အစိုးရထောက်ပံ့ငွေ ဒေါ်လာ ၁၇၀၀ သွားထုတ်စဉ် ပြေစာတွင် ငွေလက်ကျန် ဒေါ်လာ ၈ ဒသမ ၂ သန်းကို ရရှိလိုက်သည့် အမျိုးသား
အစိုးရထောက်ပံ့ငွေ ဒေါ်လာ ၁၇၀၀ သွားထုတ်စဉ် ပြေစာတွင် ငွေလက်ကျန် ဒေါ်လာ ၈ ဒသမ ၂ သန်းကို ရရှိလိုက်သည့် အမျိုးသား - Property News in Myanmar from iMyanmarHouse.com
18 Apr 2020 10:38 am တွင် တင်ခဲ့သည်
60775 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်တွင် ချားလ်ကယ်လ်ဗင်အမည်ရှိ အမျိုးသားတစ်ဦးသည် ပြီးခဲ့သည့်စနေနေ့က အေတီအမ်စက်သို့ သွားရောက်ခဲ့သောအခါ အိမ်ခန်းငှားခပေးရန် ငွေအချို့ထုတ်ရန် ရည်ရွယ်ချက်ဖြင့် ဖြစ်သည်။
အင်ဒီယာနာပြည်နယ် နယူးချီကာဂိုမြို့တွင် စေတနာ့ဝန်ထမ်းမီးသတ်သမားတစ်ဦးအဖြစ် လုပ်ကိုင်နေသည့် ကယ်လ်ဗင်သည် အစိုးရ၏ “အသုံးစရိတ်ပံ့ပိုးမှုထောက်ပံ့ငွေအစီအစဉ်” တစ်စိတ်တစ်ပိုင်းအရ သူ၏အကောင့်ထဲသို့ ဒေါ်လာ ၁,၇၀၀ တိုက်ရိုက်ထည့်သွင်းပေးခံထားရပြီးဖြစ်ကြောင်းကို ဖုန်းမှတစ်ဆင့် အကြောင်းကြားခံထားခဲ့ရပြီးဖြစ်သည်။
ထို့ကြောင့် အသက် ၄၅ နှစ်ရှိ ကယ်လ်ဗင်သည် သူ၏ MetaBank ကတ်အား အေတီအမ်စက်ထဲသို့ ထည့်သွင်းခဲ့ပြီး အများဆုံးထုတ်ယူနိုင်သည့်ပမာဏဖြစ်သော ဒေါ်လာ ၂၀၀ ထုတ်ယူခဲ့သည်။ ထို့နောက် ပြေစာအား ဆွဲထုတ်လိုက်သောအခါ လက်ကျန်ငွေနေရာတွင် ဒေါ်လာ ၈,၂၀၀,၀၀၀.၀၀ ကို တွေ့မြင်ခဲ့ရခြင်းဖြစ်သည်။
“ကမ္ဘာကြီး ဘာတွေဖြစ်ကုန်တာလဲဗျို့? တစ်ခုခုတော့ မှားနေပြီထင်တယ်နော်။” ဟု ကယ်လ်ဗင်က စီအင်န်အင်န်သတင်းဌာနသို့ ပြောကြားခဲ့သည်။
မည်သို့ပင်ဖြစ်စေ သူသည် အိမ်ငှားခအတွက် ဒေါ်လာ ၈၀၀ လိုအပ်နေခဲ့သည်ဖြစ်သဖြင့် နောက်ထပ်ငွေထုတ်ယူမှုအနည်းငယ်ကိုပြုလုပ်ခဲ့သည်။
“ထပ်ထုတ်တော့လည်း ဒေါ်လာ ၈ ဒသမ ၂ သန်း ကျန်နေတုန်းပဲ။” ဟု သူက ဆိုသည်။
အေတီအမ်စက် တစ်စုံတစ်ခုမှားယွင်းနေပြီကို သတိပြုမိရင်း သူက အေတီအမ်စက်ရှိရာ Family Express ဂတ်စ်ဆိုင်ရှိ ဝန်ထမ်းတစ်ဦးအား ထိုစက်နှင့်ပတ်သက်၍ အဆင်မပြေမှုတစ်စုံတစ်ရာကြားမိခြင်းရှိမရှိ မေးမြန်းခဲ့သည်။ ဝန်ထမ်းအမျိုးသမီးက မကြားမိကြောင်း ဖြေကြားခဲ့ပြီး ထိုသို့မေးမြန်းရသည့်အကြောင်းရင်းအား ပြန်လည်မေးမြန်းခဲ့သည်။
ကယ်လ်ဗင်က သူမအား ပြေစာကို ပြသလိုက်ရာ သူမက ပြေစာကိုတစ်လှည့် ကယ်လ်ဗင်ကိုတစ်လှည့် အထပ်ထပ်ကြည့်ရှုပြီး “ရှင်က မီလျံနာလား?” ဟု ကယ်လ်ဗင်အား မေးခွန်းထုတ်လိုက်သည်။
ထိုအခါ ကယ်လ်ဗင်က “အစ်မရယ် ကျွန်တော်သာ မီလျံနာဆို အိမ်ငှားခအတွက် ဒေါ်လာ ၂၀၀ ထုတ်ဖို့ ဒီမှာ ရောက်နေမယ်လို့ ခင်ဗျားထင်လား?” ဟု ပြန်လည်ဖြေကြားခဲ့သည်။
ယင်းနောက် ကယ်လ်ဗင်က ရဲကြပ်ကြီးတစ်ဦးဖြစ်သော သူငယ်ချင်းတစ်ဦးအား ဆက်သွယ်ခဲ့ရာ သူငယ်ချင်းဖြစ်သူက သူ့အား ထိုငွေကို စိုးစဉ်းမျှ အသုံးမပြုဘဲ တနင်္လာနေ့တွင် သက်ဆိုင်ရာဘဏ်သို့ အကြောင်းကြားရန် သူ့အား အကြံပေးခဲ့သည်။
ထို့နောက် MetaBank ဘဏ်မှပြန်လည်ဖြေရှင်းချက်အရ ဘဏ်စာရင်းတွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ ထည့်ပေးသောငွေ ဒေါ်လာ ၁၇၀၀ သာ ပြကြောင်းနှင့် အေတီအမ်စနစ်တွင် ချို့ယွင်းမှုဖြစ်သွားခဲ့ခြင်းဖြစ်နိုင်ကြောင်း သိရသည်။
သူ၏ ဘဏ်စာရင်းတွင် ငွေလက်ကျန်သည် ၁၃ ဒသမ ၆၉ ဒေါ်လာ ဖြစ်ပြီး ငွေလက်ကျန်အား ထို ၈ ဒသမ ၂ သန်းသာ အမှန်တကယ်ဖြစ်လိုက်ချင်သည်ဟု သူက ပြောကြားခဲ့ကြောင်းလည်း သိရသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: A man goes to withdraw his $1,700 stimulus money and gets a receipt for $8.2 million (CNN)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
18th Property and Car Expo
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service