အာရှ-ပစိဖိတ်ဒေသတွင် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၁၆၉ ဘီလီယံဖိုး စံချိန်တင်မြင့်တက်

အာရှ-ပစိဖိတ်ဒေသတွင် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၁၆၉ ဘီလီယံဖိုး စံချိန်တင်မြင့်တက် - Property News in Myanmar from iMyanmarHouse.com
20 Feb 2020 11:26 am တွင် တင်ခဲ့သည်
612 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

အာရှ-ပစိဖိတ်ဒေသကြီးအတွင်း ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ်လာ ၁၆၉ ဘီလီယံအထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ကမ္ဘာလုံးဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးကဏ္ဍ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၉ ခုနှစ်အတွင်း ကန်ဒေါ်လာ ၈၀၀ ဘီလီယံအထိ ရှိခဲ့ပြီး သမိုင်းတစ်လျှောက် အမြင့်မားဆုံးသို့ ရောက်ရှိခဲ့ပြီးနောက် အာရှ-ပစိဖိတ်ဒေသကြီးတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

“အိမ်ခြံမြေကဏ္ဍဟာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှုတွေ ပိုမိုရရှိလာနေပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကလည်း ၂၀၂၀ ပြည့်နှစ်တစ်လျှောက် ဆက်လက်မြင့်တက်နေမယ်လို့ မျှော်လင့်ရပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေဟာ အိမ်ခြံမြေကဏ္ဍမှာ ဝင်ရောက် ရင်းနှီးမြှုပ်နှံမှု ဆက်လက်မြင့်တက်နေပါတယ်” ဟု JLL မှ ကမ္ဘာလုံးဆိုင်ရာ အရင်းအနှီးဈေးကွက်သုတေသနဌာန အကြီးအကဲ ရှောင် ကိုလန်းက ပြောကြားသည်။

၂၀၁၉ ခုနှစ် တစ်နှစ်တာလုံး အာရှ-ပစိဖိတ်ဒေသ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုမှာ မြင့်တက်ခဲ့သည်ဆိုသော်လည်း စတုတ္ထ ၃ လပတ် ရင်းနှီးမြှုပ်နှံမှုမှာမူ ၂၀၁၈ ခုနှစ်အလားတူ ကာလနှင့် နှိုင်းယှဉ်လျှင် ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

“အာရှ-ပစိဖိတ်ဒေသတစ်လွှား စီးပွားရေးဖွံ့ဖြိုးမှု ဆက်လက်တိုးတက်နေမှာဖြစ်တာကြောင့် ကမ္ဘာလုံးဆိုင်ရာ အရင်းအနှီးတွေ စီးဝင်လာအောင် အာရှ-ပစိဖိတ်ဒေသက ဆွဲဆောင်နိုင်ပါလိမ့်မယ်” ဟု JLL Asia Pacific မှ အရင်းအနှီး မဟာဗျူဟာဌာန အမှုဆောင် ဒါရိုက်တာ တင်မ် ဂရေဟမ်က ပြောကြားသည်။

စံချိန်တင် ရင်းနှီးမြှုပ်နှံမှုများ ပေါ်ပေါက်လာခြင်းမှာ ဒေသတွင်း အချက်အခြာဈေးကွက်များဖြစ်သော တရုတ်၊ ဂျပန်၊ စင်္ကာပူနှင့် တောင်ကိုရီးယား ဈေးကွက်များတွင် လှုပ်ခတ်သက်ဝင်နေမှုများကြောင့် ဖြစ်သည်။

စင်္ကာပူမှာမူ ဈေးကွက်အခြေအနေ အကောင်းမွန်ဆုံးဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ရင်းနှီးမြှုပ်နှံမှု ၆၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

### Zawgyi Version ###

အာရွ-ပစိဖိတ္ေဒသတြင္ အိမ္ျခံေျမရင္းႏွီးျမွဳပ္ႏွံမႈပမာဏ ကန္ေဒၚလာ ၁၆၉ ဘီလီယံဖိုး စံခ်ိန္တင္ျမင့္တက္

အာရွ-ပစိဖိတ္ေဒသၾကီးအတြင္း ကူးသန္းေရာင္းဝယ္ေရးဆိုင္ရာ အိမ္ျခံေျမက႑ ရင္းႏွီးျမွဳပ္ႏွံမႈမွာ ကန္ေဒၚလာ ၁၆၉ ဘီလီယံအထိ စံခ်ိန္တင္ ျမင့္တက္ခဲ့ေၾကာင္း ရွန္ဟိုင္းအေျခစိုက္ အိမ္ျခံေျမသတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

