တရုတ်ပြည်တွင် ကိုရိုနာဗိုင်းရပ်စ်လူနာများကို ကုသမှုပေးရန် ဆေးရုံကြီးတစ်ခုကို အရေးပေါ်ဆောက်လုပ်ခဲ့ရာ ၁၀ ရက်သာ ကြာမြင့်ခဲ့ပြီးနောက် ဖွင့်လှစ်နိုင်ပြီ

တရုတ်ပြည်တွင် ကိုရိုနာဗိုင်းရပ်စ်လူနာများကို ကုသမှုပေးရန် ဆေးရုံကြီးတစ်ခုကို အရေးပေါ်ဆောက်လုပ်ခဲ့ရာ ၁၀ ရက်သာ ကြာမြင့်ခဲ့ပြီးနောက် ဖွင့်လှစ်နိုင်ပြီ - Property News in Myanmar from iMyanmarHouse.com
5 Feb 2020 12:58 pm တွင် တင်ခဲ့သည်
842 ကြိမ် ကြည့်ရှု့ပြီး

### Unicode Version ###

တရုတ်ပြည်၊ ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်လူနာများကို ကုသမှုပေးရန် ဆေးရုံကြီးတစ်ခုကို အရေးပေါ်ဆောက်လုပ်ခဲ့ရာ ၁၀ ရက်သာ ကြာမြင့်ခဲ့ပြီးနောက် ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။ အဆိုပါ ဆေးရုံသို့ ပထမအသုတ်လူနာများ စတင်ရောက်ရှိလာနေပြီ ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ခဲ့ရာ ဝူဟန်မြို့ရှိ ဟို့ရှမ်းရှန်း (Huoshenshan) ဟူသော အဆိုပါဆေးရုံကို ဆောက်လုပ်ရေးလုပ်သားများက နေ့ညမနား ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ကုတင် ၁၅၀၀ ဆန့် ဒုတိယမြောက်ဆေးရုံကိုလည်း ယခု ရက်သတ္တပတ်အတွင်း ဖွင့်လှစ်သွားရန် စီစဉ်နေသည်။

ပေါ်ပေါက်လာသည့် ရောဂါသစ်တစ်မျိုးကို ကုသရန် သီးသန့်ဆေးရုံများ ညတွင်းချင်းဆိုသလို တရုတ်ခေါင်းဆောင်များက ဆောက်လုပ်ခဲ့သည်မှာ ဝူဟန်ဖြစ်ရပ်မှာ ဒုတိယအကြိမ်မြောက်ဟု ဆိုနိုင်သည်။

၂၀၀၃ ခုနှစ်အတွင်းကလည်း ဆားစ်ရောဂါ ပြန့်နှံ့မှုဖြစ်ပေါ်စဉ် ပေကျင်းမြို့တွင် လူနာများကို ထားရှိရန် သီးသန့် အဆောက်အအုံ တစ်ခုကို ရက်သတ္တပတ်အတွင်း ဆောက်လုပ်ခဲ့ဖူးသည်။

ဖွင့်လှစ်လိုက်သည့် ဆေးရုံသစ်သို့ ပထမအသုတ်လူနာများသည် ယနေ့နံနက် ၁၀ နာရီ (ဂရင်းနစ်စံတော်ချိန် နံနက် ၂ နာရီ) တွင် ရောက်ရှိလာကြောင်း တရုတ်နိုင်ငံပိုင်သတင်းမီဒီယာများတွင် ဖော်ပြသည်။

သို့ရာတွင် အဆိုပါသတင်းများ၌ လူနာများနှင့် ၎င်းတို့၏ အခြေအနေအကြောင်းကို အသေးစိတ်ဖော်ပြထားခြင်း မရှိချေ။

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်က အဆိုပါဆေးရုံတွင် တာဝန်ထမ်းဆောင်ရန်အတွက် ဆရာဝန်၊ သူနာပြုနှင့် အခြား ဝန်ထမ်းပေါင်း ၁၄၀၀ စေလွှတ်လိုက်ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

