ဧရာဝတီနှင့်ရခိုင်ကမ်းခြေပတ်လမ်းတွင် မြေဧက တစ်သောင်းကျော်ပါဝင်သည့် ဟိုတယ်စီမံကိန်းအတွက် ကုမ္ပဏီများကိုဖိတ်ခေါ်မည်

ဧရာဝတီနှင့်ရခိုင်ကမ်းခြေပတ်လမ်းတွင် မြေဧက တစ်သောင်းကျော်ပါဝင်သည့် ဟိုတယ်စီမံကိန်းအတွက် ကုမ္ပဏီများကိုဖိတ်ခေါ်မည် - Property News in Myanmar from iMyanmarHouse.com
16 Jun 2020 10:34 am တွင် တင်ခဲ့သည်
4423 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဧရာဝတီတိုင်း၊ ပုသိမ်(ငရုတ်ကောင်း) မှ ရခိုင်ပြည်နယ်ဂွမြို့အထိ အမြန်လမ်းဖောက်လုပ်ရန် ကုမ္ပဏီများကို ဖိတ်ခေါ်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းကပြောသည်။

ထိုစီမံကိန်းတွင် မိုင် ၁၀၀ ကျော်ရှည်လျားသည် ကွန်ကရစ်နှစ်လမ်းသွားနှင့် မြေဧက တစ်သောင်းခန့်ပါဝင်မည့် ဟိုတယ်ဇုန် စီမံကိန်းပါဝင်ပြီး ဒေါ်လာသန်း ၁၀၀ တန်သည့် စီမံကိန်းဖြစ်သည်ဟု ဒုဝန်ကြီးကဆိုသည်။

အစိုးရ၏ စတုတ္ထ တစ်နှစ်တာဆောင်ရွက်မှုများကို ရှင်းလင်းသည့် သတင်းစာရှင်းလင်းပွဲတွင် ဒုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကမ်းခြေနဲ့နီးတဲ့နေရာတွေကို ဟိုတယ်ခွင့်ပြုပေးမယ်၊ ဝေးတဲ့နေရာတွေကို စိုက်ပျိုးမွေးမြူရေး စက်မှုဇုန်၊ တောင်ကုန်းတွေကို အပန်းဖြေမြို့လေးတွေလုပ်မယ်၊ စီမံကိန်းဆွဲပြီး ဧရာဝတီတိုင်းက ဝန်ကြီးနဲ့ ကော်မတီဖွဲ့ပြီးတော့ EOI ခေါ်မှာ၊ စိတ်ဝင်စားတဲ့ ပြည်တွင်းပြည်ပလုပ်ငန်းရှင်တွေ လေ့လာပြီးတော့ ပြိုင်လို့ရမယ်။” လို့ ဒေါက်တာကျော်လင်းက ပြောသည်။

ဧရာဝတီနှင့်ရခိုင်ကို ဆက်သွယ်မည့် ကမ်းခြေပတ်လမ်း စီမံကိန်းဟုခေါ်ပြီး ထိုစီမံကိန်းအတွက် တိုင်းဒေသကြီးအစိုးရသို့ သဘောထားမှတ်ချက်ကို ၂၀၁၉ တွင် တောင်းခဲ့ကြောင်း လျှပ်စစ် စွမ်းအင်စက်မှုလက်မှုနှင့်လမ်းပန်းဝန်ကြီးဦးဝင်းဌေးက ပြောထားသည်။

“ကမ်းခြေပတ်လမ်းကြောင့် ခရီးသွားလုပ်ငန်းတွေလုံခြုံရေးအပိုင်းတွေ လမ်းပန်းဆက်သွယ်ရေး အပိုင်းတွေ အများကြီးကောင်းမှာပါ။ ကမ်းခြေပတ်လမ်းကို မော်တင်အထိသွားလို့ရတယ်။ ပြည်ထောင်စု ဆောက်လုပ်ရေးဝန်ကြီးဌာနက လေ့လာထားမှုအရ ဂေါ်ရင်ဂျီကျွန်းကရခိုင်အထိ ”ဟု လျှပ်စစ်စွမ်းအင်စက်မှုလက်မှု နှင့်လမ်းပန်း ဝန်ကြီးဦးဝင်းဌေးက ပြောထားသည်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ ညွှန်ကြားချက်ဖြင့် ရခိုင် ပြည်နယ်၊ သံတွဲမြို့မှ ဧရာဝတီတိုင်း ငပုတောမြို့နယ် ဂေါ်ရင်ဂျီကျွန်းအထိ မိုင် ၁၇၀ အရှည်ရှိမည့် ကမ်းခြေပတ်လမ်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

