ဆေးလိပ်သောက်သူများသည် မသောက်သူများနှင့်ယှဉ်လျှင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်ချေ နည်းပါးသည်ဟူသော သီအိုရီကို ပြင်သစ် သိပ္ပံပညာရှင်တို့ လူသားများတွင် စမ်းသပ်ရန် စီစဉ်

ဆေးလိပ်သောက်သူများသည် မသောက်သူများနှင့်ယှဉ်လျှင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်ချေ နည်းပါးသည်ဟူသော သီအိုရီကို ပြင်သစ် သိပ္ပံပညာရှင်တို့ လူသားများတွင် စမ်းသပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
30 Apr 2020 11:55 am တွင် တင်ခဲ့သည်
904 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပြင်သစ် သိပ္ပံပညာရှင်တို့သည် နစ်ကိုတင်းဓာတ်မှာ လူ့ခန္ဓာကိုယ်ကို covid-19 ကူးစက်မှုမှ တိုက်ဖျက်ခုခံရာတွင် အကာအကွယ်ပေး သည်ဟူသော သီအိုရီကို လူသားများတွင် စမ်းသပ်ရန် ပြင်ဆင်လျက်ရှိကြသည်။

အဆိုပါ စမ်းသပ်မှုတွင် ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများနှင့် လူနာများ ပါဝင်မည်ဖြစ်ပြီး အုပ်စုတစ်ခုမှာ နစ်ကိုတင်းဓာတ်များ ပြည့်လျှမ်းနေသည့် ဆေးပြားငယ် (nicotine patch) တစ်ခုကို လက်မောင်းအတွင်း မြှုပ်နှံထားမည်ဖြစ်ပြီး အခြားအုပ်စုတစ်ခုမှာမူ မည်သည့်ဓာတ်မှ မပါသော ဆေးပြားငယ်ကို မြှုပ်နှံထားမည် ဖြစ်သည်။

ထို့နောက် ၎င်းတို့၏ ခန္ဓာကိုယ်သည် ဗိုင်းရပ်စ်ကို တုံ့ပြန်ရာတွင် မည်သို့မည်ပုံ ကွဲပြားသည်ကို လေ့လာမည် ဖြစ်သည်။

အသက်အရွယ်၊ လိင် တူညီသော်လည်း ဆေးလိပ်သောက်သူများသည် မသောက်သူများနှင့် နှိုင်းယှဉ်လျှင် covid-19 ကူးစက်ခံရနိုင်ချေ ၈၀ ရာခိုင်နှုန်း နည်းပါးသည်ဟူသော ပြင်သစ်လေ့လာချက်စာတမ်းတစ်ခု ယခုလအတွင်း ထွက်ရှိခဲ့ပြီးနောက် သုတေသနပညာရှင်တို့က လူသားများတွင် လက်တွေ့စမ်းသပ်ရန် စီစဉ်လာခြင်း ဖြစ်သည်။

စီးကရက်များတွင် ပါဝင်သော နီကိုတင်းဓာတ်သည် ကိုရိုနာဗိုင်းရပ်စ် မော်လီကျူးများက လူ့ခန္ဓာကိုယ် ဆဲလ်များရှိ receptor တွင် ဝင်ရောက် ပူးကပ်နိုင်စွမ်း ရှိ၊ မရှိအပေါ် လွှမ်းမိုးထိန်းချုပ်နိုင်စွမ်းရှိသည်ဟု သိပ္ပံပညာရှင်တို့က အကြမ်းဖျင်းယူဆထားသည်။

“ဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲဝင်လာပြီးတာနဲ့ သူက ဆဲလ်ရဲ့ receptor ဆီကို သွားတယ်။ နစ်ကိုတင်းက ဒါကို ပိတ်ထားလိုက်တယ်။ ဒီတော့ သူတို့ ဝင်လို့မရတော့ဘူး” ဟု ပြင်သစ်နိုင်ငံရှိ ကမ္ဘာကျော် Pasteur Institute မှ အာရုံကြောသိပ္ပံပညာ ဂုဏ်ထူးဆောင် ပါမောက္ခ မစ္စတာ ယန်းပြဲ ရှောင်ရှေ (Mr Jean- Pierre Changeux) က ပြောကြားသည်။

