ဟိုတယ်ပြင်ပနံရံ၊ ရေကူးကန်ကြမ်းခင်းနှင့်ဘောင်များ၊ အိမ်သာ၊ အတွင်းနံရံများ၊ မျက်နှာကြက်များ၊ တံခါးဘောင်များ၊ ရေစိမ်ကန်များနှင့် အသုံးအဆောင်များကို ၂၄ ကာရက်ရွှေများဖြင့် ပြုလုပ်ထားသော ဗီယက်နမ်က ဟိုတယ်ကြီး

ဟိုတယ်ပြင်ပနံရံ၊ ရေကူးကန်ကြမ်းခင်းနှင့်ဘောင်များ၊ အိမ်သာ၊ အတွင်းနံရံများ၊ မျက်နှာကြက်များ၊ တံခါးဘောင်များ၊ ရေစိမ်ကန်များနှင့် အသုံးအဆောင်များကို ၂၄ ကာရက်ရွှေများဖြင့် ပြုလုပ်ထားသော ဗီယက်နမ်က ဟိုတယ်ကြီး - Property News in Myanmar from iMyanmarHouse.com
22 Jun 2020 12:31 pm တွင် တင်ခဲ့သည်
1135 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ဟိုတယ်ကြီးတစ်ခုလုံးကို ၂၄ ကာရက်ရွှေပြားများ၊ ရွှေဖြင့်ပြုလုပ်သော ပစ္စည်းများဖြင့် မွမ်းမံထားသော ကမ္ဘာ့ပထမဆုံးဟိုတယ်ကြီးကို ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

ဟနွိုင်းမြို့လယ်တွင် တည်ရှိသော ၂၅ ထပ်မြင့်မားသည့် ဟိုတယ်ကြီး၏ ပြင်ပနံရံပတ်လည်ကို ရွှေပြားများဖြင့် အုပ်ကာ ပြုလုပ်ထားသည်။

ဟနွိုင်းမြို့၊ Ba Dinh ခရိုင်၊ Giang Vo ရေကန်ကြီးဘေးတွင် တည်ရှိသော Hanoi Golden Lake ဟိုတယ်ကြီး၏ မျက်နှာစာမှာ ရွှေပြားများဖြင့် နေ့ရောညပါ ဖိတ်ဖိတ်လက်နေသဖြင့် ဟိုတယ်ကြီးအနီးမှ ဖြတ်သွားသူအားလုံးကို ရင်သပ်ရှုမောဖြစ်စေသည်။

ရွှေအစစ်ကို အသုံးပြုကာ ဟိုတယ်ခန်းများအတွင်း မွမ်းမံမှုများပြုလုပ်ခြင်းကား ကမ္ဘာတွင်အသစ်အဆန်းမဟုတ်၊ အခြားသော ဟိုတယ်အချို့တွင်လည်း ရွှေအစစ်ဖြင့် အတွင်းပိုင်း မွမ်းမံမှုများရှိသည်။ သို့သော် ရွှေပြားအစစ်အသုံးပြုထားသည့် ကြွေပြားများအသုံးပြုခြင်းမှာမူ ရှားပါးလှသည်။

အခန်းပေါင်း ၄၀၀ ပါဝင်သော Hanoi Golden Lake ဟိုတယ်ကြီးကို ဆောက်လုပ်ခဲ့သည့် Hoa Binh Group ၏ general director ဖြစ်သူ ငုယင် ဟူ ဒေါင် (Nguyen Huu Duong) က ပြောကြားရာတွင် Hanoi Golden Lake သည် ဟိုတယ်မျက်နှာစာတစ်ခုလုံးကို ရွှေပြားများဖြင့် ပြုလုပ်ထားသည့် ကမ္ဘာ့ပထမဆုံးဟိုတယ်ဖြစ်ကြောင်း ဂုဏ်ယူစွာ ပြောကြားသည်။

အဆိုပါဟိုတယ်ကြီးကို Wyndham Hotel ဟိုတယ်အမှတ်တံဆိပ်ဖြင့် လည်ပတ်သွားမည် ဖြစ်သည်။

ကြွေပြားများတွင်သာ ရွှေဖြင့်စိမ်ထားသည်မဟုတ်ဘဲ အခြားသော ဆောက်လုပ်ရေးပစ္စည်းများစွာနှင့် ဟိုတယ်တွင်းရှိ ပရိဘောဂများကိုလည်း ရွှေအစစ်ဖြင့် မွမ်းမံထားသည်။

ဟိုတယ်သို့ လာရောက်သည့် ဧည့်သည်များအနေဖြင့် ရွှေအစစ်ဖြင့်အုပ်ထားသည့် ဇွန်း၊ ခရင်း၊ ဓားတို့ဖြင့် သုံးဆောင်ရမည်ဖြစ်သည့်အပြင် ရွှေဖြင့် မွမ်းမံထားသော စားပွဲ၊ ကုလားထိုင်များဖြင့် ညစာစားနိုင်မည် ဖြစ်သည်။