ကမ်းခြေပတ်လမ်းနှင့် ဆက်စပ်ဒေသများတွင် နေထိုင်သည့် ဒေသခံများ စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ကမ်းခြေဒေသတလျှောက် လုံခြုံမှု ရှိစေရန်အတွက် သမ္မတက ရည်ရွယ်ညွှန်ကြားခဲ့ခြင်း ဖြစ်ပြီး ယင်းစီမံကိန်းကို ပြည်ထောင်စု အစိုးရ၊ ဧရာဝတီတိုင်းအစိုးရနှင့် ရခိုင်ပြည်နယ် အစိုးရတို့ ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းသိရသည်။

မိုင် ၁၇၀ ခန့် ရှည်လျားသည့် ကမ်းခြေပတ်လမ်း ဖောက်လုပ်ပြီးစီးပါက ကမ်းလွန်ရေနံတူးဖော်ရေး လုပ်ကွက်များအတွက် ထောက်ပံ့ရေး စီမံကိန်းများ၊ ရေနက်ဆိပ်ကမ်းစီမံကိန်းများ၊ သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စီမံကိန်းများ ဆက်လက် အကောင်အထည်ဖော်သွားရန် စီမံချက်တရပ် ရေးဆွဲထားကြောင်းလည်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ဧရာဝတီႏွင့္ရခိုင္ကမ္းေျခပတ္လမ္းတြင္ ေျမဧက တစ္ေသာင္းေက်ာ္ပါဝင္သည့္ ဟိုတယ္စီမံကိန္းအတြက္ ကုမၸဏီမ်ားကိုဖိတ္ေခၚမည္

ဧရာဝတီတိုင္း၊ ပုသိမ္(င႐ုတ္ေကာင္း) မွ ရခိုင္ျပည္နယ္ဂြျမိဳ႕အထိ အျမန္လမ္းေဖာက္လုပ္ရန္ ကုမၸဏီမ်ားကို ဖိတ္ေခၚမည္ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးေက်ာ္လင္းကေျပာသည္။

ထိုစီမံကိန္းတြင္ မိုင္ ၁၀၀ ေက်ာ္ရွည္လ်ားသည္ ကြန္ကရစ္ႏွစ္လမ္းသြားႏွင့္ ေျမဧက တစ္ေသာင္းခန႔္ပါဝင္မည့္ ဟိုတယ္ဇုန္ စီမံကိန္းပါဝင္ၿပီး ေဒၚလာသန္း ၁၀၀ တန္သည့္ စီမံကိန္းျဖစ္သည္ဟု ဒုဝန္ႀကီးကဆိုသည္။

အစိုးရ၏ စတုတၳ တစ္ႏွစ္တာေဆာင္႐ြက္မႈမ်ားကို ရွင္းလင္းသည့္ သတင္းစာရွင္းလင္းပြဲတြင္ ဒုဝန္ႀကီးက ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ကမ္းေျခနဲ႔နီးတဲ့ေနရာေတြကို ဟိုတယ္ခြင့္ျပဳေပးမယ္၊ ေဝးတဲ့ေနရာေတြကို စိုက္ပ်ိဳးေမြးျမဴေရး စက္မႈဇုန္၊ ေတာင္ကုန္းေတြကို အပန္းေျဖၿမိဳ႕ေလးေတြလုပ္မယ္၊ စီမံကိန္းဆြဲၿပီး ဧရာဝတီတိုင္းက ဝန္ႀကီးနဲ႔ ေကာ္မတီဖြဲ႕ၿပီးေတာ့ EOI ေခၚမွာ၊ စိတ္ဝင္စားတဲ့ ျပည္တြင္းျပည္ပလုပ္ငန္းရွင္ေတြ ေလ့လာၿပီးေတာ့ ၿပိဳင္လို႔ရမယ္။” လို႔ ေဒါက္တာေက်ာ္လင္းက ေျပာသည္။

