မြန်မာနိုင်ငံရှိ တရုတ် BRI စီမံကိန်းများ အမြန်ဆုံးစတင်နိုင်ရန် တရုတ်သံအမတ်တိုက်တွန်း

မြန်မာနိုင်ငံရှိ တရုတ် BRI စီမံကိန်းများ အမြန်ဆုံးစတင်နိုင်ရန် တရုတ်သံအမတ်တိုက်တွန်း - Property News in Myanmar from iMyanmarHouse.com
11 Jun 2020 11:22 am တွင် တင်ခဲ့သည်
1554 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပြည်တွင်း၌ အကောင်အထည်ဖော်မည့် တရုတ်နိုင်ငံ၏ BRI စီမံကိန်းများ အမြန်ဆုံးစတင်နိုင်ရန် မြန်မာ့အစိုးရကို တရုတ်သံအမတ်က တိုက်တွန်းလိုက်သည်။

မြန်မာ-တရုတ် သံတမန်ဆက်ဆံမှု နှစ်(၇၀) ပြည့်မြောက်နေ့ဖြစ်သည့် ဇွန် ၈ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Mr.Chen Hai နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးတို့ဖြင့် သီးခြားစီတွေ့ဆုံစဉ် သံအမတ်ကတိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ကုန်သွယ်မှုမြှင့်တင်နိုင်ရန်အတွက် မူဆယ်-မန္တလေး ရထားလမ်းကိုလည်း အမြန်ဆုံးတည်ဆောက်နိုင်ရေး အတွက်သံအမတ်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဒေါက်တာသန်းမြင့်ကို တိုက်တွန်းခဲ့ကြောင်း ဝန်ကြီးက ၎င်း၏ ဖေ့ဘုတ်စာမျာက်နှာတွင် ရေးသားခဲ့သည်။

ထို့ပြင် မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များ အကောင်အထည်ဖော်မှုဆိုင်ရာ ကိစ္စရပ်များအားလည်း ဆွေးနွေးခဲ့သည်ဟု ဝန်ကြီးက ရေးသားထားသည်။

သံအမတ်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့်တွေ့ဆုံခဲ့သေးသည်ဟု ဝန်ကြီးဌာနကထုတ်ပြန်သည်။ ထိုသို့တွေ့ဆုံပြီး နိုင်ငံဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်းစီမံကိန်း၊ LNG နှင့် နေရောင်ခြည်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများအကြောင်းကို ဆွေးနွေးခဲ့သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထို့ပြင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသော စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်သော လျှပ်စစ်ဓာတ်အား ရရှိရေးအတွက်လည်း ဆွေးနွေးခဲ့သည်ဟုဆိုသည်။ မြန်မာနိုင်ငံတွင် တရုတ်၏ BRI (ရပ်ဝန်းနှင့်ပိုးလမ်းမစီမံ ကိန်း)အရ တင်ပြလာသည့်စီမံကိန်း ၃၈ ခုအနက် ကိုးခုကို မြန်မာအစိုးရက ခွင့်ပြုထားသည်။

ထိုစီမံကိန်းကိုးခုအနက် စီမံကိန်းသုံးခုကို စီမံကိန်းဖြစ်နိုင် ခြေရှိ၊ မရှိလေ့လာနေသည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုထားသည်။ ယင်းတို့မှာ မူဆယ်-မန္တလေးရထားလမ်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ကချင်နှင့် ရှမ်းပြည်နယ်တို့ရှိ နယ်စပ်စီးပွားရေးဇုန်များဖြစ်သည်။ အခြားစီမံကိန်းခြောက်ခုမှာ စဉ်းစားဆဲဖြစ်သည်ဟု ဝန်ကြီးဌာနက ဆိုထားသည်။

