ကြိုပွိုင့်ဝယ်ထားသည့် တိုက်ခန်းများကို ကန်ထရိုက်တာမှ ဆက်လက်မဆောက်နိုင်လျှင်

ကြိုပွိုင့်ဝယ်ထားသည့် တိုက်ခန်းများကို ကန်ထရိုက်တာမှ ဆက်လက်မဆောက်နိုင်လျှင် - Property Knowledge in Myanmar from iMyanmarHouse.com
13 Feb 2020 1:15 pm တွင် တင်ခဲ့သည်
37937 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

### Unicode Version ###

“ကိုဇော်ဇော် မဟုတ်လား။ ဝင်လာပြီး ထိုင်ကွယ်” ဟု ရုံးခန်းရှေ့တွင် ရောက်နေသော မိတ်ဆွေတစ်ဦး၏ သားကို စာရေးသူက နှုတ်ဆက်ကြို ဆိုလိုက်ခြင်းဖြစ်သည်။

“ဟုတ်ကဲ့ အန်ကယ်။ အန်ကယ် တရားရုံးဘက်ထွက်သွားပြီ ထင်တာ”

“အေးကွယ်။ ရုံးချိန်းက နေ့လယ်ပိုင်းဆိုတော့ စောနေသေးလို့ မသွားဖြစ်သေးဘူး”

“အန်ကယ်နဲ့ တိုင်ပင်ချင်လို့ ဝင်လာတာ”

“အင်းပြောလေ၊ ဘာအခက်အခဲ တွေ့နေလို့လဲ”

“မီနီကွန်ဒို တိုက်ခန်းတစ်ခန်းကို ကြိုပွိုင့်ဝယ်လိုက်တယ် ဆရာ”

“ဘာပြဿနာဖြစ်လို့လဲ အဆောက်အအုံက ပြီးသွားပြီလား”

“မပြီးသေးဘူး ဆရာ။ လေးထပ် အထိပဲ ရုပ်လုံးပေါ်သေးတယ်”

“မီနီကွန်ဒိုဆိုတော့ ဓာတ်လှေ ခါးပါ ရှစ်ထပ်တော့ ရှိမယ်”

“နှစ်ခန်းတွဲ ရှစ်ထပ်ခွဲတိုက်လို့ ပြောပါတယ်”

“ကိုဇော်ဇော် ဝယ်ထားတဲ့ အခန်းက ဘယ်အလွှာလဲ၊ အကြမ်းထည်ရောက်ပြီလား”

“ကျွန်တော် ဝယ်ထားတဲ့ တိုက်ခန်းက သုံးလွှာဆိုတော့ အကြမ်းထည်ရုပ်လုံးတော့ ပေါ်နေပါပြီ”

“အခု ကန်ထရိုက်က ဆက်မဆောက်နိုင်တော့ဘူး၊ ဒီလိုလား”

“ဟုတ်ကဲ့ ဆရာ၊ ကန်ထရိုက်လို့ ပြောပေမယ့် ဆောက်လုပ်ရေး ကုမ္ပဏီပေါ့ ဆရာ”

“ဆောက်လုပ်ရေး ကုမ္ပဏီဆိုတော့ ဆောက်လုပ်ဖို့ လက်ခံထားတာတွေ အဆောက်အအုံ သုံးလေးလုံးတော့ ရှိမှာပေါ့”

“ဟုတ်ကဲ့ ဆရာ။ အခြား အဆောက်အအုံတွေမှာ ဆက်လက်မဆောက်ပဲ ပျက်ကွက်တဲ့အတွက် တရားစွဲ ဆိုခံထားရတယ်လို့ သိရတယ် ဆရာ”

“ဒါက မကြာခဏဖြစ်နေတဲ့ ကိစ္စပဲလေ၊ ကြိုပွိုင့်ဝယ်စဉ်ကတည်းက သေချာစဉ်းစားဝယ်ဖို့လိုတယ်။ အခု ခေတ်က Facebook မှာ တင်ကြပြီး အရောင်းအဝယ် လုပ်နေကြတာက များတယ်။ ဝယ်သူကလည်း ပွဲစားမလို တိုက်ရိုက်ဖြစ်လို့ တန်ဖိုးသင့်တယ်ဆိုပြီး ဝယ်ကြတာတွေ ဖြစ်တယ်”

