COVID-19 ကြောင့် ကမ္ဘာတစ်ဝန်း ventilator ၈၈၀,၀၀၀ လိုအပ်နေ

COVID-19 ကြောင့် ကမ္ဘာတစ်ဝန်း ventilator ၈၈၀,၀၀၀ လိုအပ်နေ - Property News in Myanmar from iMyanmarHouse.com
11 Apr 2020 11:04 am တွင် တင်ခဲ့သည်
909 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

COVID-19 ကပ်ဘေးအတွင်း အမေရိကန်တွင် ၇၅,၀၀၀ နှင့် ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ စပိန်နှင့် ဗြိတိန်တို့တွင် ၇၄,၀၀၀ စီ အပါအဝင် ကမ္ဘာတစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်း ventilator (လူနာ၏အဆုတ်အတွင်း လေကောင်းစွာဝင်စေရန် အထောက်အကူပြု ပစ္စည်းကိရိယာ)  ၈၈၀,၀၀၀ ခန့် လိုအပ်လျက်ရှိကြောင်း အချက်အလက်နှင့် ဆန်းစစ်လေ့လာမှုကုမ္ပဏီ GlobalData ၏ ထုတ်ပြန်ချက်အရ သိရသည်။

Ventilator သည် ယခုအခါ ကမ္ဘာ့ COVID-19 ထိန်းချုပ်ရန်ကြိုးပမ်းမှုများအတွင်း ဆေးဘက်ဆိုင်ရာနှာခေါင်းစည်း mask များ၊ PPE ကဲ့သို့သော အကာကွယ်ဝတ်စုံများနှင့် ပစ္စည်းများနှင့်အတူ အလိုအပ်ဆုံးအရာများဖြစ်လာသည်။

ဆေးဘက်ဆိုင်ရာပစ္စည်းပံ့ပိုးမှုများ အဓိကထုတ်လုပ်ရာအချက်အချာနေရာတစ်ခုဖြစ်သော တရုတ်သည် ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူစက်မှုများမြင့်တက်လာစဥ် ကမ္ဘာ့နိုင်ငံအများအပြားအတွက် ၎င်းပစ္စည်းများပံ့ပိုးမှုရင်းမြစ်ဖြစ်လာပေသည်။

COVID-19 ကပ်ဘေးအတွင်း ပြည်ပမှဝယ်လိုအားများ တစ်ဟုန်ထိုးမြင့်တက်သဖြင့် တရုတ် ventilator ထုတ်လုပ်သူများသည် အခြားနိုင်ငံများသို့ ပစ္စည်းပံ့ပိုးမှုတိုးချဲ့ရန် ထုတ်လုပ်မှုတိုးမြှင့်နေကြပြီဖြစ်ကြောင်း သိရသည်။

တရုတ် ventilator ထုတ်လုပ်သူများသည် ယခုအခါ ပြည်တွင်းလိုအပ်ချက်ကိုလည်း ပြည့်မီစေပြီး အခြားနိုင်ငံများအတွက် ပံ့ပိုးပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေရကြရသည်။

COVID-19 ကပ်ရောဂါ၏ ဗဟိုချက်ဖြစ်ခဲ့သည့် တရုတ်သည် ယခုအခါ အခြေအနေပြန်လည်တိုးတက်ကောင်းမွန်လာနေပြီဖြစ်သည်။ တရုတ်တွင် ရောဂါကူးစက်မှုများသည် မရှိတော့သလောက်နီးပါးအခြေအနေသို့ တိုးတက်လာပြီဖြစ်သဖြင့် COVID-19 မတိုင်မီပုံမှန်အခြေအနေသို့ တဖြည်းဖြည်းပြန်လည်ရောက်ရှိလာနေပြီဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ယခုနှစ် ပထမနှစ်လတာအတွင်းမူ တရုတ်စီးပွားရေးအထိနာခဲ့သည်ကို စာရင်းအင်းများက ပြသနေကြသည်။

၂၀၂၀ ပထမနှစ်လတာအတွင်း တရုတ်သည် ၂၀၁၉ ကာလတူအောက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုတွင် ၂၄ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး လက်လီရောင်းအားတွင် ၂၀ ဒသမ ၅ ရာခိုင်နှုန်း၊ တင်ပို့ကုန်တန်ဖိုးတွင် ၁၅ ဒသမ ၉ ရာခိုင်နှုန်း၊ စက်မှုလုပ်ငန်းကုန်ထုတ်လုပ်မှုတွင် ၁၃ ဒသမ ၅ ရာခိုင်နှုန်းနှင့် ဝန်ဆောင်မှုထုတ်လုပ်မှုတွင် ၁၃ ဒသမ ၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။