BRI စီမံကိန်းကြီးသည် တရုတ်နိုင်ငံကို ဗဟိုပြု၍ ကမ္ဘာ့နိုင်ငံများကို ကုန်းကြောင်းနှင့် ရေကြောင်းခရီးလမ်းများဖြင့် ချိတ်ဆက်ရန်ဖြစ်သည်။ BRI လမ်းကြောင်းသည် မြန်မာနိုင်ငံတွင် မူဆယ်ကစတင် ပြီး မန္တလေးမှတစ်ဆင့် ကျောက်ဖြူနှင့်ရန်ကုန်မြို့တို့ကို ချိတ်ဆက်ရန်ဖြစ်သည်။ ထို့အပြင် မန္တလေး - တမူးမှတစ်ဆင့် အိန္ဒိယနိုင်ငံ အယ်ဖာမြို့နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုဖြတ်၍ အိန္ဒိယနိုင်ငံ ကိုးလ် ကတ္တားမြို့ကို ဆက်သွယ်ရန်ဖြစ်သည်။

BRI စီမံကိန်းများတွင် ရထားလမ်း၊ ကားလမ်း၊ ဆိပ်ကမ်းများနှင့် စက်မှုဇုန်များပါဝင်သည့်အပြင် စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလည်း ပါဝင်သည်။ အထူးသဖြင့် လျှပ်စစ် ဓာတ်အားလိုင်း ကွန်ရက်ချိတ်ဆက်ရေးနှင့် စွမ်းအင်လုံခြုံရေးဆိုင်ရာများလည်း ပါဝင်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ျမန္မာႏိုင္ငံရွိ တ႐ုတ္ BRI စီမံကိန္းမ်ား အျမန္ဆုံးစတင္ႏိုင္ရန္ တ႐ုတ္သံအမတ္တိုက္တြန္း

ျပည္တြင္း၌ အေကာင္အထည္ေဖာ္မည့္ တ႐ုတ္ႏိုင္ငံ၏ BRI စီမံကိန္းမ်ား အျမန္ဆုံးစတင္ႏိုင္ရန္ ျမန္မာ့အစိုးရကို တ႐ုတ္သံအမတ္က တိုက္တြန္းလိုက္သည္။

ျမန္မာ-တ႐ုတ္ သံတမန္ဆက္ဆံမႈ ႏွစ္(၇၀) ျပည့္ေျမာက္ေန႔ျဖစ္သည့္ ဇြန္ ၈ ရက္တြင္ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ Mr.Chen Hai ႏွင့္ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီး၊ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးတို႔ျဖင့္ သီးျခားစီေတြ႕ဆုံစဥ္ သံအမတ္ကတိုက္တြန္းခဲ့ျခင္းျဖစ္သည္။

ကုန္သြယ္မႈျမႇင့္တင္ႏိုင္ရန္အတြက္ မူဆယ္-မႏၲေလး ရထားလမ္းကိုလည္း အျမန္ဆုံးတည္ေဆာက္ႏိုင္ေရး အတြက္သံအမတ္က စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးေဒါက္တာသန္းျမင့္ကို တိုက္တြန္းခဲ့ေၾကာင္း ဝန္ႀကီးက ၎၏ ေဖ့ဘုတ္စာမ်ာက္ႏွာတြင္ ေရးသားခဲ့သည္။

ထို႕ျပင္ ျမန္မာ-တ႐ုတ္ နယ္စပ္စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈဇုန္မ်ား အေကာင္အထည္ေဖာ္မႈဆိုင္ရာ ကိစၥရပ္မ်ားအားလည္း ေဆြးေႏြးခဲ့သည္ဟု ဝန္ႀကီးက ေရးသားထားသည္။

သံအမတ္က လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး ဦးဝင္းခိုင္ႏွင့္ေတြ႕ဆုံခဲ့ေသးသည္ဟု ဝန္ႀကီးဌာနကထုတ္ျပန္သည္။ ထိုသို႔ေတြ႕ဆုံၿပီး ႏိုင္ငံျဖတ္ေက်ာ္ လွ်ပ္စစ္ဓာတ္အားလိုင္းစီမံကိန္း၊ LNG ႏွင့္ ေနေရာင္ျခည္သုံး ဓာတ္အားေပးစက္႐ုံစီမံကိန္းမ်ားအေၾကာင္းကို ေဆြးေႏြးခဲ့သည္ဟု ဝန္ႀကီးဌာနက ထုတ္ျပန္သည္။

