မြန်မာနိုင်ငံအတွက် နိုင်ငံတကာကပေးတဲ့ ချေးငွေကန်ဒေါ်လာ တစ်ဘီလီယံကျော်ရရှိထား

မြန်မာနိုင်ငံအတွက် နိုင်ငံတကာကပေးတဲ့ ချေးငွေကန်ဒေါ်လာ တစ်ဘီလီယံကျော်ရရှိထား - Property News in Myanmar from iMyanmarHouse.com
17 Jun 2020 12:06 pm တွင် တင်ခဲ့သည်
590 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကပ်ရောဂါကြောင့် မြန်မာ့စီးပွားရေးဦးမော့လာဖို့အတွက် နိုင်ငံတကာ ချေငွေအကူအညီ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် ရရှိထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ကပြောပါတယ်။

မနေ့ကနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းကနေတွေ့ဆုံဆွေးနွေးမှုမှာ ထည့်သွင်းပြောခဲ့တာပါ။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က အမေရိကန်ဒေါ်လာသန်း ၇၀၀ ၊ ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၂၇၀ ၊ ကမ္ဘာဘဏ်က အမေရိကန်ဒေါ်လာ သန်း ၂၅၀ ၊ အာရှဖွံ့ဖြိုးရေးဘဏ်က အမေရိကန်ဒေါ်လာ သန်း ၃၀ စုစုပေါင်းအမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော်ရရှိထားတယ်လို့ ဝန်ကြီး ဦးသောင်းထွန်းကဆိုပါတယ်။

ဒီလို ချေးငွေအကူအညီပေးတာကလည်းမြန်မာနိုင်ငံရဲ့စီးပွားရေးတည်ငြိမ်လို့ ဖြစ်တဲ့အကြောင်း ပြောပါသေးတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီလို ချေးငွေကို ကပ်ရောဂါကာလအတွင်း အကုန်သုံးစွဲလိုက်ဖို့မဖြစ်တဲ့အကြောင်းနဲ့ ရေရှည်ကိုလည်းအလေးထားသင့်တယ်လို့ ဆိုပါတယ်။

"ရေတို ကိုဗစ်အတွက်ပဲ ကြည့်လို့မရဘူးကျွန်မတို့ဒီအခြေအနေမှာ ရေရှည်ကိုလည်းကြည့်ရမယ် လတ်တလောအရေးပေါ်နဲ့ရေရှည်ကို ထည့်သွင်းစဉ်းစားရမယ် "လို့ ဒေါ်အောင်ဆန်းစုကြည်ကဆိုပါတယ်။

ဒါအပြင် ပြည်သူတွေအတွက် အကျိုးရှိအောင် စနစ်တကျ အသုံးပြုဖို့လိုတယ်လို့ မှာကြားပါသေးတယ်။

ဒီနေ့ဆွေးနွေးပွဲဟာ ကိုဗစ်ကြောင့် ထိခိုက်သွားတဲ့ စီးပွားရေးကိုကုစားမယ့်အစီအစဉ်တွေကို အဓိကထားဆွေးနွေးကြတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့စီးပွားရေး လက်ရှိကာလမှာ ထိခိုက်မှုမသိသာသေးပေမယ့်လာမယ့် ကာလတွေမှာတော့ သိသာလာနိုင်တဲ့အကြောင်း စီမံဘဏ္ဍာ ဒုတိယဝန်ကြီး ဦးဆက်အောင်ကပြောပါတယ်။

နိုင်ငံတကာကထောက်ပံံ့မယ့်အကူအညီငွေတွေလည်း လာမယ့်ဘဏ္ဍာနှစ်ထဲမှာ ထပ်မံလာရောက်ဖို့ရှိသေးတယ်လို့ ၎င်းကပြောပါတယ်။

"သူတို့ဘက်က ကမ်းလှမ်းထားတာတွေရှိသေးတယ် စင်ကာပူ၊ ဂျပန်၊ အာရှနိုင်ငံတွေကကူညီဖို့ပြင်ဆင်နေတာပါ" လို့ဦးဆက်အောင်ကဆိုပါတယ်။

ဒါကြောင့် ကုစားရေးအစီအမံတွေကို အသေးစိတ်ရေးဆွဲထားတယ်လို့ဆိုပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးနိုင်မယ့် စက်မှုဇုန်တွေ ထူထောင်ဖို့ တောင်ကိုရီးယားနဲ့ ထိုင်းနိုင်ငံတို့ကမ်းလှမ်းထားတယ်လို့လည်း ဝန်ကြီးဦးသောင်းထွန်းကပြောပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏဟာလည်းပြီးခဲ့တဲ့ ဘဏ္ဍာနှစ် တစ်နှစ်လုံးမှာ အမေရိကန်ဒေါ်လာ လေးဘီလီယံကျော်ခွင့်ပြု ပေးခဲ့တာဖြစ်ပြီး လက်ရှိ ဘဏ္ဍာနှစ်ရဲ့ ရှစ်လတာကာလအတွင်းမှာတင် အမေရိကန်ဒေါ်လာလေးဘီလီယံကျော်ခွင့်ပြုထားပြီးဖြစ်တဲ့အကြောင်း သိရပါတယ်။

ဒါကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုဟာ ကပ်ရောဂါအပြီးမှာ ထပ်မံဝင်ရောက်လာဖို့ရှိနိုင်တယ်လို့ ဝန်ကြီး ဦးသောင်းထွန်းက သုံးသပ်ပါသေးတယ်။

ဒ့ါအပြင် ကပ်ရောဂါအပြီးမှာ ကမ္ဘာ့ရဲ့ စားနပ်ရိက္ခာကဏ္ဍ အတွက် မြန်မာနိုင်ငံကနေ ပိုမိုတင်ပို့လာနိုင်မယ့် အခွင့်အလမ်းတွေရှိလာနိုင်တယ်လို့လည်း ဆွေးနွေးခဲ့ကြတာကိုတွေ့ရပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]











နိုင်ငံတကာကထောက်ပံ့မယ့်အကူအညီငွေတွေလည်း လာမယ့်ဘဏ္ဍာနှစ်ထဲမှာ ထပ်မံလာရောက်ဖို့ရှိသေးတယ်လို့ ၎င်းကပြောပါတယ်။









နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service