COVID-19 ကုသမှုအတွက် ကမ္ဘာ့အမြန်ဆုံးစူပါကွန်ပျူတာ ဖူဂါကူ ရှာဖွေ

COVID-19 ကုသမှုအတွက် ကမ္ဘာ့အမြန်ဆုံးစူပါကွန်ပျူတာ ဖူဂါကူ ရှာဖွေ - Property News in Myanmar from iMyanmarHouse.com
24 Jun 2020 12:27 pm တွင် တင်ခဲ့သည်
850 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာ့အမြန်ဆုံးဟု အမည်တပ်ခံထားရသည့် ဂျပန်စူပါကွန်ပျူတာတစ်လုံးသည် ကိုရိုနာဗိုင်းရပ်စ်အသစ်အတွက် အလားအလာရှိသော ကုသမှုများကို ရွေးထုတ်ရန် ၎င်း၏ထူးခြားသောလုပ်နိုင်စွမ်းကို အသုံးပြုလျှက်ရှိကြောင်း သိရသည်။

ကွန်ပျူတာလုပ်ငန်းစဉ်ဆောင်ရွက်မှုစွမ်းအားတိုးတက်မှုဖြစ်စဉ်ကိုလိုက်လံလေ့လာသည့် အားအကောင်းဆုံးကွန်ပျူတာစနစ်၅၀၀ Top 500 စာရင်းတွင် ဂျပန်သည် ၂၀၁၁ ခုနှစ်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ပထမနေရာကို ယခုသီတင်းပတ်၌ ပြန်လည်ရရှိခဲ့ပြီး အမေရိကန်နှင့်တရုတ်တို့၏ နှစ်များစွာကြာလွှမ်းမိုးမှုကို အဆုံးသတ်စေလိုက်သည်။

ဂျပန်၏ “ဖူဂါကူ” စူပါကွန်ပျူတာသည် ၁ စက္ကန့်လျှင် ၅၁၅ ကွာဒရီလီယံ (၁ ကွာဒရီလီယံ = ၁,၀၀၀ ထရီလီယံ) ကျော် တွက်ချက်မှုများကို ဆောင်ရွက်နိုင်ကြောင်း၊ တစ်နှစ်နှစ်ကြိမ်ထုတ်ပြန်လေ့ရှိသည့်အဆိုပါစာရင်းတွင် ပြီးခဲ့သည့်နိုဝင်ဘာက ထုတ်ပြန်ခဲ့စဉ်က နံပါတ် ၁ နေရာကို ရရှိခဲ့သော အမေရိကန်ရှိ အုတ်ရစ်ဂျ်နိုင်ငံအဆင့်ဓာတ်ခွဲစမ်းသပ်ခန်းမှ တီထွင်လိုက်သည့် “ဆမ်းမစ်” စနစ်ထက် ၂ ဒသမ ၈ ဆ ပိုမိုမြန်ဆန်ကြောင်း သိရသည်။

ဖူဂါကူကို ဂျပန်နည်းပညာကုမ္ပဏီ Fujitsu နှင့် နိုင်ငံအနောက်ပိုင်းမြို့ ကိုဘေးရှိ အစိုးရကျောထောက်နောက်ခံပြု သုတေသနအဖွဲ့အစည်း Riken တို့မှ ပြီးခဲ့သည့်ခြောက်နှစ်ကျော်အတွင်း တီထွင်ခဲ့ခြင်းဖြစ်သည်။

၎င်းတွင် စွမ်းဆောင်ရည်မြင့် processing unit ပေါင်း ၁၅၀,၀၀၀ ပါဝင်သည်။

သာမန်ကွန်ပျူတာတစ်လုံးထက် အဆ ၁ ထောင်ကျော်ပိုမိုမြန်ဆန်သော စူပါကွန်ပျူတာများကို နျူကလီးယားဖောက်ခွဲမှုအသွင်တူအောင်ပြုရန်၊ ပုံရိပ်ယောင်လက်နက်စမ်းသပ်မှုများ ဆောင်ရွက်ရန်နှင့် ရာသီဥတုစနစ်များ သရုပ်ပြရန် အသုံးပြုနိုင်ပေသည်။

