Covid-19 ကာလအတွင်း မိဘများနှင့် တွေ့ဆုံလိုသောကြောင့် အတ္တလန္တိတ်သမုဒ္ဒရာကြီးကို လှေကလေးတစ်စင်းဖြင့် ၃ လကြာ ဖြတ်ကျော်ခဲ့သော အာဂျင်တီးနားနိုင်ငံသား

Covid-19 ကာလအတွင်း မိဘများနှင့် တွေ့ဆုံလိုသောကြောင့် အတ္တလန္တိတ်သမုဒ္ဒရာကြီးကို လှေကလေးတစ်စင်းဖြင့် ၃ လကြာ ဖြတ်ကျော်ခဲ့သော အာဂျင်တီးနားနိုင်ငံသား - Property News in Myanmar from iMyanmarHouse.com
21 Jun 2020 12:13 pm တွင် တင်ခဲ့သည်
789 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အာဂျင်တီးနား သင်္ဘောသားတစ်ဦးသည် ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း မိဘများနှင့် ပြန်လည်ဆုံစည်းလိုသည့်အတွက် အတ္တလန္တိတ်သမုဒ္ဒရာကြီးကို လှေကလေးတစ်စီးဖြင့် ဖြတ်ကျော်ခဲ့သည်။

အသက် ၄၇ နှစ်အရွယ်ရှိပြီဖြစ်သော ဂျူအန် မန်ညူရယ် ဘာလက်စ်တီရိုသည် သမုဒ္ဒရာဖြတ်ခရီးစဉ်ကို ပေါ်တူဂီနိုင်ငံမှ စတင်ခဲ့ခြင်းဖြစ်ပြီး ၃ လကြာခဲ့သည်ဟု ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုကြီးဖြစ်ပေါ်ချိန်တွင် ဘာလက်စ်တီရိုသည် ပေါ်တူဂီနိုင်ငံ၊ Madeira တွင် ရောက်ရှိနေခဲ့ပြီး အာဂျင်တီးနားနိုင်ငံနှင့် ဆက်သွယ်ပေးမည့် လေကြောင်းခရီးစဉ်အားလုံး ရပ်ဆိုင်းသွားချိန်ဖြစ်သည်။

သူ၏ စုဆောင်းထားငွေ ယူရို ၂၀၀ နှင့်အတူ အစားအစာများကို သူ၏ Skua လှေကလေးတွင် တင်ဆောင်ပြီး အတ္တလန္တိတ်သမုဒ္ဒရာကြီးကို ဖြတ်ကျော်မည့်ခရီးစဉ်စတင်ခဲ့သည်။

သမုဒ္ဒရာဖြတ်ခရီးစဉ်ကား ချောမွေ့သာယာလှသည်ကားမဟုတ်။ မုန်တိုင်းများ လေပြင်းများနှင့် အမြဲရင်ဆိုင်ခဲ့ရပြီး အသက်ပျောက်လု ဖြစ်ရပ်များ တောက်လျှောက်ရင်ဆိုင်ခဲ့ရသည်။

ဘာလက်စ်တီရိုသည် ပေါ်တူဂီနိုင်ငံ၊ Porto Santo ဆိပ်ကမ်းမှ မတ်လ ၂၄ ရက်တွင် စတင်ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁၈ ရက်တွင် အာဂျင်တီးနားနိုင်ငံ၊ Mar del Plata သို့ ရောက်ရှိခဲ့သည်။

အာဂျင်တီးနားသို့ ရောက်ရှိပြီးနောက် မိဘများနှင့် မဆုံစည်းမီ ကွာရန်တင်းဝင်ခဲ့ရသည်။ “ကျွန်တော် သူတို့နဲ့ ပြန်ဆုံချင်ပါတယ်။ အခုချိန်မှာ ဒီဆိပ်ကမ်းမှာ ဆိုက်ကပ်နိုင်ခဲ့ပြီး အေးချမ်းခဲ့ပါပြီ။ ကျွန်တော့်ကို ဒုက္ခပေးမယ့် မုန်တိုင်းတွေ မရှိတော့ပါဘူး” ဟု ဘာလက်စ်တီရိုက အေပီသတင်းဌာနသို့ ပြောကြားသည်။

