မျက်နှာပြင်များ (သို့) အရာဝတ္ထုများနှင့်ထိတွေ့မိရုံဖြင့် COVID-19 အလွယ်တကူ “မ” ကူးစက် - ဟု CDC ထုတ်ပြန်
မျက်နှာပြင်များ (သို့) အရာဝတ္ထုများနှင့်ထိတွေ့မိရုံဖြင့် COVID-19 အလွယ်တကူ “မ” ကူးစက် - ဟု CDC ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
21 May 2020 12:25 pm တွင် တင်ခဲ့သည်
3138 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန် CDC (ကူးစက်ရောဂါထိန်းချုပ်ကာကွယ်ရေးဗဟိုဌာန) သည် “ကိုရိုနာဗိုင်းရပ်စ်ရှိသော မျက်နှာပြင်များ သို့မဟုတ် အရာအဝတ္ထုများနှင့် ထိတွေ့မိခြင်းဖြင့် ထိုဗိုင်းရပ်စ်ကူးစက်ခံရနိုင်” ကြောင်း အမြဲတစေသတိပေးလာခဲ့သည်။
ယခုအခါ “ထိုသို့ထိတွေ့မိရုံဖြင့် အလွယ်တကူမကူးစက်” ဟု ထုတ်ပြန်လိုက်ပြန်ပြီဖြစ်သည်။ တိရစ္ဆာန်မှ လူသို့၊ လူမှ တိရစ္ဆာန်သို့လည်း အလွယ်တကူ မကူးစက်ကြောင်း ထုတ်ပြန်လိုက်သည်။
“COVID-19 ဟာ ရောဂါသစ်တစ်ခုပါ။ သူဘယ်လိုကူးစက်တယ်ဆိုတာကို ကျွန်တော်တို့လေ့လာနေကြဆဲဖြစ်ပါတယ်။ အခြားနည်းတွေနဲ့ COVID-19 ကူးစက်ပျံ့နှံ့ဖို့ ဖြစ်နိုင်ပေမဲ့ ဒီနည်းတွေကို အဲဒီဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့တဲ့အဓိကနည်းတွေလို့ မထင်ပါဘူး။” ဟု အမေရိကန် CDC ၏ မကြာသေးမီက အသစ်မွမ်းမံလိုက်သော လမ်းညွှန်ချက်များတွင် ဖော်ပြထားသည်။
“CDC ရဲ့ လမ်းညွှန်ချက်သစ်က စိုးရိမ်ကြောက်ရွံ့မှုတွေလျော့ကျစေဖို့ ကူညီပေးပါတယ်။” WebMD အမည်ရ ကျန်းမာရေးစောင့်ရှောက်မှုဝက်ဘ်ဆိုက်၏ ဆေးဘက်ဆိုက်ရာအရာရှိချုပ် ‌ဒေါက်တာ ဂျွန်ဝှိုက်က ပြောကြားခဲ့သည်။
“လူတော်တော်များများက ပစ္စည်းတစ်ခုခုနဲ့ ထိလိုက်မိပြီဆိုရင် သူတို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှာကို စိုးရိမ်နေခဲ့ကြတာပါ။ အဲ့ဒီလောက်မရိုးရှင်းပါဘူး။ တကယ်လို့ အဲဒီမျက်နှာပြင်မှာ ဗိုင်းရပ်စ်ရှိနေတယ်ဆိုရင်တောင် သေချာပေါက်ကူးစက်နိုင်တယ်ဆိုတဲ့သဘော မဟုတ်ပါဘူး။ အဲ့ဒီလိုဆိုလို့ လက်ဆေးတာတွေ၊ မျက်နှာပြင်တွေကို ပိုးသတ်တာတွေ လုပ်စရာမလိုတော့တဲ့အဓိပ္ပာယ်လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီညွှန်ကြားချက်အသစ်က ကျွန်တော်တို့ကို လက်တွေ့ကျကျ၊ ယထာဘူတကျကျဖြစ်စေခွင့်ပေးပါတယ်။” ဟုလည်း ဝှိုက်က ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်သည့် အဓိကလမ်းကြောင်းမှာ လူတစ်ဦးနှင့် တစ်ဦး ထိတွေ့ခြင်းမှဖြစ်ကြောင်းကိုမူ CDC က သတိပေးနေဆဲဖြစ်သည်။
ရောဂါကူးစက်မှုကာကွယ်ရန် အဓိကနည်းလမ်းမှာ လူတစ်ဦးနှင့်တစ်ဦးအကြား အနည်းဆုံး ၆ ပေ ခွာ၍ နေထိုင်ခြင်း၊ လက်ကို ဆပ်ပြာနှင့်ရေတို့ဖြင့် ဆေးကြောခြင်း၊ မကြာခဏထိတွေ့သည့် ဧရိယာများအား ပိုးသတ်ခြင်းနှင့် သန့်ရှင်းရေးတို့ဖြစ်သည်ဟုလည်း CDC က ထုတ်ပြန်ထားကြောင်း သိရသည်။
 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Coronavirus 'does not spread easily' by touching surfaces or objects, CDC now says. But it still 'may be possible'. (USATODAY)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service