မြန်မာနိုင်ငံ၏ ပထမဦးဆုံး အိမ်ခြံမြေဝန်ဆောင်မှု Call Center ကို iMyanmarHouse.com မှ စတင်အကောင်အထည်ဖော်
မြန်မာနိုင်ငံ၏ ပထမဦးဆုံး အိမ်ခြံမြေဝန်ဆောင်မှု Call Center ကို iMyanmarHouse.com မှ စတင်အကောင်အထည်ဖော် - Property News in Myanmar from iMyanmarHouse.com
10 Jan 2020 2:25 pm တွင် တင်ခဲ့သည်
5041 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
 မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ Customers များ၏ အခက်အခဲကို ပြေလျော့စေရန်အတွက် မြန်မာနိုင်ငံ၏ ပထမဦးဆုံး အိမ်ခြံမြေဝန်ဆောင်မှု Call Center ကိုစတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ Call Center အား Hotline ဖုန်းနံပါတ်ဖြစ်သော 09770705000 သို့ ဆက်သွယ်ပြီး အိမ်ခြံမြေကိစ္စအရပ်ရပ်နှင့်ပတ်သတ်၍ ဆွေးနွေးတိုင်ပင်နိုင်ကြောင်း သိရသည်။
iMyanmarHouse.com သည် အိမ်ခြံမြေနှင့်ပတ်သက်သော အွန်လိုင်းဝန်ဆောင်မှုများပေးခြင်း၊ အိမ်ခြံမြေအရောင်းပြပွဲများကျင်းပပြုလုပ်ခြင်း၊ အိမ်ခြံမြေစာအုပ်များ ထုတ်ဝေဖြန့်ချိခြင်းတို့ကို ပြုလုပ်လျှက်ရှိသည်။ ယခုအခါ ဒီထက်ပိုမိုပြီး ဝန်ဆောင်မှုကောင်းများ ထပ်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကဏ္ဍသစ်တစ်ခုကို ထပ်မံတိုးချဲ့ခဲ့ကာ မြန်မာနိုင်ငံ၏ ပထမဆုံးသော အိမ်ခြံမြေဝန်ဆောင်မှု Call Center ကို စတင်လိုက်ကြောင်း သိရသည်။ ယခုလို Call Center ထားရှိခြင်းဖြင့် Customers များအနေဖြင့် မိမိကိုယ်တိုင် လာရောက်စရာမလိုဘဲ အိမ်ခြံမြေနှင့်ပတ်သတ်သော ကိစ္စအရပ်ရပ်ကို ဖုန်းလေး တစ်ချက်ဆက်ရုံဖြင့် ပြည့်ပြည့်စုံစုံ သိရှိနိုင်မည်ဖြစ်သည်။
မိမိပိုင်အိမ်ခြံမြေကို ရောင်းလိုဌားလိုသူများ၊ ကိုယ်ပိုင်စိတ်ကြိုက်အိမ်ရှာဖွေနေသူများ၊ မိသားစုစီမံကိန်းအတွက် ရည်ရှည်ရင်းနှီး မြုပ်နှံလိုသူများ၊ ဘဏ်နှင့်ချိတ်ဆက်ပြီး အိမ်ရာချေးငွေလျှောက်ထားရန် သို့မဟုတ် ကိုယ်ပိုင်အိမ်ဆောက်လုပ်လိုသူများ၊ အိမ်ခြံမြေ ဥပဒေ နှင့် ဝန်ဆောင်မှုလိုအပ်သူများ အနေဖြင့် အိမ်ခြံမြေဝန်ဆောင်မှု Call Center ကိုဆက်သွယ်ပြီး အိမ်ခြံမြေနှင့် ပတ်သက်သော ဝန်ဆောင်မှုများအမျိုးမျိုးကို ရယူနိုင်ကြောင်း သိရသည်။
ယခုကဲ့သို့ iMyanmarHouse.com မှ ပထမဦးဆုံး အိမ်ခြံမြေဝန်ဆောင်မှု Call Center ဖွင့်လှစ်ခြင်းဖြင့် အသုံးပြုသူ Customers များအနေဖြင့် မိမိနေအိမ်အတွင်းမှ သိလိုသမျှကို ပြည့်ပြည့်စုံစုံသိရှိနိုင်ခြင်း ၊ အိမ်ခြံမြေနှင့်ပတ်သက်သော ဗဟုသုတများကို ပိုမိုနားလည်နိုင်ခြင်းနှင့် အိမ်ခြံမြေ ရောင်းဝယ်ငှားတို့ကို ဖုန်းဖြင့် ပြုလုပ်နိုင်မည့်အတွက် အချိန်ကုန်၊ ငွေကုန် သက်သာစေမည်ဖြစ်သည်။
“ကျွန်တော်တို့ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဟာ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်ရမယ်ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ အိမ်ခြံမြေလုပ်ငန်းများကို ဝန်ဆောင်မှုပေးနေပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအတွက် ပိုမိုကောင်းမွန်တဲ့၊ အချိန်ကုန်သက်သာစေတဲ့ ဝန်ဆောင်မှုများကို အစဉ်သဖြင့်ပေးနိုင်ရန် ကြိုးစားလျက်ရှိပါတယ်။ အိမ်ခြံမြေကိစ္စအရပ်ရပ်ကို လွယ်ကူလျှင်မြန်စေရန် ယခုကဲ့သို့အိမ်ခြံမြေဝန်ဆောင်မှု Call Center ကိုဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါတယ်။ နိုင်ငံတကာမှာ Call Center ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေတာ ကြာပါပြီ။ မြန်မာနိုင်ငံမှာလည်း လွယ်ကူလျှင်မြန်တဲ့ ဒီလိုဝန်ဆောင်မှုမျိုးပေးနိုင်အောင် မြန်မာ့ပထမဆုံး အိမ်ခြံမြေဝန်ဆောင်မှု Call Center ကို စတင်လိုက်တာပါ” ဟု iMyanmarHouse.com ၏ Managing Director ဖြစ်သည့် ဦးနေမင်းသူမှ ရှင်းလင်းပြောကြားခဲ့သည်။
ဤအိမ်ခြံမြေဝန်ဆောင်မှု Call Center သည် လက်ရှိမြန်မာ့အိမ်ခြံမြေဈေးကွက်နှင့် အနာဂတ် အိမ်ခြံမြေဈေးကွက်အတွက် အထောက်အပံ့ကောင်းတစ်ခုဖြစ်လာလိမ့်မည်ဟု ယုံကြည်ပါကြောင်း ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားခဲ့သည်။
မိဘပြည်သူများအနေဖြင့် အိမ်ခြံမြေကိစ္စရပ်များနှင့် ပတ်သက်ပြီး အချိန်မပေးနိုင်သည်ဖြစ်စေ ၊ အခက်အခဲဖြစ်နေသည်ဖြစ်စေ အိမ်ခြံမြေဆိုင်ရာ သတင်းအချက်အလက်များ၊ ကိစ္စအရပ်ရပ်များကို အမြန်ဆုံး သိရှိနိုင်စေရန် မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com ၏ အိမ်ခြံမြေဝန်ဆောင်မှု Call Center Hotline ဖုန်းနံပါတ်ဖြစ်သော 09770705000 သို့ မနက် ၉း၀၀ မှ ညနေ ၅း၃၀ အထိနေ့စဉ် ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service