“ဆောက်လုပ်ရေး ကုမ္ပဏီမှာ ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်း သင်္ဘောသားတစ်ယောက်က ရှယ်ယာပါတယ် ပြောလို့ သူ့ကို ယုံကြည်ပြီး ဝယ်လိုက်တာ ဆရာ”

“ရှယ်ယာရှင် သူငယ်ချင်းက ဘယ်ရောက်နေလဲ”

“သူက နိုင်ငံခြားသင်္ဘောပေါ်ရောက်နေတယ်။ သူနဲ့ ဆက်သွယ်တော့ သူကိုယ်တိုင် ရှယ်ယာငွေပြန်မရလို့ အခက်တွေ့နေတယ်လို့ သိရတယ်”

“ဒါဆို တာဝန်ခံသူက ရာဇဝတ်ကြောင်းနဲ့ တရားစွဲခံထားရတာလား”

“ကျွန်တော် စုံစမ်းကြည့်တော့ အချုပ်နဲ့ဖြစ်နေပြီး အာမခံမရဘူးလို့ သိရတယ်။ တရားမကြောင်းနဲ့ တရားစွဲထား တာလည်းရှိတယ် ပြောတယ်။ ဆောက်လက်စတိုက်ခန်းတွေကို ဝရမ်းကပ်ထားတယ်လို့လည်း ကြားသိရ တယ်”

“ကိုဇော် ဝယ်လိုက်တဲ့ တိုက်ခန်းက မြေရှင်ခံစားခွင့်ရှိတဲ့ တိုက်ခန်းလား ကန်ထရိုက်တာခံစားခွင့်ရှိတဲ့ တိုက် ခန်းလား”

“မြေရှင်နဲ့ ကန်ထရိုက်တာတို့ ချုပ်ဆိုတဲ့ ကတိစာချုပ်အရတော့ မြေရှင်ခံစားခွင့်ရှိတဲ့ တိုက်ခန်းပါ ဆရာ”

“တိုက်ခန်းအရောင်းအဝယ် ကတိစာချုပ်ကို ဘယ်လိုချုပ်သလဲ။ မြေရှင်ခံစားခွင့်ရှိတဲ့ တိုက်ခန်းမို့ မြေရှင်နဲ့ တိုက်ရိုက်ချုပ်တာလား”

“မြေရှင်နဲ့ တိုက်ရိုက်မဟုတ်ဘူးထင်တယ် ဆရာ။ ကန်ထရိုက် ကုမ္ပဏီနဲ့ ချုပ်ထားတယ်။ ဒါပေမယ့် မြေရှင်က အသိအမှတ်ပြု လက်မှတ်ရေးထိုးပေးထားတယ်”

“အမှန်ကတော့ မြေရှင်ရပိုင်ခွင့်ရှိတဲ့ တိုက်ခန်းဆိုရင် မြေရှင်နဲ့ တိုက်ရိုက်အရောင်းအဝယ် ချုပ်ဆိုရမှာဖြစ်တယ်။ ငွေရေးကြေးရေးနဲ့ သတ်မှတ်ရက်အတွင်း တိုက်ခန်းဝယ်သူထံ အပ်နှံဖို့ ကိစ္စရပ်တွေက ရောင်းသူမြေရှင်က တာဝန်ယူရမှာဖြစ်တယ်။ ကန်ထရိုက်နဲ့ မဆိုင်ဘူး။ ဒါပေမယ့် ကန်ထရိုက်လက်မှတ်တော့ လိုတယ်”

“စာချုပ်မှာ မြေရှင် လက်မှတ်ထိုးထားတဲ့ ကိစ္စက မြေရှင်နဲ့ မသက်ဆိုင်ဘူးလား”

