COVID-19 တိုက်ဖျက်ရေးအတွက် ဒေါ်လာ ၁၈ သန်းတန် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းများ ဂျပန်က မြန်မာကို ထောက်ပံ့

COVID-19 တိုက်ဖျက်ရေးအတွက် ဒေါ်လာ ၁၈ သန်းတန် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းများ ဂျပန်က မြန်မာကို ထောက်ပံ့ - Property News in Myanmar from iMyanmarHouse.com
8 Jun 2020 10:31 am တွင် တင်ခဲ့သည်
706 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျပန်နိုင်ငံက ဒေါ်လာ ၁၈ သန်းကျော် တန်ဖိုးရှိသည့် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းကိရိယာများ ထောက်ပံ့ ပေးအပ်ရန် စာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ်ခဲ့သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပြန်သည်။

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံအစိုးရ၏ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နေသည်ကိုတွေ့မြင်ရသည့်အတွက် နှစ်သက်အားရခြင်းကြောင့် ယခုလို ထောက်ပံ့ကူညီခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါ ကူညီထောက်ပံ့မူတွင် ဒေါ်လာ ၁၈သန်းသည် Radiography systems၊ ICU beds၊ Bedside/Central monitors စသည့် ဆေးဘက်ဆိုင်ရာစက်ပစ္စည်းကိရိယာများကို မြန်မာနိုင်ငံတွင်းရှိ ဆေးရုံများနှင့် ဓာတ်ခွဲခန်း များသို့ ပေးအပ်သွားရန်ဖြစ်သည်။

ဂျပန်အစိုးရသည် မြန်မာ အစိုးရအနေဖြင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးစီမံချက်ကို ကြိုးစား၍ ပုံမှန်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်ကို တွေ့မြင်ရသည့်အတွက် အလွန်နှစ်သက်အားရ ကြောင်းနှင့် COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် ကိုယ်ကျိုး စွန့်၍ စွမ်းစွမ်းတမံ တာဝန်ထမ်း ဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများကိုလည်း အထူးလေးစားဂုဏ်ယူမိကြောင်း သံရုံးက ထုတ်ပြန်သည်။

COVID-19 အပါအဝင် ကူးစက်ရောဂါများကို ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စီမံချက်များအတွက် ဆေးဘက်ဆိုင်ရာပတ်ဝန်းကျင်ကို အဆင်မြှင့်တင်ဆောင်ရွက်သွားရန်လိုအပ်သည်။ ထိုကြောင့် ဆေးဘက်ဆိုင်ရာပတ်ဝန်းကျင်၏ ပင်မကျောရိုးကို အဓိကပံ့ပိုးပေးမည့် အရည်အသွေးမြင့် ဆေးဘက်ဆိုင်ရာစက်ပစ္စည်းကိရိယာများ ထောက်ပံ့ကူညီခြင်းဖြစ်သည်ဟုသံရုံးက ဆိုသည်။

ယခု အထောက်အပံ့ စီမံကိန်းသည် အဆိုပါစီမံချက်များကို အထောက်အကူပြုနိုင်လိမ့်မည်ဟုဆိုသည်။

ထိုသို့ပေးအပ်ရန် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Mr. MARUYAMA Ichiro နှင့် ရင်နှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းတို့က အထောက်အပံ့ဆိုင်ရာ စာချွန်လွှာများကို ဇွန်လ ၅ ရက်နေ့တွင် လက်မှတ်ရေးထိုးလဲလှယ်ခဲ့သည်။

ထို့အပြင် ဂျပန်အစိုးရသည် မြန်မာအစိုးရ၏ ကျန်းမာရေးနှင့် ဆေးကုသမှုကဏ္ဍအပြင် စီးပွား ရေး ပြန်လည်ထူထောင်ရေးဆိုင်ရာ အထောက်အပံ့များကိုလည်း အစွမ်းကုန် ပူးပေါင်းဆောင်ရွက် သွားရန် ဆုံးဖြတ်ထားကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထို့အပြင် ဂျပန်အစိုးရသည် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက်သာမက မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက် ရေးနှင့် မြန်မာပြည်သူများအတွက် ကဏ္ဍအသီးသီးရှိ ထောက်ပံ့ကူညီမှုများကိုလည်း အစွမ်းကုန် ဆက်လက်ဆောင်ရွက်မည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

COVID-19 တိုက္ဖ်က္ေရးအတြက္ ေဒၚလာ ၁၈ သန္းတန္ ေဆးဘက္ဆိုင္ရာ စက္ပစၥည္းမ်ား ဂ်ပန္က ျမန္မာကို ေထာက္ပံ့

ဂ်ပန္ႏိုင္ငံက ေဒၚလာ ၁၈ သန္းေက်ာ္ တန္ဖိုးရွိသည့္ ေဆးဘက္ဆိုင္ရာ စက္ပစၥည္းကိရိယာမ်ား ေထာက္ပံ့ ေပးအပ္ရန္ စာခြၽန္လႊာမ်ား လက္မွတ္ေရးထိုးလဲလွယ္ခဲ့သည္ ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံ႐ုံးက ထုတ္ျပန္သည္။

