ပြင်သစ်တွင်ပျံ့နှံ့နေသော ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်ပြည်မှ ဗိုင်းရပ်စ်မျိုးမဟုတ်ဘဲ ကမ္ဘာတဝန်း ပျံ့ပွားမှုမဖြစ်မီကတည်းက ပြင်သစ်တွင်ရှိနေသော ဗိုင်းရပ်စ်မျိုးဗီဇဖြစ်ကြောင်း ပြင်သစ်သိပ္ပံပညာရှင်တို့ ပြောကြား

ပြင်သစ်တွင်ပျံ့နှံ့နေသော ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်ပြည်မှ ဗိုင်းရပ်စ်မျိုးမဟုတ်ဘဲ ကမ္ဘာတဝန်း ပျံ့ပွားမှုမဖြစ်မီကတည်းက ပြင်သစ်တွင်ရှိနေသော ဗိုင်းရပ်စ်မျိုးဗီဇဖြစ်ကြောင်း ပြင်သစ်သိပ္ပံပညာရှင်တို့ ပြောကြား - Property News in Myanmar from iMyanmarHouse.com
3 May 2020 12:20 pm တွင် တင်ခဲ့သည်
9789 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပြင်သစ်တွင်ပျံ့နှံ့နေသော covid-19 ဗိုင်းရပ်စ်သည် တရုတ်ပြည်မှ စတင်သည့် ဗိုင်းရပ်စ်မျိုးမဖြစ်နိုင်ကြောင်း ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ Pasteur Institute မှ ရောဂါပိုးမွှားဗေဒပညာရှင်တို့ ပြုလုပ်ခဲ့သည့် လေ့လာချက်တစ်ရပ်တွင် ဖော်ပြသည်။

ပြင်သစ်ရှိ ကိုရိုနာဗိုင်းရပ်စ်မျိုးသည် ကမ္ဘာတစ်ဝန်းတွင် ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပေါ်မီကတည်းက ပြင်သစ်ပြည်တွင်းတွင် ပျံ့နှံ့နေပြီး သတိမပြုမိခြင်းဖြစ်သည်ဟု ဆိုသည်။

Sars-CoV-2 ဗိုင်းရပ်ကူးစက်ခံရသော ပြင်သစ်နိုင်ငံသား ၉၇ ဦးနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသား ၃ ဦးတို့ထံမှ နမူနာရယူ စစ်ဆေးချက် အရ အဆိုပါဗိုင်းရပ်စ်မျိုးစိတ်သည် ကမ္ဘာ့ကပ်ရောဂါကြီး မစတင်မီကတည်းက ပြည်သစ်နိုင်ငံအတွင်း ရှိနေနိုင်ခြင်း ဖြစ်ကြောင်း တွေ့ရှိခဲ့ ကြသည်။

ပဲရစ်မြို့မှ ဂုဏ်သတင်းကြီးမားသော Pasteur Institute မှ သုတေသနပညာရှင်များ ပြုစုခဲ့သည့် စာမျက်နှာ ၁၆ မျက်နှာပါ စာတမ်းကို ဟောင်ကောင်မှ South China Morning Post သတင်းဝက်ဘ်ဆိုက်တွင် ပထမဆုံး စတင်ဖော်ပြခဲ့ခြင်း ဖြစ်သည်။

အကြောင်းရင်းမသိရသော အဆုပ်ရောင်ရောဂါ (pneumonia) တစ်မျိုး ပျံ့ပွားမှု ဖြစ်ပေါ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတင်းထုတ်ပြန်ပြီး ၅ ရက်အကြာတွင် ပြင်သစ်က covid-19 case များကို ဖိဖိစီးစီး စောင့်ကြည့်မှုများ ပြုလုပ်ခဲ့သည်။

ပြင်သစ်လူနာများထံမှ နမူနာရယူကာ မျိုးဗီဇစမ်းစစ်မှုများအရ ပြင်သစ်တွင်တွေ့ရသော ဗိုင်းရပ်စ်မျိုးဗီဇအမျိုးအစားသည် ရှေးယခင် ဇီဝအုပ်စု တစ်ခုမှ ဆင်းသက်လာခြင်းဖြစ်ပြီး အဆိုပါဇီဝအုပ်စုသည် တရုတ် (သို့မဟုတ်) အီတလီမှ လာခြင်းမဟုတ်ကြောင်း ပေါ်ပေါက်လာသည်။

ပြင်သစ်တွင် ပျံ့နှံ့မှုမှာ အဓိကအားဖြင့် အဆိုပါဇီဝအုပ်စုမျိုးကွဲများစွာ (သို့မဟုတ်)တစ်ခုကြောင့် ဖြစ်ပြီး ပြင်သစ်နိုင်ငံတွင် ဖေဖော်ဝါရီလကတည်းက တိတ်တဆိတ် လှည့်ပတ်ပျံ့နှံ့နေကြောင်း ကောက်ချက်ဆွဲသည်ဟု သုတေသီတို့၏ စာတမ်းတွင် ဖော်ပြသည်။

ပြင်သစ်တွင် အစောဆုံးတွေ့ခဲ့သည့် လူနာမှာ ဖေဖော်ဝါရီလ ၁၉ ရက်တွင် တွေ့ခဲ့ခြင်းဖြစ်ပြီး ခရီးသွားရာဇဝင်မရှိသလို ပြည်ပကို ခရီးသွားလာခဲ့သူများနှင့်လည်း ထိတွေ့မှု မရှိခဲ့ချေ။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: French coronavirus strain may be local and may not have come from China (RFI)

[Zawgyi]