တရုတ်စီးပွားရေး ကြုံတွေ့ခဲ့ရသည့် ထိုသိသိသာသာဆုံးရှုံးမှုများက COVID-19 စတင်ဖြစ်ပွားခါစနိုင်ငံများတွင် ရင်ဆိုင်လာရမည့်စီးပွားရေးနစ်နာမှုများကို နိမိတ်ပြသည်နှင့်တူနိုင်သည်။

စက်ရုံများနှင့် ဈေးဆိုင်များ ပြန်လည်ဖွင့်လှစ်ပြီဖြစ်သဖြင့် တရုတ်သည် “lockdown” ခေါ် “အရေးပေါ်အခြေအနေတွင် လူများအား သက်ဆိုင်ရာသတ်မှတ်ဧရိယာမှ ထွက်ခွာခွင့်မပြုခြင်း” ကြောင့် ဖြစ်ပေါ်လာသည့် မမျှော်လင့်ထားသည့် ရုတ်တရက်ဈေးနှုန်းအ‌ပြောင်းအလဲကို ကျော်လွှားနိုင်တော့မည်ဟု ယူဆရသည်။ သို့သော်လည်း တရုတ်သည် နှိုင်းယှဥ်၍မရသော ဝယ်လိုအား ယာယီအားဖြင့် ရုတ်တရက် ထိုးတက်ထိုးတက် သို့မဟုတ် ထိုးကျသည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။

မည်သို့လျင်မြန်စွာပြန်လည်နာလန်ထူလာသည်ဖြစ်စေ တရုတ်၏ဂျီဒီပီသည် ၂၀၂၀ ပထမသုံးလပတ်တွင် ၁၉၇၆ ခုနှစ်နောက်ပိုင်း နိုင်ငံသမိုင်းတွင် ပထမဆုံးအဖြစ် သိသိသာသာကျဆင်းမည်ဟု စီးပွားရေးပညာရှင်များက ခန့်မှန်းထားကြကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Chinese ventilator manufacturers ramp up production in global battle against COVID-19 pandemic (CGTN)

[Zawgyi]

COVID-19 ေၾကာင့္ ကမာၻတစ္ဝန္း ventilator ၈၈၀,၀၀၀ လိုအပ္ေန

COVID-19 ကပ္ေဘးအတြင္း အေမရိကန္တြင္ ၇၅,၀၀၀ ႏွင့္ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီ၊ စပိန္ႏွင့္ ၿဗိတိန္တို႔တြင္ ၇၄,၀၀၀ စီ အပါအဝင္ ကမာၻတစ္ဝန္း၌ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေဘးအတြင္း ventilator (လူနာ၏အဆုတ္အတြင္း ေလေကာင္းစြာဝင္ေစရန္ အေထာက္အကူျပဳ ပစၥည္းကိရိယာ) ၈၈၀,၀၀၀ ခန႔္ လိုအပ္လ်က္ရွိေၾကာင္း အခ်က္အလက္ႏွင့္ ဆန္းစစ္ေလ့လာမႈကုမၸဏီ GlobalData ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

Ventilator သည္ ယခုအခါ ကမာၻ႔ COVID-19 ထိန္းခ်ဳပ္ရန္ႀကိဳးပမ္းမႈမ်ားအတြင္း ေဆးဘက္ဆိုင္ရာႏွာေခါင္းစည္း mask မ်ား၊ PPE ကဲ့သို႔ေသာ အကာကြယ္ဝတ္စုံမ်ားႏွင့္ ပစၥည္းမ်ားႏွင့္အတူ အလိုအပ္ဆုံးအရာမ်ားျဖစ္လာသည္။

ေဆးဘက္ဆိုင္ရာပစၥည္းပံ့ပိုးမႈမ်ား အဓိကထုတ္လုပ္ရာအခ်က္အခ်ာေနရာတစ္ခုျဖစ္ေသာ တ႐ုတ္သည္ ကမာၻတစ္ဝန္း ကို႐ိုနာဗိုင္းရပ္စ္ကူစက္မႈမ်ားျမင့္တက္လာစဥ္ ကမာၻ႔ႏိုင္ငံအမ်ားအျပားအတြက္ ၎ပစၥည္းမ်ားပံ့ပိုးမႈရင္းျမစ္ျဖစ္လာေပသည္။

COVID-19 ကပ္ေဘးအတြင္း ျပည္ပမွဝယ္လိုအားမ်ား တစ္ဟုန္ထိုးျမင့္တက္သျဖင့္ တ႐ုတ္ ventilator ထုတ္လုပ္သူမ်ားသည္ အျခားႏိုင္ငံမ်ားသို႔ ပစၥည္းပံ့ပိုးမႈတိုးခ်ဲ႕ရန္ ထုတ္လုပ္မႈတိုးျမႇင့္ေနၾကၿပီျဖစ္ေၾကာင္း သိရသည္။

