ဂျိမ်းစ်ဘွန်းမင်းသားကြီး ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို သန်း ၃၀ ဖြင့် ရောင်းချမည်

ဂျိမ်းစ်ဘွန်းမင်းသားကြီး ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို သန်း ၃၀ ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
12 Jun 2020 12:30 pm တွင် တင်ခဲ့သည်
1419 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျိမ်းစ်ဘွန်းဇာတ်ကားများဖြင့် နာမည်ကျော်သော ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ရှောင်ကွန်နရီ တချိန်က ပိုင်ဆိုင်ခဲ့ဖူးသော ပြင်သစ်နိုင်ငံမှ စံအိမ်ကြီး ယူရိုသန်း ၃၀ ဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

Belle-Epoch ခေတ်လက်ရာ စံအိမ်ကြီးတွင် အိမ်တွင်း အိမ်ပြင် ရေကူးကန်များ ပါဝင်သည်။

(မှတ်ချက်- Belle-Epoch ခေတ်ဟူသည်မှာ ပြင်သစ်ဘာသာအားဖြင့် လှပသောခေတ်ဟု အဓိပ္ပာယ်ရသည်။ ပြင်သစ်-ပရပ်ရှားစစ်ပွဲကာလဖြစ်သော ၁၈၇၁ ခုနှစ်မှသည် ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့သည့် ၁၉၁၄ ခုနှစ်အကြားကာလကို ရည်ညွှန်းသည်။)

ပြင်သစ်နိုင်ငံတောင်ပိုင်း၊ Cap de Nice တွင် တည်ရှိပြီး ပင်လယ်ကို စီးမိုးတွေ့မြင်နေရသည့် တောင်စောင်းတစ်ခုတွင် ဆောက်လုပ်ထားကာ ကျယ်ဝန်းလှသော စံအမ်ကြီးဖြစ်ပြီး တစ်ချိန်က ဆာဘွဲ့ရ ရှောင်ကွန်နရီ နေထိုင်ခဲ့ရာနေရာ ဖြစ်သည်။

ရှောင်ကွန်နရီသည် ၁၉၆၀ ၊ ၇၀ နှင့် ၈၀ ပြည့်လွန်ကာလများတွင် နာမည်ကြီး ရေပန်းစားခဲ့သည့် ဂျိမ်းစ်ဘွန်းဇာတ်လမ်းတွဲများဖြင့် နာမည်ကျော်လူသိများသူ ဖြစ်သည်။

အဆိုပါ စံအိမ်သည် ယခုရက်သတ္တပတ်အတွင်း ယူရို သန်း ၃၀ (ကန်ဒေါ်လာ ၃၄ သန်း) ဖြင့် အရောင်းဈေးကွက်ဝင်လာခြင်းဖြစ်ကြောင်း Knight Frank တွင် ဖော်ပြသည်။

Belle-Epoch ခေတ်လက်ရာ စံအိမ်ကြီး၏ ပြင်ပသွင်ပြင်မှာ ပြင်သစ်ဂန္ထဝင်လက်ရာကို ထင်ဟပ်ပြသနေပြီး ခရမ်းနုရောင်ပန်းပွင့်သော နွယ်ပင်တစ်မျိုးက ရှေ့မျက်နှာစာတွင် တွယ်တက်လျက်ရှိသည်။

စံအိမ်ရှေ့ မြေယာအလှပြုပြင်ထားသော ပန်းဥယျာဉ်တို့မှာ စံအိမ်မှသည် ပင်လယ်ဆီသို့ ဖြန့်ကျက်တည်ရှိသည်။

မကြာသေးမီကမှ ပြုပြင်မွမ်းမံထားသော ပန်းဥယျာဉ်ရှိ ပန်းမန်တို့မှာ ရောင်စုံဝေဆာဖူးပွင့်နေပြီး လူသွားလမ်းကလေးတစ်ခုမှာ ပင်လယ်ဆီသို့ ဦးတည်သွားပြီး အနီးရှိ ကမ်းခြေများဆီသို့ ရောက်ရှိနိုင်သည်။