ဟိုတယ်မျက်နှာစာတွင် ရွှေရောင်ဝင်းနေသည့် မျက်နှာစာဧရိယာမှာ စတုရန်းမီတာ ၅၀၀၀ ခန့်ရှိသည်။

၂၀၀၉ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ရွှေရောင်ဝင်းနေသည့် ကျယ်ပြောလှသော ရေကူးကန်ကြီးလည်း ပါဝင်သည်။

ယခုကာလသည်ကား နိုင်ငံပြည်ပခရီးသွားလာရေးမှာ အိပ်မက်တစ်ခုအဖြစ်သာ ရှိနေနိုင်သေးသော်လည်း ခရီးထွက်နိုင်မည့် ကာလများအတွက် သွားလာလိုသည့်နေရာများကို ရည်မှန်းထားပါက ဟနွိုင်းမြို့ရှိ Hanoi Golden Lake ဟိုတယ်ကြီးကို ထည့်သွင်းရမည် ဖြစ်သည်။

Hanoi Golden Lake ဟိုတယ်ကြီးတွင် အရာအားလုံးနီးပါးကို ရွှေဖြင့်မွမ်းမံထားရာ အိမ်သာခုံအထိ ပါဝင်သည်။

အမေရိကန်အခြေစိုက် Wyndham Hotel Group က စီမံကွပ်ကဲမည့် ဟိုတယ်ကြီးသည် ကြယ် ၆ ပွင့်အဆင့် ဟိုတယ်ဖြစ်သည်။

တည်းခိုခမှာ တစ်ညလျှင် ကန်ဒေါ်လာ ၂၅၀ မှ စတင်မည်ဖြစ်သည်။

စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ဟိုတယ်တွင် လူနေတိုက်ခန်းများလည်း ငှားရမ်းနိုင်ပြီး ဈေးနှုန်းမှာ ၁ စတုရန်းမီတာလျှင် ကန်ဒေါ်လာ ၆၅၀၀ ခန့်ရှိသည်ဟု ဆိုသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: This is the world's first gold-plated hotel and here's how much it will cost you per night (GQ, MSN, CPP-Luxury)

[Zawgyi]

ဟိုတယ္ျပင္ပနံရံ၊ ေရကူးကန္ၾကမ္းခင္းႏွင့္ေဘာင္မ်ား၊ အိမ္သာ၊ အတြင္းနံရံမ်ား၊ မ်က္ႏွာၾကက္မ်ား၊ တံခါးေဘာင္မ်ား၊ ေရစိမ္ကန္မ်ားႏွင့္ အသံုးအေဆာင္မ်ားကို ၂၄ ကာရက္ေရႊမ်ားျဖင့္ ျပဳလုပ္ထားေသာ ဗီယက္နမ္က ဟိုတယ္ၾကီး

ဗီယက္နမ္ႏိုင္ငံ၊ ဟႏြိဳင္းျမိဳ ႔တြင္ ဟိုတယ္ၾကီးတစ္ခုလံုးကို ၂၄ ကာရက္ေရႊျပားမ်ား၊ ေရႊျဖင့္ျပဳလုပ္ေသာ ပစၥည္းမ်ားျဖင့္ မြမ္းမံထားေသာ ကမၻာ့ပထမဆံုးဟိုတယ္ၾကီးကို ဖြင့္လွစ္လိုက္ျပီ ျဖစ္သည္။

ဟႏြိဳင္းျမိဳ ႔လယ္တြင္ တည္ရွိေသာ ၂၅ ထပ္ျမင့္မားသည့္ ဟိုတယ္ၾကီး၏ ျပင္ပနံရံပတ္လည္ကို ေရႊျပားမ်ားျဖင့္ အုပ္ကာ ျပဳလုပ္ထားသည္။

ဟႏြိဳင္းျမိဳ ႔၊ Ba Dinh ခရိုင္၊ Giang Vo ေရကန္ၾကီးေဘးတြင္ တည္ရွိေသာ Hanoi Golden Lake ဟိုတယ္ၾကီး၏ မ်က္ႏွာစာမွာ ေရႊျပားမ်ားျဖင့္ ေန႔ေရာညပါ ဖိတ္ဖိတ္လက္ေနသျဖင့္ ဟိုတယ္ၾကီးအနီးမွ ျဖတ္သြားသူအားလံုးကို ရင္သပ္ရႈေမာျဖစ္ေစသည္။

