႑ာႏွစ္တြင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ေဒၚလာ ၄ ဒသမ ၁၅ ဘီလီယံဝင္ေရာက္ထားသည္ဟုဆိုသည္။

အလုပ္အကိုင္အခြင့္အလမ္း ရရွိေရးအတြက္ လုပ္သားအမ်ားဆုံးအလုပ္ရႏိုင္မည့္ စက္မႈဇုန္စီမံကိန္းမ်ားကို ထိုင္းႏွင့္ ကိုရီးယားႏိုင္ငံမ်ားကို ခြင့္ျပဳေပးျဖစ္သည္ဟု ဦးေသာင္းထြန္းကေျပာၾကားထားသည္။ ထို႔အျပင္ စင္ကာပူႏိုင္ငံကိုလည္း ခြင့္ျပဳေပးရန္ရွိသည္ဟု ဆိုထားသည္။

ျမန္မာႏိုင္ငံ၏ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈသည္ COVID-19 အလြန္တြင္ပင္ အလားအလာေကာင္းမ်ား ရွိေနသည္ဟု ဦးေသာင္းထြန္းက ဆိုထားသည္။

ယခုဘ႑ာႏွစ္တြင္ ေမွ်ာ္မွန္းထားသည္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေဒၚလာ ၅ ဒသမ ၈ ဘီလီယံျပည့္မွီမည္ဟု ဝန္ႀကီးကဆိုသည္။

COVID-19 ေၾကာင့္ ႏိုင္ငံတကာတြင္ အလုပ္လက္မဲ့ျပႆနာသည္ အႀကီးဆုံးျပႆနာျဖစ္ေနၿပီး ျမန္မာႏိုင္ငံတြင္လည္း ေက်ာ္လႊားႏိုင္ေရးအတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို စီစစ္ခြင့္ျပဳေပးျခင္းျဖစ္သည္ဟု ဆိုသည္။

လက္ရွိအခ်ိန္ထိ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္က အလုပ္အကိုင္အခြင့္အလန္း ၁၆၈၀၀၀ေက်ာ္ကို ဖန္တီးေပးခဲ့သည္ဟု ဝန္ႀကီးကဆိုသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service