အီကွေဒေါတွင် အသက် ၇၄ နှစ်အရွယ်အဘွားအိုကို ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေပြီဟုဆိုကာ မိသားစုထံ အရိုးပြာများ ပေးပို့ခဲ့ပြီး တစ်လနီးပါးအကြာတွင်မူ အသက်ရှင်နေဆဲဖြစ်ကြောင်း သိရ
အီကွေဒေါတွင် အသက် ၇၄ နှစ်အရွယ်အဘွားအိုကို ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေပြီဟုဆိုကာ မိသားစုထံ အရိုးပြာများ ပေးပို့ခဲ့ပြီး တစ်လနီးပါးအကြာတွင်မူ အသက်ရှင်နေဆဲဖြစ်ကြောင်း သိရ - Property News in Myanmar from iMyanmarHouse.com
27 Apr 2020 12:14 pm တွင် တင်ခဲ့သည်
73483 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အီကွေဒေါနိုင်ငံတွင် အသက် ၇၄ နှစ်အရွယ်အဘွားအိုကို ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေပြီဟုဆိုကာ မိသားစုထံ အရိုးပြာများ ပေးပို့ခဲ့ပြီး တစ်လနီးပါးအကြာတွင်မူ အသက်ရှင်နေဆဲဖြစ်ကြောင်း သိလိုက်ရသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။
အယ်လ်ဘာ မာရူရီအမည်ရှိ အဘွားအိုသည် မတ်လ ၂၇ ရက်တွင် အပြင်းအထန်ဖျားနာကာ အသက်ရှူကြပ်သည့် ဝေဒနာများဖြင့် အထူးကြပ်မတ်ကုသဆောင်သို့ ပေးပို့ ကုသခြင်းခံခဲ့ရသည်။
ထိုနေ့တွင်ပင် ဆရာဝန်တို့က အဘွားအိုသေဆုံးသွားပြီဖြစ်ကြောင်း မိသားစုကိုပြောကြားခဲ့ပြီး အဝေးတစ်နေရာမှသာ အလောင်းကို ကြည့်ခွင့်ပေးခဲ့သည်။
နောက်တစ်ပတ်ခန့်ကြာသောအခါ မိသားစုထံသို့ အရိုးပြာများ ပေးပို့လာရာ အဘွားအိုကို သဂြိုဟ်ခဲ့သော ပြာများဖြစ်သည်ဟု မိသားစုက မှတ်ထင်ခဲ့ကြသည်။
ပြီးခဲ့သော ဧပြီ ၂၄ ရက်တွင်ကား လမ်းများပေါ်တွင် အလောင်းများပြန့်ကျဲနေသည်ဟူသောသတင်းဖြင့် ကမ္ဘာကို ကိုင်လှုပ်ခဲ့သော အီကွေဒေါနိုင်ငံ၊ Guayaquil မြို့ရှိ နေအိမ်သို့ ဆေးဝန်ထမ်းများ ရောက်ရှိလာပြီး ၎င်းတို့၏ အမှားတစ်ရပ်ကို လာရောက် ပြောကြားခဲ့ကြောင်း အဘွားအို မာရူရီနှင့် ညီအစ်မတော်စပ်သူ Aura က ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။
“လူနာတင်ကားတစ်စီးရောက်လာပြီး ဆရာဝန်တစ်ယောက်၊ စိတ်ရောဂါကုဆရာဝန်တစ်ယောက်နဲ့ လူမှုရေးအလုပ်သမားတစ်ယောက် ပါလာပါတယ်။ သူတို့က တောင်းပန်ခဲ့ပြီး မာရူရီအသက်ရှင်နေဆဲဖြစ်တယ်လို့ ပြောတော့ ကျွန်မတို့ တုန်လှုပ်သွားခဲ့ပါတယ်” ဟု Aura က ပြောကြားသည်။
မစ္စ မာရူရီကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည်ဟု သံသယဖြစ်ခဲ့ကြခြင်းဖြစ်ပြီး ဗိုင်းရပ်စ်စစ်ဆေးမှုကား မပြုလုပ်ခဲ့ချေ။
မစ္စ မာရူရီသည် ရက်သတ္တ ၃ ပတ်ခန့် မေ့မြောနေခဲ့ပြီး အပြင်မထွက်ရအမိန့်များ ချမှတ်ထားခြင်းကြောင့် မိသားစုကို အကြောင်းကြားရန် မဖြစ်နိုင်ခဲ့။
Guayaquil သည် လက်တင်အမေရိကတိုက်တွင် အဆိုးရွားဆုံး ကူးစက်ခံရသည့်မြို့တစ်မြို့ဖြစ်ပြီး အတည်ပြု covid-19 လူနာ ၁၅၃၆၅ ဦးရှိပြီး ၂၄၂ ဦး သေဆုံးခဲ့ပြီ ဖြစ်သည်။
ဆေးရုံများတွင် လူနာများ တင်းကြမ်းပြည့်နှက်နေသောကြောင့် ဆေးဘက်ဝန်ထမ်းများမှာ လူနာတို့၏ အမည်များ မှတ်သားမှု ရောထွေးသွားခဲ့ရာမှ မစ္စ မာရူရီမှာ သေစာရင်းသွင်းခံလိုက်ရခြင်း ဖြစ်သည်။
မစ္စ မာရူရီသည် ဧပြီ ၂၃ ရက်တွင် မေ့မြောရာမှ နိုးထလာပြီး သူ၏ညီအစ်မတော်စပ်သူ Aura ကို ခေါ်ပေးရန် ဆရာဝန်များကို ပြောကြားခဲ့သည်။
Aura တို့မိသားစုသည် သဂြိုဟ်စရိတ်နှင့် သေဆုံးပြီဟုယူဆကာ နာကြင်ကြေကွဲရမှုအတွက် ဆေးရုံထံမှ လျော်ကြေးတောင်းရန် စီစဉ်နေသည်။
မိသားစုထံ ပေးပို့ခဲ့သည့် အရိုးပြာများမှာ မည်သူ၏ပြာဖြစ်သည်ကိုမူ မသိနိုင်ချေ။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref:   Coronavirus ‘victim’ alive after family were told of her death and sent ashes  (Independent)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service