“ဥပဒေအရပြောရရင်တော့ ရောင်းသူက ကန်ထရိုက်တာ ကုမ္ပဏီ ဖြစ်လို့ ရောင်းဖိုးငွေကို ကုမ္ပဏီက ရရှိပြီး သိရှိသူအနေနဲ့ မြေရှင်က အသိအမှတ်ပြု လက်မှတ်ရေးထိုးတာပဲ ဖြစ်တယ်။ ဒီလို အခြေအနေမျိုးက ကန်ထရိုက်ရပိုင်ခွင့်ရှိတဲ့ တိုက်ခန်းကို ရောင်းချတာမျိုးမှာ ချုပ်ဆိုတဲ့ စာချုပ် ဖြစ်တယ်။ ပြဿနာတစ်စုံတစ်ခုရှိ လာရင် ရောင်းချသူ ကန်ထရိုက် ဆောက်လုပ်ရေး ကုမ္ပဏီထံသာ ငွေရေးကြေးရေးနဲ့ တိုက်ခန်းလက် ရောက် အပ်နှံရေးကို တောင်းဆိုခွင့် ရှိမှာဖြစ်တယ်။ မြေရှင်ထံမှ တောင်းဆိုခွင့်ရှိမှာ မဟုတ်ဘူး”

“အသိသက်သေသဘောမျိုး မြေရှင်က ဖြစ်သွားတယ်လို့ ဆိုလိုတာလား ဆရာ”

“ဟုတ်ပါတယ်။ အဆိုပါ ရောင်းချတဲ့ တိုက်ခန်းဝယ်သူများအနက် မိမိလက်မှတ်ရေးထိုးထားတဲ့ သူကိုပဲ တိုက် ခန်းဝယ်အဖြစ် အသိအမှတ် ပြုနေခွင့်ပေးတယ်လို့ ကတိပြုတဲ့ သဘောဖြစ်တယ်”

“တိုက်ခန်းတစ်ခန်းတည်းကို အဝယ်ထပ်နေရင် မြေရှင်လက်မှတ်ရေးထိုး အသိအမှတ်ပြုသူက တရားဝင်နေပိုင် ခွင့်ရှိတဲ့ သဘောလား ဆရာ”

“မှန်ပါတယ်။ တချို့ ကန်ထရိုက်တွေက တိုက်ခန်းတစ်ခန်းတည်းကိုပဲ ပေါင်နှံထားတယ်။ ရောင်းထားတယ် ဆိုတာမျိုးရှိတတ်တယ်။ အဲဒီလို ကိစ္စရပ်တွေမှာ ပေါင်နှံထားခြင်းကို အရောင်းစာချုပ်အဖြစ် ချုပ်ဆိုထားတာမျိုး ပြုလုပ်လေ့ရှိတယ်။ အဲဒီလိုဖြစ် လာရင်မြေရှင် အသိအမှတ်ပြု လက်မှတ်ရေးထိုးထားတဲ့ တိုက်ခန်းအရောင်း အဝယ် ကတိစာချုပ်က အသာရရှိမှာ ဖြစ်တယ်။ ဒါကြောင့် ကန်ထရိုက်တာ ရပိုင်ခွင့်ရှိတဲ့ တိုက်ခန်းကို ဝယ်မယ်ဆိုရင် မြေရှင်ရဲ့ အသိအမှတ်ပြု လက်မှတ်က အရေးကြီးပါတယ်။

“တကယ်လို့ ဆရာ။ ကန်ထရိုက်တာ ကုမ္ပဏီက ဆက်လက်မဆောက်ရင် ဘယ်လိုဖြစ်နိုင်သလဲ ဆရာ။ ကန်ထရိုက်တာနဲ့ မြေရှင်တို့ရဲ့ သဘောတူကတိစာချုပ်အရ သက်တမ်းကုန်သွားလို့ လုပ်ငန်းဖြတ်တောက် ကြောင်း သတင်းစာထဲမှာ ကြေညာတာတွေဖတ်နေရတယ် ဆရာ။ အဲဒါမျိုးဆိုရင်ဘယ်လိုဆက်လက် ဆောင်ရွက်ရပါသလဲ”