မြေငလျင်ကြောဖြစ်သော ဂျပန်တွင် ဖူဂါကူသည် ငလျင်နှင့် ဆူနာမီသက်ရောက်မှုကို သရုပ်ပြပေးမည်ဖြစ်ကာ ဘေးရှောင်လမ်းကြောင်းများကိုလည်း ထုတ်ပြပေးမည်ဖြစ်ကြောင်း Nikkei စီးပွားရေးသတင်းစာတွင် ဖော်ပြခဲ့သည်။

လာမည့်နှစ်မတိုင်မီအထိ အပြည့်အဝလုပ်ဆောင်ဦးမည်မဟုတ်သေးသော်လည်း ထိုယန်း ၁၃၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ) တန် စူပါကွန်ပျူတာသည် လက်တွေ့စမ်းသပ်အသည့်အဆင့်သို့ မရောက်သေးသည့် ဆေးများအပါအဝင် လက်ရှိဆေးဝါး ၂ ထောင်ခန့်မှ COVID-19 အတွက် ကုသမှုများကို ကူညီရွေးထုတ်ပေးလိမ့်မည်ဟု ကျွမ်းကျင်သူများက မျှော်လင့်နေကြသည်။

၎င်းသည် တွဲပြတင်းပေါက်များဖွင့်ထားပြီး လူများပြည့်ကျပ်နေသည့် ရထားများပေါ်တွင်နှင့် ပိုင်းကန့်ထားသော ရုံးခန်းနေရာများတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာအရည်စက်ကလေးများ မည်သို့ပျံ့နှံပုံကို သရုပ်သကန်ဖန်တီးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: theguardian (Fugaku, world's fastest supercomputer, searches for coronavirus treatment)

 

[Zawgyi]

COVID-19 ကုသမႈအတြက္ ကမာၻ႔အျမန္ဆုံးစူပါကြန္ပ်ဴတာ ဖူဂါကူ ရွာေဖြ

ကမာၻ႔အျမန္ဆုံးဟု အမည္တပ္ခံထားရသည့္ ဂ်ပန္စူပါကြန္ပ်ဴတာတစ္လုံးသည္ ကို႐ိုနာဗိုင္းရပ္စ္အသစ္အတြက္ အလားအလာရွိေသာ ကုသမႈမ်ားကို ေ႐ြးထုတ္ရန္ ၎၏ထူးျခားေသာလုပ္ႏိုင္စြမ္းကို အသုံးျပဳလွ်က္ရွိေၾကာင္း သိရသည္။

ကြန္ပ်ဴတာလုပ္ငန္းစဥ္ေဆာင္႐ြက္မႈစြမ္းအားတိုးတက္မႈျဖစ္စဥ္ကိုလိုက္လံေလ့လာသည့္ အားအေကာင္းဆုံးကြန္ပ်ဴတာစနစ္၅၀၀ Top 500 စာရင္းတြင္ ဂ်ပန္သည္ ၂၀၁၁ ခုႏွစ္ကတည္းက ပထမဆုံးအႀကိမ္အျဖစ္ ပထမေနရာကို ယခုသီတင္းပတ္၌ ျပန္လည္ရရွိခဲ့ၿပီး အေမရိကန္ႏွင့္တ႐ုတ္တို႔၏ ႏွစ္မ်ားစြာၾကာလႊမ္းမိုးမႈကို အဆုံးသတ္ေစလိုက္သည္။

ဂ်ပန္၏ “ဖူဂါကူ” စူပါကြန္ပ်ဴတာသည္ ၁ စကၠန႔္လွ်င္ ၅၁၅ ကြာဒရီလီယံ (၁ ကြာဒရီလီယံ = ၁,၀၀၀ ထရီလီယံ) ေက်ာ္ တြက္ခ်က္မႈမ်ားကို ေဆာင္႐ြက္ႏိုင္ေၾကာင္း၊ တစ္ႏွစ္ႏွစ္ႀကိမ္ထုတ္ျပန္ေလ့ရွိသည့္အဆိုပါစာရင္းတြင္ ၿပီးခဲ့သည့္ႏိုဝင္ဘာက ထုတ္ျပန္ခဲ့စဥ္က နံပါတ္ ၁ ေနရာကို ရရွိခဲ့ေသာ အေမရိကန္ရွိ အုတ္ရစ္ဂ်္ႏိုင္ငံအဆင့္ဓာတ္ခြဲစမ္းသပ္ခန္းမွ တီထြင္လိုက္သည့္ “ဆမ္းမစ္” စနစ္ထက္ ၂ ဒသမ ၈ ဆ ပိုမိုျမန္ဆန္ေၾကာင္း သိရသည္။