စံအိမ်အတွင်းပိုင်းတွင်ကား ခေတ်ပြိုင်ဟန်ကို တွေ့ရမည်ဖြစ်ပြီး စံအိမ်၏အောက်တွင် အားကစားလေ့ကျင့်ရေးခန်းမ ထည့်သွင်းထားသည်။

မြေထဲပင်လယ်ကို စီးမိုးတွေ့မြင်နိုင်သည့် စံအိမ်ကြီးအတွင်း ရေကူးကန်တစ်ခုလည်း ပါဝင်သည်။

ရေကူးကန်နေရာတွင် ညစာစားရန်နေရာနှင့် ပင်မမီးဖိုဆောင်တို့ တည်ရှိသည်။

ခြံဝန်းအကျယ် ၁ ဒသမ ၂၄ ဧကရှိပြီး ခြံဝန်းအတွင်း ပင်လယ်ရေထည့်သွင်းထားသည့် ရေကူးကန်နှင့် ဧည့်ဂေဟာအိမ် ၂ လုံး ပါဝင်သေးသည်။

ပင်မစံအိမ်မှာ ခေတ်ဟောင်းနှင့် ခေတ်သစ်ဟန်များ ပေါင်းစပ်ထားပြီး ပျဉ်ခင်းကြမ်းပြင်၊ ခေတ်ပြိုင် ကြမ်းပြင်မှ မျက်နှာကြက် မှန်ပြတင်းများအပြင် ဓာတ်လှေကားတစ်ခုလည်း ထည့်သွင်းထားသည်။

စံအိမ်၏ မြေညီထပ်တွင် သီးသန့်မီးဖိုဆောင်ပါဝင်သော မိသားစုအခန်းတစ်ခု ပါဝင်ပြီး လက်ရှိတွင် အိမ်တွင်းရုံးခန်းအဖြစ် အသုံးပြုထားသည်။

စံအိမ်၏ အထပ် ၅ ထပ်တွင် အိပ်ခန်း ၅ ခန်း၊ သီးသန့်လသာဆောင်ပါဝင်သည့် master bedroom နှင့် ရေချိုးခန်း ၂ ခန်းတို့ ပါဝင်သည်။

အသက် ၈၉ နှစ်ရှိပြီဖြစ်သော ရှောင်ကွန်နရီသည် စံအိမ်ကြီးကို ပိုင်ဆိုင်ခြင်းမရှိတော့ချေ။ သို့သော် Nice မြို့ပြင်အထွက်တွင် တည်ရှိပြီး Monaco နှင့် အနည်းငယ်သာ ဝေးကွာသော အဆိုပါစံအိမ်ကြီးသည် ချမ်းသာကျော်ကြားသူတို့အကြား ဆွဲဆောင်အား ကောင်းနေဆဲပင် ဖြစ်သည်။

အဆိုပါဒေသသည် နာမည်ကျော်များဖြစ်သော Coco Chanel ၊ ပါဘလို ပီကာဆို၊ Grace Kelly နှင့် ရှောင်ကွန်နရီတို့ နေထိုင်ခဲ့ရာနေရာ ဖြစ်သည်။

အယ်လ်တန်ဂျွန်နှင့် Tina Turner တို့သည်လည်း ယခုစံအိမ်ကြီးအနီးတွင် နေအိမ်များ ပိုင်ဆိုင်ခဲ့ကြဖူးသည်။

စံအိမ်၏ လက်ရှိပိုင်ရှင် မည်သူဖြစ်သည်ကိုမူ မသိရချေ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Sean Connery’s former villa in the South of France lists for €30 million (realestate.com.au)

 

[Zawgyi]

 

ဂ်ိမ္းစ္ဘြန္းမင္းသားၾကီး ေရွာင္ကြန္နရီ၏ ျပင္သစ္ႏိုင္ငံမွစံအိမ္ ယူရို သန္း ၃၀ ျဖင့္ ေရာင္းခ်မည္

