COVID-19 ကြောင့် အရှုံးပေါ်နေသော်လည်း MAI က လေယာဉ်အသစ် ၁၂ စီး ထပ်မံမှာယူထား

COVID-19 ကြောင့် အရှုံးပေါ်နေသော်လည်း MAI က လေယာဉ်အသစ် ၁၂ စီး ထပ်မံမှာယူထား - Property News in Myanmar from iMyanmarHouse.com
23 Jun 2020 11:56 am တွင် တင်ခဲ့သည်
1110 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် အမေရိ ကန်ဒေါ်လာ ၅၄ သန်းခန့် နစ်နာ ဆုံးရှုံးခဲ့သော်လည်း လေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍ တိုးချဲ့ရန်အတွက် လေယာဉ်အသစ် ၁၂ စီးကို ပြည်ပမှ ထပ်မံမှာယူထားသည်ဟု မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) က ထုတ်ပြန်သည်။

အသစ်မှာယူထားသော လေယာဉ်များအနက် ဧပြီလဆန်း တွင် COVID-19 ရောဂါကြောင့် မြန်မာနိုင်ငံသို့ မရောက်ရှိခဲ့သည့် Airbus A 319-112 လေယာဉ် သည် ဇွန်လ ၂၀ ရက်တွင် ရန်ကုန်မြို့သို့ရောက်ရှိခဲ့သည်။

ထို့ပြင် Embraer E-190 အမျိုးအစား လေယာဉ်လေးစီးသည် ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် တစ်လလျှင်တစ်စီးနှုန်း ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဟု MAI က ထုတ်ပြန်သည်။

အလားတူ ဩစတြေးလျ နိုင်ငံနှင့် အာရပ်စော်ဘွားများနိုင်ငံအထိ တိုက်ရိုက်ပျံသန်းပြေးဆွဲနိုင်မည့် Airbus A - 320 အမျိုးအစား လေယာဉ်သုံးစီးသည် မကြာမီ ရောက်ရှိလာမည်ဖြစ်ပြီး ဘရာဇီးနိုင်ငံထုတ် Embraer လေယာဉ်လေးစီးကိုလည်း ၂၀၂၁ ခုနှစ်အတွက် ကြိုတင်မှာယူထားသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

‘‘လေယာဉ်က COVID - 19 မတိုင်ခင်ကတည်းက ငှားထားတဲ့ လေယာဉ် အခုမှရောက်တာပါ။ လေကြောင်းလိုင်း ဈေးကွက်က လောလောဆယ်တော့ ပျက်တာပေါ့နော်။ ဒါပေမဲ့လည်း လူတွေက တစ်နိုင်ငံနဲ့တစ်နိုင်ငံ မသွားလို့မှ မရတာ။ သွားကြရမှာပဲ’’ဟု MAI လေကြောင်းလိုင်း အထွေထွေမန်နေဂျာ ဦးတင်မောင်သန်းက ပြောသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း MNA အနေဖြင့် အစိုးရထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၂၄ သန်း ရရှိထားပြီးဖြစ်သော်လည်း မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း MAI ကမူ ၎င်းတို့အနေဖြင့် ချေးငွေရရှိရန် စောင့်ဆိုင်းနေသည်ဟု သတင်းထုတ်ပြန်သည်။

ထပ်မံမှာယူထားသည့် လေယာဉ်များ ရောက်ရှိလာပါက MAI တွင် လေယာဉ် ၁၆ စီး ရှိလာမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI သည် ကိုရီးယားလေကြောင်း ဈေးကွက်သို့ ဝင်ရောက်ရန် Meebang Air Agenciesနှင့် ပူးပေါင်းပြီ ၂၀၁၉ နိုဝင်ဘာတွင် ကိုရီးယားနိုင်ငံသို့ ပုံမှန်ခရီးစဉ် စတင်ပျံသန်းရန် စီစဉ်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI သည် လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တို့ကို အခြေပြုလျက် ဘန်ကောက်၊ စင်ကာပူ၊ ကွမ်ကျိုး၊ ဂါယာနှင့် ကာလကတ္တားသို့ ပုံမှန်လေကြောင်းခရီးစဉ်များ ပျံသန်းနေပြီး တရုတ်နိုင်ငံသို့ စင်းလုံးငှားလေကြောင်းခရီးစဉ်များ ပျံသန်းနေခြင်း ဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

COVID-19 ​ေၾကာင့္ အရႈံး​ေပၚ​ေန​ေသာ္လည္း MAI က ​ေလယာဥ္အသစ္ ၁၂ စီး ထပ္မံမွာယူထား

COVID-19 ေရာဂါ ကူးစက္ပ်ံ႕ႏွံ႕မႈေၾကာင့္ အေမရိ ကန္ေဒၚလာ ၅၄ သန္းခန႔္ နစ္နာ ဆုံးရႈံးခဲ့ေသာ္လည္း ေလေၾကာင္းသယ္ယူပို႔ေဆာင္ေရးက႑ တိုးခ်ဲ႕ရန္အတြက္ ေလယာဥ္အသစ္ ၁၂ စီးကို ျပည္ပမွ ထပ္မံမွာယူထားသည္ဟု ျမန္မာအျပည္ျပည္ဆိုင္ရာေလေၾကာင္းလိုင္း (MAI) က ထုတ္ျပန္သည္။