“ဒါကတော့ မြေရှင်နဲ့ တိုက်ခန်းကြိုပွိုင့်ဝယ်သူတွေညှိနှိုင်းပြီး အဆောက်အအုံပြီးဆုံးအောင် ဆောက်ကြတာ တွေရှိပါတယ်။ မြေရှင်နဲ့ တိုက်ခန်းရှင်များ ပေါင်းစည်းပြီး လုပ်ငန်းကော်မတီတစ်ခုဖွဲ့ကာ ဆက်လက် ဆောက်လုပ်ကြတယ်”

“ထည့်ဝင်ငွေက ဘယ်လိုရှိနိုင်သလဲ ဆရာ”

“မြေရှင်ကိုယ်တိုင် အကျိုးအမြတ် ရောင်းဖိုးငွေရယူထားတဲ့ တိုက်ခန်းတွေကိုတော့ ဝယ်သူပေးချေရန် ကျန်ရှိတဲ့ ငွေကြေးကို ရယူပြီး ဝယ်သူရဲ့ တိုက်ခန်းကို ပြီးစီးအောင် တာဝန်ယူဆောက်လုပ်ပေးရမှာ ဖြစ်တယ်”

“ကန်ထရိုက်ရတဲ့ တိုက်ခန်းကို ဝယ်သူက ဘယ်လိုဖြစ်နိုင်ပါသလဲ”

“ဒါကတော့ ပေးသွင်းထားငွေကိစ္စကို ကန်ထရိုက်တာထံမှသာရခွင့် ရှိတဲ့အတွက် မြေရှင်က တာဝန်ယူမှာ မဟုတ်ဘူး။ ကုန်ကျစရိတ်ကို ထပ်မံထည့်ဝင်ပြီး ဆောက်ရမှာ ဖြစ်ပါတယ်”

“ဒါဆိုရင် မြေရှင်ရပိုင်ခွင့်ရှိတဲ့ တိုက်ခန်းကို ဝယ်သူက ပိုပြီး အာမခံရှိတဲ့ သဘောမဟုတ်လား ဆရာ”

“မှန်ပါတယ်။ ဒါကြောင့် ကြိုပွိုင့်ဝယ်မယ်ဆိုရင် မြေရှင်ရပိုင်ခွင့်ရှိတဲ့ တိုက်ခန်းကို တိုက်ရိုက်ချုပ်ဆိုဝယ်ပါ။ ဒါမှမဟုတ် ကန်ထရိုက်တာရပိုင်ခွင့်ရှိတဲ့ တိုက်ခန်းကို ဝယ်ရင် မြေရှင် အသိအမှတ်ပြု လက်မှတ်ရေးထိုးပါ။ ဒါမှ ဥပဒေနဲ့အညီ နစ်နာဆုံးရှုံးမှု မရှိနိုင်မှာဖြစ်တယ်” လို့ ရှင်းပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

### Zawgyi Version ###

ႀကိဳပြိဳင့္၀ယ္ထားသည့္ တုိက္ခန္းမ်ားကို ကန္ထ႐ုိက္တာမွ ဆက္လက္မေဆာက္ႏုိင္လွ်င္

“ကိုေဇာ္ေဇာ္ မဟုတ္လား။ ၀င္လာၿပီး ထုိင္ကြယ္” ဟု ႐ုံးခန္းေရွ႕တြင္ ေရာက္ေနေသာ မိတ္ေဆြတစ္ဦး၏ သားကုိ စာေရးသူက ႏႈတ္ဆက္ႀကိဳ ဆုိလုိက္ျခင္းျဖစ္သည္။

“ဟုတ္ကဲ့ အန္ကယ္။ အန္ကယ္ တရား႐ုံးဘက္ထြက္သြားၿပီ ထင္တာ”

“ေအးကြယ္။ ႐ုံးခ်ိန္းက ေန႔လယ္ပုိင္းဆုိေတာ့ ေစာေနေသးလုိ႔ မသြားျဖစ္ေသးဘူး”