ဂ်ိမ္းစ္ဘြန္းဇာတ္ကားမ်ားျဖင့္ နာမည္ေက်ာ္ေသာ ေဟာလိဝုဒ္ဂႏၳဝင္ၾကယ္ပြင့္ ေရွာင္ကြန္နရီ တခ်ိန္က ပိုင္ဆိုင္ခဲ့ဖူးေသာ ျပင္သစ္ႏိုင္ငံမွ စံအိမ္ၾကီး ယူရိုသန္း ၃၀ ျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။

Belle-Epoch ေခတ္လက္ရာ စံအိမ္ၾကီးတြင္ အိမ္တြင္း အိမ္ျပင္ ေရကူးကန္မ်ား ပါဝင္သည္။

(မွတ္ခ်က္- Belle-Epoch ေခတ္ဟူသည္မွာ ျပင္သစ္ဘာသာအားျဖင့္ လွပေသာေခတ္ဟု အဓိပၸာယ္ရသည္။ ျပင္သစ္-ပရပ္ရွားစစ္ပြဲကာလျဖစ္ေသာ ၁၈၇၁ ခုႏွစ္မွသည္ ပထမကမၻာစစ္ၾကီး ျဖစ္ပြားခဲ့သည့္ ၁၉၁၄ ခုႏွစ္အၾကားကာလကို ရည္ညႊန္းသည္။)

ျပင္သစ္ႏိုင္ငံေတာင္ပိုင္း၊ Cap de Nice တြင္ တည္ရွိျပီး ပင္လယ္ကို စီးမိုးေတြ႔ျမင္ေနရသည့္ ေတာင္ေစာင္းတစ္ခုတြင္ ေဆာက္လုပ္ထားကာ က်ယ္ဝန္းလွေသာ စံအမ္ၾကီးျဖစ္ျပီး တစ္ခ်ိန္က ဆာဘြဲ႔ရ ေရွာင္ကြန္နရီ ေနထိုင္ခဲ့ရာေနရာ ျဖစ္သည္။

ေရွာင္ကြန္နရီသည္ ၁၉၆၀ ၊ ၇၀ ႏွင့္ ၈၀ ျပည့္လြန္ကာလမ်ားတြင္ နာမည္ၾကီး ေရပန္းစားခဲ့သည့္ ဂ်ိမ္းစ္ဘြန္းဇာတ္လမ္းတြဲမ်ားျဖင့္ နာမည္ေက်ာ္လူသိမ်ားသူ ျဖစ္သည္။

အဆိုပါ စံအိမ္သည္ ယခုရက္သတၱပတ္အတြင္း ယူရို သန္း ၃၀ (ကန္ေဒၚလာ ၃၄ သန္း) ျဖင့္ အေရာင္းေစ်းကြက္ဝင္လာျခင္းျဖစ္ေၾကာင္း Knight Frank တြင္ ေဖာ္ျပသည္။

Belle-Epoch ေခတ္လက္ရာ စံအိမ္ၾကီး၏ ျပင္ပသြင္ျပင္မွာ ျပင္သစ္ဂႏၳဝင္လက္ရာကို ထင္ဟပ္ျပသေနျပီး ခရမ္းႏုေရာင္ပန္းပြင့္ေသာ ႏြယ္ပင္တစ္မ်ဳိးက ေရွ ႔မ်က္ႏွာစာတြင္ တြယ္တက္လ်က္ရွိသည္။

စံအိမ္ေရွ ႔ ေျမယာအလွျပဳျပင္ထားေသာ ပန္းဥယ်ာဥ္တို႔မွာ စံအိမ္မွသည္ ပင္လယ္ဆီသို႔ ျဖန္႔က်က္တည္ရွိသည္။

မၾကာေသးမီကမွ ျပဳျပင္မြမ္းမံထားေသာ ပန္းဥယ်ာဥ္ရွိ ပန္းမန္တို႔မွာ ေရာင္စံုေဝဆာဖူးပြင့္ေနျပီး လူသြားလမ္းကေလးတစ္ခုမွာ ပင္လယ္ဆီသို႔ ဦးတည္သြားျပီး အနီးရွိ ကမ္းေျခမ်ားဆီသို႔ ေရာက္ရွိႏိုင္သည္။