ျပင္သစ္တြင္ပ်ံ ႔ႏွံ႔ေနေသာ ကိုရိုနာဗိုင္းရပ္စ္သည္ တရုတ္ျပည္မွ ဗိုင္းရပ္စ္မ်ဳိးမဟုတ္ဘဲ ကမၻာတဝန္း ပ်ံ ႔ပြားမႈမျဖစ္မီကတည္းက ျပင္သစ္တြင္ရွိေနေသာ ဗိုင္းရပ္စ္မ်ဳိးဗီဇျဖစ္ေၾကာင္း ျပင္သစ္သိပၸံပညာရွင္တို႔ ေျပာၾကား

ျပင္သစ္တြင္ပ်ံ ႔ႏွံ႔ေနေသာ covid-19 ဗိုင္းရပ္စ္သည္ တရုတ္ျပည္မွ စတင္သည့္ ဗိုင္းရပ္စ္မ်ဳိးမျဖစ္ႏိုင္ေၾကာင္း ျပင္သစ္ႏိုင္ငံ၊ ပဲရစ္ျမိဳ ႔ရွိ Pasteur Institute မွ ေရာဂါပိုးမႊားေဗဒပညာရွင္တို႔ ျပဳလုပ္ခဲ့သည့္ ေလ့လာခ်က္တစ္ရပ္တြင္ ေဖာ္ျပသည္။

ျပင္သစ္ရွိ ကိုရိုနာဗိုင္းရပ္စ္မ်ဳိးသည္ ကမၻာတစ္ဝန္းတြင္ ကူးစက္ပ်ံ ႔ႏွံ႔မႈမ်ား မျဖစ္ေပၚမီကတည္းက ျပင္သစ္ျပည္တြင္းတြင္ ပ်ံ ႔ႏွံ႔ေနျပီး သတိမျပဳမိျခင္းျဖစ္သည္ဟု ဆိုသည္။

Sars-CoV-2 ဗိုင္းရပ္ကူးစက္ခံရေသာ ျပင္သစ္ႏိုင္ငံသား ၉၇ ဦးႏွင့္ အယ္လ္ဂ်ီးရီးယားႏိုင္ငံသား ၃ ဦးတို႔ထံမွ နမူနာရယူ စစ္ေဆးခ်က္ အရ အဆိုပါဗိုင္းရပ္စ္မ်ဳိးစိတ္သည္ ကမၻာ့ကပ္ေရာဂါၾကီး မစတင္မီကတည္းက ျပည္သစ္ႏိုင္ငံအတြင္း ရွိေနႏိုင္ျခင္း ျဖစ္ေၾကာင္း ေတြ႔ရွိခဲ့ ၾကသည္။

ပဲရစ္ျမိဳ ႔မွ ဂုဏ္သတင္းၾကီးမားေသာ Pasteur Institute မွ သုေတသနပညာရွင္မ်ား ျပဳစုခဲ့သည့္ စာမ်က္ႏွာ ၁၆ မ်က္ႏွာပါ စာတမ္းကို ေဟာင္ေကာင္မွ South China Morning Post သတင္းဝက္ဘ္ဆိုက္တြင္ ပထမဆံုး စတင္ေဖာ္ျပခဲ့ျခင္း ျဖစ္သည္။

အေၾကာင္းရင္းမသိရေသာ အဆုပ္ေရာင္ေရာဂါ (pneumonia) တစ္မ်ဳိး ပ်ံ ႔ပြားမႈ ျဖစ္ေပၚေနေၾကာင္း ကမၻာ့က်န္းမာေရးအဖြဲ႔ၾကီးက သတင္းထုတ္ျပန္ျပီး ၅ ရက္အၾကာတြင္ ျပင္သစ္က covid-19 case မ်ားကို ဖိဖိစီးစီး ေစာင့္ၾကည့္မႈမ်ား ျပဳလုပ္ခဲ့သည္။

ျပင္သစ္လူနာမ်ားထံမွ နမူနာရယူကာ မ်ဳိးဗီဇစမ္းစစ္မႈမ်ားအရ ျပင္သစ္တြင္ေတြ႔ရေသာ ဗိုင္းရပ္စ္မ်ဳိးဗီဇအမ်ဳိးအစားသည္ ေရွးယခင္ ဇီဝအုပ္စု တစ္ခုမွ ဆင္းသက္လာျခင္းျဖစ္ျပီး အဆုိပါဇီဝအုပ္စုသည္ တရုတ္ (သို႔မဟုတ္) အီတလီမွ လာျခင္းမဟုတ္ေၾကာင္း ေပၚေပါက္လာသည္။

ျပင္သစ္တြင္ ပ်ံ ႔ႏွံ႔မႈမွာ အဓိကအားျဖင့္ အဆိုပါဇီဝအုပ္စုမ်ဳိးကြဲမ်ားစြာ (သို႔မဟုတ္)တစ္ခုေၾကာင့္ ျဖစ္ျပီး ျပင္သစ္ႏိုင္ငံတြင္ ေဖေဖာ္ဝါရီလကတည္းက တိတ္တဆိတ္ လွည့္ပတ္ပ်ံ ႔ႏွံ႔ေနေၾကာင္း ေကာက္ခ်က္ဆြဲသည္ဟု သုေတသီတို႔၏ စာတမ္းတြင္ ေဖာ္ျပသည္။

ျပင္သစ္တြင္ အေစာဆံုးေတြ႔ခဲ့သည့္ လူနာမွာ ေဖေဖာ္ဝါရီလ ၁၉ ရက္တြင္ ေတြ႔ခဲ့ျခင္းျဖစ္ျပီး ခရီးသြားရာဇဝင္မရွိသလို ျပည္ပကို ခရီးသြားလာခဲ့သူမ်ားႏွင့္လည္း ထိေတြ႔မႈ မရွိခဲ့ေခ်။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: French coronavirus strain may be local and may not have come from China (RFI)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service