“အန္ကယ္နဲ႔ တုိင္ပင္ခ်င္လုိ႔ ၀င္လာတာ”

“အင္းေျပာေလ၊ ဘာအခက္အခဲ ေတြ႕ေနလုိ႔လဲ”

“မီနီကြန္ဒုိ တုိက္ခန္းတစ္ခန္းကုိ ႀကိဳပြိဳင့္၀ယ္လုိက္တယ္ ဆရာ”

“ဘာျပႆနာျဖစ္လုိ႔လဲ အေဆာက္အအုံက ၿပီးသြားၿပီလား”

“မၿပီးေသးဘူး ဆရာ။ ေလးထပ္ အထိပဲ ႐ုပ္လုံးေပၚေသးတယ္”

“မီနီကြန္ဒုိဆုိေတာ့ ဓာတ္ေလွ ခါးပါ ရွစ္ထပ္ေတာ့ ရွိမယ္”

“ႏွစ္ခန္းတြဲ ရွစ္ထပ္ခြဲတုိက္လုိ႔ ေျပာပါတယ္”

“ကိုေဇာ္ေဇာ္ ၀ယ္ထားတဲ့ အခန္းက ဘယ္အလႊာလဲ၊ အၾကမ္းထည္ေရာက္ၿပီလား”

“ကၽြန္ေတာ္ ၀ယ္ထားတဲ့ တုိက္ခန္းက သုံးလႊာဆုိေတာ့ အၾကမ္းထည္႐ုပ္လုံးေတာ့ ေပၚေနပါၿပီ”

“အခု ကန္ထ႐ုိက္က ဆက္မေဆာက္ႏုိင္ေတာ့ဘူး၊ ဒီလုိလား”

“ဟုတ္ကဲ့ ဆရာ၊ ကန္ထ႐ုိက္လုိ႔ ေျပာေပမယ့္ ေဆာက္လုပ္ေရး ကုမၸဏီေပါ့ ဆရာ”

“ေဆာက္လုပ္ေရး ကုမၸဏီဆုိေတာ့ ေဆာက္လုပ္ဖုိ႔ လက္ခံထားတာေတြ အေဆာက္အအုံ သုံးေလးလုံးေတာ့ ရွိမွာေပါ့”

“ဟုတ္ကဲ့ ဆရာ။ အျခား အေဆာက္အအုံေတြမွာ ဆက္လက္မေဆာက္ပဲ ပ်က္ကြက္တဲ့အတြက္ တရားစြဲ ဆုိခံထားရတယ္လုိ႔ သိရတယ္ ဆရာ”

“ဒါက မၾကာခဏျဖစ္ေနတဲ့ ကိစၥပဲေလ၊ ႀကိဳပြိဳင့္၀ယ္စဥ္ကတည္းက ေသခ်ာစဥ္းစား၀ယ္ဖုိ႔လုိတယ္။ အခု ေခတ္က Facebook မွာ တင္ၾကၿပီး အေရာင္းအ၀ယ္ လုပ္ေနၾကတာက မ်ားတယ္။ ၀ယ္သူကလည္း ပြဲစားမလုိ တုိက္႐ုိက္ျဖစ္လုိ႔ တန္ဖုိးသင့္တယ္ဆုိၿပီး ၀ယ္ၾကတာေတြ ျဖစ္တယ္”

“ေဆာက္လုပ္ေရး ကုမၸဏီမွာ ကၽြန္ေတာ့္ရဲ႕ ငယ္သူငယ္ခ်င္း သေဘၤာသားတစ္ေယာက္က ရွယ္ယာပါတယ္ ေျပာလုိ႔ သူ႔ကို ယုံၾကည္ၿပီး ၀ယ္လုိက္တာ ဆရာ”

“ရွယ္ယာရွင္ သူငယ္ခ်င္းက ဘယ္ေရာက္ေနလဲ”

“သူက ႏုိင္ငံျခားသေဘၤာေပၚေရာက္ေနတယ္။ သူနဲ႔ ဆက္သြယ္ေတာ့ သူကုိယ္တုိင္ ရွယ္ယာေငြျပန္မရလုိ႔ အခက္ေတြ႕ေနတယ္လုိ႔ သိရတယ္”