စံအိမ္အတြင္းပိုင္းတြင္ကား ေခတ္ျပိဳင္ဟန္ကို ေတြ႔ရမည္ျဖစ္ျပီး စံအိမ္၏ေအာက္တြင္ အားကစားေလ့က်င့္ေရးခန္းမ ထည့္သြင္းထားသည္။

ေျမထဲပင္လယ္ကို စီးမိုးေတြ႔ျမင္ႏိုင္သည့္ စံအိမ္ၾကီးအတြင္း ေရကူးကန္တစ္ခုလည္း ပါဝင္သည္။

ေရကူးကန္ေနရာတြင္ ညစာစားရန္ေနရာႏွင့္ ပင္မမီးဖိုေဆာင္တို႔ တည္ရွိသည္။

ျခံဝန္းအက်ယ္ ၁ ဒသမ ၂၄ ဧကရွိျပီး ျခံဝန္းအတြင္း ပင္လယ္ေရထည့္သြင္းထားသည့္ ေရကူးကန္ႏွင့္ ဧည့္ေဂဟာအိမ္ ၂ လံုး ပါဝင္ေသးသည္။

ပင္မစံအိမ္မွာ ေခတ္ေဟာင္းႏွင့္ ေခတ္သစ္ဟန္မ်ား ေပါင္းစပ္ထားျပီး ပ်ဥ္ခင္းၾကမ္းျပင္၊ ေခတ္ျပိဳင္ ၾကမ္းျပင္မွ မ်က္ႏွာၾကက္ မွန္ျပတင္းမ်ားအျပင္ ဓာတ္ေလွကားတစ္ခုလည္း ထည့္သြင္းထားသည္။

စံအိမ္၏ ေျမညီထပ္တြင္ သီးသန္႔မီးဖိုေဆာင္ပါဝင္ေသာ မိသားစုအခန္းတစ္ခု ပါဝင္ျပီး လက္ရွိတြင္ အိမ္တြင္းရံုးခန္းအျဖစ္ အသံုးျပဳထားသည္။

စံအိမ္၏ အထပ္ ၅ ထပ္တြင္ အိပ္ခန္း ၅ ခန္း၊ သီးသန္႔လသာေဆာင္ပါဝင္သည့္ master bedroom ႏွင့္ ေရခ်ဳိးခန္း ၂ ခန္းတို႔ ပါဝင္သည္။

အသက္ ၈၉ ႏွစ္ရွိျပီျဖစ္ေသာ ေရွာင္ကြန္နရီသည္ စံအိမ္ၾကီးကို ပိုင္ဆိုင္ျခင္းမရွိေတာ့ေခ်။ သို႔ေသာ္ Nice ျမိဳ ႔ျပင္အထြက္တြင္ တည္ရွိျပီး Monaco ႏွင့္ အနည္းငယ္သာ ေဝးကြာေသာ အဆိုပါစံအိမ္ၾကီးသည္ ခ်မ္းသာေက်ာ္ၾကားသူတို႔အၾကား ဆြဲေဆာင္အား ေကာင္းေနဆဲပင္ ျဖစ္သည္။ အဆိုပါေဒသသည္ နာမည္ေက်ာ္မ်ားျဖစ္ေသာ Coco Chanel ၊ ပါဘလို ပီကာဆို၊ Grace Kelly ႏွင့္ ေရွာင္ကြန္နရီတို႔ ေနထိုင္ခဲ့ရာေနရာ ျဖစ္သည္။

အယ္လ္တန္ဂၽြန္ႏွင့္ Tina Turner တို႔သည္လည္း ယခုစံအိမ္ၾကီးအနီးတြင္ ေနအိမ္မ်ား ပိုင္ဆိုင္ခဲ့ၾကဖူးသည္။

စံအိမ္၏ လက္ရွိပိုင္ရွင္ မည္သူျဖစ္သည္ကိုမူ မသိရေခ်။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Sean Connery’s former villa in the South of France lists for €30 million (realestate.com.au)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service