အဆိုပါဆရာဝန်များသည် ဆားစ်ရောဂါနှင့် အခြားကူးစက်ရောဂါများကို ကုသသည့်အတွေ့အကြုံများရှိကြကြောင်း အစိုးရက ထုတ်ပြန်သည်။

ဟို့ရှမ်းရှန်းဆေးရုံကို လက်သမားများ၊ ပိုက်သမားများ၊ လျှပ်စစ်သမားများနှင့် အခြားကျွမ်းကျင်လုပ်သားပေါင်း ၇၀၀၀ က ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

စတုရန်းပေ ၆၀၀၀၀၀ ခန့် အကျယ်အဝန်းရှိသည့် ၂ ထပ်အဆောက်အအုံ ဆေးရုံ၏ နေရာ ထက်ဝက်ကျော်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများကို သီးခြားထားရှိသည့် အခန်းငယ်များ ဖြစ်ကြကြောင်း အစိုးရသတင်းစာတစ်စောင်ဖြစ်သည့် ယန်စီနေ့စဉ် သတင်းစာတွင် ဖော်ပြသည်။ ဆေးရုံတွင် အထူးကြပ်မတ်ကုသဆောင် ၃၀ လည်း ပါဝင်သည်။

ဆရာဝန်များသည် အခြားနေရာရှိ ကျွမ်းကျင်ပုဂ္ဂိုလ်များနှင့် ဗွီဒီယိုမှတဆင့် ဆက်သွယ်ပြောဆိုနိုင်အောင်စီစဉ်ထားရာ ပေကျင်းမြို့တော်ရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အထွေထွေရောဂါကုဆေးရုံကြီးနှင့် ဆက်သွယ်မှုရှိနေမည် ဖြစ်ကြောင်းလည်း ယန်စီသတင်းစာတွင် ဖော်ပြသည်။

အဆိုပါ ဆက်သွယ်ရေးစနစ်ကို ဝူဟန် တယ်လီကွန် လိမိတက်မှ အဖွဲ့ဝင် ၂၀ ဦးပါဝင်သည့် ကွန်မန်ဒိုအဖွဲ့မှ တပ်ဆင်ပေးခဲ့ခြင်းဖြစ်ပြီး ၁၂ နာရီခန့်သာ ကြာမြင့်ခဲ့သည်။

ဆေးရုံဝန်ထမ်းများအနေဖြင့် အခန်းများအတွင်းသို့ မဝင်ရောက်ပဲ ထောက်ပံ့ရေးပစ္စည်းများ ဖြန့်ဝေနိုင်အောင်လည်း ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ထားသည်။

ဆေးဝါးပစ္စည်းများ ဖြန့်ဖြူးရာတွင် အသုံးပြုရန်အတွက် စက်ရုပ်များကိုလည်း တရုတ်ကုမ္ပဏီတစ်ခုက လှူဒါန်းပေးထားကြောင်း ရှန်ဟိုင်း အခြေစိုက်သတင်းစာ The Paper တွင် ဖော်ပြသည်။

လက်ရှိအားဖြင့် တရုတ်အာဏာပိုင်တို့သည် ဝူဟန်မြို့နှုင့် ဝန်းကျင်မြို့ကြီးများသို့ မော်တော်ကားလမ်း၊ မီးရထားလမ်း၊ လေကြောင်းလမ်း ဆက်သွယ်မှုအားလုံး ပိတ်ဆို့ထားပြီး လူပေါင်း သန်း ၅၀ ကို အဆက်အသွယ် ဖြတ်တောက်ထားလိုက်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို တားဆီးနိုင်ရန် ကြိုးပမ်းနေသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

  ### Zawgyi Version ###

 

တရုတ္ျပည္တြင္ ကိုရိုနာဗို္င္းရပ္စ္လူနာမ်ားကို ကုသမႈေပးရန္ ေဆးရံုၾကီးတစ္ခုကို အေရးေပၚေဆာက္လုပ္ခဲ့ရာ ၁၀ ရက္သာ ၾကာျမင့္ခဲ့ျပီးေနာက္ ဖြင့္လွစ္ႏိုင္ျပီ

 