“ဒါဆုိ တာ၀န္ခံသူက ရာဇ၀တ္ေၾကာင္းနဲ႔ တရားစြဲခံထားရတာလား”

“ကၽြန္ေတာ္ စုံစမ္းၾကည့္ေတာ့ အခ်ဳပ္နဲ႔ျဖစ္ေနၿပီး အာမခံမရဘူးလုိ႔ သိရတယ္။ တရားမေၾကာင္းနဲ႔ တရားစြဲထား တာလည္းရွိတယ္ ေျပာတယ္။ ေဆာက္လက္စတုိက္ခန္းေတြကို ၀ရမ္းကပ္ထားတယ္လုိ႔လည္း ၾကားသိရ တယ္”

“ကုိေဇာ္ ၀ယ္လုိက္တဲ့ တုိက္ခန္းက ေျမရွင္ခံစားခြင့္ရွိတဲ့ တုိက္ခန္းလား ကန္ထ႐ုိက္တာခံစားခြင့္ရွိတဲ့ တုိက္ ခန္းလား”

“ေျမရွင္နဲ႔ ကန္ထ႐ုိက္တာတုိ႔ ခ်ဳပ္ဆုိတဲ့ ကတိစာခ်ဳပ္အရေတာ့ ေျမရွင္ခံစားခြင့္ရွိတဲ့ တုိက္ခန္းပါ ဆရာ”

“တုိက္ခန္းအေရာင္းအ၀ယ္ ကတိစာခ်ဳပ္ကို ဘယ္လုိခ်ဳပ္သလဲ။ ေျမရွင္ခံစားခြင့္ရွိတဲ့ တုိက္ခန္းမုိ႔ ေျမရွင္နဲ႔ တုိက္႐ုိက္ခ်ဳပ္တာလား”

“ေျမရွင္နဲ႔ တုိက္႐ုိက္မဟုတ္ဘူးထင္တယ္ ဆရာ။ ကန္ထ႐ုိက္ ကုမၸဏီနဲ႔ ခ်ဳပ္ထားတယ္။ ဒါေပမယ့္ ေျမရွင္က အသိအမွတ္ျပဳ လက္မွတ္ေရးထိုးေပးထားတယ္”

“အမွန္ကေတာ့ ေျမရွင္ရပုိင္ခြင့္ရွိတဲ့ တုိက္ခန္းဆုိရင္ ေျမရွင္နဲ႔ တုိက္႐ုိက္အေရာင္းအ၀ယ္ ခ်ဳပ္ဆုိရမွာျဖစ္တယ္။ ေငြေရးေၾကးေရးနဲ႔ သတ္မွတ္ရက္အတြင္း တုိက္ခန္း၀ယ္သူထံ အပ္ႏွံဖုိ႔ ကိစၥရပ္ေတြက ေရာင္းသူေျမရွင္က တာ၀န္ယူရမွာျဖစ္တယ္။ ကန္ထ႐ုိက္နဲ႔ မဆုိင္ဘူး။ ဒါေပမယ့္ ကန္ထ႐ုိက္လက္မွတ္ေတာ့ လုိတယ္”

“စာခ်ဳပ္မွာ ေျမရွင္ လက္မွတ္ထုိးထားတဲ့ ကိစၥက ေျမရွင္နဲ႔ မသက္ဆုိင္ဘူးလား”