ကမၻာလံုးဆိုင္ရာ ကူးသန္းေရာင္းဝယ္ေရးက႑ အိမ္ျခံေျမရင္းႏွီးျမွဳပ္ႏွံမႈမွာ ၂၀၁၉ ခုႏွစ္အတြင္း ကန္ေဒၚလာ ၈၀၀ ဘီလီယံအထိ ရွိခဲ့ျပီး သမိုင္းတစ္ေလွ်ာက္ အျမင့္မားဆံုးသို႔ ေရာက္ရွိခဲ့ျပီးေနာက္ အာရွ-ပစိဖိတ္ေဒသၾကီးတြင္လည္း ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျမင့္တက္လာခဲ့ျခင္း ျဖစ္သည္။

“အိမ္ျခံေျမက႑ဟာ ရင္းႏွီးျမွဳပ္ႏွံသူေတြရဲ႕ စိတ္ဝင္စားမႈေတြ ပိုမိုရရွိလာေနပါတယ္။ ကမၻာလံုးဆိုင္ရာ ရင္းႏွီးျမွဳပ္ႏွံမႈကလည္း ၂၀၂၀ ျပည့္ႏွစ္တစ္ေလွ်ာက္ ဆက္လက္ျမင့္တက္ေနမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ရင္းႏွီးျမွဳပ္ႏွံသူေတြဟာ အိမ္ျခံေျမက႑မွာ ဝင္ေရာက္ ရင္းႏွီးျမွဳပ္ႏွံမႈ ဆက္လက္ျမင့္တက္ေနပါတယ္” ဟု JLL မွ ကမၻာလံုးဆိုင္ရာ အရင္းအႏွီးေစ်းကြက္သုေတသနဌာန အၾကီးအကဲ ေရွာင္ ကိုလန္းက ေျပာၾကားသည္။

၂၀၁၉ ခုႏွစ္ တစ္ႏွစ္တာလံုး အာရွ-ပစိဖိတ္ေဒသ အိမ္ျခံေျမရင္းႏွီးျမွဳပ္ႏွံမႈမွာ ျမင့္တက္ခဲ့သည္ဆိုေသာ္လည္း စတုတၳ ၃ လပတ္ ရင္းႏွီးျမွဳပ္ႏွံမႈမွာမူ ၂၀၁၈ ခုႏွစ္အလားတူ ကာလႏွင့္ ႏႈိုင္းယွဥ္လွ်င္ ၄ ရာခိုင္ႏႈန္း က်ဆင္းခဲ့သည္။

“အာရွ-ပစိဖိတ္ေဒသတစ္လႊား စီးပြားေရးဖြံ႔ျဖိဳးမႈ ဆက္လက္တိုးတက္ေနမွာျဖစ္တာေၾကာင့္ ကမၻာလံုးဆိုင္ရာ အရင္းအႏွီးေတြ စီးဝင္လာေအာင္ အာရွ-ပစိဖိတ္ေဒသက ဆြဲေဆာင္ႏိုင္ပါလိမ့္မယ္” ဟု JLL Asia Pacific မွ အရင္းအႏွီး မဟာဗ်ဴဟာဌာန အမႈေဆာင္ ဒါရိုက္တာ တင္မ္ ဂေရဟမ္က ေျပာၾကားသည္။

စံခ်ိန္တင္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ေပၚေပါက္လာျခင္းမွာ ေဒသတြင္း အခ်က္အျခာေစ်းကြက္မ်ားျဖစ္ေသာ တရုတ္၊ ဂ်ပန္၊ စကၤာပူႏွင့္ ေတာင္ကိုရီးယား ေစ်းကြက္မ်ားတြင္ လႈပ္ခတ္သက္ဝင္ေနမႈမ်ားေၾကာင့္ ျဖစ္သည္။

စကၤာပူမွာမူ ေစ်းကြက္အေျခအေန အေကာင္းမြန္ဆံုးျဖစ္ခဲ့ျပီး ၂၀၁၈ ခုႏွစ္ႏွင့္ ႏႈိင္းယွဥ္လွ်င္ ရင္းႏွီးျမွဳပ္ႏွံမႈ ၆၅ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာခဲ့သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service