ဘာလက်စ်တီရိုသည် အတွေ့အကြုံများသော သင်္ဘောသားတစ်ဦးဖြစ်ပြီး အလက်စ်ကားနှင့် အတ္တလန္တိတ်တောင်ပိုင်းတို့တွင် ငါးဖမ်းခဲ့ဖူးသည်။

သူ၏ဖခင် ကားလော့စ် ဘာလက်စ်တီရိုမှာ အသက် ၉၀ ရှိပြီဖြစ်ပြီး မိခင်ဖြစ်သူ နီလ်ဒါ ဂိုမက်ဇ်မှာ အသက် ၈၂ နှစ်ဖြစ်သည်။

ဝေလငါးရှာဖွေရေး (သို့မဟုတ်) သဘာဝ ပတ်ဝန်းကျင်လေ့လာရေးများဆောင်ရွက်သည့် အဏ္ဏဝါသုတေသန ရွက်သင်္ဘောများတွင် မာလိန်မှူးအဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးသူဖြစ်သည်။

ဘရာဇီး၏ ကမ်းလွန်ပင်လယ်ပြင်သို့ရောက်ချိန်တွင် လှိုင်းများနှင့် လေပြင်းတို့က သူ၏လှေကလေးကို ပြင်းထန်စွာ ရိုက်ပုတ်ခြင်းများ ခံခဲ့ရသည်။

အရေးကြီးသည်မှာ မိဘများနှင့် ပြန်လည်တွေ့ဆုံနိုင်ရေးဖြစ်ကြောင်း ဘာလက်စ်တီရိုက ပြောကြားသည်။

မိဘများ၏နေအိမ်အနီးတွင် နေထိုင်သွားရန် စီစဉ်နေကြောင်းလည်း ဘာလက်စ်တီရိုက ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Argentinian crosses Atlantic by boat to reunite with parents during pandemic (Fox News)

[Zawgyi]

Covid-19 ကာလအတြင္း မိဘမ်ားႏွင့္ ေတြ႔ဆံုလိုေသာေၾကာင့္ အတၱလႏၱိတ္သမုဒၵရာၾကီးကို ေလွကေလးတစ္စင္းျဖင့္ ၃ လၾကာ ျဖတ္ေက်ာ္ခဲ့ေသာ အာဂ်င္တီးနားႏိုင္ငံသား

အာဂ်င္တီးနား သေဘၤာသားတစ္ဦးသည္ ကိုရိုနာဗိုင္းရပ္စ္ကာလအတြင္း မိဘမ်ားႏွင့္ ျပန္လည္ဆံုစည္းလိုသည့္အတြက္ အတၱလႏၱိတ္သမုဒၵရာၾကီးကို ေလွကေလးတစ္စီးျဖင့္ ျဖတ္ေက်ာ္ခဲ့သည္။

အသက္ ၄၇ ႏွစ္အရြယ္ရွိျပီျဖစ္ေသာ ဂ်ဴအန္ မန္ညဴရယ္ ဘာလက္စ္တီရိုသည္ သမုဒၵရာျဖတ္ခရီးစဥ္ကို ေပၚတူဂီႏိုင္ငံမွ စတင္ခဲ့ျခင္းျဖစ္ျပီး ၃ လၾကာခဲ့သည္ဟု ဆိုသည္။

ကိုရိုနာဗိုင္းရပ္စ္ ပ်ံ ႔ပြားမႈၾကီးျဖစ္ေပၚခ်ိန္တြင္ ဘာလက္စ္တီရိုသည္ ေပၚတူဂီႏိုင္ငံ၊ Madeira တြင္ ေရာက္ရွိေနခဲ့ျပီး အာဂ်င္တီးနားႏိုင္ငံႏွင့္ ဆက္သြယ္ေပးမည့္ ေလေၾကာင္းခရီးစဥ္အားလံုး ရပ္ဆိုင္းသြားခ်ိန္ျဖစ္သည္။

သူ၏ စုေဆာင္းထားေငြ ယူရို ၂၀၀ ႏွင့္အတူ အစားအစာမ်ားကို သူ၏ Skua ေလွကေလးတြင္ တင္ေဆာင္ျပီး အတၱလႏၱိတ္သမုဒၵရာၾကီးကို ျဖတ္ေက်ာ္မည့္ခရီးစဥ္စတင္ခဲ့သည္။