Pasteur Institute က HIV ဗိုင်းရပ်စ်ကို ပထမဆုံး စတင်ရှာဖွေဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ထိပ်တန်းဓာတ်ခွဲခန်းကြီးများသည်ပင် မရှာဖွေနိုင်ခဲ့သောအချိန်တွင် ထိုစဉ်က ဓာတ်ခွဲခန်းအသေးစားလေးတစ်ခုမျှသာဖြစ်သော နေရာမှ ရှာဖွေပြခဲ့ခြင်းလည်း ဖြစ်သည်။

ပါမောက္ခ ရှောင်ရှေက အဆိုပါလေ့လာချက်ကို ပဲရစ်မြို့ရှိ Paris Pitie-Salpetriere University Hospital မှ ပါမောက္ခဖြစ်သူ Mr Zahir Amoura နှင့် ပူးတွဲလေ့လာခဲ့ခြင်းဖြစ်ပြီးယခုအခါတွင်လည်း ၎င်းတို့ ၂ ဦး ပူးပေါင်းကာ လူသားများတွင် စမ်းသပ်လေ့လာမှုများ ပြုလုပ်မည် ဖြစ်သည်။

စမ်းသပ်မှု၏ အရေးအပါဆုံး အစိတ်အပိုင်းမှာ ကျန်းမာရေးဝန်ထမ်း ၁၅၀၀ ဦးတွင် စမ်းသပ်မည့်အပိုင်းဖြစ်ကြောင်း Mr Amoura က ပြောကြားသည်။

ကျန်းမာရေးဝန်ထမ်းများကို အုပ်စု ၂ စုခွဲပြီး နစ်ကိုတင်းပါဝင်သည့် စမ်းသပ်ဆေးပြားငယ်များ ထည့်သွင်းပေးလိုက်သည့် အုပ်စုနှင့် မည်သည့်ဓာတ်မျှမပါဝင်သော ဆေးပြားများ ထည့်သွင်းပေးလိုက်သည့်အုပ်စု ၂ စုခွဲခြားထားမည်ဖြစ်သည်။

နစ်ကိုတင်းဆေးပြားများ ပေးလိုက်သည့်အုပ်စုသည့် မပေးသည့်အုပ်စုနှင့်ယှဉ်လျှင် ၎င်းတို့ တာဝန်ထမ်းဆောင်ရင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်ချေ နည်းပါးမှု ရှိ၊ မရှိကို လေ့လာမည် ဖြစ်သည်။

ထို့အပြင် ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများဖြင့် ဆေးရုံတက်နေကြသော လူနာ ၄၀၀ ဦးတွင်လည်း အလားတူ လေ့လာမှုတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ပြီး နစ်ကိုတင်းသည် ရောဂါဝေဒနာကို တစ်မျိုးတစ်ဖုံ ပြောင်းလဲစေနိုင်မည်လောဟူသည်ကို လေ့လာမည် ဖြစ်သည်။

ယခုလေ့လာမှုကို လာမည့် ရက်သတ္တ ၃ ပတ်အတွင်း စတင်ပြုလုပ်မည်ဖြစ်သည်။ ယခုလေ့လာချက်သည် လူတို့ကို ဆေးလိပ်သောက်ရန် တိုက်တွန်းခြင်းမဟုတ်ကြောင်း၊ ဆေးလိပ်သောက်ခြင်းဖြင့် နစ်ကိုတင်းဓာတ် ရယူခြင်းသည် ကျန်းမာရေးကိုသာ အန္တရာယ်ဖြစ်စေနိုင်ပြီး ဒုက္ခအကြီးအကျယ်ကြုံရနိုင်ကြောင်း ပါမောက္ခ ရှောင်ရှေက ပြောကြားသည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: French scientists to test theory that nicotine combats Covid-19 (Reuters)

[Zawgyi]

ေဆးလိပ္ေသာက္သူမ်ားသည္ မေသာက္သူမ်ားႏွင့္ယွဥ္လွ်င္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရႏိုင္ေခ် နည္းပါးသည္ဟူေသာ သီအိုရီကို ျပင္သစ္ သိပံၸပညာရွင္တို႔ လူသားမ်ားတြင္ စမ္းသပ္ရန္ စီစဥ္