ဖူဂါကူကို ဂ်ပန္နည္းပညာကုမၸဏီ Fujitsu ႏွင့္ ႏိုင္ငံအေနာက္ပိုင္းၿမိဳ႕ ကိုေဘးရွိ အစိုးရေက်ာေထာက္ေနာက္ခံျပဳ သုေတသနအဖြဲ႕အစည္း Riken တို႔မွ ၿပီးခဲ့သည့္ေျခာက္ႏွစ္ေက်ာ္အတြင္း တီထြင္ခဲ့ျခင္းျဖစ္သည္။

၎တြင္ စြမ္းေဆာင္ရည္ျမင့္ processing unit ေပါင္း ၁၅၀,၀၀၀ ပါဝင္သည္။

သာမန္ကြန္ပ်ဴတာတစ္လုံးထက္ အဆ ၁ ေထာင္ေက်ာ္ပိုမိုျမန္ဆန္ေသာ စူပါကြန္ပ်ဴတာမ်ားကို န်ဴကလီးယားေဖာက္ခြဲမႈအသြင္တူေအာင္ျပဳရန္၊ ပုံရိပ္ေယာင္လက္နက္စမ္းသပ္မႈမ်ား ေဆာင္႐ြက္ရန္ႏွင့္ ရာသီဥတုစနစ္မ်ား သ႐ုပ္ျပရန္ အသုံးျပဳႏိုင္ေပသည္။

ေျမငလ်င္ေၾကာျဖစ္ေသာ ဂ်ပန္တြင္ ဖူဂါကူသည္ ငလ်င္ႏွင့္ ဆူနာမီသက္ေရာက္မႈကို သ႐ုပ္ျပေပးမည္ျဖစ္ကာ ေဘးေရွာင္လမ္းေၾကာင္းမ်ားကိုလည္း ထုတ္ျပေပးမည္ျဖစ္ေၾကာင္း Nikkei စီးပြားေရးသတင္းစာတြင္ ေဖာ္ျပခဲ့သည္။

လာမည့္ႏွစ္မတိုင္မီအထိ အျပည့္အဝလုပ္ေဆာင္ဦးမည္မဟုတ္ေသးေသာ္လည္း ထိုယန္း ၁၃၀ ဘီလီယံ (အေမရိကန္ေဒၚလာ ၁ ဒသမ ၂ ဘီလ်ံ) တန္ စူပါကြန္ပ်ဴတာသည္ လက္ေတြ႕စမ္းသပ္အသည့္အဆင့္သို႔ မေရာက္ေသးသည့္ ေဆးမ်ားအပါအဝင္ လက္ရွိေဆးဝါး ၂ ေထာင္ခန႔္မွ COVID-19 အတြက္ ကုသမႈမ်ားကို ကူညီေ႐ြးထုတ္ေပးလိမ့္မည္ဟု ကြၽမ္းက်င္သူမ်ားက ေမွ်ာ္လင့္ေနၾကသည္။

၎သည္ တြဲျပတင္းေပါက္မ်ားဖြင့္ထားၿပီး လူမ်ားျပည့္က်ပ္ေနသည့္ ရထားမ်ားေပၚတြင္ႏွင့္ ပိုင္းကန႔္ထားေသာ ႐ုံးခန္းေနရာမ်ားတြင္ အသက္ရႉလမ္းေၾကာင္းဆိုင္ရာအရည္စက္ကေလးမ်ား မည္သို႔ပ်ံ႕ႏွံပုံကို သ႐ုပ္သကန္ဖန္တီးမႈမ်ား စတင္လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္းလည္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: theguardian (Fugaku, world's fastest supercomputer, searches for coronavirus treatment)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service