Face Mask လား? Face Shield လား? နှစ်သက်ရာ ရွေးချယ်တပ်ဆင်ကြရန် စင်္ကာပူတွင် ညွှန်ကြား
Face Mask လား? Face Shield လား? နှစ်သက်ရာ ရွေးချယ်တပ်ဆင်ကြရန် စင်္ကာပူတွင် ညွှန်ကြား - Property News in Myanmar from iMyanmarHouse.com
22 May 2020 11:41 am တွင် တင်ခဲ့သည်
1505 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
စင်္ကာပူတွင် ပြည်သူများအနေဖြင့် နေအိမ်မှထွက်ခွာသည့်အခါ Face Mask (နှာခေါင်းစည်း) ဖြစ်ဖြစ် Face Shield (မျက်နှာကာ) ဖြစ်ဖြစ် တစ်ခုခုကို ရွေးချယ်တပ်ဆင်နိုင်ကြောင်း စင်္ကာပူကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအရ သိရသည်။
သာမန်ပြည်သူများအတွက် Face Mask (နှာခေါင်းစည်း) သို့မဟုတ် Face Shield (မျက်နှာကာ) တစ်ခုခုတပ်ရုံဖြင့်ပင် လုံလောက်သောအကာအကွယ်ကို ရရှိနိုင်ကြောင်း ဆရာဝန်များက ပြောကြားလိုက်သည်။ သို့သော်လည်း အန္တရာယ်များသောအခြေအနေများတွင် အလုပ်လုပ်ကိုင်ရသူများအနေဖြင့် နှစ်မျိုးစလုံးကို ဝတ်ဆင်သင့်ကြောင်းလည်း ဆိုထားသည်။
Face Mask (နှာခေါင်းစည်း)
အသုံးပြုပုံ
- သင့်နှာခေါင်းနှင့် ပါးစပ်ကို လုံပါစေ။
- နှာခေါင်းစည်းနှင့် သင့်မျက်နှာအကြား မဟစေရ။
လုပ်ဆောင်ပုံ
- ဗိုင်းရပ်စ်အမှုန်များ ပါဝင်နေနိုင်သည့် အရည်စက်များ သင့်နှာခေါင်းနှင့်ပါးစပ်သို့ မရောက်ရှိစေရန် ကာကွယ်ပေးသည်။
- နေမကောင်းသူတစ်ဦးထံမှ ကူးလွင့်လာမည့် ဗိုင်းရပ်စ်ရန်မှ အတားအဆီးတစ်ခုအနေဖြင့် တားဆီးကာကွယ်ပေးသည်။
ကောင်းကျိုးနှင့်ဆိုးကျိုးများ
- ကူးစက်ရောဂါပိုးရှိနေသော အရည်စက်ကြီးများ နှာခေါင်းနှင့်ပါးစပ်ထဲသို့ မဝင်ရောက်နိုင်စေရန် တားဆီးပေးသည်။
- သို့သော်လည်း မျက်စိဖြင့် မမြင်နိုင်လောက်သည်အထိ သေးငယ်သော အရည်စက်ကလေးများမှာမူ အပေါက်၊ အကြား၊ အဟများမှတစ်ဆင့် ဝင်ရောက်နိုင်ဆဲဖြစ်သည်။
- ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းများ ကမ္ဘာတွင် ပြတ်လပ်နေဆဲဖြစ်သည်။
Face Shield (မျက်နှာကာ)
အသုံးပြုပုံ
- နားတစ်ဖက်မှတစ်ဖက်သို့နှင့် နဖူးမှ မေးစေ့အထိ သင့်မျက်နှာတစ်ခုလုံးကို လုံပါစေ။
- နဖူးတွင် ထိကပ်ထားသော နဖူးစည်းနေရာနှင့် ပလတ်စတစ်အကာအကြား မဟစေရ။
လုပ်ဆောင်ပုံ
- သင့်မျက်နှာရှိ မျက်လုံးနှင့် အခြားအစိတ်အပိုင်းများအား ဗိုင်းရပ်စ်မှုန်များပါဝင်နေနိုင်သည့် အရည်စက်များ မရောက်ရှိစေရန် ကာကွယ်ပေးသည်။ နေမကောင်းသူတစ်ဦးထံမှ ကူးလွင့်လာမည့် ဗိုင်းရပ်စ်ရန်မှ အတားအဆီးတစ်ခုအနေဖြင့် တားဆီးကာကွယ်ပေးသည်။
- နှာခေါင်းစည်းများ စိုစွတ်သွားခြင်းမှလည်း ကာကွယ်ပေးသည်။
ကောင်းကျိုးနှင့်ဆိုးကျိုးများ
- ပြုလုပ်ရန် အတော်လေးလွယ်ကူပြီး ဆေးကြောသန့်စင်ရလွယ်ကူသည်။
- မျက်နှာကိုလည်း အပြည့်အဝမြင်နိုင်သည်။
- သို့သော်လည်း ၎င်းက မျက်နှာပတ်လည် ကောင်းကောင်းမလုံသဖြင့် မျက်စိဖြင့် မမြင်နိုင်လောက်သည်အထိ သေးငယ်သော အရည်စက်ကလေးများအား ထိုးဖောက်ဝင်ရောက်စေသည်။
အသုံးပြုရမည့်အချိန်
- မျက်နှာကာများနှင့် ပြန်လည်အသုံးပြုနိုင်သော အိမ်တွင်းဖြစ်နှာခေါင်းစည်းများအပါအဝင် နှာခေါင်းစည်းမျိုးစုံသည် သာမန်ပြည်သူလူထုအတွက် လုံလောက်သော အခြေခံအကာကွယ်ကို ပေးကြောင်း စင်္ကာပူကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
- ပါးစပ်ကိုပဲအဓိကဖုံးထားသည့်အကာများအား လက်သင့်မခံပေ။
- ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းများကို ကျန်းမာရေးဝန်ထမ်းကဲ့သို့သော ထိုနှာခေါင်းစည်းများကိုအလိုအပ်ဆုံးသူများအတွက် ချွေတာသင့်သည်။
- ကျန်းမာရေးဝန်ထမ်းများ၏ အလုပ်သည် လူနာများနှင့် နာရီနှင့်ချီ ထိတွေ့ဆက်ဆံရပြီး ရောဂါကူးစက်နိုင်သောအန္တရာယ်များသည့်အခြေအနေတွင် ရှိကြရသဖြင့် ယေဘုယျအားဖြင့် နှာခေါင်းစည်းရော မျက်နှာကာကိုပါ တပ်ဆင်ကြရန် အကြံပြုထားကြောင်း သိရသည်။
 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Coronavirus: Should I wear a face mask or face shield? (thestraitstimes )
[Zawgyi]
အသုံးပြုပုံ
လုပ်ဆောင်ပုံ
Face Shield (မျက်နှာကာ)
အသုံးပြုပုံ
လုပ်ဆောင်ပုံ
အသုံးပြုရမည့်အချိန်
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service