“ဥပေဒအရေျပာရရင္ေတာ့ ေရာင္းသူက ကန္ထ႐ုိက္တာ ကုမၸဏီ ျဖစ္လုိ႔ ေရာင္းဖုိးေငြကို ကုမၸဏီက ရရွိၿပီး သိရွိသူအေနနဲ႔ ေျမရွင္က အသိအမွတ္ျပဳ လက္မွတ္ေရးထုိးတာပဲ ျဖစ္တယ္။ ဒီလုိ အေျခအေနမ်ဳိးက ကန္ထ႐ုိက္ရပုိင္ခြင့္ရွိတဲ့ တုိက္ခန္းကို ေရာင္းခ်တာမ်ဳိးမွာ ခ်ဳပ္ဆုိတဲ့ စာခ်ဳပ္ ျဖစ္တယ္။ ျပႆနာတစ္စုံတစ္ခုရွိ လာရင္ ေရာင္းခ်သူ ကန္ထ႐ုိက္ ေဆာက္လုပ္ေရး ကုမၸဏီထံသာ ေငြေရးေၾကးေရးနဲ႔ တုိက္ခန္းလက္ ေရာက္ အပ္ႏွံေရးကို ေတာင္းဆုိခြင့္ ရွိမွာျဖစ္တယ္။ ေျမရွင္ထံမွ ေတာင္းဆုိခြင့္ရွိမွာ မဟုတ္ဘူး”

“အသိသက္ေသသေဘာမ်ဳိး ေျမရွင္က ျဖစ္သြားတယ္လုိ႔ ဆုိလိုတာလား ဆရာ”

“ဟုတ္ပါတယ္။ အဆုိပါ ေရာင္းခ်တဲ့ တုိက္ခန္း၀ယ္သူမ်ားအနက္ မိမိလက္မွတ္ေရးထုိးထားတဲ့ သူကိုပဲ တုိက္ ခန္း၀ယ္အျဖစ္ အသိအမွတ္ ျပဳေနခြင့္ေပးတယ္လုိ႔ ကတိျပဳတဲ့ သေဘာျဖစ္တယ္”

“တုိက္ခန္းတစ္ခန္းတည္းကုိ အ၀ယ္ထပ္ေနရင္ ေျမရွင္လက္မွတ္ေရးထုိး အသိအမွတ္ျပဳသူက တရား၀င္ေနပုိင္ ခြင့္ရွိတဲ့ သေဘာလား ဆရာ”

“မွန္ပါတယ္။ တခ်ဳိ႕ ကန္ထ႐ုိက္ေတြက တုိက္ခန္းတစ္ခန္းတည္းကိုပဲ ေပါင္ႏွံထားတယ္။ ေရာင္းထားတယ္ ဆုိတာမ်ဳိးရွိတတ္တယ္။ အဲဒီလုိ ကိစၥရပ္ေတြမွာ ေပါင္ႏွံထားျခင္းကို အေရာင္းစာခ်ဳပ္အျဖစ္ ခ်ဳပ္ဆုိထားတာမ်ဳိး ျပဳလုပ္ေလ့ရွိတယ္။ အဲဒီလုိျဖစ္ လာရင္ေျမရွင္ အသိအမွတ္ျပဳ လက္မွတ္ေရးထုိးထားတဲ့ တိုက္ခန္းအေရာင္း အ၀ယ္ ကတိစာခ်ဳပ္က အသာရရွိမွာ ျဖစ္တယ္။ ဒါေၾကာင့္ ကန္ထ႐ုိက္တာ ရပိုင္ခြင့္ရွိတဲ့ တုိက္ခန္းကို ၀ယ္မယ္ဆုိရင္ ေျမရွင္ရဲ႕ အသိအမွတ္ျပဳ လက္မွတ္က အေရးႀကီးပါတယ္။

“တကယ္လို႔ ဆရာ။ ကန္ထ႐ုိက္တာ ကုမၸဏီက ဆက္လက္မေဆာက္ရင္ ဘယ္လုိျဖစ္ႏုိင္သလဲ ဆရာ။ ကန္ထ႐ုိက္တာနဲ႔ ေျမရွင္တုိ႔ရဲ႕ သေဘာတူကတိစာခ်ဳပ္အရ သက္တမ္းကုန္သြားလုိ႔ လုပ္ငန္းျဖတ္ေတာက္ ေၾကာင္း သတင္းစာထဲမွာ ေၾကညာတာေတြဖတ္ေနရတယ္ ဆရာ။ အဲဒါမ်ဳိးဆုိရင္ဘယ္လုိဆက္လက္ ေဆာင္ရြက္ရပါသလဲ”