ဧရာဝတီႏွင့္ရခိုင္ကို ဆက္သြယ္မည့္ ကမ္းေျခပတ္လမ္း စီမံကိန္းဟုေခၚၿပီး ထိုစီမံကိန္းအတြက္ တိုင္းေဒသႀကီးအစိုးရသို႔ သေဘာထားမွတ္ခ်က္ကို ၂၀၁၉ တြင္ ေတာင္းခဲ့ေၾကာင္း လွ်ပ္စစ္ စြမ္းအင္စက္မႈလက္မႈႏွင့္လမ္းပန္းဝန္ႀကီးဦးဝင္းေဌးက ေျပာထားသည္။

“ကမ္းေျခပတ္လမ္းေၾကာင့္ ခရီးသြားလုပ္ငန္းေတြလုံၿခဳံေရးအပိုင္းေတြ လမ္းပန္းဆက္သြယ္ေရး အပိုင္းေတြ အမ်ားႀကီးေကာင္းမွာပါ။ ကမ္းေျခပတ္လမ္းကို ေမာ္တင္အထိသြားလို႔ရတယ္။ ျပည္ေထာင္စု ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ေလ့လာထားမႈအရ ေဂၚရင္ဂ်ီကြၽန္းကရခိုင္အထိ ”ဟု လွ်ပ္စစ္စြမ္းအင္စက္မႈလက္မႈ ႏွင့္လမ္းပန္း ဝန္ႀကီးဦးဝင္းေဌးက ေျပာထားသည္။

ႏိုင္ငံေတာ္ သမၼတ ဦးဝင္းျမင့္၏ ၫႊန္ၾကားခ်က္ျဖင့္ ရခိုင္ ျပည္နယ္၊ သံတြဲၿမိဳ႕မွ ဧရာဝတီတိုင္း ငပုေတာၿမိဳ႕နယ္ ေဂၚရင္ဂ်ီကြၽန္းအထိ မိုင္ ၁၇၀ အရွည္ရွိမည့္ ကမ္းေျခပတ္လမ္းကို စတင္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနျခင္းျဖစ္သည္။

ကမ္းေျခပတ္လမ္းႏွင့္ ဆက္စပ္ေဒသမ်ားတြင္ ေနထိုင္သည့္ ေဒသခံမ်ား စီးပြားေရး ဖြံ႕ၿဖိဳး တိုးတက္ေစရန္ႏွင့္ ကမ္းေျခေဒသတေလွ်ာက္ လုံၿခဳံမႈ ရွိေစရန္အတြက္ သမၼတက ရည္႐ြယ္ၫႊန္ၾကားခဲ့ျခင္း ျဖစ္ၿပီး ယင္းစီမံကိန္းကို ျပည္ေထာင္စု အစိုးရ၊ ဧရာဝတီတိုင္းအစိုးရႏွင့္ ရခိုင္ျပည္နယ္ အစိုးရတို႔ ပူးေပါင္း ေဆာင္႐ြက္ေနျခင္း ျဖစ္ေၾကာင္းသိရသည္။