ေရႊအစစ္ကို အသံုးျပဳကာ ဟိုတယ္ခန္းမ်ားအတြင္း မြမ္းမံမႈမ်ားျပဳလုပ္ျခင္းကား ကမၻာတြင္အသစ္အဆန္းမဟုတ္၊ အျခားေသာ ဟိုတယ္အခ်ဳိ ႔တြင္လည္း ေရႊအစစ္ျဖင့္ အတြင္းပိုင္း မြမ္းမံမႈမ်ားရွိသည္။ သို႔ေသာ္ ေရႊျပားအစစ္အသံုးျပဳထားသည့္ ေၾကြျပားမ်ားအသံုးျပဳျခင္းမွာမူ ရွားပါးလွသည္။

အခန္းေပါင္း ၄၀၀ ပါဝင္ေသာ Hanoi Golden Lake ဟိုတယ္ၾကီးကို ေဆာက္လုပ္ခဲ့သည့္ Hoa Binh Group ၏ general director ျဖစ္သူ ငုယင္ ဟူ ေဒါင္ (Nguyen Huu Duong) က ေျပာၾကားရာတြင္ Hanoi Golden Lake သည္ ဟိုတယ္မ်က္ႏွာစာတစ္ခုလံုးကို ေရႊျပားမ်ားျဖင့္ ျပဳလုပ္ထားသည့္ ကမၻာ့ပထမဆံုးဟိုတယ္ျဖစ္ေၾကာင္း ဂုဏ္ယူစြာ ေျပာၾကားသည္။

အဆိုပါဟိုတယ္ၾကီးကို Wyndham Hotel ဟိုတယ္အမွတ္တံဆိပ္ျဖင့္ လည္ပတ္သြားမည္ ျဖစ္သည္။

ေၾကြျပားမ်ားတြင္သာ ေရႊျဖင့္စိမ္ထားသည္မဟုတ္ဘဲ အျခားေသာ ေဆာက္လုပ္ေရးပစၥည္းမ်ားစြာႏွင့္ ဟိုတယ္တြင္းရွိ ပရိေဘာဂမ်ားကိုလည္း ေရႊအစစ္ျဖင့္ မြမ္းမံထားသည္။

ဟိုတယ္သို႔ လာေရာက္သည့္ ဧည့္သည္မ်ားအေနျဖင့္ ေရႊအစစ္ျဖင့္အုပ္ထားသည့္ ဇြန္း၊ ခရင္း၊ ဓားတုိ႔ျဖင့္ သံုးေဆာင္ရမည္ျဖစ္သည့္အျပင္ ေရႊျဖင့္ မြမ္းမံထားေသာ စားပြဲ၊ ကုလားထိုင္မ်ားျဖင့္ ညစာစားႏိုင္မည္ ျဖစ္သည္။

ဟိုတယ္မ်က္ႏွာစာတြင္ ေရႊေရာင္ဝင္းေနသည့္ မ်က္ႏွာစာဧရိယာမွာ စတုရန္းမီတာ ၅၀၀၀ ခန္႔ရွိသည္။

၂၀၀၉ ခုႏွစ္က စတင္ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး ေရႊေရာင္ဝင္းေနသည့္ က်ယ္ေျပာလွေသာ ေရကူးကန္ၾကီးလည္း ပါဝင္သည္။

ယခုကာလသည္ကား ႏိုင္ငံျပည္ပခရီးသြားလာေရးမွာ အိပ္မက္တစ္ခုအျဖစ္သာ ရွိေနႏိုင္ေသးေသာ္လည္း ခရီးထြက္ႏိုင္မည့္ ကာလမ်ားအတြက္ သြားလာလိုသည့္ေနရာမ်ားကို ရည္မွန္းထားပါက ဟႏြိဳင္းျမိဳ ႔ရွိ Hanoi Golden Lake ဟိုတယ္ၾကီးကို ထည့္သြင္းရမည္ ျဖစ္သည္။

Hanoi Golden Lake ဟိုတယ္ၾကီးတြင္ အရာအားလံုးနီးပါးကို ေရႊျဖင့္မြမ္းမံထားရာ အိမ္သာခံုအထိ ပါဝင္သည္။

အေမရိကန္အေျခစိုက္ Wyndham Hotel Group က စီမံကြပ္ကဲမည့္ ဟိုတယ္ၾကီးသည္ ၾကယ္ ၆ ပြင့္အဆင့္ ဟိုတယ္ျဖစ္သည္။

တည္းခိုခမွာ တစ္ညလွ်င္ ကန္ေဒၚလာ ၂၅၀ မွ စတင္မည္ျဖစ္သည္။

စိတ္ဝင္စားဖြယ္ေကာင္းသည္မွာ ဟိုတယ္တြင္ လူေနတိုက္ခန္းမ်ားလည္း ငွားရမ္းႏိုင္ျပီး ေစ်းႏႈန္းမွာ ၁ စတုရန္းမီတာလွ်င္ ကန္ေဒၚလာ ၆၅၀၀ ခန္႔ရွိသည္ဟု ဆိုသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: This is the world's first gold-plated hotel and here's how much it will cost you per night (GQ, MSN, CPP-Luxury)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service