COVID-19 သည် လူသားတို့တွင် အချိန်အတန်ကြာတိုင် အသံတိတ်ချဥ်းကပ်သောဗိုင်းရပ်စ်ဖြစ်မည်ဟု WHO အထူးသံတမန်ပြောကြား
COVID-19 သည် လူသားတို့တွင် အချိန်အတန်ကြာတိုင် အသံတိတ်ချဥ်းကပ်သောဗိုင်းရပ်စ်ဖြစ်မည်ဟု WHO အထူးသံတမန်ပြောကြား - Property News in Myanmar from iMyanmarHouse.com
14 Apr 2020 10:57 am တွင် တင်ခဲ့သည်
676 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
COVID-19 ကာကွယ်ဆေးတီထွင်နိုင်ခြင်းနှင့် ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဖြူးနိုင်ခြင်းတို့မတိုင်မီအထိ စပ်ကြားကာလတွင် ၎င်းကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုအငယ်စားများ ဆက်လက်ရှိနေနိုင်ကြောင်း ကမ္ဘာကျန်းမာရေးအဖွဲ့အစည်း WHO ၏ အထူးသံတမန် ဒေးဗစ်နာဘာရိုက ဧပြီ ၁၂ တွင် ပြောကြားလိုက်သည်။
“COVID-19 က တုပ်ကွေးလိုပဲ တစ်သုတ်ပြီးတစ်သုတ်လာမှာလားဆိုတာကို ကျွန်တော်တို့သိပ်ပြီးတော့ သေသေချာချာမပြောနိုင်သေးပါဘူး။ ကျွန်တော်တို့ကိုအသက်ဘေးကိုကာကွယ်ပေးနိုင်မယ့် ကာကွယ်ဆေးကို ကျွန်တော်တို့အားလုံး မရရှိကြသေးခင်အထိတော့ COVID-19 ဟာ လူသားမျိုးနွယ်မှာ အတော်ကြာကြာ အသံတိတ်လိုက်ချဥ်းကပ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ထင်ပါတယ်။ ပြီးတော့လည်း ပြတ်တောင်းပြတ်တောင်း ပေါ်ပေါ်လာမယ့် ဖြစ်ပွားမှုအငယ်စားတွေ ရှိလိမ့်မယ်လို့လည်း ထင်မြင်ရပါတယ်။” ဟု နာဘာရိုက NBC သတင်းဌာနမှပြုလုပ်သည့် “Meet the Press” သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဤဗိုင်းရပ်စ်ကိုထိန်းချုပ်တိုက်ဖျက်ရန်အဓိကအချက်မှာ လူ့အသိုက်အဝန်းတိုင်းသည် ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုပေါ်လာတိုင်း သတင်းပို့ရန်၊ ကူးစက်ခံရသူများကို သီးခြားခွဲထားရန်နှင့် ကူးစက်ဖြစ်ပွားမှုများ တိုးပွားလာခြင်းမှတားဆီးရန်အလို့ငှာ “ကာကွယ်ရေးဒိုင်းတစ်မျိုး” ရှိထားကြရန်ဖြစ်သည်ဟု သူက ပြောကြားခဲ့သည်။
“နိုင်ငံတိုင်းမှာ အဲ့ဒီလိုပြုလုပ်နိုင်တဲ့အင်အား ရှိဖို့လိုပါလိမ့်။ ရှိအောင်လုပ်ကြဖို့လည်း ကျွန်တော်တို့အမှန်တကယ်ကိုပဲ တိုက်တွန်းပါတယ်။ ဒါမှ lockdown (အရေးပေါ်အခြေအနေတစ်ရပ်တွင် လူများအား သက်ဆိုင်ရာသတ်မှတ်ဧရိယာမှ ထွက်ခွာခွင့်မပြုခြင်း ) ချမှတ်မှုတွေ လျော့နည်းလွတ်ငြိမ်းစေမှာဖြစ်ကာ ရောဂါဖြစ်ပွားမှုကြီးတွေ နောက်ထပ်‌မဖြစ်ပွားအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။” ဟု သူက ပြောကြားခဲ့သည်။
ယခုအချိန်တွင် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအဆင့်အခြေအနေကို သူ့အနေဖြင့် မည်သို့အကဲဖြတ်မည်နည်းဟု မေးမြန်းခဲ့ရာ နာဘာရိုက သူသည် ကမ္ဘာ့ခေါင်းဆောင်များအကြား ယခုထက်ပိုမိုများပြားသော ထိရောက်သည့် အတူလက်တွဲပူးပေါင်းဆောင်ရွက်မှုများကို မြင်တွေ့လိုကြောင်း ပြောကြားခဲ့သည်။
“နိုင်ငံအားလုံးမှာလည်း အစိုးရနဲ့ပြည်သူတွေအကြား စည်းလုံးညီညွတ်စွာနဲ့ ဒီကမ္ဘာလုံးဆိုင်ရာကျန်းမာ‌ရေးရန်စွယ်ကို တုံ့ပြန်ဖြေရှင်းနေကြောင်း ကမ္ဘာကြီးကိုပြကြတာကို မြင်တွေ့ချင်ပါတယ်” ဟုလည်း သူက ဖြည့်စွက်ပြောကြားခဲ့သေးသည်။
သတင်းအချက်အလက်ကိုးကားစရာထိပ်တန်းဝက်ဘ်ဆိုက်ဒ် worldometers ၌ မြန်မာစံတော်ချိန် ယနေ့ ၁၄-၄-၂၀၂၀ နံနက် ၀၉:၃၀ နာရီတွင် ဖော်ပြချက်အရ ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်အသစ်ကူးစက်ခံရသူ ၁,၉၂၄,၆၇၉ ၊ ၎င်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၁၉,၆၉၂ နှင့် ကူးစက်ခံရပြီးနောက် ပြန်လည်နာလန်ထူကောင်းမွန်လာသူ ၄၄၅,၀၀၅ ဦး ရှိပြီဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: WHO special envoy says COVID-19 will be a virus that 'stalks the human race for quite a long time' (thehill)
[Zawgyi]
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မွ ရေးသား ဖော်ျပသည်။)
Credit: iMyanmarHouse.com
Ref: WHO special envoy says COVID-19 will be a virus that 'stalks the human race for quite a long time' (thehill)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service