တ႐ုတ္ ventilator ထုတ္လုပ္သူမ်ားသည္ ယခုအခါ ျပည္တြင္းလိုအပ္ခ်က္ကိုလည္း ျပည့္မီေစၿပီး အျခားႏိုင္ငံမ်ားအတြက္ ပံ့ပိုးေပးႏိုင္ရန္ ႀကိဳးပမ္းေဆာင္႐ြက္ေနရၾကရသည္။

COVID-19 ကပ္ေရာဂါ၏ ဗဟိုခ်က္ျဖစ္ခဲ့သည့္ တ႐ုတ္သည္ ယခုအခါ အေျခအေနျပန္လည္တိုးတက္ေကာင္းမြန္လာေနၿပီျဖစ္သည္။ တ႐ုတ္တြင္ ေရာဂါကူးစက္မႈမ်ားသည္ မရွိေတာ့သေလာက္နီးပါးအေျခအေနသို႔ တိုးတက္လာၿပီျဖစ္သျဖင့္ COVID-19 မတိုင္မီပုံမွန္အေျခအေနသို႔ တျဖည္းျဖည္းျပန္လည္ေရာက္ရွိလာေနၿပီျဖစ္ေၾကာင္း သိရသည္။

သို႔ေသာ္လည္း ယခုႏွစ္ ပထမႏွစ္လတာအတြင္းမူ တ႐ုတ္စီးပြားေရးအထိနာခဲ့သည္ကို စာရင္းအင္းမ်ားက ျပသေနၾကသည္။

၂၀၂၀ ပထမႏွစ္လတာအတြင္း တ႐ုတ္သည္ ၂၀၁၉ ကာလတူေအာက္ အိမ္ၿခံေျမရင္းႏွီးျမႇဳပ္ႏွံမႈတြင္ ၂၄ ဒသမ ၅ ရာခိုင္ႏႈန္း က်ဆင္းခဲ့ၿပီး လက္လီေရာင္းအားတြင္ ၂၀ ဒသမ ၅ ရာခိုင္ႏႈန္း၊ တင္ပို႔ကုန္တန္ဖိုးတြင္ ၁၅ ဒသမ ၉ ရာခိုင္ႏႈန္း၊ စက္မႈလုပ္ငန္းကုန္ထုတ္လုပ္မႈတြင္ ၁၃ ဒသမ ၅ ရာခိုင္ႏႈန္းႏွင့္ ဝန္ေဆာင္မႈထုတ္လုပ္မႈတြင္ ၁၃ ဒသမ ၀ ရာခိုင္ႏႈန္း က်ဆင္းခဲ့ေၾကာင္း သိရသည္။

တ႐ုတ္စီးပြားေရး ႀကဳံေတြ႕ခဲ့ရသည့္ ထိုသိသိသာသာဆုံးရႈံးမႈမ်ားက COVID-19 စတင္ျဖစ္ပြားခါစႏိုင္ငံမ်ားတြင္ ရင္ဆိုင္လာရမည့္စီးပြားေရးနစ္နာမႈမ်ားကို နိမိတ္ျပသည္ႏွင့္တူႏိုင္သည္။

စက္႐ုံမ်ားႏွင့္ ေဈးဆိုင္မ်ား ျပန္လည္ဖြင့္လွစ္ၿပီျဖစ္သျဖင့္ တ႐ုတ္သည္ “lockdown” ေခၚ “အေရးေပၚအေျခအေနတြင္ လူမ်ားအား သက္ဆိုင္ရာသတ္မွတ္ဧရိယာမွ ထြက္ခြာခြင့္မျပဳျခင္း” ေၾကာင့္ ျဖစ္ေပၚလာသည့္ မေမွ်ာ္လင့္ထားသည့္ ႐ုတ္တရက္ေဈးႏႈန္းအ‌ေျပာင္းအလဲကို ေက်ာ္လႊားႏိုင္ေတာ့မည္ဟု ယူဆရသည္။ သို႔ေသာ္လည္း တ႐ုတ္သည္ ႏႈိင္းယွဥ္၍မရေသာ ဝယ္လိုအား ယာယီအားျဖင့္ ႐ုတ္တရက္ ထိုးတက္ထိုးတက္ သို႔မဟုတ္ ထိုးက်သည့္အေျခအေနႏွင့္ ရင္ဆိုင္ေနရသည္။

မည္သို႔လ်င္ျမန္စြာျပန္လည္နာလန္ထူလာသည္ျဖစ္ေစ တ႐ုတ္၏ဂ်ီဒီပီသည္ ၂၀၂၀ ပထမသုံးလပတ္တြင္ ၁၉၇၆ ခုႏွစ္ေနာက္ပိုင္း ႏိုင္ငံသမိုင္းတြင္ ပထမဆုံးအျဖစ္ သိသိသာသာက်ဆင္းမည္ဟု စီးပြားေရးပညာရွင္မ်ားက ခန္႔မွန္းထားၾကေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Chinese ventilator manufacturers ramp up production in global battle against COVID-19 pandemic (CGTN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service