သမုဒၵရာျဖတ္ခရီးစဥ္ကား ေခ်ာေမြ႔သာယာလွသည္ကားမဟုတ္။ မုန္တိုင္းမ်ား ေလျပင္းမ်ားႏွင့္ အျမဲရင္ဆိုင္ခဲ့ရျပီး အသက္ေပ်ာက္လု ျဖစ္ရပ္မ်ား ေတာက္ေလွ်ာက္ရင္ဆိုင္ခဲ့ရသည္။

ဘာလက္စ္တီရိုသည္ ေပၚတူဂီႏိုင္ငံ၊ Porto Santo ဆိပ္ကမ္းမွ မတ္လ ၂၄ ရက္တြင္ စတင္ထြက္ခြာခဲ့ျခင္းျဖစ္ျပီး ဇြန္လ ၁၈ ရက္တြင္ အာဂ်င္တီးနားႏိုင္ငံ၊ Mar del Plata သို႔ ေရာက္ရွိခဲ့သည္။

အာဂ်င္တီးနားသို႔ ေရာက္ရွိျပီးေနာက္ မိဘမ်ားႏွင့္ မဆံုစည္းမီ ကြာရန္တင္းဝင္ခဲ့ရသည္။ “ကၽြန္ေတာ္ သူတို႔နဲ႔ ျပန္ဆံုခ်င္ပါတယ္။ အခုခ်ိန္မွာ ဒီဆိပ္ကမ္းမွာ ဆိုက္ကပ္ႏိုင္ခဲ့ျပီး ေအးခ်မ္းခဲ့ပါျပီ။ ကၽြန္ေတာ့္ကို ဒုကၡေပးမယ့္ မုန္တိုင္းေတြ မရွိေတာ့ပါဘူး” ဟု ဘာလက္စ္တီရိုက ေအပီသတင္းဌာနသို႔ ေျပာၾကားသည္။

ဘာလက္စ္တီရိုသည္ အေတြ႔အၾကံဳမ်ားေသာ သေဘၤာသားတစ္ဦးျဖစ္ျပီး အလက္စ္ကားႏွင့္ အတၱလႏၱိတ္ေတာင္ပိုင္းတို႔တြင္ ငါးဖမ္းခဲ့ဖူးသည္။

သူ၏ဖခင္ ကားေလာ့စ္ ဘာလက္စ္တီရိုမွာ အသက္ ၉၀ ရွိျပီျဖစ္ျပီး မိခင္ျဖစ္သူ နီလ္ဒါ ဂိုမက္ဇ္မွာ အသက္ ၈၂ ႏွစ္ျဖစ္သည္။

ေဝလငါးရွာေဖြေရး (သို႔မဟုတ္) သဘာဝ ပတ္ဝန္းက်င္ေလ့လာေရးမ်ားေဆာင္ရြက္သည့္ အဏၰဝါသုေတသန ရြက္သေဘၤာမ်ားတြင္ မာလိန္မွဴးအျဖစ္လည္း လုပ္ကိုင္ခဲ့ဖူးသူျဖစ္သည္။

ဘရာဇီး၏ ကမ္းလြန္ပင္လယ္ျပင္သို႔ေရာက္ခ်ိန္တြင္ လိႈင္းမ်ားႏွင့္ ေလျပင္းတို႔က သူ၏ေလွကေလးကို ျပင္းထန္စြာ ရိုက္ပုတ္ျခင္းမ်ား ခံခဲ့ရသည္။

အေရးၾကီးသည္မွာ မိဘမ်ားႏွင့္ ျပန္လည္ေတြ႔ဆံုႏိုင္ေရးျဖစ္ေၾကာင္း ဘာလက္စ္တီရိုက ေျပာၾကားသည္။

မိဘမ်ား၏ေနအိမ္အနီးတြင္ ေနထိုင္သြားရန္ စီစဥ္ေနေၾကာင္းလည္း ဘာလက္စ္တီရိုက ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Argentinian crosses Atlantic by boat to reunite with parents during pandemic (Fox News)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service