မိုင္ ၁၇၀ ခန႔္ ရွည္လ်ားသည့္ ကမ္းေျခပတ္လမ္း ေဖာက္လုပ္ၿပီးစီးပါက ကမ္းလြန္ေရနံတူးေဖာ္ေရး လုပ္ကြက္မ်ားအတြက္ ေထာက္ပံ့ေရး စီမံကိန္းမ်ား၊ ေရနက္ဆိပ္ကမ္းစီမံကိန္းမ်ား၊ သဘာဝဓာတ္ေငြ႕ျဖင့္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္သည့္ စီမံကိန္းမ်ား ဆက္လက္ အေကာင္အထည္ေဖာ္သြားရန္ စီမံခ်က္တရပ္ ေရးဆြဲထားေၾကာင္းလည္း တိုင္းအစိုးရအဖြဲ႕ထံမွ သိရသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်လာ ၉၀၀၀၀၀ အကြွေးဖြင့် ကုမ္ပဏီစတင်တည်ထောင်ခဲ့ကာ ယခုအခါ ကန်ဒေါ်လာ ၂၀ ဒသမ ၉ ဘီလီယံ ချမ်းသာနေပြီဖြစ်သော အမေရိက၏ အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် အမျိုးသမီး...
ဒေါ်လာ ၉၀၀၀၀၀ အကြွေးဖြင့် ကုမ္ပဏီစတင်တည်ထောင်ခဲ့ကာ ယခုအခါ ကန်ဒေါ်လာ ၂၀ ဒသမ ၉ ဘီလီယံ ချမ်းသာနေပြီဖြစ်သော အမေရိက၏ အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် အမျိုးသမီး...
ဂျွန်နီဒက်ပ်က အနောက်ဟောလိဝုဒ်ရှိ နေအိမ် ၂ လုံး သိမ်းယူခံရမည့်အရေးမှ ကယ်တင်နိုင်ရန်အတွက် ဒေါ်လာ ၁၀ သန်း ချေးငွေထုတ်ယူခဲ့...
ဂျွန်နီဒက်ပ်က အနောက်ဟောလိဝုဒ်ရှိ နေအိမ် ၂ လုံး သိမ်းယူခံရမည့်အရေးမှ ကယ်တင်နိုင်ရန်အတွက် ဒေါ်လာ ၁၀ သန်း ချေးငွေထုတ်ယူခဲ့...
စိမ်းညို့ရောင် တောတောင်သစ်ပင်များနဲ့ မိုးရာသီမှာ လွမ်းမောစရာ ဂျပန်နိုင်ငံက ဆုတောင်းပြည့် Takasumi ဘုရားကျောင်း...
စိမ်းညို့ရောင် တောတောင်သစ်ပင်များနဲ့ မိုးရာသီမှာ လွမ်းမောစရာ ဂျပန်နိုင်ငံက ဆုတောင်းပြည့် Takasumi ဘုရားကျောင်း...
စကော့တလန် ဂီတဖျော်ဖြေပွဲခရီးစဉ်တွင် တေလာဆွစ်ဖ် တည်းခိုခဲ့သော တစ်ညလျှင် ပေါင် ၁၀၀၀ မျှသာ ပေးရသည့် ဟိုတယ်...
စကော့တလန် ဂီတဖျော်ဖြေပွဲခရီးစဉ်တွင် တေလာဆွစ်ဖ် တည်းခိုခဲ့သော တစ်ညလျှင် ပေါင် ၁၀၀၀ မျှသာ ပေးရသည့် ဟိုတယ်...
နည်းပညာလုပ်ငန်းနယ်မှ ဘီလျံနာသူဌေးကြီးများ၏ လုံခြုံရေးအတွက် နှစ်စဉ်ကုန်ကျငွေများ။ Mark Zuckergerg မှာ ကုန်ကျစရိတ် ကန်ဒေါ်လာ ၁၀ သန်းဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေ...
နည်းပညာလုပ်ငန်းနယ်မှ ဘီလျံနာသူဌေးကြီးများ၏ လုံခြုံရေးအတွက် နှစ်စဉ်ကုန်ကျငွေများ။ Mark Zuckergerg မှာ ကုန်ကျစရိတ် ကန်ဒေါ်လာ ၁၀ သန်းဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေ...
Ford ကုမ္ပဏီက ဒက်ထရွိက်ရှိ ဘူတာရုံဟောင်း အဆောက်အအုံကြီးကို ဝန်ထမ်းပေါင်း ၂၅၀၀ အတွက် ရုံးခန်းနေရာအသစ်အဖြစ် ပြောင်းလဲအသုံးပြုရန် ဒေါ်လာ သန်း ၉၅၀ သုံးစွဲဝယ်ယူ မွမ်းမံမှုပြုလုပ်...
Ford ကုမ္ပဏီက ဒက်ထရွိက်ရှိ ဘူတာရုံဟောင်း အဆောက်အအုံကြီးကို ဝန်ထမ်းပေါင်း ၂၅၀၀ အတွက် ရုံးခန်းနေရာအသစ်အဖြစ် ပြောင်းလဲအသုံးပြုရန် ဒေါ်လာ သန်း ၉၅၀ သုံးစွဲဝယ်ယူ မွမ်းမံမှုပြုလုပ်...
တိုင်းမ်မဂ္ဂဇင်း၊ ဝေါစထရိဂျာနယ် အစရှိသော ကမ္ဘာကျော် သတင်းမီဒီယာများစွာ ပိုင်ဆိုင်ထားသူ အသက် ၉၃ နှစ်အရွယ် ရူးပတ်မားဒေါ့က ပဉ္စမမြောက် အိမ်ထောင်အဖြစ် အသက် ၆၇ နှစ်အရွယ် ဇီဝဗေဒပညာရှင် အမျိုးသမီးနှင့် လက်ထပ်မင်္ဂလာပွဲကျင်းပခဲ့သော ဒေါ်လာ သန်း ၁၅၀ တန် စံအိ...