အသစ္မွာယူထားေသာ ေလယာဥ္မ်ားအနက္ ဧၿပီလဆန္း တြင္ COVID-19 ေရာဂါေၾကာင့္ ျမန္မာႏိုင္ငံသို႔ မေရာက္ရွိခဲ့သည့္ Airbus A 319-112 ေလယာဥ္ သည္ ဇြန္လ ၂၀ ရက္တြင္ ရန္ကုန္ၿမိဳ႕သို႔ေရာက္ရွိခဲ့သည္။

ထို႔ျပင္ Embraer E-190 အမ်ိဳးအစား ေလယာဥ္ေလးစီးသည္ ဩဂုတ္၊ စက္တင္ဘာ၊ ေအာက္တိုဘာႏွင့္ ႏိုဝင္ဘာလမ်ားတြင္ တစ္လလွ်င္တစ္စီးႏႈန္း ျဖင့္ ျမန္မာႏိုင္ငံသို႔ ေရာက္ရွိလာမည္ဟု MAI က ထုတ္ျပန္သည္။

အလားတူ ဩစေၾတးလ် ႏိုင္ငံႏွင့္ အာရပ္ေစာ္ဘြားမ်ားႏိုင္ငံအထိ တိုက္႐ိုက္ပ်ံသန္းေျပးဆြဲႏိုင္မည့္ Airbus A - 320 အမ်ိဳးအစား ေလယာဥ္သုံးစီးသည္ မၾကာမီ ေရာက္ရွိလာမည္ျဖစ္ၿပီး ဘရာဇီးႏိုင္ငံထုတ္ Embraer ေလယာဥ္ေလးစီးကိုလည္း ၂၀၂၁ ခုႏွစ္အတြက္ ႀကိဳတင္မွာယူထားသည္ဟု ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

‘‘ေလယာဥ္က COVID - 19 မတိုင္ခင္ကတည္းက ငွားထားတဲ့ ေလယာဥ္ အခုမွေရာက္တာပါ။ ေလေၾကာင္းလိုင္း ေဈးကြက္က ေလာေလာဆယ္ေတာ့ ပ်က္တာေပါ့ေနာ္။ ဒါေပမဲ့လည္း လူေတြက တစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံ မသြားလို႔မွ မရတာ။ သြားၾကရမွာပဲ’’ဟု MAI ေလေၾကာင္းလိုင္း အေထြေထြမန္ေနဂ်ာ ဦးတင္ေမာင္သန္းက ေျပာသည္။

ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း MNA အေနျဖင့္ အစိုးရထံမွ ေခ်းေငြ အေမရိကန္ေဒၚလာ ၂၄ သန္း ရရွိထားၿပီးျဖစ္ေသာ္လည္း ျမန္မာအျပည္ျပည္ဆိုင္ရာေလေၾကာင္း MAI ကမူ ၎တို႔အေနျဖင့္ ေခ်းေငြရရွိရန္ ေစာင့္ဆိုင္းေနသည္ဟု သတင္းထုတ္ျပန္သည္။

ထပ္မံမွာယူထားသည့္ ေလယာဥ္မ်ား ေရာက္ရွိလာပါက MAI တြင္ ေလယာဥ္ ၁၆ စီး ရွိလာမည္ျဖစ္သည္။

အျပည္ျပည္ဆိုင္ရာ ျမန္မာေလေၾကာင္း MAI သည္ ကိုရီးယားေလေၾကာင္း ေစ်းကြက္သို႔ ဝင္ေရာက္ရန္ Meebang Air Agenciesႏွင့္ ပူးေပါင္းၿပီ ၂၀၁၉ ႏိုဝင္ဘာတြင္ ကိုရီးယားႏိုင္ငံသို႔ ပုံမွန္ခရီးစဥ္ စတင္ပ်ံသန္းရန္ စီစဥ္ခဲ့သည္။

အျပည္ျပည္ဆိုင္ရာ ျမန္မာေလေၾကာင္း MAI သည္ လက္ရွိတြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ႏွင့္ မႏၲေလး အျပည္ျပည္ဆိုင္ရာေလဆိပ္တို႔ကို အေျချပဳလ်က္ ဘန္ေကာက္၊ စင္ကာပူ၊ ကြမ္က်ိဳး၊ ဂါယာႏွင့္ ကာလကတၱားသို႔ ပုံမွန္ေလေၾကာင္းခရီးစဥ္မ်ား ပ်ံသန္းေနၿပီး တ႐ုတ္ႏိုင္ငံသို႔ စင္းလုံးငွားေလေၾကာင္းခရီးစဥ္မ်ား ပ်ံသန္းေနျခင္း ျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service