ျပင္သစ္ သိပံၸပညာရွင္တို႔သည္ နစ္ကိုတင္းဓာတ္မွာ လူ႔ခႏၶာကိုယ္ကို covid-19 ကူးစက္မႈမွ တိုက္ဖ်က္ခုခံရာတြင္ အကာအကြယ္ေပး သည္ဟူေသာ သီအိုရီကို လူသားမ်ားတြင္ စမ္းသပ္ရန္ ျပင္ဆင္လ်က္ရွိၾကသည္။

အဆိုပါ စမ္းသပ္မႈတြင္ က်န္းမာေရးေစာင့္ေရွာက္မႈဝန္ထမ္းမ်ားႏွင့္ လူနာမ်ား ပါဝင္မည္ျဖစ္ျပီး အုပ္စုတစ္ခုမွာ နစ္ကိုတင္းဓာတ္မ်ား ျပည့္လွ်မ္းေနသည့္ ေဆးျပားငယ္ (nicotine patch) တစ္ခုကို လက္ေမာင္းအတြင္း ျမွဳပ္ႏွံထားမည္ျဖစ္ျပီး အျခားအုပ္စုတစ္ခုမွာမူ မည္သည့္ဓာတ္မွ မပါေသာ ေဆးျပားငယ္ကို ျမွဳပ္ႏွံထားမည္ ျဖစ္သည္။

ထို႔ေနာက္ ၎တို႔၏ ခႏၶာကိုယ္သည္ ဗိုင္းရပ္စ္ကို တံု႔ျပန္ရာတြင္ မည္သို႔မည္ပံု ကြဲျပားသည္ကို ေလ့လာမည္ ျဖစ္သည္။

အသက္အရြယ္၊ လိင္ တူညီေသာ္လည္း ေဆးလိပ္ေသာက္သူမ်ားသည္ မေသာက္သူမ်ားႏွင့္ ႏႈိင္းယွဥ္လွ်င္ covid-19 ကူးစက္ခံရႏိုင္ေခ် ၈၀ ရာခိုင္ႏႈန္း နည္းပါးသည္ဟူေသာ ျပင္သစ္ေလ့လာခ်က္စာတမ္းတစ္ခု ယခုလအတြင္း ထြက္ရွိခဲ့ျပီးေနာက္ သုေတသနပညာရွင္တို႔က လူသားမ်ားတြင္ လက္ေတြ႔စမ္းသပ္ရန္ စီစဥ္လာျခင္း ျဖစ္သည္။

စီးကရက္မ်ားတြင္ ပါဝင္ေသာ နီကိုတင္းဓာတ္သည္ ကိုရိုနာဗိုင္းရပ္စ္ ေမာ္လီက်ဴးမ်ားက လူ႔ခႏၶာကိုယ္ ဆဲလ္မ်ားရွိ receptor တြင္ ဝင္ေရာက္ ပူးကပ္ႏိုင္စြမ္း ရွိ၊ မရွိအေပၚ လႊမ္းမိုးထိန္းခ်ဳပ္ႏိုင္စြမ္းရွိသည္ဟု သိပၸံပညာရွင္တို႔က အၾကမ္းဖ်င္းယူဆထားသည္။

“ဗိုင္းရပ္စ္က ခႏၶာကိုယ္ထဲဝင္လာျပီးတာနဲ႔ သူက ဆဲလ္ရဲ ႔ receptor ဆီကို သြားတယ္။ နစ္ကိုတင္းက ဒါကို ပိတ္ထားလိုက္တယ္။ ဒီေတာ့ သူတို႔ ဝင္လို႔မရေတာ့ဘူး” ဟု ျပင္သစ္ႏိုင္ငံရွိ ကမၻာေက်ာ္ Pasteur Institute မွ အာရံုေၾကာသိပၸံပညာ ဂုဏ္ထူးေဆာင္ ပါေမာကၡ မစၥတာ ယန္းျပဲ ေရွာင္ေရွ (Mr Jean- Pierre Changeux) က ေျပာၾကားသည္။