“ဒါကေတာ့ ေျမရွင္နဲ႔ တုိက္ခန္းႀကိဳပြိဳင့္၀ယ္သူေတြညိႇႏႈိင္းၿပီး အေဆာက္အအုံၿပီးဆုံးေအာင္ ေဆာက္ၾကတာ ေတြရွိပါတယ္။ ေျမရွင္နဲ႔ တိုက္ခန္းရွင္မ်ား ေပါင္းစည္းၿပီး လုပ္ငန္းေကာ္မတီတစ္ခုဖြဲ႔ကာ ဆက္လက္ ေဆာက္လုပ္ၾကတယ္”

“ထည့္၀င္ေငြက ဘယ္လုိရွိႏုိင္သလဲ ဆရာ”

“ေျမရွင္ကိုယ္တုိင္ အက်ဳိးအျမတ္ ေရာင္းဖုိးေငြရယူထားတဲ့ တုိက္ခန္းေတြကိုေတာ့ ၀ယ္သူေပးေခ်ရန္ က်န္ရွိတဲ့ ေငြေၾကးကို ရယူၿပီး ၀ယ္သူရဲ႕ တုိက္ခန္းကုိ ၿပီးစီးေအာင္ တာ၀န္ယူေဆာက္လုပ္ေပးရမွာ ျဖစ္တယ္”

“ကန္ထ႐ုိက္ရတဲ့ တုိက္ခန္းကို ၀ယ္သူက ဘယ္လုိျဖစ္ႏုိင္ပါသလဲ”

“ဒါကေတာ့ ေပးသြင္းထားေငြကိစၥကို ကန္ထ႐ုိက္တာထံမွသာရခြင့္ ရွိတဲ့အတြက္ ေျမရွင္က တာ၀န္ယူမွာ မဟုတ္ဘူး။ ကုန္က်စရိတ္ကို ထပ္မံထည့္၀င္ၿပီး ေဆာက္ရမွာ ျဖစ္ပါတယ္”

“ဒါဆုိရင္ ေျမရွင္ရပိုင္ခြင့္ရွိတဲ့ တုိက္ခန္းကို ၀ယ္သူက ပိုၿပီး အာမခံရွိတဲ့ သေဘာမဟုတ္လား ဆရာ”

“မွန္ပါတယ္။ ဒါေၾကာင့္ ႀကိဳပြိဳင့္၀ယ္မယ္ဆုိရင္ ေျမရွင္ရပုိင္ခြင့္ရွိတဲ့ တုိက္ခန္းကုိ တုိက္႐ုိက္ခ်ဳပ္ဆုိ၀ယ္ပါ။ ဒါမွမဟုတ္ ကန္ထ႐ုိက္တာရပိုင္ခြင့္ရွိတဲ့ တုိက္ခန္းကို ၀ယ္ရင္ ေျမရွင္ အသိအမွတ္ျပဳ လက္မွတ္ေရးထုိးပါ။ ဒါမွ ဥပေဒနဲ႔အညီ နစ္နာဆုံး႐ႈံးမႈ မရွိႏုိင္မွာျဖစ္တယ္” လုိ႔ ရွင္းျပလုိက္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း...
စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း...
သိမှတ်စရာ အိမ်ခြံမြေမှတ်တမ်းမှတ်ရာ
သိမှတ်စရာ အိမ်ခြံမြေမှတ်တမ်းမှတ်ရာ
အိမ်ခြံမြေအရောင်းအဝယ်အတွက် ပစ္စည်းလွှဲပြောင်းခြင်းပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ...
အိမ်ခြံမြေအရောင်းအဝယ်အတွက် ပစ္စည်းလွှဲပြောင်းခြင်းပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ...
အုန်းရေ၏ အဓိက ကျန်းမာရေးအကျိုးကျေးဇူး (၅) ခု
အုန်းရေ၏ အဓိက ကျန်းမာရေးအကျိုးကျေးဇူး (၅) ခု
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

bkk-projects
(၁၆) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့်ကား အရောင်းပြပွဲကြီး

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service