တရုတ္ျပည္၊ ဝူဟန္ျမိဳ႕တြင္ ကိုရိုနာဗို္င္းရပ္စ္လူနာမ်ားကို ကုသမႈေပးရန္ ေဆးရံုၾကီးတစ္ခုကို အေရးေပၚေဆာက္လုပ္ခဲ့ရာ ၁၀ ရက္သာ ၾကာျမင့္ခဲ့ျပီးေနာက္ ဖြင့္လွစ္ႏိုင္ျပီျဖစ္ေၾကာင္း အဂၤလန္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။ အဆိုပါ ေဆးရံုသို႔ ပထမအသုတ္လူနာမ်ား စတင္ေရာက္ရွိလာေနျပီ ျဖစ္သည္။

ကိုရိုနာဗိုင္းရပ္စ္ စတင္ပ်ံ႕ႏွံ႔ခဲ့ရာ ဝူဟန္ျမိဳ႕ရွိ ဟို႔ရွမ္းရွန္း (Huoshenshan) ဟူေသာ အဆိုပါေဆးရံုကို ေဆာက္လုပ္ေရးလုပ္သားမ်ားက ေန႔ညမနား ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။

ထို႔အျပင္ ကုတင္ ၁၅၀၀ ဆန္႔ ဒုတိယေျမာက္ေဆးရံုကိုလည္း ယခု ရက္သတၱပတ္အတြင္း ဖြင့္လွစ္သြားရန္ စီစဥ္ေနသည္။

ေပၚေပါက္လာသည့္ ေရာဂါသစ္တစ္မ်ဳိးကို ကုသရန္ သီးသန္႔ေဆးရံုမ်ား ညတြင္းခ်င္းဆိုသလို တရုတ္ေခါင္းေဆာင္မ်ားက ေဆာက္လုပ္ခဲ့သည္မွာ ဝူဟန္ျဖစ္ရပ္မွာ ဒုတိယအၾကိမ္ေျမာက္ဟု ဆိုႏိုင္သည္။

၂၀၀၃ ခုႏွစ္အတြင္းကလည္း ဆားစ္ေရာဂါ ျပန္႔ႏွံ႔မႈျဖစ္ေပၚစဥ္ ေပက်င္းျမိဳ႕တြင္ လူနာမ်ားကို ထားရွိရန္ သီးသန္႔ အေဆာက္အအံု တစ္ခုကို ရက္သတၱပတ္အတြင္း ေဆာက္လုပ္ခဲ့ဖူးသည္။

ဖြင့္လွစ္လိုက္သည့္ ေဆးရံုသစ္သို႔ ပထမအသုတ္လူနာမ်ားသည္ ယေန႔နံနက္ ၁၀ နာရီ (ဂရင္းနစ္စံေတာ္ခ်ိန္ နံနက္ ၂ နာရီ) တြင္ ေရာက္ရွိလာေၾကာင္း တရုတ္ႏိုင္ငံပိုင္သတင္းမီဒီယာမ်ားတြင္ ေဖာ္ျပသည္။

သို႔ရာတြင္ အဆိုပါသတင္းမ်ား၌ လူနာမ်ားႏွင့္ ၎တို႔၏ အေျခအေနအေၾကာင္းကို အေသးစိတ္ေဖာ္ျပထားျခင္း မရွိေခ်။

တရုတ္ျပည္သူ႔ လြတ္ေျမာက္ေရးတပ္မေတာ္က အဆိုပါေဆးရံုတြင္ တာဝန္ထမ္းေဆာင္ရန္အတြက္ ဆရာဝန္၊ သူနာျပဳႏွင့္ အျခား ဝန္ထမ္းေပါင္း ၁၄၀၀ ေစလႊတ္လိုက္ေၾကာင္း ႏိုင္ငံပိုင္ ဆင္ဟြာသတင္းတြင္ ေဖာ္ျပသည္။

အဆိုပါဆရာဝန္မ်ားသည္ ဆားစ္ေရာဂါႏွင့္ အျခားကူးစက္ေရာဂါမ်ားကို ကုသသည့္အေတြ႔အၾကံဳမ်ားရွိၾကေၾကာင္း အစိုးရက ထုတ္ျပန္သည္။

