ဝူဟန်မြို့တွင် ဒေါက်တာယီဖန်အမည်ရှိ ဆရာဝန် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် အသားမည်းသွား
ဝူဟန်မြို့တွင် ဒေါက်တာယီဖန်အမည်ရှိ ဆရာဝန် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် အသားမည်းသွား - Property News in Myanmar from iMyanmarHouse.com
13 May 2020 12:45 pm တွင် တင်ခဲ့သည်
1182 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ဒေါက်တာယီဖန် (Dr Yi Fan) အမည်ရှိ ဆရာဝန်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး အပြင်းအထန် နာမကျန်းဖြစ်ပြီး နောက် ရုတ်တရက်အသားမည်းသွားကြောင်း Daily Mail သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ဒေါက်တာယီဖန်သည် တာဝန်ထမ်းဆောင်နေရင်း covid-19 ကူးစက်ခံရခြင်းဖြစ်ပြီး ယင်းသို့ အသားမည်းသွားသည်မှာ ဇန်နဝါရီလကတည်းကဖြစ်သည်။
ပြီးခဲ့သော ရက်သတ္တပတ်ကမှ ရောဂါသက်သာပျောက်ကင်းပြီး ဆေးရုံမှဆင်းခဲ့ရခြင်းဖြစ်သည်။
ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားရာတွင် ဒေါက်တာယီ၏ အသားအရည် သမားရိုးကျမဟုတ်ဘဲ ပြောင်းလဲသွားခြင်းမှာ ရောဂါကုသနေစဉ်အတွင်း အသုံးပြုခဲ့ရသည့် ပဋိဇီဝဆေးတစ်မျိုးကြောင့်ဖြစ်သည်ဟု ပြောကြားသည်။
ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က စနေနေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ ဒေါက်တာယီ၏ မေလ ၉ ရက်တွင် ရိုက်ကူးထားသည့် ဓာတ်ပုံနှင့် ဧပြီလ ၆ ရက်တွင် ရိုက်ကူးထားသည့် ဓာတ်ပုံများကို ပြသခဲ့ရာ အသားအရောင်ဆန်းကြယ်စွာ ကွာခြားနေသည်ကို တွေ့ရပြီး ရောဂါသက်သာလာပြီးနောက်ပိုင်း တဖြည်းဖြည်းခြင်း ပြန်လည်အသားဖြူလာသည်ဟု ဆိုသည်။
ဒေါက်တာယီ၏ မိတ်ဆွေ ဒေါက်တာ ဟူဝေ့ဖုန် (Hu Weifeng) ၏ အသားအရည်မှာလည်း မည်းနက်သွားပြီး ယခုအခါ ဆေးရုံတွင် ဆေးကုသခံနေရဆဲဖြစ်ကြောင်း ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။
ဒေါက်တာ ယီနှင့် ဒေါက်တာ ဟူတို့ နှစ်ဦးလုံးသည် အသက် ၄၂ နှစ်အရွယ်ရှိပြီး Wuhan Central ဆေးရုံတွင် လူနာများကို ဆေးကုသပေးနေစဉ် လွန်ခဲ့သော ၄ လနီးပါးကတည်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရခြင်း ဖြစ်သည်။
ပေကျင်းရုပ်သံဌာနဖြစ်သော Beijing TV Station မှ ဧပြီလ ၆ ရက်တွင် ထုတ်လွှင့်ပြသချက်အရ အဆိုပါဆရာဝန် ၂ ဦးကို ဝူဟန်မြို့၊ တုန်ကျိဆေးရုံ (Tongji Hospital) ၏ ဆေးရုံကုတင်များတွင် လဲလျောင်းနေသည်ကို တွေ့ရပြီး အသားအရည်များမှာ မည်းနက်နေသည်ကို တွေ့ခဲ့ရသည်။
တရုတ်-ဂျပန် မိတ်သဟာယဆေးရုံ (CJFH) ရှိ အရေးကြီးကုသမှုဆေးပညာဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ပါမောက္ခ တွမ့်ချွင် (Prof Duan Jun ) က ပြောကြားရာတွင် ဒေါက်တာယီနှင့် ဒေါက်တာဟူတို့ နှစ်ဦးလုံးကို နောက်ဆုံးအဆင့် ပဋိဇီဝဆေးတစ်ခုဖြစ်သော Polymyxin B ကို ပေးကာ ကုသခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါဆေးသည် ဆရာဝန် ၂ ဦး၏ ကိုယ်ထဲတွင် အလွန်အမင်း အရောင်ထုတ်လုပ်မှုများ ပြုလုပ်ခဲ့ပြီး သက်သာလာချိန်တွင်မူ တဖြည်းဖြည်းချင်း ပြန်လည်ကွယ်ပျောက်သွားကြောင်း ပါမောက္ခ တွမ့်ချွင်က ပြောကြားသည်။
မူလက ဆရာဝန်များ ယူဆခဲ့သည်မှာ ဗိုင်းရပ်စ်က အသည်းများကို တိုက်ခိုက်မှုကြောင့် ဟော်မုန်းမျှခြေမညီမှုကြောင့် အသားအရောင် ပုံမှန်မဟုတ်ဘဲ ပြောင်းလဲသည်ဟု ယူဆခဲ့ကြသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Wuhan doctor whose skin turned dark due to coronavirus treatment sees his colour slowly returning to normal after beating the deadly disease (Daily Mail)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ERC Luxury Condo
Emerald Bay Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service