ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် ကိုရိုနာဗိုင်းရပ်စ်ပေါ်ပေါက်ပုံရင်းမြစ်အားဖော်ထုတ်ရေး ဆုံးဖြတ်ချက်မူကြမ်းကို သြစတေးလျက တင်သွင်းရာ နိုင်ငံပေါင်း ၁၀၀ ကျော် ထောက်ခံ
ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် ကိုရိုနာဗိုင်းရပ်စ်ပေါ်ပေါက်ပုံရင်းမြစ်အားဖော်ထုတ်ရေး ဆုံးဖြတ်ချက်မူကြမ်းကို သြစတေးလျက တင်သွင်းရာ နိုင်ငံပေါင်း ၁၀၀ ကျော် ထောက်ခံ - Property News in Myanmar from iMyanmarHouse.com
20 May 2020 12:22 pm တွင် တင်ခဲ့သည်
708 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပခဲ့သော ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် ကိုရိုနာဗိုင်းရပ်စ်ပေါ်ပေါက်ပုံရင်းမြစ်အား ဘက်မလိုက်ဘဲ သမာသမတ်ကျစွာဖြင့် နိုင်ငံတကာမှဖော်ထုတ်ရေး ဆုံးဖြတ်ချက်မူကြမ်းကို သြစတေးလျက တင်သွင်းရာ နိုင်ငံပေါင်း ၁၀၀ ကျော် ထောက်ခံခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ကျင်းပသော ကမ္ဘာ့ကျန်းမာရေးညီလာခံ (World Health Assembly) တွင် သြစတေးလျ၏ ဆုံးဖြတ်ချက်မူကြမ်းတင်သွင်းမှုကို ကမ္ဘာ့နိုင်ငံပေါင်း ၁၁၀ ကျော်က ထောက်ခံခဲ့ခြင်းဖြစ်ပြီး WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကြီး စတင်ပေါ်ပေါက်ပုံနှင့် ကမ္ဘာ့နိုင်ငံများ၏ ကိုင်တွယ် ဆောင်ရွက်ပုံတို့ကို ဘက်မလိုက်ဘဲ သမာသမတ်ကျသော ကျယ်ပြန့်သည့်စစ်ဆေးမှုတစ်ရပ် စတင်ပြုလုပ်ပေးရန် တောင်းဆိုလိုက်သည်။
သြစတေးလျနိုင်ငံ၏ မူကြမ်းသည် ဥရောပသမဂ္ဂက ရေးသားခဲ့သောမူကြမ်းကို မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ထားခြင်းဖြစ်ပြီး ကနဦးပိုင်းတွင် ဗြိတိန်၊ ကနေဒါ၊ နယူးဇီလန်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်၊ အင်ဒိုနီးရှားနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်အားလုံး၏ ထောက်ခံမှု ရရှိထားခဲ့သည်။
တနင်္လာနေ့ (မေလ ၁၈ ရက်) တွင်မူ အာဖရိက ၅၄ နိုင်ငံက ထောက်ခံသူများဘက်တွင် ပါဝင်လာသည်။
သြစတေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne က ကိုရိုနာဗိုင်းရပ်စ်ကြောင့် တွေ့ကြုံရင်ဆိုင်ခဲ့ရသည်များမှာ ကျယ်ပြန့်လှကြောင်း၊ လူပေါင်း ၃၀၀၀၀၀ ကျော် သေဆုံးခဲ့ရပြီး ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာ အလုပ်အကိုင်များ ဆုံးရှုံးခဲ့ရသည့်အပြင် ကမ္ဘာတစ်ဖက်စွန်းမှသည် အခြားတစ်ဖက်စွန်းအထိ စီးပွားရေးများ အထိနာခဲ့ရကြောင်း၊ ဖြစ်ပျက်ခဲ့သည်တို့ကို သုံးသပ်ရေးအတွက် စုပေါင်းကြရန် သင့်လျော်သည်ဟူသော ခိုင်မာသည့်အမြင်တစ်ရပ်ရှိနေကြောင်း ပြောကြားသည်။
ညီလာခံတွင် ထွက်ပေါ်လာမည့်အဖြေကို ကြိုတင်ခန့်မှန်းခြင်း မပြုလုပ်လိုကြောင်း၊ သြစတေးလျ စံတော်ချိန် ညနေပိုင်းတွင် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝန်းအတွက် အောင်မြင်မှုတစ်ခုဖြစ်လာမည်ဟု ယူဆကြောင်း၊ ဆုံးဖြတ်ချက်မူကြမ်းကို အင်္ဂ ါနေ့တွင် မဲပေးကြမည်ဖြစ်ကြောင်း သူမက ပြောကြားခဲ့သည်။
သြစတေးလျ၏ မူကြမ်းတွင် ရောဂါစတင်ပေါ်ပေါက်ခြင်းအကြောင်းရပ်၌ တရုတ်နိုင်ငံ၏အမည်ကို တရားဝင်ဖော်ပြထားခြင်းမရှိသကဲ့သို့ ဝူဟန်မြို့ကိုလည်း ထည့်သွင်းဖော်ပြထားခြင်း မရှိချေ။
ကိုရိုနာဗိုင်းရပ်စ် စတင်ပေါ်ပေါက်လာပုံကို စုံစမ်းဖော်ထုတ်ရန် သြစတေးလျက ကြိုးပမ်းလာပြီးနောက်ပိုင်း မကြာသေးမီ ရက်သတ္တပတ်များတွင် တရုတ်နှင့် သြစတေးလျအကြား ဆက်ဆံရေးတင်းမာလာသည်။
သြစတေးလျကို စီးပွားရေးအရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်ဟု တရုတ်နိုင်ငံက ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။
Covid-19 ပျံ့ပွားမှုတွင် တရုတ်နိုင်ငံ၏ ကိုင်တွယ်ဆောင်ရွက်ပုံများနှင့် စပ်လျဉ်းပြီး ယခုနှစ်အစောပိုင်းက ပွင့်လင်းစွာဝေဖန်မှုများ ပြုလုပ်ခဲ့သော အမေရိကန်ပြည်ထောင်စုကမူ သြစတေးလျ၏ မူကြမ်းတင်သွင်းမှုတွင် ပူးတွဲထောက်ခံသူအဖြစ် ပါဝင်ခြင်းမရှိချေ။
အမေရိကန်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးသို့ ရန်ပုံငွေထည့်ဝင်မှုများ ဆိုင်းငံ့ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်၏ ဇာစ်မြစ်ကို အဖြေရှာရန် သြစတေးလျက ကြိုးပမ်းလာမှုကို အားပေးထားသည်။
 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Australian World Health Assembly Effort to Promote Inquiry on COVID-19 Origins Wins Wide Support (The Diplomat)
  [Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
INNO CITY
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service