Pasteur Institute က HIV ဗိုင္းရပ္စ္ကို ပထမဆံုး စတင္ရွာေဖြေဖာ္ထုတ္ႏိုင္ခဲ့ျခင္းျဖစ္ျပီး ကမၻာ့ထိပ္တန္းဓာတ္ခြဲခန္းၾကီးမ်ားသည္ပင္ မရွာေဖြႏိုင္ခဲ့ေသာအခ်ိန္တြင္ ထိုစဥ္က ဓာတ္ခြဲခန္းအေသးစားေလးတစ္ခုမွ်သာျဖစ္ေသာ ေနရာမွ ရွာေဖြျပခဲ့ျခင္းလည္း ျဖစ္သည္။

ပါေမာကၡ ေရွာင္ေရွက အဆိုပါေလ့လာခ်က္ကို ပဲရစ္ျမိဳ ႔ရွိ Paris Pitie-Salpetriere University Hospital မွ ပါေမာကၡျဖစ္သူ Mr Zahir Amoura ႏွင့္ ပူးတြဲေလ့လာခဲ့ျခင္းျဖစ္ျပီးယခုအခါတြင္လည္း ၎တို႔ ၂ ဦး ပူးေပါင္းကာ လူသားမ်ားတြင္ စမ္းသပ္ေလ့လာမႈမ်ား ျပဳလုပ္မည္ ျဖစ္သည္။

စမ္းသပ္မႈ၏ အေရးအပါဆံုး အစိတ္အပိုင္းမွာ က်န္းမာေရးဝန္ထမ္း ၁၅၀၀ ဦးတြင္ စမ္းသပ္မည့္အပိုင္းျဖစ္ေၾကာင္း Mr Amoura က ေျပာၾကားသည္။

က်န္းမာေရးဝန္ထမ္းမ်ားကို အုပ္စု ၂ စုခြဲျပီး နစ္ကိုတင္းပါဝင္သည့္ စမ္းသပ္ေဆးျပားငယ္မ်ား ထည့္သြင္းေပးလိုက္သည့္ အုပ္စုႏွင့္ မည္သည့္ဓာတ္မွ်မပါဝင္ေသာ ေဆးျပားမ်ား ထည့္သြင္းေပးလိုက္သည့္အုပ္စု ၂ စုခြဲျခားထားမည္ျဖစ္သည္။

နစ္ကိုတင္းေဆးျပားမ်ား ေပးလိုက္သည့္အုပ္စုသည့္ မေပးသည့္အုပ္စုႏွင့္ယွဥ္လွ်င္ ၎တို႔ တာဝန္ထမ္းေဆာင္ရင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရႏိုင္ေခ် နည္းပါးမႈ ရွိ၊ မရွိကို ေလ့လာမည္ ျဖစ္သည္။

ထို႔အျပင္ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါလကၡဏာမ်ားျဖင့္ ေဆးရံုတက္ေနၾကေသာ လူနာ ၄၀၀ ဦးတြင္လည္း အလားတူ ေလ့လာမႈတစ္ရပ္ ျပဳလုပ္သြားမည္ျဖစ္ျပီး နစ္ကိုတင္းသည္ ေရာဂါေဝဒနာကို တစ္မ်ဳိးတစ္ဖံု ေျပာင္းလဲေစႏိုင္မည္ေလာဟူသည္ကို ေလ့လာမည္ ျဖစ္သည္။

ယခုေလ့လာမႈကို လာမည့္ ရက္သတၱ ၃ ပတ္အတြင္း စတင္ျပဳလုပ္မည္ျဖစ္သည္။ ယခုေလ့လာခ်က္သည္ လူတို႔ကို ေဆးလိပ္ေသာက္ရန္ တိုက္တြန္းျခင္းမဟုတ္ေၾကာင္း၊ ေဆးလိပ္ေသာက္ျခင္းျဖင့္ နစ္ကိုတင္းဓာတ္ ရယူျခင္းသည္ က်န္းမာေရးကိုသာ အႏၱရာယ္ျဖစ္ေစႏိုင္ျပီး ဒုကၡအၾကီးအက်ယ္ၾကံဳရႏိုင္ေၾကာင္း ပါေမာကၡ ေရွာင္ေရွက ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: French scientists to test theory that nicotine combats Covid-19 (Reuters)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service