သြစတေးလျတွင် အိမ်ခြံမြေအကျပ်အတည်း ဆိုးရွားလာမှုကြောင့် သူနာပြုများအပါအဝင် မရှိမဖြစ် လုပ်သားများ အိမ်ရာမဲ့ဖြစ်တော့မည့်အခြေအနေနှင့် ရင်ဆိုင်နေရ...
သြစတေးလျတွင် အိမ်ခြံမြေအကျပ်အတည်း ဆိုးရွားလာမှုကြောင့် သူနာပြုများအပါအဝင် မရှိမဖြစ် လုပ်သားများ အိမ်ရာမဲ့ဖြစ်တော့မည့်အခြေအနေနှင့် ရင်ဆိုင်နေရ...
တရုတ်ပြည်တွင် ဆောက်လုပ်ထားသော လုံးဝအပြင်ထွက်စရာမလိုအောင် အရာရာပြီးပြည့်စုံပြီး လူပေါင်း ၃၀၀၀၀ နေထိုင်နိုင်သည့် အံ့မခန်းလူနေအဆောက်အအုံကြီး...
တရုတ်ပြည်တွင် ဆောက်လုပ်ထားသော လုံးဝအပြင်ထွက်စရာမလိုအောင် အရာရာပြီးပြည့်စုံပြီး လူပေါင်း ၃၀၀၀၀ နေထိုင်နိုင်သည့် အံ့မခန်းလူနေအဆောက်အအုံကြီး...
သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့ကြယ်ပွင့် မူဟာမက် အလီ၏ ကလေးဘဝ လက်ဝှေ့လေ့ကျင့်ခဲ့သော နေအိမ် ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့ကြယ်ပွင့် မူဟာမက် အလီ၏ ကလေးဘဝ လက်ဝှေ့လေ့ကျင့်ခဲ့သော နေအိမ် ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ခြံဝန်းအတွင်း လှေတစ်စင်းထားသော အမျိုးသားကို မြို့အုပ်ချုပ်ရေးအဖွဲ့က လှေကို အခြားသူများ
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ခြံဝန်းအတွင်း လှေတစ်စင်းထားသော အမျိုးသားကို မြို့အုပ်ချုပ်ရေးအဖွဲ့က လှေကို အခြားသူများ
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
တစ်နှစ်ရဲ့ နှစ်ဝက်စာအချိန်တွေမှာ ရေအတိဖုံးလွှမ်းလျက် တွေ့မြင်ရတဲ့ ဩစတေးယျနိုင်ငံမှ ထူးဆန်းရေအိုင်ငယ်
တစ်နှစ်ရဲ့ နှစ်ဝက်စာအချိန်တွေမှာ ရေအတိဖုံးလွှမ်းလျက် တွေ့မြင်ရတဲ့ ဩစတေးယျနိုင်ငံမှ ထူးဆန်းရေအိုင်ငယ်
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ
တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ
တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
တရုတ်ပြည်တွင် ဆောက်လုပ်ထားသော လုံးဝအပြင်ထွက်စရာမလိုအောင် အရာရာပြီးပြည့်စုံပြီး လူပေါင်း ၃၀၀၀၀ နေထိုင်နိုင်သည့် အံ့မခန်းလ
တရုတ်ပြည်တွင် ဆောက်လုပ်ထားသော လုံးဝအပြင်ထွက်စရာမလိုအောင် အရာရာပြီးပြည့်စုံပြီး လူပေါင်း ၃၀၀၀၀ နေထိုင်နိုင်သည့် အံ့မခန်းလ
magical-world
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service