ထို႕ျပင္ တ႐ုတ္ႏိုင္ငံ၏ ရင္းႏွီးျမႇဳပ္ႏွံမႈျဖင့္ ေဆာင္႐ြက္ေနေသာ စီမံကိန္းမ်ား အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရာတြင္ လိုအပ္ေသာ လွ်ပ္စစ္ဓာတ္အား ရရွိေရးအတြက္လည္း ေဆြးေႏြးခဲ့သည္ဟုဆိုသည္။ ျမန္မာႏိုင္ငံတြင္ တ႐ုတ္၏ BRI (ရပ္ဝန္းႏွင့္ပိုးလမ္းမစီမံ ကိန္း)အရ တင္ျပလာသည့္စီမံကိန္း ၃၈ ခုအနက္ ကိုးခုကို ျမန္မာအစိုးရက ခြင့္ျပဳထားသည္။

ထိုစီမံကိန္းကိုးခုအနက္ စီမံကိန္းသုံးခုကို စီမံကိန္းျဖစ္ႏိုင္ ေျခရွိ၊ မရွိေလ့လာေနသည္ဟု စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနက ဆိုထားသည္။ ယင္းတို႔မွာ မူဆယ္-မႏၲေလးရထားလမ္း၊ ေက်ာက္ျဖဴ အထူးစီးပြားေရးဇုန္ႏွင့္ ကခ်င္ႏွင့္ ရွမ္းျပည္နယ္တို႔ရွိ နယ္စပ္စီးပြားေရးဇုန္မ်ားျဖစ္သည္။ အျခားစီမံကိန္းေျခာက္ခုမွာ စဥ္းစားဆဲျဖစ္သည္ဟု ဝန္ႀကီးဌာနက ဆိုထားသည္။

BRI စီမံကိန္းႀကီးသည္ တ႐ုတ္ႏိုင္ငံကို ဗဟိုျပဳ၍ ကမာၻ႔ႏိုင္ငံမ်ားကို ကုန္းေၾကာင္းႏွင့္ ေရေၾကာင္းခရီးလမ္းမ်ားျဖင့္ ခ်ိတ္ဆက္ရန္ျဖစ္သည္။ BRI လမ္းေၾကာင္းသည္ ျမန္မာႏိုင္ငံတြင္ မူဆယ္ကစတင္ ၿပီး မႏၲေလးမွတစ္ဆင့္ ေက်ာက္ျဖဴႏွင့္ရန္ကုန္ၿမိဳ႕တို႔ကို ခ်ိတ္ဆက္ရန္ျဖစ္သည္။ ထို႔အျပင္ မႏၲေလး - တမူးမွတစ္ဆင့္ အိႏၵိယႏိုင္ငံ အယ္ဖာၿမိဳ႕ႏွင့္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံကိုျဖတ္၍ အိႏၵိယႏိုင္ငံ ကိုးလ္ ကတၱားၿမိဳ႕ကို ဆက္သြယ္ရန္ျဖစ္သည္။

BRI စီမံကိန္းမ်ားတြင္ ရထားလမ္း၊ ကားလမ္း၊ ဆိပ္ကမ္းမ်ားႏွင့္ စက္မႈဇုန္မ်ားပါဝင္သည့္အျပင္ စြမ္းအင္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈလည္း ပါဝင္သည္။ အထူးသျဖင့္ လွ်ပ္စစ္ ဓာတ္အားလိုင္း ကြန္ရက္ခ်ိတ္ဆက္ေရးႏွင့္ စြမ္းအင္လုံၿခဳံေရးဆိုင္ရာမ်ားလည္း ပါဝင္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service