ဂ်ပန္ႏိုင္ငံအစိုးရသည္ ျမန္မာႏိုင္ငံအစိုးရ၏ COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးစီမံခ်က္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနသည္ကိုေတြ႕ျမင္ရသည့္အတြက္ ႏွစ္သက္အားရျခင္းေၾကာင့္ ယခုလို ေထာက္ပံ့ကူညီျခင္းျဖစ္သည္ဟုဆိုသည္။

အဆိုပါ ကူညီေထာက္ပံ့မူတြင္ ေဒၚလာ ၁၈သန္းသည္ Radiography systems၊ ICU beds၊ Bedside/Central monitors စသည့္ ေဆးဘက္ဆိုင္ရာစက္ပစၥည္းကိရိယာမ်ားကို ျမန္မာႏိုင္ငံတြင္းရွိ ေဆး႐ုံမ်ားႏွင့္ ဓာတ္ခြဲခန္း မ်ားသို႔ ေပးအပ္သြားရန္ျဖစ္သည္။

ဂ်ပန္အစိုးရသည္ ျမန္မာ အစိုးရအေနျဖင့္ COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးစီမံခ်က္ကို ႀကိဳးစား၍ ပုံမွန္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ ရွိသည္ကို ေတြ႕ျမင္ရသည့္အတြက္ အလြန္ႏွစ္သက္အားရ ေၾကာင္းႏွင့္ COVID-19 ေရာဂါ တိုက္ဖ်က္ေရးအတြက္ ကိုယ္က်ိဳး စြန႔္၍ စြမ္းစြမ္းတမံ တာဝန္ထမ္း ေဆာင္ေနသည့္ က်န္းမာေရးဝန္ထမ္းမ်ားကိုလည္း အထူးေလးစားဂုဏ္ယူမိေၾကာင္း သံ႐ုံးက ထုတ္ျပန္သည္။

COVID-19 အပါအဝင္ ကူးစက္ေရာဂါမ်ားကို ကာကြယ္ထိန္းခ်ဳပ္ေရးဆိုင္ရာ စီမံခ်က္မ်ားအတြက္ ေဆးဘက္ဆိုင္ရာပတ္ဝန္းက်င္ကို အဆင္ျမႇင့္တင္ေဆာင္႐ြက္သြားရန္လိုအပ္သည္။ ထိုေၾကာင့္ ေဆးဘက္ဆိုင္ရာပတ္ဝန္းက်င္၏ ပင္မေက်ာ႐ိုးကို အဓိကပံ့ပိုးေပးမည့္ အရည္အေသြးျမင့္ ေဆးဘက္ဆိုင္ရာစက္ပစၥည္းကိရိယာမ်ား ေထာက္ပံ့ကူညီျခင္းျဖစ္သည္ဟုသံ႐ုံးက ဆိုသည္။

ယခု အေထာက္အပံ့ စီမံကိန္းသည္ အဆိုပါစီမံခ်က္မ်ားကို အေထာက္အကူျပဳႏိုင္လိမ့္မည္ဟုဆိုသည္။

ထိုသို႔ေပးအပ္ရန္ ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံအမတ္ Mr. MARUYAMA Ichiro ႏွင့္ ရင္ႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၏ ဒုတိယဝန္ႀကီး ဦးဗရတ္ဆင္းတို႔က အေထာက္အပံ့ဆိုင္ရာ စာခြၽန္လႊာမ်ားကို ဇြန္လ ၅ ရက္ေန႔တြင္ လက္မွတ္ေရးထိုးလဲလွယ္ခဲ့သည္။

ထို႔အျပင္ ဂ်ပန္အစိုးရသည္ ျမန္မာအစိုးရ၏ က်န္းမာေရးႏွင့္ ေဆးကုသမႈက႑အျပင္ စီးပြား ေရး ျပန္လည္ထူေထာင္ေရးဆိုင္ရာ အေထာက္အပံ့မ်ားကိုလည္း အစြမ္းကုန္ ပူးေပါင္းေဆာင္႐ြက္ သြားရန္ ဆုံးျဖတ္ထားေၾကာင္း ထုတ္ျပန္ခ်က္၌ ေဖာ္ျပသည္။

ထို႔အျပင္ ဂ်ပန္အစိုးရသည္ COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရး အတြက္သာမက ျမန္မာႏိုင္ငံ၏ ႏိုင္ငံတည္ေဆာက္ ေရးႏွင့္ ျမန္မာျပည္သူမ်ားအတြက္ က႑အသီးသီးရွိ ေထာက္ပံ့ကူညီမႈမ်ားကိုလည္း အစြမ္းကုန္ ဆက္လက္ေဆာင္႐ြက္မည္ဟု ထုတ္ျပန္ခ်က္၌ ေဖာ္ျပသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service