လုပ်ငန်းသုံးနှင့် လူနေထိုင်ရန်မြေကွက်များ ဇွန်လကုန်နောက်ဆုံးထားလျှောက်ထားရမည်

လုပ်ငန်းသုံးနှင့် လူနေထိုင်ရန်မြေကွက်များ ဇွန်လကုန်နောက်ဆုံးထားလျှောက်ထားရမည် - Property News in Myanmar from iMyanmarHouse.com
23 Jun 2020 10:35 am တွင် တင်ခဲ့သည်
822 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရန်ကုန်တိုင်းဒေသကြီးရှိ လုပ်ငန်းသုံးနှင့် လူနေထိုင်ရန် မြေကွက်များကို ဇွန်လကုန်နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

တိုင်းအစိုးရက ထပ်မံရောင်းချသွားမည့် မြေကွက်များမှာ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံဆိပ်ကမ်း၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ အစရှိသည့် အစိုးရစီမံခန့်ခွဲခွင့်ရှိသည့် မြေ ၁၆၆ ဒသမ ၂၆၄ ဧက ရောင်းချသွားမည်ဖြစ်သည်။ အဆိုပါမြေကွက်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ မြေကွက်တည်ရှိရာ စည်ပင်သာယာရုံးများတွင် ရုံးချိန်အတွင်းလျှောက်ထားရမည်ဖြစ်သည်။

မြေကွက်လျှောက်ထားသူများသည် သတ်မှတ်ထားသည်လျှောက်လွှာများနှင့် တင်ပြလျှောက်ထားရမည်ဖြစ်ပြီး မြေကွက်အတွင်း ဝယ်ယူမည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၊ ကုမ္ပဏီတို့၏ ပိုင်ဆိုင်သည့် အထောက်အထား၊ ငွေစာရင်းအထောက်အထားတင်ပြရမည်ဖြစ်သည်။ ထို့အပြင် ဆောက်လုပ်မည့် မြေကွက်တွင်အသုံးပြုသည့် ငွေပမာဏ၊ တည်ဆောက်မည့် အဆိုပြုလွှာ၊ လုပ်ငန်းစီမံချက်နှင့် အချိန်ကာလတို့ကို ပူးတွဲတင်ပြသွားရမည်ဖြစ်သည်။ ယင်းမြေကွက်ဝယ်ယူခွင့်ရရှိသူများကို အစိုးရအဖွဲ့မှ အကြောင်းကြားသွားမည်ဖြစ်ပြီး ဝယ်ယူသူအနေဖြင့် အကြောင်းကြားပြီး အချိန် ၂ လအတွင်း အကြေပေးချေကာ ၆ လအတွင်းစတင်တည်ဆောက်ရမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှသိရသည်။

မြေကွက်ဝယ်ယူခွင့်ရရှိသူသည် ၃ နှစ်အတွင်း မြေကွက်ကိုပြန်လည်ရောင်းချခြင်း၊ အမည်ပြောင်းခြင်းတို့ကို ကန့်သတ်ထားပြီး သက်ဆိုင်ရာဌာန၏ သတ်မှတ်ချက်အတွင်း တည်ဆောက်ရမည်ဟု ထုတ်ပြန်ထားသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၉ အောက်တိုဘာနှင့် ၂၀၂၀ ဖေဖော်ဝါရီလတို့တွင် ရန်ကုန်တိုင်းအတွင်းရှိ အစိုးရစီမံခန့်ခွဲခွင့်ရှိသည့် မြို့နယ်များမှ မြေကွက်များကို ရောင်းချခဲ့ပြီး မြေကွက်လျှောက်လွှာတစ်စောင်လျှောင် ကျပ် ၁ သောင်းကျပ်ဖြင့် ရောင်းချခဲ့ပြီး အမှန်တကယ်ဝယ်ယူခွင့်ရရှိသူ အရေအတွက်မှ လျှောက်ထားသူအရေအတွက်ထက် နည်းပါးခဲ့သည့်အတွက် ဝေဖန်မှုများခံခဲ့ရကြောင်း မြေကွက်လျှောက်ထားသူများထံမှ သိရသည်။

လက်ရှိအစိုးရသက်တမ်း စတုတ္ထတစ်နှစ်တာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် တန်ဖိုးနည်းအိမ်ရာအခန်းပေါင်း ၁၁၄၄ ခန်းတည်ဆောက်ပေးနိုင်ခဲ့ကြောင်းသိရသည်။ဝန်ထမ်းအိမ်ရာများအနေဖြင့်မူ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အခန်းပေါင်း ၂၅၃၈ ခန်း တည်ဆောက်ပေးနိုင်ခဲ့ကြောင်းလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။နေပြည်တော် ၊ ရန်ကုန်တို့တွင် ဝန်ထမ်းအငှားအိမ်ရာအခန်းပေါင်း ၆၇၆ ခန်းကိုလည်း တည်ဆောက်နိုင်ခဲ့ကာဝန်ထမ်းများကိုနေရာချထားနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

တိုင်းအစိုးအရအဖွဲ့သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံဆိပ်ကမ်း၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ မှော်ဘီအစရှိသည့် မြို့နယ်များမှ မြေကွက်ပေါင်း ၁၀၀၀ ခန့် ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]










နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service