ဟို႔ရွမ္းရွန္းေဆးရံုကို လက္သမားမ်ား၊ ပိုက္သမားမ်ား၊ လွ်ပ္စစ္သမားမ်ားႏွင့္ အျခားကၽြမ္းက်င္လုပ္သားေပါင္း ၇၀၀၀ က ေဆာက္လုပ္ခဲ့ျခင္းျဖစ္ေၾကာင္း ဆင္ဟြာသတင္းတြင္ ေဖာ္ျပသည္။

စတုရန္းေပ ၆၀၀၀၀၀ ခန္႔ အက်ယ္အဝန္းရွိသည့္ ၂ ထပ္အေဆာက္အအံု ေဆးရံု၏ ေနရာ ထက္ဝက္ေက်ာ္မွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူမ်ားကို သီးျခားထားရွိသည့္ အခန္းငယ္မ်ား ျဖစ္ၾကေၾကာင္း အစိုးရသတင္းစာတစ္ေစာင္ျဖစ္သည့္ ယန္စီေန႔စဥ္ သတင္းစာတြင္ ေဖာ္ျပသည္။ ေဆးရံုတြင္ အထူးၾကပ္မတ္ကုသေဆာင္ ၃၀ လည္း ပါဝင္သည္။

ဆရာဝန္မ်ားသည္ အျခားေနရာရွိ ကၽြမ္းက်င္ပုဂၢိဳလ္မ်ားႏွင့္ ဗီြဒီယိုမွတဆင့္ ဆက္သြယ္ေျပာဆိုႏိုင္ေအာင္စီစဥ္ထားရာ ေပက်င္းျမိဳ႕ေတာ္ရွိ တရုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ အေထြေထြေရာဂါကုေဆးရံုၾကီးႏွင့္ ဆက္သြယ္မႈရွိေနမည္ ျဖစ္ေၾကာင္းလည္း ယန္စီသတင္းစာတြင္ ေဖာ္ျပသည္။

အဆိုပါ ဆက္သြယ္ေရးစနစ္ကို ဝူဟန္ တယ္လီကြန္ လိမိတက္မွ အဖြဲ႔ဝင္ ၂၀ ဦးပါဝင္သည့္ ကြန္မန္ဒိုအဖြဲ႔မွ တပ္ဆင္ေပးခဲ့ျခင္းျဖစ္ျပီး ၁၂ နာရီခန္႔သာ ၾကာျမင့္ခဲ့သည္။

ေဆးရံုဝန္ထမ္းမ်ားအေနျဖင့္ အခန္းမ်ားအတြင္းသို႔ မဝင္ေရာက္ပဲ ေထာက္ပံ့ေရးပစၥည္းမ်ား ျဖန္႔ေဝႏိုင္ေအာင္လည္း ဒီဇိုင္းေရးဆြဲ ေဆာက္လုပ္ထားသည္။

ေဆးဝါးပစၥည္းမ်ား ျဖန္႔ျဖဴးရာတြင္ အသံုးျပဳရန္အတြက္ စက္ရုပ္မ်ားကိုလည္း တရုတ္ကုမၸဏီတစ္ခုက လွဴဒါန္းေပးထားေၾကာင္း ရွန္ဟိုင္း အေျခစိုက္သတင္းစာ The Paper တြင္ ေဖာ္ျပသည္။

လက္ရွိအားျဖင့္ တရုတ္အာဏာပိုင္တို႔သည္ ဝူဟန္ျမိဳ႕ႏွုင့္ ဝန္းက်င္ျမိဳ႕ၾကီးမ်ားသို႔ ေမာ္ေတာ္ကားလမ္း၊ မီးရထားလမ္း၊ ေလေၾကာင္းလမ္း ဆက္သြယ္မႈအားလံုး ပိတ္ဆို႔ထားျပီး လူေပါင္း သန္း ၅၀ ကို အဆက္အသြယ္ ျဖတ္ေတာက္ထားလိုက္ျပီး ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈကို တားဆီးႏိုင္ရန္ ၾကိဳးပမ္းေနသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
Emerald Bay Condo
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service